Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shum Lo
7.2
The New One-Armed Swordsman (1971)
ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့ လူတော်တော်များများသိကြမယ့် David Chiang ကားလေးပါ ဒီဇာတ်လမ်းလေးထဲမှာတော့ သိုင်းလောကမှာဖြောင့်မတ်မှန်ကန်တဲ့ သူရဲကောင်းလို့ နာမည်အတွင်ခံချင်လို့ တက်သစ်စထူးချွန်တဲ့သိုင်းသမားလူငယ်တွေကို ထောင်ချောက်ဆင် သတ်ဖြတ်နေတဲ့ လုံယိကျီး။သူ့ထောင်ချောက်ထဲမှာပထမဆုံးကျဆင်းသွားတဲ့ လူကတော့ ဓါးနှစ်လက်သုံးပြီးတိုက်ခိုက်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်တဲ့ ဓါးနှစ်လက်လူငယ်သိုင်းသမား လေလိတစ်ယောက် ထောင်ချောက်ထဲကျသွားပြီ လုံယိကျီးနဲ့သိုင်းယှဉ်ပြိုင်ခဲ့ချိန်မှာ အလောင်းအစားအနေနဲ့ ရူံးတဲ့လူ လက်တစ်ဖက်ဖြတ်ပြီးသိုင်းလောကကနေ ထွက်သွားဖို့ လောင်းကြေးထပ်ခဲ့ကြတယ်။နောက်ဆုံးမှာတော့ လေလိတစ်ယောက် လုံယိကျီးရဲ့အကွက်သုံးကွက် သိုင်းကွက်ရဲ့ဒုတိယအကွက်မှာကျရူံးသွားပြီး လက်တစ်ဖက်ဖြတ်ကာ သိုင်းလောကကနေထွက်သွားပြီး သာမာန်လူဘဝအနေနဲ့ နေထိုင်ခဲ့တယ်။ ဒီလိုနဲ့ လုံယိကျီးတစ်ယောက်တော့ သူ့နာမည်ကျော်ဇော်ဖို့အရေး ရှိသမျှသိုင်းလောကသားလူငယ်တွေကိုတစ်ယောက်ပြီး တစ်ယောက်ဒီနညမ်းလမ်းအတိုင်း အသုံးချသတ်ခဲ့တာပေါ့။ဒီလိုနဲ့ တစ်နေ့လေလိလိုမျိုး ဓါးနှစ်လက်မှာ ထူးချွန်တဲ့သူရဲကောင်း ဖုန်းကျွင်းကျဲသူရဲကောင်း ထပ်မံထွက်ပေါ်လာပြန်တယ်။သူကိုလည်း ထိုနည်းတူစွာထပ် ထောင်ချောက်ဆင်သတ်ဖြတ်ဖို့ ကြိုးစားတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ။ Filesize : 1.08 GB / 674 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Martial Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann ...
movie
The New One-Armed Swordsman (1971)
Come Drink with Me (1966)
Come Drink with Me ( 1966 ) IMDb: 6.9/10 Genre: Action/CrimeCome Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all timeလို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီးကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူကဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်းဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်းကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကိုမတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလိုကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း ...
movie
Come Drink with Me (1966)
7.6
The 36th Chamber of Shaolin (1978)
The 36th Chamber of Shaolin (1978) ========================= IMDb Rating - 7.6/10ဟိုအရင်က ရှောင်လင်သိုင်းကားဆိုပြီး ရုပ်ရှင်ပရိသတ်တွေကြား တော်တော် နာမည်ကြီးခဲ့တာ အားလုံးသိကြမှာပါ။ အဲဒီတစ်ခေတ်တစ်ခါက ထွက်ခဲ့တဲ့ ရှောင်လင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကားနာမည်ကတော့ The 36th chamber of Shaolin ဖြစ်ပြီးတော့ ၁၉၇၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ကွန်ဖူးကား ဖြစ်ပါတယ်။ အင်္ဂလိပ်, ပြင်သစ်, ကွမ်းတုံနဲ့ တရုတ် ဘာသာစကား ၄ မျိုးနဲ့ ထွက်ရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောပြရရင်တော့ မန်ချူးလူမျိုးစုတွေက ကွမ်းကျိုးမြို့ကို အပိုင်သိမ်းထားရာကနေ စတင်ပါတယ်။ သူတို့က မြို့နေပြည်သူတွေကို နိုင်လို မင်းထက်ပြုမူပြီးတော့ သူတို့ကို မထောက်ခံသူမှန်သမျှကို သူပုန်လို့သတ်မှတ်ပြီး သတ်ပစ်ပါတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ဖျက်စီးလို့စီးနဲ့ ထင်ရာစိုင်း ကြတာပါ။ မန်ချူးခေါင်းဆောင် ထျန်းသာ့စစ်သူကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့သူက လူလယ်ခေါင်မှာ အသတ်ခံခဲ့ရပါတယ်။ ဒီကိစ္စကို ချုံးဝမ်းကျောင်းတော်က ဆရာ ကြီးဟော့နဲ့ ကျောင်းသားတွေက မကျေနပ်ကြပါဘူး။ ဒါကြောင့် သူတို့က မန်ချူး တွေကို ဆန့်ကျင်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဘာသိုင်းပညာမှ ...
movie
The 36th Chamber of Shaolin (1978)
1978
7.0
The Five Venoms (1978)
The Five Deadly Venoms (1978) Genre – Action, Drama, Mystery IMDB – 7.0/10 သိုင်းလောက မိတ်ဆွေတွေအတွက် ရှေးဟောင်းဂန္ဓဝင်သိုင်းကားတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။သိုင်းလောကထဲမှာ အဆိပ် ၅ ဖော်ဂိုဏ်းဟာနာမည်ဆိုးနဲ့ ကျော်ကြားလျက် ရှိပါတယ်။ အဆိပ် ၅ ဖော်ဆိုတဲ့အတိုင်း သိုင်းသမားတွေဟာလည်း အစဉ်လိုက်ပြောရမယ်ဆို ကင်းခြေများ၊ မြွေ၊ ကင်းမြီးကောက်၊ ဖားပြုပ်နဲ့ တောက်တဲ့ဆိုပြီး အသီးသီး ရှိကြပါတယ်။ သူ့ သိုင်းပညာနဲ့သူပေါ့ ဇာတ်လမ်းအစပျိုးထားပုံကတော့ ဒီ အဆိပ် ၅ ဖော်ဂိုဏ်းရဲ့ ဆရာကြီးဟာသေဆုံးခါနီး ဖြစ်ပြီး ဂိုဏ်းရဲ့နာမည်ပျက်ကို ချေဖျက်ချင်နေတဲ့လူဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးတပည့်လေးဖြစ်တဲ့ ယန်ထေးကိုဒီ ဂိုဏ်းတူညီအစ်ကိုတွေကို လိုက်ရှာပြီး ကောင်းတဲ့လူဆိုလွှတ်ထားပြီး မကောင်းတဲ့လူဆို အပြစ်ပေးသုတ်သင်ဖို့ရယ်ဆရာဖြစ်သူနဲ့ တူတူ သိုင်းပညာသင်ကြားခဲ့တဲ့ ဦးလေးဖြစ်သူဆီကနေရတနာတွေကို ယူပြီး လှူဒါန်းဖို့အတွက် မြို့ငယ်လေးတစ်မြို့ကိုစေလွှတ်လိုက်ပြီး နောက်ဆုံးဆန္ဒလေးကို အောင်မြင်အောင်ဆောင်ရွက်နိုင်ပါ့မလား ဒီလို အသီးသီး ဇာတ်မြုပ်နေကြတဲ့အဆိပ် ၅ ဖော်က ဘယ်သူတွေ ...
movie
The Five Venoms (1978)
1978