Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shingo Tsurumi
6.2
Masked Hearts (2023)
Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie
Masked Hearts (2023)
7
Hana’s Miso Soup (2015)
Hana's Miso Soup (2015)ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ Hana Chan no Misoshiru ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ Yasutake Shingo ဟာ အနေအေးတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ သွက်လက်ကြွတဲ့ ဂီတတက္ကသိုလ်ကကျောင်းသူလေး Kazynori Chieဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက် တဖြည်းဖြည်းရင်းနှီးပြီး ချစ်သူတွေဖြစ်သွားခဲ့ရာက တစ်နေ့မှာတော့ Chie ဟာ ကင်ဆာဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ ဒါပေမဲ့ Shingo ကတော့ Chieကို လက်မလွှတ်ဘဲ ခွဲစိတ်မှုခံယူစေပြီး လက်ထပ်ခဲ့ပါတယ်။ အဲဒီလိုကနေ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ Chieမှာ ကိုယ်ဝန်ရလာခဲ့ပါတော့တယ်။ ဒါပေမဲ့ စိုးရိမ်စရာတစ်ခုကတော့ Chieဟာ ကလေးမွေးခဲ့ရင် ကင်ဆာပြန်ဖြစ်ပြီး သေနိုင်တယ်ဆိုတာပါ။ ဒါပေမဲ့နောက်ဆုံးမှာတော့ အသက်ကိုပါရင်းပြီး ကလေးကို မွေးဖို့အတွက်ဆုံးဖြတ်ခဲ့တာကြောင့် Hanaဆိုတဲ့ ကျန်းမာတဲ့သမီးလေးမွေးဖွားလာခဲ့ပါတယ်။ သို့ပေမဲ့လည်း သူရဲ့ရောဂါအခြေအနေကြောင့် ဘယ်အချိန်မှာ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မသိနိုင်တဲ့Chieဟာ သမီးလေးHanaကို ငယ်ငယ်ကတည်းက စားသောက်မှုပုံစံတွေ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေကို သင်ကြားပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Chieဟာ သူစိုးရိမ်နေခဲ့တဲ့အတိုင်း ကင်ဆာပြန်ဖြစ်မှာလား ဒါမှမဟုတ် မိသားစုသုံးယောက်အတူတူ အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ရှိသွားနိုင်မှာလားကို ...
movie
Hana’s Miso Soup (2015)
2015
5.9
Goodbye Cruel World (2022)
Goodbye Cruel World IMDB 5.8 ကားပေါ်မှာ ဒရိုင်ဘာ၊ အဖိုးကြီး၊ ကောင်မလေး၊ လူမိုက်တစ်ယောက် ပေါင်းလေးယောက်ဟာ အချင်းချင်း စကားများရင်း ဟိုတယ်တစ်ခုရှေ့ရောက်လာပြီးနောက်မှာ မျက်နှာဖုံးစွပ် သေနတ်မောင်းတင်ကာ ဟိုတယ်ထဲ ဝင်ရောက်ခဲ့ပါတော့တယ်။ ဂျပန်မှာ ယာကူဇာကို ထိဝံ့သူဟာ အခြားယာကူဇာပဲ ဖြစ်ဖို့များတဲ့ အခြေအနေမှာပဲ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတဲ့ သည်လူတစ်စုဟာ ယာကူဇာဂိုဏ်းကြီးတစ်ခုရဲ့ ငွေကြေးခဝါချတဲ့ နေရာကို စီးနင်းဝင်ရောက် ဓားပြတိုက်ခဲ့ပါတော့တယ်။ ယန်း သန်း ၁၀၀ကျော်ပါသွားတဲ့နောက် နားရွက်တံတွေးဆွတ်ခံလိုက်ရတဲ့ ယာကူဇာများကလည်း ဓားပြတွေကို အမိဖမ်းနိုင်ရေး ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်ကားမှာ ယာကူဇာတွေရဲ့ ဩဇာသက်ရောက်နိုင်မှုနဲ့ စွမ်းပကားတွေကို တွေ့မြင်ရမှာဖြစ်ပြီး အကျင့်ပျက်ရဲတစ်ယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ ဂိုဏ်းတစ်ခုကို အကျိုးပြုနိုင်သလဲ ပြသထားတာလည်း ဖြစ်ပါတယ်။ ထို့အပြင် တစ်ခါ ယာကူဇာဖြစ်ဖူးလျှင် လူ့အသိုင်းအဝိုင်းထဲ ပြန်တိုးဝင်မရလောက်အောင် ခက်ခဲကြောင်းကိုလည်း ရိုက်ပြထားပါသေးတယ်။ ယာကူဇာကိုမှ သွားထိတဲ့ ဓားပြတွေဟာ ...
movie
Goodbye Cruel World (2022)
6.4
Last Romance (1988)
Last Romance ( 1988 )ဟောင်ကောင်ဖန်တိုင်း ချစ်ကြတဲ့ မမမက်ဂီချောင်နဲ့ Cherie Chungတို့ အဓိကဇာတ်ကောင်၂ကောင်အဖြစ် တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီးအသားပေး ရုပ်ရှင်ပါပဲ။ ခုနေတော့ မက်ဂီချောင်က နာမည်ပိုကြီးပေမဲ့ ဒီကားထွက်တုန်းကတော့ သူ့မှာ လောက်လောက်လားလား ဘာကားမှမရှိသေးသလို Cherie Chungကလည်း အဲဒီအရင်နှစ်တင် An Autumn's Taleနဲ့ နာမည်ရနေတဲ့ကာလဆိုတော့ သူ့ဇာတ်ကောင်ကိုတော့ နည်းနည်းပိုအသားပေးထားပါတယ်။ဇာတ်လမ်းကတော့ အသက်၁၇မှာ စသိပြီး အခင်ဆုံးတွေဖြစ်ခဲ့ကြတဲ့ သူငယ်ချင်း၂ယောက် ဆယ်ကျော်သက်ဘဝကနေ သက်လတ်ပိုင်းအထိ ရောက်ရှိလာပုံလို့ ပြောရပါမယ်။ ဟောင်ကောင်လူနေမှုစနစ်ထဲက သူတို့ ဒုက္ခတွေကိုရောပေါ့။ သူတို့၂ယောက်ဟာ ကောင်လေးတစ်ယောက်တည်းကို အတူလိုက်တဲ့အထိခင်ခဲ့ကြတယ်။ Cherie Chungရဲ့ဇာတ်ကောင်ဟာ အဲဒီနောက်သိပ်မကြာခင်မှာပဲ သူ့အဖေကို ဆုံးသွားပြီး တစ်ကောင်ကြွက်ဖြစ်သွားရာက နိုက်ကလပ်မှာ အပျော်မယ်လုပ်ရတဲ့ဘဝကိုရောက်သွားခဲ့တယ်။ မက်ဂီကတော့ သူ့သူငယ်ချင်းကို ချစ်မြဲပါပဲ။ ဒီလိုနဲ့ သူတို့အသက်တွေကြီးလာ ကိုယ်စီဘဝတွေမှာ အောင်မြင်လာရင်း တစ်နေ့ သူတို့အတူကြိုက်ခဲ့တဲ့ ...
movie
Last Romance (1988)
6.2
In the Wake (2021)
In the wake (2021)"Ruroni Kenshin"ထဲက Kenshin တစ်ဖြစ်လဲ Tendo Senseiလို့သိကြတဲ့ မင်းသားSatou Takeru,မင်းသားကြီး Abe Hiroshi,"The door into summer" "My tomorrow,your yesterday"ထဲက မင်းသမီးလေး Kirohaya Kayaနဲ့အတူ နာမည်ရ supportတွေပါဝင်တဲ့ 2021ထွက် ဂျပန် မှုခင်း ဒရာမာရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။၂၀၁၁ ငလျင်နဲ့ ဆူနာမီဖြစ်တဲ့အချိန်မှာ လူပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး သေကြေပျက်စီးမှုတွေကလည်း များပြားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျပန်အစိုးရကပေးတဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေကို ရမှရှင်သန်နိုင်မဲ့သူတွေလည်း အများကြီးရှိလာခဲ့ပါတယ်။ ငလျင်ဒုက္ခသည်ထဲမှာ တိုနဲ ရဆုဟိဆဆိုတဲ့လူငယ်၊ခေး တိုရှိမဆိုတဲ့ အဖွားနဲ့ ကန်ချန်လို့ခေါ်တဲ့ ကလေးမလေးလည်းပါခဲ့ပါတယ်။ တစ်ကောင်ကြွက်တွေဖြစ်ကျန်ခဲ့တဲ့သူတို့၃ယောက်က ကယ်ဆယ်ရေးစခန်းတစ်ခုတည်းမှာ နေရင်း မိသားစုအသစ်တစ်ခုလို သံယောဇဉ်တွယ်လာခဲ့ကြပါတယ်။ဒါပေမဲ့ကိစ္စများစွာဖြစ်ပျက်ပြီးနောက် ၉နှစ်အကြာမှာတော့ တိုနဲက ထောင်ကနေလွတ်လာခဲ့ပါတယ်။ အဖွား ခေးတိုရှိမကတော့ သေဆုံးသွားခဲ့ပြီး ကန်ချန်ကတော့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ။အဲဒီအချိန် ဝါကဘရပ်ကွက်မှာ ...
movie
In the Wake (2021)
5.3
Lorelei: The Witch of the Pacific Ocean (2005)
Lorelei: The Witch of the Pacific Ocean (2005)ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး ...
movie
Lorelei: The Witch of the Pacific Ocean (2005)
2005
6.1
L: change the WorLd(2008)
Death Note: L Change the World (2008) --------------------------------------- ဒီရုပ်ရှင်ကတော့ သေမင်းတမန်စာအုပ်ရဲ့ နောက်ဆုံးရုပ်ရှင်ပဲဖြစ်ပါတယ်.အရှေ့ရုပ်ရှင်နှစ်ခုဖြစ်တဲ့ Deat Noteနဲ့ L is the last nameတို့ရဲ့Spin-out sequelဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ L ရဲ့တကိုယ်တော်စွန့်စားခန်းဖွင့်တာကိုမြင်တွေ့ရမှာပါ....ဇာတ်လမ်းအကျဉ်း --------------- Lတစ်ယောက်ကီရာ့အမှုကို လိုက်နေရင်းထိုင်းနယ်စပ်က သူ့အဖွဲ့ဝင်တစ်ယောက်လွှတ်လိုက်တဲ့ ညဏ်ကြီးရှင်ကလေးတစ်ယောက်ကိုကယ်ဆယ်ခဲ့ရတယ်.အဲ့ဒီကလေးက အဲ့ဒီထိုင်းနယ်စပ်ရွာလေးအပေါ် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှောင်ခိုဂိုဏ်းတခုရဲ့ ရက်စက်တဲ့အမှုရဲ့ နောက်ဆုံးမျက်မြင်သက်သေပေါ့...ဒီထဲမှာ Lရင်ဆိုင်ရမှာကတော့ သူတို့ရဲ့အဖွဲ့ထဲကအဖွဲ့ဝင််ဖြစ်တဲ့ Kဆိုတဲ့ ညဏ်ကြီးရှင်မိန်းမတစ်ယောက်ပါပဲ...ပညာလွန်သော်ကောက်ကျစ်ရာ၏ဆိုသလို အစွန်းရောက်သွားတဲ့မိန်းမတစ်ယောက်ပါပဲ...ဒီပွဲမှာရော Lတစ်ယောက် အနိုင်ရမှာလားသူဘာတွေစတေးရခဲ့လဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါခင်ဗျာ File size…2.1Gb / 1.2Gb Quality…1080p Blu Ray 5.1CH / 720p Format…Mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung Tay Za
movie
L: change the WorLd(2008)
2008
5.2
The Sun Does not Move (2021)
The Sun Does not Move (2021)ဒီတစ်ခါတော့ ကြည့်ရခဲတဲ့ ဂျပန် သိပ္ပံအက်ရှင်ကား ပါ။ကြည့်ရခဲသလို အတွဲအစပ်ကလည်း ထူးခြားပါတယ်။Death Note ဇာတ်ကားတွေထဲက Kira လို့ အများသိထားကြတဲ့ မင်းသားကြီး Tatsuya Fujiwar နဲ့ My Teacher, My Love ထဲက မင်းသားချောလေး Ryoma Takeuchi တို့က ခေါင်းဆောင် မင်သားအနေနဲ့ ပါဝင်ထားပြီးတော့ မင်းသမီးကတော့ W :Two Worlds က မင်းသမီးချော Han Hyo Joo ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီအတွင်း ပေါက်ကွဲပြီး သေစေနိုင်တဲ့ Chip အပြားလေးတွေကို ထည့်ထားရတဲ့ AN ဆက်သွယ်ရေးဆိုတဲ့ သတင်းအရောင်းအဝယ်လုပ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူလျှိုတွေဖြစ်တဲ့ Takano နဲ့ Taoka တို့နှစ်ယောက်ဟာ တိုးတက်လာတဲ့ နေစွမ်းအင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကိုယ်ကျိုးစီးပွားအတွက်လိုချင်နေကြတဲ့ နိုင်ငံပေါင်းစုံက အတော်ဆုံးသူလျှိုတွေနဲ့ အားပြိုင်ပြီး ဘယ်လိုရအောင်ယူမလဲဆိုတာကို ကြည့်ရှူရမှာ ဖြစ်ပါတယ်။ဘာသာပြန် ...
movie
The Sun Does not Move (2021)
2021
5.9
Masquerade Hotel ( 2019 )
Zawgyi*******ဟိုတယ်တွေတည်းဖူးပေမယ့် ဟိုတယ်ဝန်ထမ်းကောင်းတစ်ယောက်ရဲ့နောက်ကွယ်မှာ ဘယ်လိုကြုံတွေ့ဖြေရှင်းနေရတယ်ဆိုတာနားလည်နိုင်မယ့်သူ ရှားပါတယ်.. ဒါပေမယ့် ဒီလို ကိုယ်မမြင်ရတဲ့တစ်ဖက်က ဟိုတယ်ဝန်ထမ်းတွေရဲ့လောကထဲကိုလျို့ဝှက်စုံစမ်းရေးအတွက် ဝင်လိုက်ရတဲ့ စုံထောက်တွေရဲ့အခက်အခဲနဲ့ ဟိုတယ်တွေရဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးတဲ့အခါတချို့အပိုင်းလေးတွေမှာ မမြင်ရတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်မိနေတယ်ဆိုတာကို ထောက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ...ဒီဇာတ်ကားလေးထဲမှာတော့ ဧည့်သည်တွေကိုဟိုတယ်မှာရှိတဲ့အချိန်တွင်း အကောင်းဆုံးဝန်ဆောင်မှုပေးချင်တယ်ဆိုတဲ့ဧည့်သည်တွေကိုသာ ယုံကြည်ပေးချင်တဲ့ ဟိုတယ်နဲ့ လူတွေကိုသံသယမျက်လုံးနဲ့ ကြည့်ပြီး ဘေးကင်းတဲ့ဘဝမှာနေနိုင်ဖို့ဝန်ဆောင်မှုပေးနေတဲ့ ရဲတွေ စုံထောက်တွေကြား လွန်ဆွဲရင်ဘယ်သူနိုင်မယ်ထင်လဲ... ဘယ်သူနိုင်မယ်ဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ပြီး အဲ့ထဲက အမှုတွေကို လိုက်ဖြေရှင်းမှ သိနိုင်မှာပါ...( ဇာတ်လမ်းမှာ နောက်ခံစာသားများပါဝင်ပါတယ် ) Unicode********ဟိုတယ်တွေတည်းဖူးပေမယ့် ဟိုတယ်ဝန်ထမ်းကောင်းတစ်ယောက်ရဲ့နောက်ကွယ်မှာ ဘယ်လိုကြုံတွေ့ဖြေရှင်းနေရတယ်ဆိုတာနားလည်နိုင်မယ့်သူ ရှားပါတယ်.. ဒါပေမယ့် ဒီလို ကိုယ်မမြင်ရတဲ့တစ်ဖက်က ဟိုတယ်ဝန်ထမ်းတွေရဲ့လောကထဲကိုလျို့ဝှက်စုံစမ်းရေးအတွက် ဝင်လိုက်ရတဲ့ စုံထောက်တွေရဲ့အခက်အခဲနဲ့ ဟိုတယ်တွေရဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးတဲ့အခါတချို့အပိုင်းလေးတွေမှာ မမြင်ရတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်မိနေတယ်ဆိုတာကို ထောက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ...ဒီဇာတ်ကားလေးထဲမှာတော့ ဧည့်သည်တွေကိုဟိုတယ်မှာရှိတဲ့အချိန်တွင်း အကောင်းဆုံးဝန်ဆောင်မှုပေးချင်တယ်ဆိုတဲ့ဧည့်သည်တွေကိုသာ ယုံကြည်ပေးချင်တဲ့ ဟိုတယ်နဲ့ လူတွေကိုသံသယမျက်လုံးနဲ့ ကြည့်ပြီး ဘေးကင်းတဲ့ဘဝမှာနေနိုင်ဖို့ဝန်ဆောင်မှုပေးနေတဲ့ ရဲတွေ စုံထောက်တွေကြား ...
movie
Masquerade Hotel ( 2019 )
2019
6.8
Shin Godzilla
ကိုးရီးယား ကားတွေ အင်္ဂလိပ်ကားတွေ ကြီးဘဲ တွေ့ နေရတယ့် ကြားက ဒီဂျပန်ကားလေးကို ကြည့်ကြည့် လိုက်ပါ ရသတစ်မျိုး ပေးနိုင်မှာပါ။ ဒီကားလေးရဲ့ အကြောင်းကို စပြီးမိတ်ဆက်ပေးပါမယ်။ ဒီကားကို ၂၀၁၆ ခုနှစ်က စဖြန့် ချီခဲ့ပြီး ဒါရိုက်တာ Hideaki Anno နဲ့  Shinji Higuchi တို့ နှစ်ယောက်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။နှစ်ယောက်လုံး က annime ဖန်တီးသူနဲ့ အထူးပြုလုပ်ချက်တွေ ဖန်တီးကြတဲ့ ဒါရိုက်တာတွေပါ။IMDb ၆.၉ ၊ Rotten Tomatoes ၈၄% ၊Roger Ebert ၃.၅/ ၄ ရရှိထားတယ့်ကားဖြစ်ပါတယ်။ Toho productionကနေ ၂၀၁၄ မှာဒီကားကိုစပြီ မိတ်ဆက်ခဲ့ပြီး ၂၀၁၆မှာ ဖြန်ချီခဲ့ပြီး Budget ကန်ဒေါ်လာ ၁၅မီလီယံ နဲ့ ရိုက်ကူးခဲ့ပြီး Box office မှာ ၇၇.၉ ...
movie
Shin Godzilla
2016
7.1
The Age of Shadows (2016)
The Age of Shadows (2016) IMDb - 7.1/10_____Rotten - 100% Goblin မှင်စာသတို့သမီးထဲက မှင်စာဦးဦး fans တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။ ။ ဂျပန်တွေ ကိုရီးယားကို အုပ်စိုးစဉ်ကာလကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ခရီးကြမ်းတမ်းပုံ ရင်းခဲ့ရတဲ့ သွေးတွေ ဘဝတွေအကြောင်းကို ဒီဇာတ်လမ်းလေး ကြည့်လိုက်ရင် ခံစားနိုင်မှာပါ။ ။ ဂျပန်အစိုးရအမှုထမ်း ကိုရီးယားလူမျိုး လီချန်ချော(Song Kang-ho)ဟာ အတိုက်အခံပါတီဝင် ငယ်သူငယ်ချင်း လီချန်အုတ်ကို ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ပြောင်းသွားမှာလား။ နောက်ပြီး အထက်အမိန့်အရ အတိုက်အခံပါတီဝင် ကင်ဝူဂျင်(Gong Yoo )ကို ချဉ်းကပ်ရာ ဘာတွေ ကြုံတွေ့ရမလဲ။ ဂျပန်အစိုးရနဲ့ အတိုက်အခံပါတီ ဉာဏ်ချင်းယှဉ် ကျားကွက်ရွေ့ ဇာတ်လမ်းမှာ ဘယ်လို အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားရမယ်ဆိုတာကတော့ ဇာတ်လမ်းလေးကိုသာ ကြည့်လိုက်ပါလို့ ...
movie
The Age of Shadows (2016)
2016