Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Simon Chandler
Vera Drake (2004)
ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Vera Drake (2004)
7.7
The Theory of Everything (2014)
The Theory of Everything (2014) Imdb - 7.7 / Rotten Tomatoes 80%ဒီဘက်ခေတ်ရဲ့ အကြီးကျယ်အခမ်းနားဆုံး သိပ္ပံပညာရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက Hawking ရဲ့ တက္ကသိုလ်ကျောင်းသားဘဝကစလို့ နာမည်ကျော်သိပ္ပံပညာရှင်ဖြစ်လာတဲ့အထိ သူ့ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking အဖြစ်သရုပ်ဆောင်ထားတဲ့ Eddie Redmayne က ဒီဇာတ်ကားနဲ့ပဲ အော်စကာဆုကိုရရှိခဲ့ပါတယ်။Stephen Hawking ရဲ့ Biopic ရုပ်ရှင်ဖြစ်ပေမဲ့ နားလည်ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီးဖြစ်သူ Jane တို့အကြားက ချစ်ခြင်းမေတ္တာတရားတွေ၊ သံယောဇဉ်အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking ခံစားနေရတဲ့ Motor Neuron ရောဂါကို နှစ်ဦးသားအတူရင်ဆိုင်ပြီး ဘဝကိုရှင်သန်ရှာဖွေခဲ့ကြပုံကို တင်ဆက်ထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ...
movie
The Theory of Everything (2014)
2014
7.5
Perfume: The Story of a Murderer (2006)
Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ ...
movie
Perfume: The Story of a Murderer (2006)
7.0
The Old Guard (2020)
The Old Guard (2020)=================IMDb Rating - 7.0/10#UnicodeJuly 10 ရက်နေ့မှာ ထွက်ရှိတဲ့ Netflix ရဲ့ ရုပ်ရှင်အသစ်ပါ။ အက်ရှင်အသားပေးဖြစ်ပြီး ဇာတ်လမ်းကလည်းအတော်အဆင်ပြေပါတယ်။ ရုပ်ရှင်ကောင်းငတ်နေတဲ့ကာလမှာတော့ ကြိုက်စရာ ရုပ်ရှင်ပါပဲ။ဇာတ်လမ်းအကျဉ်း . . .ဘယ်ကာလကတည်းက အသက်ရှင်နေမှန်းမသိတဲ့ မသေမျိုး စစ်သည်တော် မိန်းမတစ်ယောက်ရှိတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူ့လို မသေမျိုးတွေကို လိုက်လံရှာဖွေစုဆောင်းပြီး တပ်ဖွဲ့တစ်ခု တည်ဆောက်ခဲ့တယ်။ သမိုင်းတစ်လျှောက် စစ်ပွဲတိုင်းမှာ မှန်တယ်ထင်တဲ့ ဘက်ကို ဝင်တိုက်ခဲ့ရင်း ဒီနေ့ခေတ် ကြေးစားစစ်သားတွေ အဖြစ် လျို့ဝှက်ပြီး နေကြတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ဒီနေ့ခေတ်ရဲ့ ဉာဏ်ကြီးရှင်တစ်ယောက်က သူတို့အကုန်လုံးကို ဖမ်းပြီးပုံတူပွားဖို့ ကြိုးစားလာတဲ့အခါ….. ရင်ဆိုင်ဖြေရှင်းတာတွေကို ခပ်မိုက်မိုက်ကြည့်ရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Rating 7.0/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။ Quality – 4K ...
movie
The Old Guard (2020)
2020
4K HEVC
Spice World (1997)
Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာအမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီးလိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ File size… 3.3 GB / 1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Music Subtitle…. ...
movie
Spice World (1997)
1997
6.8
Mr. Turner (2014)
အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie
Mr. Turner (2014)
2014
Rogue Agent (2022)
Rogue Agent (2022) ===============IMDb Rating - 6.4/10IMDB rating 6.4 အထိ ရရှိထားတဲ့ Mystery ဇာတ်ကား ကောင်းလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ရောဘတ်ဖရီးဂါ့တ် ဟာ MI5 ကနေ အသွင်ယူစုံစမ်းနေတဲ့ အေးဂျင့်တစ်ယောက်ပါ။ ကားရောင်းသမားအဖြစ် အသွင် ယူစုံစမ်းရင်း အဲလစ်အာချာဆိုတဲ့ ရှေ့နေအမျိုးသမီးကို ချစ်ကြိုက်မိသွားပါတယ်။အဲလစ်ကတော့ ရောဘတ်ကို အယုံအကြည်မရှိတာမို့ အလွတ် စုံထောက်ငှားပြီးစုံစမ်းခိုင်းခဲ့ပါတယ်။ သို့သော် သူကိုယ်တိုင်လည်း ရောဘတ်ကို ချစ်မိသွားပါတယ်။ တစ်နေ့မှာတော့ အဆိုပါ စုံထောက်ဆီကနေ ရောဘတ်ရဲ့ အတိတ်အကြောင်း တစ်စွန်း တစ်စသိလာခဲ့ရပါတယ်။ရောဘတ်နဲ့ ပတ်သက်ဖူးတဲ့ ကောင်မလေးနှစ်ယောက် ပျောက် ဆုံးနေခဲ့တာပါ။ ရောဘတ်ကရော တကယ်ပဲ အသွင်ယူအေးဂျင့်လား မိန်းကလေးတွေပျောက်ဆုံးနေတာ သူနဲ့ဘယ်လိုပတ်သက်နေလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့နိုင်မှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ပေး သူများကတော့ Leonard Lin, Zaw Myo Thu တို့ဖြစ်ပါတယ်) File Size..........(1.3 GB) / (620 MB) / (516 MB) Quality............WebRip 1080p / ...
movie
Rogue Agent (2022)
2022
6.1
The Mercy (2018)
The Mercy ဟာ 1968 ခုနှစ်ဝန်းကျင်မှာ ကျုင်းပခဲ့တဲ့ Sunday Times Golden Globe Race လို့ခေါ်တဲ့ လှေမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်းရွက်လှေသမား Donald Crowhurst ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Biography, Drama ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးသူကတော့ ဒါရိုက်တာ James Marsh ဖြစ်ပြီး၊ ဇာတ်ဆောင်ဖြစ်သူ Donald Crowhurst နေရာမှာ The King's Speech ဇာတ်ကားနဲ့ အော်စကာဆုကိုရရှိခဲ့တဲ့သူဖြစ်ပြီး The Kingsman ဇာတ်ကားနှစ်ကားလုံးမှာ Harry Hart အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Colin Firth ပါ။ပြိုင်ပွဲဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တစ််ယောက်ရဲ့ ဘဝဇာတ်ကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် စီကာပတ်ကုံးညွှန်းဆိုနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ဇာတ်ဆောင်ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဘဝကိုရုန်းကန်ဖို့အတွက် အားယုတ်လျော့နေတဲ့သူတွေ၊ ဘဝကိုလက်မြောက်အရှုံးပေးချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားမှပေးစွမ်းတဲ့ရသက ခွန်အားဖြစ်စေမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Brilliant Star ပါ)File ...
movie
The Mercy (2018)
2018
8.0
The King’s Speech (2010)
The King's Speech (2010) IMDb - 8.0/10_____Rotten - 95% Won 4 Oscars. Another 106 wins & 204 nominations သိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊ လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် ၊ စည်းကမ်းက ဂျပန်တွေအတွက် အသက် .......... ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လိုသလို အနုပညာကို အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။ အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ နေရာကာ ဘာကင်ဟမ်နန်းတော် ကိုယ်အရူးအမှုးချစ်ရတဲ့ အချစ်အတွက်ချစ်သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊ သမိုင်းမှာ ဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားမယ့် လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုးလိုက်ပါပြီ။ အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါ အောင်မြင်မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီသမိုင်းရုပ်ရှပ်ကို The Weinstein Company နဲ့ Momentum Pictures တို့ဖြန့်ချီထားခဲ့ပါတယ်။ IMDb 8/10 ၊ Rotten Tomatoes 95% ၊ Common Sense5/5၊ CinemaScore A+ တို့ ရရှိထားပါတယ်။၂၀၁၀ စက်တင်ဘာမှာ ...
movie
The King’s Speech (2010)
2010
6.4
The Iron Lady (2011)
The Iron Lady (2011) IMDb - 6.4/10_____Rotten - 52% Won 2 Oscars. Another 23 wins & 47 nominations. ဒီရုပ်ရှင်ကား ဇာတ်ကားက တော့ ဖြစ်ရပ်မှန် ကိုပြန်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။ ဗြိတိန် သမိုင်း ကိုတစ်ဆစ်ချိုးပြောင်းလဲ ခဲ့ပြီး ရာဇဝင်တွင်ကျန်နေခဲ့တယ့် ဗြိတိန် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ့် မာဂရက်သက်ချာ အကြောင်းဖြစ်ပါတယ်။ သက်ချာလို့ပြောလိုက်ရင် လူခွန်တောင်ကောက် တယ့်သူဆိုပြီး တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ဒီဇာတ်ကားက Biography/Drama အမျိုးအစားဖြစ် ပြီး IMDb Rating 6.4 ၊ Rotten Tomatoes 52% ၊ Roger Ebert 2 /4 ရရှိထားပါတယ်။ တစ်ကားလုံးကြာမြင့်ချိန် ၁၀၄ မိနစ်ရှိ ပြီးတော့ Budget ၈.၂ မီလီယံဒေါ်လာနဲ့ရိုက်ကူး ထားပြီး Box Office မှာ ၁၁၅ မီလီယံပြန်လည် ရှိရှိခဲ့ပါတယ်။ 20th Century Fox က ဖြန့်ချီထားပါတယ်။ အဓီက ...
movie
The Iron Lady (2011)
2011