Channel Myanmar

Simon Kim

Wishmaster 2: Evil Never Dies (1999) 5.1
Wishmaster 2: Evil Never Dies (1999) Genre – Fantasy, Horrorဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ဒုတိယကား ရောက်လာပါပြီ။ဒီကားထဲမှာလည်း အနုပညာပြခန်းကို ပန်းချီကားခိုးသူ ၂ ယောက်ကြောင့်ရုပ်ထုထဲကနေ မဟူရာကျောက် ပြန်ထွက်လာပြီး ဂျင်တစ်ယောက်လူ့ပြည်ကို နောက်ထပ်တစ်ခါ လွတ်မြောက်လာပြန်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို နိုးထပေးတဲ့လူကို ဆုတောင်း ၃ ဆုမဖြည့်စည်းပေးခင် လူတွေရဲ့ဝိဉာဉ် ၁၀၀၁ ခုကိုအရင်လိုက်ပြီး စုဆောင်းရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျင် တစ်ဖြစ်လဲ ဒဲမရက်စ်ကြီးတစ်ယောက်အကျဉ်းထောင်ထဲကိုဝင်ပြီး ဝိဉာဉ်တွေ ရဖို့အတွက်ထောင်သားတွေကို ဘယ်လိုမွှေဦးမလဲ၊ ဘယ်လိုဆုတောင်းတွေနဲ့ဘယ်လိုသေကြဦးမလဲ၊ မင်းသမီးအနေနဲ့ရော ဒီတစ်ခေါက်ဂျင်ကို တားဆီးနိုင်ပါ့မလား စသဖြင့် သွေးထွက်သံယိုအသတ်အဖြတ်တွေကို ခံစားကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ပထမကားမှာ လူချဉ်စရာကောင်းလောက်အောင်လူယုတ်မာရုပ်ကြီးနဲ့ ဂျင် (ဒဲမရက်စ်) နေရာကိုသရုပ်ဆောင်ပေးခဲ့တဲ့ Andrew Divoff ကပဲ ဒီကားမှာပြန်လည် သရုပ်ဆောင်ပေးထားပါတယ်။အဓိကဇာတ်ကောင်နေရာကတော့ တခြားမင်းသမီး ဇာတ်ရုပ်ပြောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ် ခံစားလိုက်ကြပါဦး။ File size…   2 GB / 883 MB Quality… WEB ...
movie

Wishmaster 2: Evil Never Dies (1999)

Universal Soldier II: Brothers in Arms (1998) 2.8
Universal Soldier II: Brothers in Arms (1998) ဒီဇာတ်ကားက နာမည်​ကြီး Universal Soldier​ (1992) ရဲ့ နောက်​ဆက်​တွဲ​ရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်​သံ​လိုင်း​မှာထုတ်လွှင့်ဖို့ ရိုက်​ကူး​ခဲ့တဲ့ ဇာတ်ကား​ဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်​တွေအစား အသစ်တွေထည့်သုံး​ထားပါတယ်။ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်​ရှင်အပြီးမှာ ဇာတ်​အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်း​ထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်း​ရှောင်​နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်​ပရိုဂရမ်ကို အစိုးရက ငွေကြေး​မထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံး​ဖြတ်​လိုက်ပါတယ်။ တစ်ချိန်​တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲ​မှာကျဆုံးခဲ့သူ Eric ​ဟာ Universal စစ်သည်​တွေကို ဖန်တီး​နေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်း​ခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကို​ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။တီဗွီမှာပြသဖို့ ရိုက်​ကူး​ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်​အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်း​အစား တခြား​တစ်ယောက်ကို​တွေ့နေရလို့ ဗန်ဒိန်း​ဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier​ franchise ထဲမှာပါဝင်တဲ့ ...
movie

Universal Soldier II: Brothers in Arms (1998)

The Adults (2023) 5.9
The Adults (2023) The Adults (2023)~ Rotten Tomatoes - 71% ~လူကြီးဘ၀ အရွယ်ရောက်တဲ့သူဘ၀ဆိုတာ ဘယ်သူမဆို တစ်နေ့ကြုံတွေ့ရမှာပါ။ ငယ်ဘ၀က အမှတ်တရတွေ ပျော်ရွှင်စရာတွေကိုပါအတူတူ ယူဆောင်လာရင်းနဲ့ လူကြီးဘ၀မှာ လိုက်လျောညီထွေ နေထိုင်ရှင်သန်ရတာက လူတိုင်းအတွက် ဆန်းကြယ်တဲ့အလုပ်မဟုတ်ပါဘူး။ဒီကားမှာတော့ ဝေးကွာသွားတဲ့ အကိုနဲ့ ညီမ ၂ယောက် မွေးရပ်မြေမှာ ပြန်ဆုံတွေ့ကြရင်း ငယ်ဘ၀အမှတ်တရတွေ ပြန်အသက်၀င်လာတာကို တွေ့ရမှာပါ။ အကို အဲရစ်က မွေးရပ်မြေကနေ မိခင်ဆုံးတည်းက ထွက်သွားတာ ၈နှစ်ရှိပါပြီ။ အိမ်ကို ခရီးတို ခဏပြန်လာပြီး ညီမ ရေချယ်၊ မက်ဂီတို့နဲ့ ပြန်ဆုံကြတာပါ။ အဲရစ်က တစ်ချိန်က မြို့မှာ အတော်ဆုံးပိုကာကစားတဲ့သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ညကျ ပိုကာကစားကြပါတယ်။ နိုင်တစ်ခါ ရှုံးတစ်လှည့်ပါပဲ။သူတို့၃ယောက်ရဲ့ ငယ်စဉ်အိပ်မက်က တေးရေးတေးဆိုသူ လုပ်ပြီး ဖျော်ဖြေချင်တာပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ အိပ်မက်အတိုင်းတကယ်ဖြစ်မလာပါဘူး။ ရေချယ်နဲ့အဲရစ်ကလည်း မိသားစုပြသာနာတွေကြောင့် အဆင်မပြေလှပါဘူး။ ...
movie

The Adults (2023)

2023