Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shôichi Hirose
5.7
Godzilla Raids Again (1955)
ကမ္ဘာ့အရှည်ကြာဆုံးfranchiseအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ Toho Godzilla franchiseရဲ့ ဒုတိယကားဖြစ်တဲ့ Godzilla Raids Againဟာ 1954ဂေါ်ဇီလာ အောင်မြင်ပြီးနောက် သူနဲ့တစ်ဆက်တည်း နောက်ဆက်တွဲအနေနဲ့ ထပ်ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ မူရင်းဒါရိုက်တာနဲ့ creatorဖြစ်တဲ့ အိရှိရိုဟွန်ဒါကတော့ Lovetideဆိုတဲ့ ရုပ်ရှင်ကိုကိုင်နေလို့ မအားတာကြောင့် ဒီကားကိုမကိုင်ထားပေမဲ့ တွဲဖက်ဖန်တီးသူနဲ့ အထူးပြုလုပ်ချက်ပညာရှင် Eiji Tsuburayaကတော့ ဒီကားအတွက်လည်း သူပဲ special effectsတွေ လုပ်ပေးခဲ့တာပါ။ Godzilla Raids Again ဟာ monster vs monster formulaကို အစပျိုးပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ပထမကားမှာ ဂေါ်ဇီလာတစ်ကောင်တည်းရှိခဲ့ပေမဲ့ ဒီကားမှာတော့ နောက်ဂေါ်ဇီလာတစ်ကောင်ပေါ်လာသလို တခြား သတ္တဝါဆန်းတွေလည်းရှိသေးတယ်ဆိုတာကို ဂျပန်အာဏာပိုင်တွေ ပြည်သူတွေ သတိထားမိလာကြာပြီ။ ဒါပေမဲ့ အောက်စီဂျင်ဒတ်စတွိုင်ရာမရှိတော့သလို ဒီလိုဆန်းပြားတဲ့လက်နက်ကို ဖန်တီးခဲ့တဲ့ ဒေါက်တာဆဲအိဇာဝလည်းမရှိတော့တဲ့နောက် ဒီဂေါ်ဇီလာကို နှိမ်နင်းနိုင်မယ့်လက်နက် သူတို့မှာ မရှိနေပါဘူး။ ဂေါ်ဇီလာနဲ့ နောက်ထပ်မွန်းစတားတစ်ကောင်ရဲ့ ...
movie
Godzilla Raids Again (1955)
8.0
Sanjuro (1962)
၁၉၆၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်အဖြူအမည်း ရုပ်ရှင်ဖြစ်ပါတယ်။ Director Akira Kirosawa ရဲ့ 1961က ထွက်ရှိခဲ့တဲ့ Yojimbo ဆိုတဲ့ ရုပ်ရှင်ရဲ့ sequel လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ လူငယ် ဆာမူရိုင်းလေး ကိုးယောက်ဟာ သူတို့ရဲ့ သခင် Mutsuta ဆီမှာ အမှုထမ်းလို့နေပါတယ်။ တစ်နေ့ သူတို့ရဲ့ အသနားခံလွှာကို Mutsuta က တရားရုံးမှာ ဆုတ်ဖြဲလိုက်တဲ့အတွက် သူတို့ထဲက တစ်ယောက်က Kikui ဆိုတဲ့ ကြီးကြပ်သူကို ဝင်ရောက်ဖြေရှင်းပေးဖို့ ပြောခဲ့ပါတယ်။သူတို့ ကိုးယောက်က နတ်ကွန်းအဆောင် တစ်ခုထဲမှာ ဆွေးနွေးနေကြတုန်း ဆာမူရိုင်း တစ်ယောက်က သူတို့ပြောတာကို ကြားသွားပါတယ်။ ဒီဆာမူရိုင်းက Sanjuroလို့ခေါ်ပြီး ဘယ်သူ့ကိုမှ အမှုမထမ်းတဲ့ လျှောက်သွားနေတဲ့ ဆာမူရိုင်းဖြစ်ပြီး Kikui ဆိုတဲ့ ကြီးကြပ်သူကို မယုံဖို့ သတိပေးခဲ့ပါတယ်။ဒီလိုနဲ့ သူသတိပေးတဲ့အတိုင်း Kikuiက Mutsuta ...
movie
Sanjuro (1962)
8.2
Yojimbo (1961)
IMDb rating - 8.2ဒီရုပ်ရှင်ကတော့ ဂျပန်ဂန္တဝင်ဒါရိုက်တာ Kurosawa Akira ရဲ့ နာမည်ကျော်လက်ရာဖြစ်တဲ့ Yojimbo ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လိုရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့Kurosawa ရဲ့ ၂၁ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်။ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံးရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူအမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်တိုင်းရုပ်ရှင်တွေအပေါ်မှာ လွှမ်းမိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်ကျော်ကောင်းဘွိုင်ဇာတ်ကောင် The Man with No Name ကနေ Star Wars နဲ့ Last ...
movie
Yojimbo (1961)
8.1
The Hidden Fortress (1958)
IMDb 8.1 / Metascore 89% / Rotten Tomatoes 96%ဂျပန်ရဲ့ အထင်ကရ ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ အာကီရာကူရိုဆာဝါရဲ့လက်ရာဖြစ်တဲ့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဆာမူရိုင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ ဘယ်လောက်လွှမ်းမိုးမှုအားကောင်းခဲ့လဲဆိုတော့ Star Wars ရဲ့ဖန်တီးသူ ဂျော့ခ်ျလူးကပ်စ်ကတောင် Star Wars Original Trilogy သုံးကားအတွက် ဒီရုပ်ရှင်ကနေ မှီခြမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်တဲ့။ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ အချိန်ကာလအားဖြင့် ၁၆ ရာစုဖြစ်ပြီး ဂျပန်ပြည်မှာ ယာမာန နဲ့ အာခိဇုကိ လို့အမည်ရတဲ့ လူမျိုးစုနှစ်ခုဟာ စစ်ဖြစ်နေကြပါတယ်။ မာတာရှီချီ နဲ့ တာဟဲအိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ပွဲအတွင်းမှာ ငွေရှာဖို့အတွက် ရှိတဲ့အိမ်တွေကိုတောင်ရောင်းချပြီး စစ်ထဲလိုက်ရာကနေ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားတဲ့ ဆင်းရဲသားလယ်သမားနှစ်ဦးပါ။ ဒီနှစ်ယောက်ဟာ စစ်မြေပြင်ကနေ ထွက်ပြေးလာရင်း ၎င်းတို့နေထိုင်ရာ အာခိဇုကိမြို့တော်ကိုပြန်တဲ့လမ်းတစ်နေရာမှာ အာခိဇုကိရဲ့အမွေဆက်ခံသူ မင်းသမီးဖြစ်တဲ့ ယုကိ ...
movie
The Hidden Fortress (1958)
8.3
Ikiru (1952)
Ikiru (1952)~ IMDb - 8.3/10, Rotten Tomatoes - 98% ~Golden Age of Asian Cinema လို့လည်းခေါ်ကြတဲ့ ၁၉၅၀ဝန်းကျင်ကာလဟာ non-English World Cinema ရဲ့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။ ဒီ ၁၉၅၀ဝန်းကျင်မှာပဲ အာရှဒါရိုက်တာတွေဟာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အနုပညာအရည်အသွေးရှိတဲ့ ရုပ်ရှင်တွေကို တင်ဆက်နိုင်ခဲ့ပြီး ဒီနေ့ထိလည်း ဒီကားတွေဟာ ခေတ်ကိုကျော်ဖြတ်ပြီး ရှင်သန်နေတုန်းပါ။ ဒီကာလမှာ Yasujirō Ozu ရဲ့ Tokyo Story (1953), Satyajit Ray's The Apu Trilogy (1955–1959), Kenji Mizoguchi ရဲ့ Ugetsu (1954), Ishirō Honda ရဲ့ Godzilla (1954) နဲ့ Akira Kurosawa ရဲ့ ...
movie
Ikiru (1952)
1952
8.6
Seven Samurai (1954)
Seven Samurai (1954) IMDb - 8.6/10_______R0tten - 100% ၁၉၅၄ ခုနှစ်က ထွက်ခဲ့တဲ့ ဂျပန်ကားတစ်ကားကို တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကတော့ ဂျပန်ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးကားတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။ နှောင်းခေတ်ရုပ်ရှင်တွေဟာလည်း ဒီရုပ်ရှင်ကနေ ပညာတွေအများကြီးယူကြရတယ်လို့ ပြောကြတယ် (ဘာတွေလဲတော့ နားမလည်ပါဘူး)။ ဒီရုပ်ရှင်ရဲ့ဘတ်ဂျက်ကတော့ အဲဒီခေတ်အခါကဆို အတော်မာျးပါတယ်။ ရုပ်ရှင်ကားကြီးတွေကို $70000 လောက်နဲ့ ရိုက်နေကြချိန်မှာ ဒီရုပ်ရှင်ရဲ့ ဘက်ဂျက်ဟာ $ 500 000 ဖြစ်နေခဲ့ပါတယ်။ ပြီးတော့ ရုပ်ရှင်ရိုက်ကူးချိန်လည်း ကြာလွန်းတော့ ပရိုဂျူဆာတွေက ၂ ခါတိတိ ပိတ်ချခဲ့ပါတယ်။ ဒါရိုက်တာ အကီရာ ကူရိုဆာဝါကတော့ ပိတ်ချခံရတိုင်း ငြင်းခုံမနေဘဲ အသာလေး ငါးမျှားထွက်သွားလိုက်တာပါပဲ။ ပရိုဂျူဆာတွေ ပြန်လိုက်ခေါ်မယ်ဆိုတာ သိပြီးသားမို့ပါ။ ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေကလည်း အဲဒီခေတ်အခါကဆို All stars လို့ပဲ ပြောရပါလိမ့်မယ်။ သုံးနာရီကျော်ကြာတဲ့ ဒီအဖြူအမည်းရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးက နှစ်သက်လက်ခံတဲ့ ရုပ်ရှင်ကြီးတစ်ခုဖြစ်လာခဲံ့ပါတယ်။ ဒီရုပ်ရှင်ကို မှီးပြီး ရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင် Magnificent seven ...
movie
Seven Samurai (1954)
1954