Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Simon Phillips
5.5
The Mouse Trap (2024)
အဲလက် က Funheaven လို့ခေါ်တဲ့ ကလေးကစားကွင်းတစ်ခုက ဝန်ထမ်းပါ။ တစ်ရက်မှာတော့ သူ့သူငယ်ချင်း၈ ယောက်က အဲလက်အတွက် Surprise မွေးနေ့ လုပ်ပေးဖို့ကစားကွင်းတစ်ခုလုံးကို တစ်ညနေစာ ငှားလိုက်တယ်။သူတို့မသိခဲ့ကြတာက အဲဒီအချိန်မှာပဲ မစ်ကီမောက် ဝတ်စုံစိတ္တဇ လူသတ်သမားတစ်ယောက်က သူတို့နဲ့အတူတူရှိနေခဲ့တယ်။ဒီဇာတ်ကားမှာတော့ ကစားကွင်းထဲက စိတ္တဇ လူသတ်သမားလက်ကနေ အဲလက်တို့ သူငယ်ချင်းတစ်သိုက် ဘယ်လိုလွတ်လမ်းရှာနိုင်မလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းကိုတော့ သူငယ်ချင်းအုပ်စုထဲက အသက်ရှင်ကျန်ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ ရီဘက်ကာ က ဇာတ်ကြောင်းပြန်ပြောထားတဲ့ ပုံစံမျိုး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ဆိုတော့ အတူတူခံစားလိုက်ကြရအောင်လားခင်ဗျာ။ File size…1.22GB / 682MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
The Mouse Trap (2024)
Butchers (2020)
ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ ရက်စက်စွာသတ်ဖြတ်တဲ့လူသတ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။တစ်နေ့မှာ ဂျန်နာတို့သူငယ်ချင်းလေးယောက်ဟာ ဂျန်နာရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ပွဲကျင်းပပြီး Spencerville မြို့ကို ပြန်လာကြပါတယ်။ မြို့ကအပြန်အဝေးလမ်းမရဲ့တစ်နေရာမှာ ကားရေတိုင်ကီပျက်သွားပါတယ်။ဘယ်ရောက်နေမှန်းမသိပေမယ့် အရှေ့ဖက်တစ်နေရာမှာ ဓာတ်ဆီဆိုင်ရှိမှာပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂျန်နာရဲ့ရည်းစားမိုက်ခ်လမ်းလျှောက်ထွက်သွားပါတယ်။ဂျန်နာရဲ့သူငယ်ချင်းတေလာကလည်းလိုက်သွားပြီး ခရစ်နဲ့ဂျန်နာကိုကားမှာစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ နှစ်ယောက်တစ်ဖွဲ့စီကွဲ သွားတဲ့အခါမှာတော့လူသတ်ကားတို့ထုံးစံအတိုင်းပဲ လူသတ်သမားတွေကသူတို့ကိုလိုက်ဖမ်းပါတော့တယ်။ဂျန်နာတို့သူငယ်ချင်းတွေဘယ်လိုလွတ်အောင်ထွက်ပြေးကြမလဲဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး.. File size…1.29GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Butchers (2020)
Blood Harvest (2023)
အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ဟော်ရာရုပ်ရှင်လေးတစ်ကားပါ။ ဂျိတ်ဆိုတဲ့ ကောင်လေးက အသက်၁၂နှစ်။သူများတွေ မမြင်ရမကြားရတဲ့အရာတွေကို ကြားရတဲ့ကလေးတစ်ယောက်။အဖေသေပြီးတဲ့နောက်မှာ ပထွေးဖြစ်သူအသုံးမကျတာကြောင့် အမေရယ် ပထွေးရယ် အစ်မဖြစ်သူ မက်ဂီရယ်နဲ့ အမေ့မွေးရပ်ဇာတိမြို့လေးက အမေ့ဦးလေးဖြစ်သူအိမ်မှာ ကပ်နေကြရတယ်။ ဒါပေမဲ့လည်း အမေဖြစ်သူက ဂျိတ်နဲ့မက်ဂီကို ဦးလေးနဲ့ဝေးဝေးနေဖို့ သတိပေးထားပါတယ်။ဦးလေးဖြစ်သူတင်မက တစ်မြို့လုံးကလူတွေကပါ ထူးဆန်းတဲ့ပုံစံတွေနဲ့မို့ သတိထားနေဖို့ အမြဲမှာနေတတ်ပြီး ဒီမြို့ကနေ အမြန်ဆုံး ပြန်ပြောင်းဖို့အရေး ကြိုးစားနေပါတယ်။ ဒီလိုနဲ့ ဂျိတ်နဲ့ မက်ဂီတို့ကလေးနှစ်ယောက် လျောက်သွားရင်း မထင်မှတ်ထားတဲ့အရာတွေကို တွေ့ရတဲ့အခါ...။ပျောက်ဆုံးနေပါတယ်ဆိုတဲ့ မြို့ထဲက ကလေးငယ်တွေကို ဦးလေးဖြစ်သူရဲ့ စပါးကျီကြီးထဲက ရေဒီယိုနဲ့ ဆက်သွယ်မိတဲ့အခါ...။ ဒီမြို့လေးထဲကနေ ပြန်ထွက်ဖို့ သူတို့အမေရဲ့ဆန္ဒပြည့်မှာလားဆိုတာ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB)/(671 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Blood Harvest (2023)
End of Loyalty (2023)
ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Crime, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
End of Loyalty (2023)
The Fearway (2023)
ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ...
movie
The Fearway (2023)
Deinfluencer (2023)
Deinfluencer (2023)ယနေ့ခေတ်မှာ ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝမှာ Entertainment ကဏ္ဍကနေ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာတဲ့အရာကတော့ Social Mediaပါပဲ။ Social mediaနဲ့ Influencer တွေရဲ့အရေးပါမှုက တစ်နေ့တခြား ပိုပိုနေရာယူလာမှုနဲ့အတူ Social media addiction နဲ့ပြဿနာတွေ၊ Cyber Bullying and Abuse တွေ တဖြည်းဖြည်းလိုက်ပါလာတာကိုတော့ ငြင်းမရပါဘူး။ဒီလိုနဲ့ပဲ Social Media ရဲ့ ပြဿနာတွေကို လူတွေသိအောင် သတိထားမိအောင် ချပြတဲ့လူတွေ Influencer တွေကို ဆန့်ကျင်တိုက်ခိုက်မဲ့ deinfluencerဆိုတဲ့လူတွေ နေရာအနှံ့မှာ ပေါ်လာတော့တာပေါ့။အခုတင်ဆက်ပေးမဲ့ရုပ်ရှင်လေးထဲမှာကတော့ Social media influencer တစ်ယောက်ဖြစ်တဲ့ . ကယ်လီဝီဗာဆိုတဲ့ ကောင်မလေး အစွန်းရောက် Deinfulencer ဖြစ်တဲ့ ချားလ်စ်ရဲ့လက်ထဲမှာ ဖမ်းခံထားရတာနဲ့ အစပျိုးထားပါတယ်။ ကယ်လီက Social Media မှာ ဖော်လိုဝါ ၅ သိန်းလောက်ရှိတဲ့ Cheerleader မလေးတစ်ယောက်၊ တစ်နည်း ကောင်လေးတွေရဲ့အသဲကို ဖမ်းစားထားတဲ့ကောင်မလေးပေါ့။ကယ်လီတစ်ယောက် ချားလ်စ်ဆိုတဲ့ ဆိုက်ကိုဆန်ဆန် deinfluencerလက်ကနေ ...
movie
Deinfluencer (2023)
2023
Panama (2022)
Panama (2022)ကြမ်းပေ့ဆိုတဲ့ အက်ရှင်တွေ ကြိုက်တဲ့ CM ပရိသတ်ကြီးတို့အတွက် မင်းသားကြီး Mel Gibson ပါ၀င်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။Iran-Contra အရေးအခင်းချိန်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းမှာ Gibson ကတော့ အမေရိကန် ကာကွယ်ရေးဌာနက ကန်ထရိုက်တာတစ်ဦးပါ။ ဒီအရေးအခင်းမှာ Contra တို့ဘက်ကို ပနားမားအခြေစိုက် အမေရိကန် ခံတပ်က စီအိုင်အေအကူအညီနဲ့ လက်နက်တွေ ထောက်ပံ့နေတာပါ။ ဒါပေမဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် လက်နက်ထောက်ပံ့ဖို့ မဖြစ်နိုင်တော့ချိန်မှာ တခြားနည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ်။ ဒီမစ်ရှင်အတွက် ပထမဆုံး တာ၀န်ကတော့ ဆိုဗီယက် ရဟတ်ယာဉ်တစ်စင်း၀ယ်ပြီး တစ်ဖက်ကို ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ဒီတာ၀န်အတွက် တပ်ဖွဲ့၀င်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် ဘက်ကာဆိုသူကို ရွေးချယ်လိုက်ပါတယ် သူဟာ သိပ်ကို ခေါင်းမာပြီး ထင်ရာစိုင်းတတ်သူမျိုးမလို့ တာ၀န်သာပေးရတယ် ခပ်လန့်လန့်ဆိုသလိုမျိုးပါ။ သို့ပေမဲ့ မစ်ရှင်အတွက် အသင့်တော်ဆုံးသူက သူဖြစ်နေတဲ့အခါ ဘက်ကာ့ကို ပနားမားကို လွှတ်ပြီး တာ၀န်ထမ်းဆောင်စေပါတော့တယ်။ တာ၀န်ထမ်းဆောင်ရင်းနဲ့မှ ပနားမားအတွင်း ယူအက်စ် ကျူးကျော်မှုကိစ္စမှာ ဘက်ကာတစ်ယောက် ၀င်ပါမိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ရဟတ်ယာဉ် မစ်ရှင်ကရော အောင်မြင်မလားဆိုတာ ကြည့်ရှုပေးကြပါဦးအညွှန်းကတော့ Yoon Sandi ...
movie
Panama (2022)
2022
N/A
Once Upon a Time at Christmas
ခရစ်စမတ်ကားကောင်းလေးတစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်.. ဒီကားရဲ့ပုံစံကတော့ Horror ပါ... Horror ပုံစံအတိုင်းပဲကြောက်စရာအခန်းတွေများပါတယ်... အားလုံးသိကြတဲ့ ခရစ်စမတ်ဘိုးဘိုးကြီးဟာ ခရစ်စမတ်နေ့မှာလက်ဆောင်တွေလိုက်ပေးနေကျ လူဝကြီးတစ်ယောက်ပေါ့... ဒါပေမယ့် ဒီကားရဲ့ခရစ်စမတ်ဘိုးဘိုးကြီးတော့ ရူးကြောင်ကြောင်နဲ့ဆိုက်ကိုဖောက်နေတဲ့ လူသတ်သမားတစ်ယောက်ပါ... သူနဲ့အတူ ကောင်မချောချောလေးတစ်ယောက်ပါပါတယ်... သူကလည်းဆန်ဒါကလော့ပါပဲ.. ဒါပေမယ့် ကြောက်စရာမိန်းကလေးဆန်ဒါကလော့ပေါ့... သူတို့နှစ်ယောက်ဟာ ခရစ်စမတ်မတိုင်ခင် ၇ရက်လောက်အလိုမှာ လူတွေကိုတစ်ရက်ကိုတစ်ခါရက်ရက်စက်စက်နဲ့ကိုသတ်ကြတာပါ... တစ်ရက်ကိုတစ်ခါဆိုပေမယ့် ဒီနေ့တစ်ယောက်ဆိုရင်မနက်ဖြန်ရဲ့လူသတ်တဲ့ဦးရေဟာ ဒီနေ့ထက်ကိုပိုများလာတာကလည်းထူးဆန်းစရာပါ.... ဒီလိုနဲ့နှင်းတွေဖုံးလွှမ်းနေတဲ့မြို့လေးမှာလူတွေကိုရက်ရက်စက်စက်အသတ်ခံရတဲ့အတွက် သွေးတွေဖုံးလွှမ်းလာခဲ့ပါတယ်... ဒေသခံရဲတွေဖမ်းဖို့ခက်ခဲလွန်းတဲ့သူတို့နှစ်ယောက်ကို တော်ပါတယ်...တတ်ပါတယ်ဆိုတဲ့ FBI ကလူတွေ ဆင်းလာပြီးဖမ်းတာတောင်မှ ဘယ်လိုရက်ရက်စက်စက်သတ်ဖြတ်ပစ်လိုက်ကြတယ်ဆိုတာ ဒီကားလေးကိုပဲအဆုံးထိကြည့်ပြီးတော့ ကောင်းမကောင်းဆုံးဖြတ်လိုက်ရအောင်လား.....File Size : (762 MB) and (330 MB) Quality : 720p WEB DL Running Time : 1hr 37min Format : Mp4 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEB DL Translated by ...
movie
2017