Channel Myanmar

Shuhei Nogae

Silent Love (2024) 6.0
Silent Love (2024) Silent Love ( 2024 )ဇာတ်အိမ်လန်းလန်းနဲ့ ဂျပန်ရိုမန့်တစ်ရုပ်ရှင်ပါ။ ပုံမှန်ဂျပန်ရုပ်ရှင်တွေလို အရမ်းငြိမ်နေတဲ့ပုံစံနဲ့သွားတာမဟုတ်လို့ ဂျပန်ရုပ်ရှင်ပရိသတ်မဟုတ်တဲ့ အာရှရုပ်ရှင်ပရိသတ်တွေအတွက်လည်း အကြိုက်တွေ့လောက်မယ့် ရုပ်ရှင်ပါပဲ။  ရိုမန့်ကားတွေမှာ ပြဿနာက မတူတဲ့ပုံစံတစ်ခု အသစ်ထွက်လာဖို့ တော်တော်ခက်ခဲတာပါပဲ။  ဖြစ်နိုင်သလောက် အကုန်လုံးရိုက်ပြပြီးပြီ။ ထပ်ကျော့လည်း ရိုက်ပြခဲ့ပြီးပြီ။ အသစ်ကောင်းကောင်းတစ်ခုခုပေါ်လာဖို့က တော်တော်ကြုံတောင့်ကြုံခဲလိုဖြစ်နေတယ်။ ဒါက ဇာတ်အိမ်ကို အဓိက အခြေအတည်တဲ့ အမျိုးအစားအတွက်ပဲ ပြောတာပါ။ ပြောရရင် ဒီကားကို စစဖွင့်ချင်းတုန်းက ကျွန်တော်လည်း မျှော်လင့်ချက်မထားထားတော့ စစအခန်းနဲ့တင် နာမည်ကြီးရိုမန့်ကားထဲက အခန်းပဲဟ။ ဒါထပ်ရိုက်ပြဦးမှာလားတွေးမိပေမဲ့ ထင်တာနဲ့တော့ လွဲသွားတယ်။ ဒီတော့ ရိုးအီနေမှာစိုးလို့ ရိုမန့်မကြည့်ဖြစ်တော့ရင်တောင် ဒီကားတော့ စမ်းကြည့်သင့်တယ်ထင်တာပါပဲ။ဇာတ်ကတော့ ပီယာနိုတီးတာက ဘဝတစ်ခုလို့ ခံယူထားတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့ သူက မျက်စိကွယ်သွားတော့ သတ်သေဖို့လုပ်တယ်။ ဒါကို သန့်ရှင်းရေးသမားကောင်လေးက ကယ်လိုက်တယ်။ အဲဒီကောင်လေးကလည်း စကားမပြောနိုင်ဘူး။ ဒီကနေသူတို့ရေစက်စတယ်ပေါ့။ ဒီလိုနဲ့ ...
movie

Silent Love (2024)

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)