Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shohreh Aghdashloo
7.6
Ghostbusters: Afterlife (2021)
Ghostbusters: Afterlife (2021) က ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ File size…(4 GB)/(1.6 GB )/(999 MB) Quality….BluRay ...
movie
Ghostbusters: Afterlife (2021)
4K HEVC
7.8
Damsel (2024)
Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေးMillie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ်မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာမိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကိုဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင်ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း**************မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီးအငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေအလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်းသဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အော်ရီရာ တိုင်းပြည်ကဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲအန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ... File size… 6.6GB / 1.79GB /845MB Quality…WEB-DL 4K HEVC/ 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Adventure , Fantasy Subtitle….Myanmar ...
movie
Damsel (2024)
4K HEVC
7.5
House of Sand and Fog (2003)
House of Sand and Fog (2003)~ IMDb - 7.5/10, RT - 74%, Meta - 71% ~မြူတွေ သဲတွေကြားက အိမ်ကလေး တစ်လုံးမှာ ဖြစ်သွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မမ Jennifer Connelly နဲ့ Ben Kingsley တို့ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာ ၃ ဆု ဆန်ခါတင်ပါဝင်ခဲ့ရုံတင်မက အခြားဆု ၁၃ ဆုကို ရရှိထားပါတယ်။ 1999 မှာ ထွက်ရှိထားတဲ့ Andre Dubus III ရဲ့ နာမည်တူ စာအုပ်ဖြစ်တဲ့ House of Sand and Fog ကို ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ Crime Drama အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းက ရှင်းသလောက် တော်တော်လေးကို မအီမလည်နဲ့ ...
movie
House of Sand and Fog (2003)
2003
5.5
Run Sweetheart Run (2022)
Run Sweetheart Run (2022) =====================လော့အိန်ဂျလိစ်မြို့ရဲ့ မှောင်မိုက်တဲ့ လမ်းမတွေပေါ်မှာ ကောင်မလေး တစ်ယောက် ပြေးလွှားနေရတယ်။ သူ့စိတ်ထဲမှာကတော့ ဒါတွေ ဘယ် လိုလုပ်ပြီး ဒီအခြေအနေဖြစ်လာခဲ့သလဲဆိုတာပဲ တွေးမိနေတယ်။ ချယ် ရီလို့ ခေါ်တဲ့ ဒီ ကောင်မလေးက သူ့သူဌေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ ညစာစားဖို့ ထွက်လာခဲ့တာ။ အခုလိုမျိုး ကိုယ့်အသက်ကိုဖက်နဲ့ထုပ်ပြီး ဒီ မိတ်ဆွေဆိုတဲ့လူဆီကနေ တစ်ညလုံး ပြေးနေရလိမ့်လို့ မထင်ထားခဲ့ဘူး။သူ့ကို အသည်းလေးဆိုတာ ပါးစပ်ကမချတဲ့ ဒီလူက ဘယ်လိုလူမျိုးလဲ။ ဘာဖြစ်လို့ သူ့နောက်ကနေ လိုက်နေရတာလဲ။ သူ့ကိုဘာဖြစ်လို့ လူတိုင်းက ကြောက်ကြတာလဲ။ သူ့သူဌေးနဲ့ ဒီလူတို့ကြား ဆက်ဆံရေးက ဘာတွေလဲ။ သူ့ရဲ့ ကြောင်နဲ့ကြွက်လို ကစားပွဲမှာရော ချယ်ရီတစ်ယောက် အသက်ရှင် နိုင်ပါ့မလား။ ဒါတွေတော့ ချယ်ရီ မသိဘူး သူသိတာကတော့ ဒီလူ ဖမ်းမိဖို့ နီးကပ်လာတိုင်း "ပြေးထား အသည်းလေး ပြေးထား"ဆိုတာပဲ ကြားနေမိ တယ်။ ချယ်ရီ တစ်ယောက် မနက်မိုးသောက်တဲ့အထိ ဒီလူရဲ့လက်ကနေ ပြေးနိုင်ပါ့မလားဆိုတာကိုတော့.....ဒီဇာတ်ကားလေးမှာ အဖြေရှာကြည့် ပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်)File Size..........(1.3 ...
movie
Run Sweetheart Run (2022)
2022
6.2
Septembers of Shiraz (2015)
အီရန်နိုင်ငံကို Revolutionary Guards လို့အမည်ရတဲ့ အစ္စလမ်မစ်အစွန်းရောက်ဝါဒီတွေသိမ်းပိုက်လိုက်တဲ့အတွက် ယခင်အစိုးရနဲ့အဆက်အစပ်ရှိတဲ့သူတွေကို ပစ်မှတ်ထားပြီးလိုက်လံဖမ်းဆီးနေပါတယ်။နိုင်ငံအနှံ့မှာ ဆူပူသောင်းကျန်းမှုတွေဖြစ်နေကြပြီး ထင်ရာစိုင်းတဲ့အစွန်းရောက်အဖွဲ့ရဲ့ဒဏ်ကိုအလူးအလဲခံစားရနေရတယ်။ အစ်ဇက်တို့မိသားစုဟာကျောက်မျက်ရတနာလုပ်ငန်းလုပ်ကြပြီး ကြွယ်ဝချမ်းသာတဲ့မိသားစုဖြစ်ပါတယ်။တစ်နေ့ အစ်ဇက်အလုပ်လုပ်နေတုန်းမှာ Revolutionary Guards ကလာဖမ်းသွားပါတယ်။ခင်ပွန်းဖြစ်သူနဲ့တွေ့ရဖို့အတွက် ဖာနက်ဇ်မှာ နည်းမျိုးစုံနဲ့ကြိုးစားပေမယ့်မအောင်မြင်ပါဘူး။နီးစပ်တဲ့သူတွေနဲ့ ဆွေးမျိုးရင်းခြားတွေကလည်းလိုက်ဖမ်းလို့ထွက်ပြေးရတဲ့ အတွက်ဘယ်သူ့မှ အကူအညီမပေးနိုင်ပါဘူး။ ဒီလိုအသည်းအသန်ကြိုးစားနေချိန်မှာ ခင်ပွန်းဖြစ်သူရဲ့လုပ်ငန်းကို လူယုံက အပိုင်သိမ်းသွားတယ်။ထောင်ထဲမှာ အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့နှိပ်စက်မေးမြန်းဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာအစ်ဇက်ဟာ ပိုင်ဆိုင်တာအကုန်ပေးမယ် သူ့ကိုလွတ်ပေးပါလို့ကမ်းလှမ်းတယ်။ဒီကမ်းလှမ်းချက်ကိုတစ်ဖက်ကလည်းလက်ခံခဲ့တယ်။ အကျဉ်းထောင်ကနေလွတ်လာတဲ့အစ်ဇက်ဟာ တစ်ချိန်မှာသူ့ကိုပြန်လာဖမ်းနိုင်တာကိုသိတဲ့အတွက် နိုင်ငံကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ File size…1.75 GB/ 703MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Septembers of Shiraz (2015)
6.7
Renfield(2023)
Renfield(2023)*************ကဲ ပေါကားလောကကနေ ရုပ်ရှင်ရုံကြီးကားလောကထဲကို ပြန်ဝင်လာနိုင်တဲ့ နီကိုလက်ကေ့ရဲ့ ဒရက်ကူလာကားအသစ်လာပါပြီ။နီကိုလက်ကေ့ဟာ တစ်ချိန်က ထိပ်တန်းသရုပ်ဆောင်ကြီးဖြစ်ခဲ့ပြီးမှအကြွေးတွေကြောင့် ကြုံရာကားတွေထိုးရိုက်ရတဲ့ဘဝကိုဆင်းသက်ခဲ့ရတဲ့သူပါ။အခုတော့ သူ တစ်နှစ်ကို တစ်ကားနှုန်းနဲ့ ပိတ်ကားပြင်ပေါ်ကို ပြန်တက်လာနိုင်တာ တကယ်ဝမ်းသာစရာပါပဲ။သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ပြန်အဖက်ဆယ်နိုင်ခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါ။ နီကိုလက်ကေ့က ဒရက်ကူလာအဖြစ် ပါဝင်ထားပြီးသူ့ရဲ့ ရန်ဖီးဆိုတဲ့ နာမည်နဲ့ ဖမ်မီလိရာခေါ် အမှုထမ်းအဖြစ် မင်းသား နီကိုလက်ဟောက်က ပါဝင်ထားပါတယ်။နီကိုလက်ကေ့ဟာအများအားဖြင့် ခေါင်းဆောင်မင်းသားနေရာမရတဲ့ရုပ်ရှင်တွေကို ငြင်းတတ်ပေမဲ့ဒရက်ကူလာအဖြစ်သရုပ်ဆောင်ဖို့က သူ့အိပ်မက်တစ်ခုပဲမို့ ဒီရုပ်ရှင်ကို သဘောတူခဲ့ပါတယ်။သူသရုပ်ဆောင်ဘဝအစမှာ အဖြစ်ချင်ဆုံး ဇာတ်ကောင်သုံးကောင်က Captain Nemo, Superman and Dracula တို့ပါပဲ။ရန်ဖီးဆိုတဲ့နာမည်ကတော့ ဒရက်ကူလာဝတ္ထုထဲက ဒရက်ကူလာရဲ့ အမှုထမ်းနာမည်ကိုပဲ ပြန်သုံးထားတာပါ။ဆေးပညာမှာလည်း ကိုယ့်ကိုယ်ကိုယ် သွေးစုတ်ကောင်လို့မြင်နေပြီး သွေးတွေသောက်သုံးချင်တဲ့ရောဂါကို ရန်ဖီးရောဂါလို့ နာမည်ပေးကြပါတယ်။ မင်းသမီးကတော့ ရှန်းချီရဲ့ သူငယ်ချင်းအဖြစ်လူသိများကြတဲ့မင်းသမီး အော်ကွာဖီနာပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ရေဘက်ကာ ကွင်စီဆိုတဲ့ ရဲမေအဖြစ် ပါဝင်ထားပါတယ်။ ...
movie
Renfield(2023)
4K HEVC
6.2
Last Knights(2015)
Last Knights(2015)===============ကိုယ်ကိုယ်တိုင် မတရားမခံရမချင်း မတရားမှုကို လက်ပိုက်ကြည့်နေခဲ့ရင်ဘာဖြစ်လာနိုင်မလဲဧကရာဇ်ရဲ့ အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ ဂီးဇာမော့တ်ဟာ အာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးအတွက် သူကောင်းမျိုးတွေဆီကနေ လက်ဆောင်ပဏ္ဍာတွေ အတင်းအကျပ် တောင်းယူပါတယ် ပြည်သူတွေဆီကနေ အခွန်တွေအဆမတန် တိုးကောက်ပါတယ် သူကောင်းမျိုးတွေကလည်း သူနဲ့ အဆင်ပြေမှအခွင့်အရေးရမှာမို့ မတရားမှုတွေကို ဒီတိုင်းကြည့်နေကြပါတယ်တစ်နေ့မှာတော့ လော့ဒ်ဘားတော့ခ်အလှည့် ရောက်လာခဲ့ပါပြီ အကြောင်းပြချက်ပေးပြီး လာဘ်တောင်းဖို့ သူ့ကို မြို့တော်ဆီ ဆင့်ခေါ်လိုက်ပါတယ်မတရားမှုကို ခေါင်းငုံ့မခံနိုင်တဲ့ လော့ဒ်ဘားတော့ခ် တောင်းဆိုချက်တွေကိုပြောင်ပြောင်တင်းတင်းဘဲ ငြင်းဆန်လိုက်ပါတယ် မတရားမှုကို ခုခံတဲ့အတွက်ပြစ်ဒဏ်အနေနဲ့ သူ့အသက်ကို ပေးရပါတော့မယ်လော့ဒ်ဘားတော့ခ်ရဲ့ တပ်မှူး ရေဒင်နဲ့ နောက်လိုက်တွေဟာ သခင့်နာမည်ကိုပြန်အဖက်ဆယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ မတရားမှုကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ပါ့မလားမြင်းစီးစစ်သည်တွေရဲ့ တာဝန်နဲ့ သစ္စာတရားကို သရုပ်ဖော်ထားပြီး Dialogueကောင်းကောင်းတွေလည်း ပါဝင်တာကြောင့် ခံစားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်... File size…1.51GB / 574MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Action ...
movie
Last Knights(2015)
6.7
The Exorcism of Emily Rose(2005)
The Exorcism of Emily Rose(2005)=============================ဒီတခါ ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး Director Scott Derrickson ရိုက်ကူးခဲ့တဲ့သဲထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်မင်းသမီး က Jennifer Carpenter ဖစ်ပြီး ဒီဇာတ်လမ်းလေးက1976 ခုနစ်က ဂျာမနီမှာ သေဆုံးခဲ့တဲ့ Anneliese Michel ဆိုတဲ့ဂျာမန်မလေးရဲ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ emily rose ဆိုတဲ့ ၁၉ နှစ်အရွယ်ကောင်မလေးက အနေအေပြီး စာဖတ်တာ ဂီတလေ့လာတာနဲ့ပဲအိမ်ထဲမှာပဲနေလေ့ရှိတယ် ဒါပေမဲ့ တက္ကသိုလ်တက်ဖို့အတွက်scholarship ရခဲ့တော့ ဆရာမဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကြောင့်မိသားစုနဲ့ခွဲပြီ းသွားတက်ဖို့ဆုံးဖြတ်လိုက်တယ် သူမကညဘက်တွေဆိုမီးလောင်တဲ့အနံ့ရလို့ နိုးလာတတ်ပြီးအဆစ်တွေလှုပ်မရတာတွေ မျက်ဆံအနက်ကြီးဖြစ်သွားတာတွေနာရီအတော်ကြာအော်နေတာတွေ အင်းဆက်တွေစားတာတွေစတဲ့လက္ခဏာတွေနဲ့ မကြာခင်မှာသေဆုံးသွားတယ် သူမရဲ့သေဆုံးမှုကကျန်းမာရေးအခြေအနေကြောင့်လား? မကောင်းဆိုးဝါးဝင်ပူးတာလား?သူမရဲ့သေဆုံးမှုရဲ့တရားခံက ဘယ်သူလဲ? ဆိုတာ Jennifer Carpenter ရဲ့တအားမိုက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်း အဖြေတူတူရှာလိုက်ကြဦးနော် အညွှန်းနဲ့ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်; File size…1GB / 435MB Quality…Blu-Ray 1080p5.1CH ...
movie
The Exorcism of Emily Rose(2005)
6.9
The Cuban(2020)
The Cuban(2020)အညွှန်း*********************မီနာအိုက်ယူ ဆိုတဲ့ ကောင်မလေးဟာ အာဖဂန်စစ်ပွဲကြောင့် အဘိုးအဘွားတွေက အဒေါ်ဖြစ်သူနဲ့ အတူ အမေရိကန်မှာလာခိုလှုံဖို့ လွှတ်လိုက်တဲ့ကောင်မလေးဖြစ်ပါတယ်။အိုက်ယူဟာ ဆရာဝန်ဘွဲ့ရဖို့ ဆေးကျောင်းတက်ရင်း ဝင်ငွေအတွက်သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ သူနာပြုအလုပ် ဝင်လုပ်ပါတယ်။ထိုဂေဟာမှာ အလုပ်စဝင်ဝင်ချင်း သူပြုစုပေးရတာက စိတ်ကြီးပြီး အစားအသောက် ကြေး(ချေး)များတဲ့ ပြဿနာအိုးအဘိုးအိုလူနာကြီးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အိုက်ယူရဲ့ သည်းညည်းခံမှု၊ ဖြူစင်မှုကြောင့် လူနာအဘိုးအိုကြီး ဟာသူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာပါတယ်။ ဒါပေမယ့်လည်း အဘိုးကြီးကိုစောင့်ရှောက်ရင်း အဘိုးကြီးရဲ့ ထူးဆန်းတဲ့ အတိတ်အကြောင်းတွေ သူသိလာရသလိုသူ့ဘ၀ အတွက် မျှော်လင့်မထားတဲ့ ဆိုးကျိုးတချို့ကို ပြန်ရင်ဆိုင်လာရပါ တော့တယ်။လူနာနဲ့ ဆရာဝန်-သူနာပြုကြားက ကြီးမားတဲ့သံယောဇဉ်၊ ချစ်သူတွေချင်း ကြားကလေးနက်တဲ့ချစ်ခြင်း၊ အဒေါ်နဲ့ တူမကြား နက်ရှိုင်းတဲ့ တွယ်တာမှု စတာတွေကို လှပစွာ ခြယ်မှုန်းသီခြယ်ထားတဲ့ချစ်ခြင်းမေတ္တာဖွဲ့သီမှု ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်...File Size :(945MB) ...
movie
The Cuban(2020)
7.0
The Lake House(2006)
The Lake House(2006)(ကြည်နူးရိပ်ရဲ့ကားမို့ 1080P5.1CH ပါပြုလုပ်ပေးထားပါတယ်...)စာလေးတစ်စောင်ကြောင့် အချစ်တစ်ခုစတင်ခဲ့ဖို့ ဘယ်သူကမျှော်လင့်ခဲ့မှာလဲ?စတင်ခဲ့တဲ့အချစ်တစ်ခုကအချိန်ကာလကွာခြားနေပေမယ့် နောက်ဆုတ်လိုက်ဖို့က ခဲယဥ်းလွန်းလှပါတယ်။ကိတ်ဆိုတဲ့ဆရာ၀န်မလေးက ရေကန်ဘေးကအိမ်မှာနေခဲ့တဲ့အိမ်ပိုင်ရှင်ဟောင်းပါ။သူ့နောက်မှာပြောင်းလာမယ့် အိမ်ပိုင်ရှင်အသစ်ဆီကိုစာရေးရင်း သူ့စာက လွန်ခဲ့တဲ့နှစ်နှစ်ကရေကန်ဘေးကအိမ်မှာနေခဲ့တဲ့ အတိတ်ကအဲလက်စ်ဆီကိုရောက်သွားပါတော့တယ်။စာတွေအပြန်အလှန်ဆက်သွယ်ရင်းတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားပေမယ့်ဆက်သွယ်စရာဆိုလို့စာတိုက်ပုံးလေးပဲရှိတဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာ အချစ်ဆိုတာအိပ်မက်တစ်ခုလိုပါပဲ။အတိတ်က အဲလက်စ်နဲ့ အနာဂတ်က ကိတ်...ဘယ်လိုပေါင်းစည်းဖို့ကြိုးစားမလဲဆိုတာစိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ CMပရိသတ်ကြီးအတွက် ယခုတင်ဆက်ပေးလိုက်တာကတော့အားလုံးရဲ့အချစ်တော် ကီနူးရိဒ်နဲ့ ဆန်ဒရာဘူးလော့တို့ရဲ့ စိတ်ကူးယဥ်အချစ်ဇာတ်လမ်းလေးပါ။ချစ်ခြင်းမေတ္တာကို သီချင်းချိုချိုလေးတွေနဲ့ ကြည်ကြည်နူးနူးခံစားချင်တဲ့ ပရိသတ်ကြီးတွေအဖို့တော့....ဇာတ်လမး်အညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်....File Size :(1.7GB)(950 MB) and (363 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:39:00 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie
The Lake House(2006)
6.7
X-Men: The Last Stand (2006)
When a cure is found to treat mutations, lines are drawn amongst the X-Men and The Brotherhood, a band of powerful mutants organized under File size- (1 GB in Openload and Stream) Quality…Extended Blu-Ray Rip 1080p 5.1 Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Chi
movie
X-Men: The Last Stand (2006)
2006
7.1
Star Trek Beyond (2016)
Star Trek Beyond (2016) IMDb - 7.1/10_____Rotten - 86% Star Trek Beyondကနဦးစွာ ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ Director Justin Lin တစ်ယောက် ဒီဇာတ်ကားကို ရိုက်မယ်လို့ကြားသိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အလွန်စိတ်ပျက်မိခဲ့တယ်။ Fast and Furious ကောင်က ကိုယ်တွေကြိုက်တဲ့ Star Trek ကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ အခုလိုပြောလိုက်လို့စာဖတ်သူတို့ဘာမှ စိတ်မပူပါနဲ့။ တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။--------------------------------------------------------------------------------ကျွန်တော်တို့လွန်ခဲ့တဲ့ 3 နှစ်ခန့်လောက်ကို ပြန်သွားကြည့်ရအောင်ဗျာ။ Star Trek into Darkness က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဝင်ငွေ $467 Million နဲ့အောင်ပွဲခံနေတဲ့အချိန်ပေါ့။ တစ်ချို့ကတော့ သူတို့သဘောကျတဲ့ Khan ဇာတ်ကောင်ကို သရုပ်ဖော်တာ မကြိုက်လို့ဆိုပြီး အညံ့ဆုံး Star Trek ...
movie
Star Trek Beyond (2016)
2016
5.8
Percy Jackson: Sea of Monsters (2013)
Percy Jackson: Sea of Monsters (2013)IMDb - 5.8/10_____Rotten 42% ရှေး ဂရိဒဏ္ဍာရီထဲက နတ်ဘုရားတွေ… နတ်ဘုရားမတွေအကြောင်း …သူတို့ရဲ့စွမ်းအားတွေ… နတ်ဘုရားတွေနဲ့ လူသားတွေချစ်ကြိုက်မိရာမှမွေးဖွားလာတဲ့ သွေးနှောနတ်ဘုရားတွေ…ဂရိဒဏ္ဍာရီထဲက သတ္တဝါဆန်းတွေ…ဒါတွေဟာ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အဆန်းတကြယ် ဖြစ်မနေတဲ့အကြောင်းအရာတွေ အနည်းနဲ့အများ ရင်းနှီးပြီးသား အကြောင်းအရာတွေလို့ယူဆမိတယ်… ဘာလို့ဆို နတ်ဘုရားတွေပေါ်အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ပေါင်းလည်း နည်းမှမနည်းဘဲကိုး… အဲ့ဒီ နည်းမှမနည်းတဲ့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာထဲမှ…ဒီနေ့အတွက် ရေနတ်ဘုရားရဲ့သားတော် ဖြစ်တဲ့ ပါစီဂျက်ဆန်ရဲ့ စွန့်စားခန်း ဇာတ်လမ်းလေး၂ပုဒ် ကို တင်ဆက်ပေးချင်ပါတယ်… ဒီပါစီဂျက်ဆန် ကိုငယ်ငယ်က သိပ်နှစ်သက်ခဲ့ပြီး ခုတစ်ဖန်ပြန်လည်ကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်လည်း old but gold ဘာညာပေါ့နော်… နောက်ဇာတ်လမ်းအဆက်ဖြစ်တဲ့ The Sea of Monster ကတော့ တော်တော်လေးကိုလန်းတဲ့အပိုင်းတွေပါတာ ဝန်ခံရမှာပါ… ဇာတ်လမ်းအစမှာတော့ သွေးနှောနတ်ဘုရားတွေရဲ့ စခန်းကို ကာကွယ်ထားတဲ့ သစ်ပင် တံတိုင်းကြီး ဖြစ်ပေါ်လာပုံတွေ… ပထမဇာတ်လမ်းမယ် အိုလန်ပတ်စ် ကိုကယ်တင်လိုက်ပြီးနောက် ဆက်ပြီးပုံမလာနိုင်တော့တဲ့ ပါစီတစ်ယောက် ...
movie
Percy Jackson: Sea of Monsters (2013)
2013
6.6
The Odd Life of Timothy Green (2012)
တစ်ချို့လူတွေက ... ကျွန်တော်တို့ရဲ့ ဘဝတွေထဲကို တိုက်တိုက်ဆိုင်ဆိုင် ဝင်ရောက်လာခဲ့ကြပြီး ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ မတူညီတဲ့ ရှုထောင့်တွေကနေ မြင်ကြည့်တတ်အောင် သင်ပေးခဲ့တယ် အဲဒီလိုလူတွေက အမြဲအမှတ်ရနေပေးဖို့ ထိုက်တန်ပါတယ်----------------------------------------------အခန်းထဲမှာ ငိုကြွေးနေသည့် ဇနီးဖြစ်သူ Cynthia ရဲ့ အသံကိုနားစွင့်ရင်း James တစ်ယောက် သက်ပြင်းမောတွေ ချမိနေသည်။ သူတို့နှစ်ဦးရဲ့ ဘဝထဲမှာ ကလေးလေးရဖို့ မဖြစ်နိုင်ခဲ့တော့ဘူးတဲ့ ... နေ့လည်က ဆရာဝန် ပြောခဲ့သည့် စကားသံတွေကို ပြန်လည်ကြားယောင်နေမိ၏။ ဝမ်းနည်းကြတာချင်းအတူတူ မိန်းမသားဖြစ်သည့် ဇနီးသည်က ပို၍ဝမ်းနည်းမှာကို သူသိနေခဲ့ရသည်။Cynthia အပြင်ထွက်လာတော့ ဧည့်ခန်းထဲမှာ အတူထိုင်ရင်း ဇနီးဖြစ်သူ စိတ်အပြောင်းအလဲဖြစ်အောင် James တစ်ယောက် စာရွက်အပိုင်းအစလေးပေါ်မှာ ချရေးလိုက်သည်။ နောက်ဆုံးအကြိမ်အဖြစ် သူ့တို့နှစ်ဦး ဖြစ်စေချင်ခဲ့ကြတဲ့ ကလေးလေးရဲ့ ပုံပန်းသွင်ပြင်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ချရေးပြီး မနက်ဖြန်မှာ စိတ်သစ်ကိုယ်သစ်နဲ့ စတင်ကြမည်။ဇနီးမောင်နှံနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ကလေးလေးကို စိတ်ကူးပုံဖော်ပြီးနောက်မှာတော့ စာရွက်အပိုင်းအစလေးတွေ အားလုံးကို ဘူးထဲမှာထည့်ပြီး ခြံထဲက ဂေါ်ဖီထုပ်ပင်တွေကြားထဲမှာ အတူမြေမြှပ်လိုက်ကြသည်။နှုတ်ဆက်ပါတယ် ... ဖေဖေတို့ရဲ့ ဘဝထဲကို ...
movie
2012
5.9
The Promise (2016)
ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ အများစုက မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့် အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie
The Promise (2016)
2016