Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shohei Miura
6.3
Usogui (2022)
Usogui (2022)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အသက်ကိုလောင်းကြေးထပ်မယ့် ကစားပွဲတွေအကြောင်း ရင်ခုန်အောင် ရိုက်ကူးပေးထားတဲ့ ဂျပန်ကားလေး Usogui (မုသားစားသုံးသူ) ပါပဲကာကဲရိုကလပ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကြေးကြီးတဲ့ လောင်းကစားပွဲတွေကို ကြီးကြပ်ပေးတဲ့ အဖွဲ့အစည်းတစ်ခု... လောင်းချင်တိုင်းလောင်းပြီး ထွက်ပြေးချင်တဲ့သူတွေ လစ်လို့မရအောင် လိုအပ်ရင် လူပါသတ်တယ်မင်းသား မာဒါရာမဲ ဘာကူဟာ တခြားသူတွေရဲ့ မုသားတွေ လှည့်ဖျားမှုတွေကို ကျွမ်းကျင်ပါးနပ်စွာ ဖော်ထုတ်နိုင်သူ... သူဟာ ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်နေရာကို ရရှိဖို့ အသက်ကိုပါ ပုံအောပြီး လောင်းကြေးတင်ခဲ့ပေမယ့် ခေါင်းဆောင်ရဲ့ လှည့်ဖျားမှုမှာ ကျရှုံးရင်း အသက်ဆုံးလုနီးပါးဖြစ်ခဲ့ရတယ် ခေါင်းဆောင်ဟာ သူ့ကို အသင်းဝင်အဖြစ်ကနေ ပယ်ထုတ်ပြီး နှင်ဒဏ် ပေးခဲ့တယ်အချိန်အတိုင်းအတာ တစ်ခုအကြာမှာတော့ ဒီအဖွဲ့ဝင်တွေကို စိန်ခေါ်တဲ့ သိပ္ပံပညာရှင် ဆာဒါကူနီ ဆိုသူ ပေါ်ပေါက်လာတယ် ဘာကူဟာလည်း ခေါင်းဆောင်ကိုထပ်စိန်ခေါ်နိုင်ဖို့ တိုကျိုကို ပြန်လာတဲ့အခါ မောင်ကံကောင်းလေး ကာဂျီ တာကာအိုမီနဲ့ ဆုံတွေ့ခဲ့တယ် သူတို့၂ဦးရယ် ဆာဒါကူနီရယ် ကာကဲရိုကလပ်တို့ဟာ ဘယ်ပုံဘယ်နည်း ဆက်နွှယ်နေမလဲ ...
movie
Usogui (2022)
6.8
The Liar and His Lover (2013)
The Liar and His Love (2013)လူတစ်ယောက်အပေါ် ထားရှိတဲ့ မကျေနပ်ချက်နဲ့ နာကျည်းမှုကို တခြားသူတစ်ယောက်အပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုးပေါ့။ Aki ဆိုတဲ့ကောင်လေးလည်း ဒီလိုအဖြစ်မျိုး ကြုံတွေ့နေရတာပါ။ အပြင်ပန်းမှာတော့ ဂျပန်ကနာမည်ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်တေးရေး၊ ဂီတပိုင်းပါရမီရှင်တစ်ယောက်ဆိုပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှုတွေကြောင့် ဂီတလောကက အပြီးတိုင် ပျောက်ကွယ်နေချင်သူပေါ့။ဒီလိုနဲ့ တစ်နေ့မှာ Rikoဆိုတဲ့ မိန်းကလေးနဲ့ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို " မြင်မြင်ချင်းအချစ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်းကျောင်းသူလေးရဲ့ နှလုံးသားကို သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် တေးရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းကလေးတွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒတွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မလေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါပေမဲ့ ကလေးမလေးက သူ့အပေါ် ...
movie
The Liar and His Lover (2013)
2013