Channel Myanmar

Sierra Reid

Mr. Right (2023)
Mr. Right (2023) IMDb 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Tanner Gillman နဲ့ မင်းသမီး Sierra Reid တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီအချစ်ကားလေးကတော့ Dating ဆောင်းပါးတွေရေးတဲ့ အွန်လိုင်းစာရေးဆရာမလေးရဲ့ Right person ရှာပုံတော်ဖွင့်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ရှားလော့က နာမည်ကြီး အွန်လိုင်း Dating Site တစ်ခုမှာ အလုပ်ရသွားလို့ အလုပ်ရှိရာ မြို့ကို ပြောင်းလာပြီး အလုပ်သစ်၊ နေရာသစ်မှာ အခြေကျအောင် ကြိုးစားနေသူပါ။ ရှားလော့က သူမရဲ့ အလုပ်သစ်က လိုင်လာဆိုတဲ့ ကောင်မလေးနဲ့ ကော်ဖီဆိုင်က လီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ဒိတ်လုပ်တဲ့အကြောင်းတွေ ရေးတဲ့စာရေးဆရာမ ဖြစ်ပေမဲ့ အချစ်အကြောင်း တစ်လုံးမှမသိသူ ရှားလော့ကို သူမဆီ ချဉ်းကပ်လာတဲ့ ကောင်လေးတွေကို လက်ခံပြီး အလုပ်အတွက် ကုန်ကြမ်းရအောင် ယူလိုက်ဆိုတဲ့ လိုင်လာ့ရဲ့အကြံပေးမှုကြောင့် ကောင်လေးတစ်ယောက်နဲ့ အရင် ဒိတ်လုပ်ခဲ့ပါတယ်။ ကံမကောင်း ...
movie

Mr. Right (2023)