Channel Myanmar

Simon Schwarz

North Face (2008) 7.4
North Face (2008)  North Face ရုပ်ရှင်ဟာ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းအပေါ်အခြေခံပြီးရိုက်ကူးထားတဲ့ ဂျာမန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်.၁၉၃၆ ခုနှစ်မှာ ဥရောပတောင်တန်းတွေထဲက အန္တရာယ်အများဆုံးတောင်တွေထဲက တောင်ကြီးရဲ့ မြောက်ဘက်ခြမ်းကို အခြားနိုင်ငံက တောင်တက်သမားတွေနဲ့ ယှဉ်ပြိုင်တက်ရောက်တဲ့ ဂျာမန်တောင်တက်သမား ၂ ဉီးရဲ့အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်.ဂျာမန်သမိုင်းနောက်ခံ ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Phillip Stolzl မှရိုက်ကူးတင်ဆက်ထားပါဖြစ်ပါတယ်. ၂၀၀၉ ခုနှစ် ဂျာမန်ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု, အကောင်းဆုံး အသံဆုတို့အပြင် ရုပ်ရှင်ဝေဖန်ရေးဆု ၂ ဆုကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.8GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre...Adventure, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Joe Joe
movie

North Face (2008)

The Conference (2022) 7.3
The Conference (2022)  သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ ...
movie

The Conference (2022)

Twilight Over Burma (2015) 6.7
Twilight Over Burma (2015)  Twilight Over Burma (2015)~ IMDb rating - 6.7/10 ~ကိုလိုနီနှောင်းပိုင်း မြန်မာနိုင်ငံရဲ့ မငြိမ်သက်မှုတွေကနေ ဒီဇာတ်လမ်းက မြစ်ဖျားခံခဲ့တယ်ပြောရမလား။ အမေရိကက ပါတီတစ်ခုမှာ အာရှသားကောင်လေးတစ်ယောက်နဲ့ ဩစတေးလျသူကောင်မလေးတစ်ယောက် တွေ့ကြတဲ့အချိန်မှာပဲ ဒီဇာတ်လမ်းစတယ်လို့ ပြောရမလား။ ဒီဇာတ်လမ်းရဲ့ မူရင်းရေးသားသူ အင်ဂျီဆာဂျန့်အတွက်တော့ ပါတီတစ်ခုဟာ ဒီဇာတ်လမ်းရဲ့ အစဖြစ်ခဲ့တယ်။ အာရှသားကောင်လေးတစ်ယောက်က ဩစတေးလျသူလေးကို "ကျွန်တော်က စဝ်ကြာဆိုင်ပါ။ ဗမာပြည်အရှေ့မြောက်ဘက်က ရှမ်းပြည်က လာတာပါ။ တိတိကျကျဆို သီပေါဆိုတဲ့ သာယာတဲ့မြို့လေးကပေါ့။ အဲဒီနယ်က ကွန်နက်တီကတ်လောက်ကျယ်တယ်ဗျ။" လို့ သူ့ကိုယ်သူ စမိတ်ဆက်ခဲ့တယ်။ အဲဒီသူ့ကို လာမိတ်ဆက်တဲ့ အာရှသားကောင်လေးက ဗမာပြည်က စော်ဘွားမှန်းလည်း သူမသိခဲ့ဘူး။ ကောင်လေးကလည်း သူ့အကြောင်းသူ လုံးဝထုတ်မပြောခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးပြောသလို အတိတ်က ...
movie

Twilight Over Burma (2015)

2015