Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shinnosuke Abe
6.5
Winny (2023)
၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
Winny (2023)
Family (2023)
Family 2023 (မိသားစု) IMdb 6.9ဖခင်ဖြစ်သူပျောက်ဆုံးသွားပြီးနောက်မှာ မာကိုတိုနဲ့အမေဖြစ်သူတို့ကမွေးရပ်မြေကိုစွန့်ခွာပြီးတော့ နေရာသစ်ဆီ အပြောင်းအလဲသစ်တွေအတွက်ထွက်လာခဲ့ကြတယ်ခန်းဂျီးဆိုတာကတော့ ဇနီးဖြစ်သူနဲ့တိတ်ဆိတ်တဲ့ဘဝလေးတစ်ခုမှာ အေးဆေးစွာနေထိုင်သူတစ်ယောက်ပေါ့ တာကဲအိုဆိုတာကတော့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီးတော့ ကလေး၂ယောက်ကို သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးနေသူတစ်ယောက် ယွန်ချီဆိုတာကတော့ မိဘအိမ်ကိုနှစ်တွေကြာပြီးတော့မှပြန်ရောက်လာခဲ့သူတစ်ယောက် ..ဇာတ်လမ်းကတော့ ဒီမိသားစု၄ခုက လူ၄ယောက်နဲ့အစပြုထားပါတယ် တစ်ယောက်ချင်းစီတိုင်းမှာ ဘယ်လိုအကြောင်းမျိုးတွေကိုယ်စီကြုံရမလဲ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ ဘာတွေတွေ့ကြုံရမလဲ ဘယ်လိုတွေပတ်သက်နေမလဲဆိုတာကိုတော့...( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ်) File size…2.7GB / 800MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 22mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie
Family (2023)
2023
7.1
Kingdom (2019)
2019 ထွက် ဂျပန်ကားပါ။ ရှေးခေတ် စစ်ပွဲတွေကို အခြေခံထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်ဟာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်က အမတ်တစ်ယောက်က အမှုထမ်းဖို့ သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟရူးက ရှင်းဆီက မကြာခင်ပဲ ပြန်ရောက်လာပြီး သူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါ…… ဒီကားက ဓားသိုင်းကား ကောင်းကောင်း ငတ်နေတဲ့သူတွေအတွက်တော့ အဆာပြေဖြစ်မှာပါ။ Translated By : Little Neo Encoded By : XCode
movie
Kingdom (2019)
2019
7.6
13 Assassins (2010)
13 Assassins (2010) IMDb - 7.6/10_____Rotten - 95% ၁၉၆၃ ခုနှစ်ကရိုက်ကူးခဲ့တဲ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်..ဂျပန်ဒါရိုက်တာတွေထဲမှာအထင်ကရအဖြစ်ဆုံး Takashi Miike ရိုက်ကူးထားပါတယ်...အာရှရဲ့အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့ပြီး အကောင်းဆုံး Editor ဆု၊အကောင်းဆုံးဒါရိုက်တာဆု၊အကောင်းဆုံးဒီဇိုင်နာဆုအပြင်အခြားဆုများစွာအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပါတယ်...IMDB 7.6 အထိရရှိခဲ့ပြီးအရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ၁၈၄၀ ကျော်လောက်က ဂျပန်ဆာမူရိုင်းခေတ်ကိုအခြေခံထားတာပဲဖြစ်ပါတယ်ထိုစဉ်က ဂျပန်နိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ဟာအာဏာရှင်စနစ်အသွင်ရှိခဲ့ပြီး အုပ်ချုပ်သူကို'ရှိူဂန်'လို့ခေါ်ပါတယ် 'ရှိူဂန်'ရဲ့ညီတော်ဖြစ်သူနာရိဆူဂူဟာမောက်မာရိုင်းစိုင်းပြီး သနားညှာတာမှုကင်းမဲ့သူပါပြည်သူတွေအပေါ်နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ပုန်ကန်ထကြွမှုတွေဖြစ်ခဲ့ပါတယ်နာရိဆူဂူဟာပုန်ကန်သူတွေကိုလည်းရက်စက်စွာသတ်ဖြတ်ခဲ့တယ် ဆာမူရိုင်းတွေရဲ့အကြီးအကဲဖြစ်သူ ဆရာဒွိုင်ဟာ နာရိဆူဂူရဲ့ဆိုးယုတ်မှုတွေကို ဖြိုခွင်းဖို့အတွက်ရှီမာဒါရှင်ဇဲမွန်ဆိုသူကိုစေခိုင်းခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်ဟာ ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့အတော်ဆုံးဆာမူရိုင်းတွေကိုစုစည်းပြီး နာရိဆူဂူကိုတိုက်ခိုက်ဖို့အစီအစဉ်တွေဆွဲခဲ့ပါတယ် ရှီမာဒါရှင်ဇဲမွန်နဲ့သူ့တပ်ဖွဲ့တွေနာရိဆူဂူကိုတိုက်ခိုက်ဖို့ဘယ်လိုကြိုးပမ်းကြမလဲ သူတို့ရဲ့အစီအစဉ်တွေကရော အောင်မြင်နိုင်ပါ့မလားဆိုတာကို ဆက်လက်ရှူ့စားကြပါစို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်... File Size : (800 MB) Quality : Blu-Ray 720p Format…mp4 Duration…02:21:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn Khant Encoded by ...
movie
13 Assassins (2010)
2010