Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shobha Mohan
8.6
The Goat Life (2024)
Aadujeevitham - The Goat Life (2024) "ကန္တာရအလယ်"IMDb 8.6ပရိသတ်ကြီးအတွက် မလေယာလမ်ရုံတင်ကားသစ်ကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်၂၀၀၈ ထုတ် ဖြစ်ရပ်မှန်ဝတ္ထုကို ရိုက်ကူးထားတဲ့ ဒီကားလေးမှာဆိုရင် Saalar, Bade Miyan Chote Miyam တို့လို နာမည်ကြီးကားတွေထဲက မင်းသား Prithviraj Sukumaran ပါဝင်ထားပြီး ရုံတင်ဝင်ငွေ ၁၆၀ ကုဋေ ရထားတဲ့အပြင် တတိယဝင်ငွေအကောင်းအဆုံး မလေယာလမ်ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ်ကနဦးအနေနဲ့ အာရပ်နိုင်ငံတိုင်းလိုလိုက ပိတ်ပင်ခဲ့ပြီး အခုလက်ရှိ ဆော်ဒီအာရေးဗျနဲ့ ကူဝိတ်လို နိုင်ငံတွေက ပိတ်ပင်ထားဆဲပါ အရှေ့အလယ်ပိုင်းမှ ဆော်ဒီ၊ ကာတာတို့ကို ချမ်းသာတဲ့ ရေနံနိုင်ငံတွေအဖြစ် လူသိများကြတယ် သူတို့ဘက်က ခေါင်းဆောင်တွေကလည်း ကမ္ဘာ့အလယ်မှာ သူတို့နိုင်ငံ ဂုဏ်သတင်းကျော်ဇောစေရန် အဘက်ဘက်က လုပ်ဆောင်လာကြပေမယ့် လူအများစုရဲ့စိတ်ထဲမှာတော့ ပြစ်ချက်တစ်ခုကရှိနေတုန်းပါအဲဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါပဲ ဒီရုပ်ရှင်ဇာတ်လမ်းအကျဥ်းကို ပြောရရင် နာဂျိဘ်ဆိုတဲ့ မလေယာလမ် အိန္ဒိယလူမျိုးတစ်ဦးနဲ့ ဟာကင်ဆိုတဲ့ ခပ်ငယ်ငယ်ကောင်လေးတို့ဟာ ဆော်ဒီနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာကြပါတယ်အေးဂျင့်စကားအရ ကုမ္ပဏီမှာ အလုပ်ရမယ် မြို့မှာနေစရာရမယ်လို့ ယုံကြည်ထားတဲ့ သူတို့နှစ်ယောက် လာခေါ်တဲ့ကားနဲ့ ...
movie
The Goat Life (2024)
2024
7.2
Picket 43 (2015)
Picket 43 (2015) - ခြံစည်းရိုးအမှတ် ၄၃(function(f,b,n,j,x,e){})();IMDb-7.2/10ဒီတစ်ခါမှာတော့ အကြမ်းဖက်နှိမ်နင်းရေးကွန်မန်ဒိုအငြိမ်းစားအရာရှိကြီးကနေ ရုပ်ရှင်လောကကိုကူးပြောင်းလာတဲ့ Major Ravi ကိုယ်တိုင် ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ ခြံစည်းရိုးအမှတ် ၄၃ က ရုံတင်ငွေလည်း ၅.၇ ကုဋေထိ ရခဲ့ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်တစ်ဖက်နဲ့တစ်ဖက် လူနှစ်ယောက်ပဲအစောင့်ချထားတဲ့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်တစ်နေရာ ခြံစည်းရိုးအမှတ် ၄၃ ၊ ဇာတိပြန် မင်္ဂလာဆောင်ဖို့ ခွင့်ရက်တင်ပြီးခါမှ ခြံစည်းရိုးအမှတ် ၄၃ မှာ တာဝန်ကျလာတဲ့ဟာရီ ၊ ဘာကာဒီဆိုတဲ့ ခွေးလိမ္မာလေးနဲ့အတူ နယ်စပ်ခြံစည်းရိုးမှာအစောင့်ကျတဲ့ဟာရီတစ်ယောက် ပါကစ္စတန်ဘက်က နေ့ညမနားတရစပ်ပစ်ခတ်နေတဲ့ကျည်ဆံတွေကြား ခက်ခက်ခဲခဲရှင်သန်ရတာပေါ့ တစ်နေ့ ခြံစည်းရိုးတစ်ဖက်က ပါကစ္စတန်အစောင့်စစ်သားနေရာမှာ တာဝန်ကျလူသစ်ရောက်လာတယ် အရင်လူတွေနဲ့လုံးဝမတူကွဲပြားနေတဲ့သူတစ်ယောက်..တရစပ်ပစ်ခတ်နေတဲ့ ကျည်ဆံတွေချက်ချင်းရပ် သူကိုယ်တိုင်လည်း ပုန်းကွယ်မနေဘဲလွတ်လွတ်လပ်လပ်သွားလာနေတယ်လူအားလုံးအရာအားလုံးနဲ့ဝေးကွာပြီး စာတွေကိုပဲအဖော်ပြုနေရတဲ့ဟာရီ့ဆီ စာတွေလည်းထပ်ရောက်မလာချိန်မှာ သူရယ် ခွေးလိမ္မာလေးဟာရီရယ် စာတွေဖတ်ရင်းပေါ်လာတဲ့ အတိတ်နေ့စွဲတွေရယ် ခြံစည်းရိုးတစ်ဖက်ကရန်သူတော်လူထူးဆန်းရယ် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Picket 43 (2015)
2015
8.8
2018 (2023)
2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie
2018 (2023)
2023
9.3
Muddy (2021)
ဒီတစ်ခါမှာတော့ IMDB Rating မှာ 2.2K ရဲ့Rating 9.2 အထိရထားတဲ့ အိန္ဒိယ ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။Muddy ဆိုတဲ့အတိုင်း တောတွေတောင်တွေ ရွံ့ဗွက်တွေ ကြားမှာ သစ်ကားမောင်းသမားတွေရဲ့ဘ၀။ရဲတွေနဲ့ပတ်သက်ပုံတွေ ရန်ညှိုးတွေအကြားရုန်းကန်ရပုံတွေကို off-road (လမ်းကြမ်း)ကားမောင်းပြိုင်ပွဲတွေနဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းရိုက်ပြထားတာမို့ နှစ်သစ်မှာဇာတ်လမ်းကြမ်းကြမ်း ကြည့်ချင်သူတွေအဖို့ ကျေနပ်စေမယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ တောင်ပိုင်းကားမို့လို့ချောချောလှလှလေးတွေတော့ မပါဘူးပေါ့ဗျာ။အညွှန်းကိုတော့ Lwin Htoo Aung မှ ရေးသားထားပြီးဘာသာပြန်ကတော့ Allena နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ် File size…3GB / 1.4GB Quality…1080p AAC 5.1CH / 720p Format…mp4 Duration….2h 17min Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Lwin Htoo Aung & Allena
movie
Muddy (2021)
2021
8.3
Drishyam ( 2013 )
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ ၂၀၁၃တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီး ဇာတ်ကားပါ IMDb လည်း 8.3 ရရှိထားပါတယ်တော်တော်များများတော့ ကြည့်ဖူးလောက်ပါတယ် ဒီဇာတ်ကားလေးရဲ့ ဇာတ်အိမ်တို့ ဇာတ်လမ်းအလယ်ကနေ အဆုံးထိဇာတ်ကွက်လေးတွေက တကယ်ကို အလန်းဇယားဆိုတာ ကြည့်ဖူးတဲ့လူတိုင်းသိကြမှာပါ ဒီကားလေးကို ကြည့်ပြီးတဲ့လူတွေလည်းနောက်တစ်ခေါက်ပြန်ကြည့်ရအောင် မကြည့်ရသေးတဲ့လူတွေလည်း ကြည့်ရအောင် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့....လေးတန်းပဲအောင်တဲ့ ဂျော့်ခူတီဆိုတဲ့လူက ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာပါ ဂျော့်ခူတီက ရုပ်ရှင်ကြည့်ရတာကိုအရမ်းစွဲလမ်းနှစ်သက်ပါတယ် သူ့ရဲ့ဗဟုသုတတွေက ရုပ်ရှင်ကနေ ရတာပါ တစ်နေ့မှာတော့ သူတို့ရဲ့အေးချမ်းတဲ့ ဘဝထဲကို မဖိတ်ခေါ်တဲ့ဧည့်သည် တစ်ယောက်ဝင်ရောက်လာပြီး မတော်တဆမှုတစ်ခုဖြစ်သွားပါတယ် အဲ့ဒီနောက် ဂျော့်ခူတီအနေနဲ့ မိသားစုသာ သူ့ဘ၀ သူ့အရာရာအားလုံးကိုရုပ်ရှင်ထဲက ဗဟုသုတတွေကို သုံးပြီး ဘယ်လို လှည့်ကွက်တွေနဲ့ မိသားစုကို ကာကွယ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်... Translated & Review By Yamin EiEncoded By LK
movie
Drishyam ( 2013 )
8.9
Drishyam 2 (2021)
Drishyam 2 (2021) မြန်မာစာတန်းထိုးမနေ့က ထွက်ရှိလာတဲ့ မာလာယာလမ်းစကားပြော အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါရစေ...။ ဒီဇာတ်ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Drishyam မူရင်းဇာတ်ကားရဲ့ အဆက်ဖြစ်ပြီး ၊ ပထမကားဟာ Kannada, Tekugu,Tamil,Hindi,Simhalese,Chinese စတဲ့ ဘာသာစကားပေါင်းများစွာနဲ့ Remake များစွာရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပြီး ၊ သူတို့ရဲ့ ကာရယ်လာပြည်နယ်ကပေးအပ်တဲ့ Best FIlm Award တွေပါ ရရှိခဲ့တဲ့အပြင် ၊ ၄၅ကြိမ်မြောက်ကျင်းပတဲ့ နိုင်ငံတကာအိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ရပါသေးတယ်။ မြန်မာပြည်မှာတော့ Ajay Devgn ပြန်လည်ရိုက်ကူးထားတဲ့ Drishyam (2015) ရုပ်ရှင်ကို လူတွေ ပိုသိကြပါတယ်။ အထူးပြောလိုတာကတော့ Ajay Devgn ရဲ့ဇာတ်ကားကို ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ၊ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်ကားကိုပဲ ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ယခုထွက်လာတဲ့ Drishyam 2 ရုပ်ရှင်ကို နားလည်မှာပါ။ (ဘယ်ဇာတ်ကားကိုမှ မကြည့်ဖူးရင်တော့ ပထမထွက်တဲ့ဇာတ်ကားကို အရင်ကြည့်ဖို့ တိုက်တွန်းပါရစေ)ဇာတ်လမ်းအကျဉ်းကို နည်းနည်းပြောပြပါရစေ...။ပထမရုပ်ရှင်မှာပြသွားခဲ့တဲ့ ဇာတ်သိမ်းပိုင်းကနေ ဒီဇာတ်လမ်းကို အစပြန်ကောက်ထားတဲ့အတွက် ဒီရုပ်ရှင်မှာတော့ ဂျော့ဂျူတီ(GeorgeKutty) ဟာ ၊ ဗာရွန်းအမှုပြီးတဲ့နောက်မှာ ကေဘယ်တီဗီလုပ်ငန်းအပြင် ရုပ်ရှင်ရုံတစ်ခုပါ တည်ထောင်လိုက်ပြီး ...
movie
Drishyam 2 (2021)
2021