Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shin Hye-sun
Following (2024)
Following (2024)*****************ဒီကားလေးကတော့ ကိုယ်တွေရဲ့ ဆရာမကြီး Shin Hye Sun, Mr.Sunshine ထဲကByun Yo-Han နဲ့ My Liberation Notes ထဲက Lee El တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ Gu Jung Tae ရဲ့ဝါသနာကတော့ သူများတွေကို လိုက်ကြည့်ရတာပါပဲ။အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့အလျောက် သူ့ဆီမှာ အိမ်လာအပ်ထားတဲ့အိမ်တွေသာမက သူများအိမ်တွေကိုပါ လျှို့ဝှက်နံပါတ်ဖော်ပြီး ခိုးဝင်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။ဒါပေမဲ့ တစ်နေ့ သူတို့ရပ်ကွက်ထဲကို လက်တွေဘဝနဲ့ internet ပေါ်က ဘဝတွေ ကွာခြားနေတဲ့Instagram ဆယ်လီမလေး Han So-ra ပြောင်းလာတဲ့အခါမှာတော့...။Jung-tae တစ်ယောက် So-ra ကို စိတ်ဝင်စားပြီး သူ့အိမ်ထဲကို ခိုးဝင်ဖို့လုပ်ပေမဲ့ မရလို့မှိုင်နေတဲ့အချိန်ကံကြမ္မာမျက်နှာသာပေးပြီး So-raက Jung-tae တို့ဆီမှာ အိမ်လာအပ်တဲ့အခါ...။ပျော်ပျော်ကြီး So-ra အိမ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ...
movie
Following (2024)
Brave Citizen (2023)
Brave Citizen (ရဲရင့်ပြည်သူ) 2023အိုလံပစ်ချန်ပီယံလောင်းဖြစ်ခဲ့ပေမယ့် ပြဿနာတစ်ခုကြောင့် အားကစားလောကကနေ နှုတ်ထွက်လိုက်တဲ့ ဆိုရှီမင်(Shin Hye Sun) ဟာ မူယောင်းအထက်တန်းကျောင်းမှာ အချိန်ပိုင်းစာရိတ္တဆရာမအနေနဲ့ ခက်ခက်ခဲခဲအလုပ်ရခဲ့ပါတယ်။ကျောင်းမှာလည်း မိဘကျောထောက်နောက်ခံနဲ့ ဆိုးချင်တိုင်းဆိုး ရမ်းကားချင်တိုင်းရမ်းကားလွန်းတာကြောင့် ဆရာတွေပါမကျန် တစ်ကျောင်းလုံးရဲ့ ရွံကြောက်ဖြစ်နေတဲ့ ကျောင်းသားဟန်ဆူဂန်းတို့အဖွဲ့က အနိုင့်ကျင့်စိုးမိုးနေတာပါ။အချိန်ပြည့်ဆရာမဖြစ်ဖို့အတွက် ကျောင်းမှာဖြစ်နေတဲ့ မတရားမှုတွေအကုန်လုံးကို မျက်စိကိုမှိတ် နားကိုပိတ်ပြီး မသိချင်ယောင်ဆောင်ဖို့ပဲ ဆုံးဖြတ်ခဲ့ပေမယ့် ကိစ္စတစ်ခုကြောင့် ဟန်ဆူဂန်းနဲ့ ထိပ်တိုက်တိုးမိသွားတဲ့အခါ. . . . .ဆရာမဆိုဂျီမင်တစ်ယောက် တကယ်ပဲ မတရားမှုကိုမသိချင်ယောင်ဆောင်သွားနိုင်မလား အချိန်ပြည့်ဆရာမဖြစ်လာနိုင်ပါ့မလားဆိုတာကတော့. . . . . ပရိသတ်တွေရဲ့အချစ်တော် မာမားနဲ့ အထိန်းတော်ကြီးတို့ရဲ့ နှစ်ယောက်တွဲအမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ဗီလိန်အချောလေးရဲ့ visual ကိုပါ တစ်ချက်ခုတ်နှစ်ချက်ပြတ်ရှုစားနိုင်မယ့် ဇာတ်ကားလေးဖြစ်တာကြောင့် CM ကနေ ခုပဲကြည့်ရှုအားပေးလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ ThantSin ပဲ ဖြစ်ပါတယ်။Genre..... Acion, Comedy, Drama Quality…. 1080p | 720p File size… 1.6GB ...
movie
Brave Citizen (2023)
2023
7.8
Don’t Buy the Seller (2023)
Don't Buy the Seller aka Target (2023)Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊ Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကို အခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ်လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်.. ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကို တစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ်တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေ ဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီး အိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ်တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ.. ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်Genre..... Crime, Mystery, Thriller Quality…. 1080p ...
movie
Don’t Buy the Seller (2023)
2023
7.8
Collectors (2020)
ဇာတ်ကားအကြောင်းမပြောခင် ပါဝင်ထားတဲ့သရုပ်ဆောင်တွေက မိတ်ဆက်ပေးစရာမလိုလောက်အောင် ကိုရီးယားပရိသတ်အတော်များများ သေချာပေါက်သိကြမယ့် နာမည်ကြီးမင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ရန်တွေချည်းပါပဲ ပြောရရင်တော့ မင်းသမီးနေရာမှာ လက်ရှိ အားလုံးသဘောကျနေကြတဲ့ ဂျိုဆွန်းခေတ်မိဖုရားကြီးနေရာသရုပ်ဆောင်ထားတဲ့ ရှင်းဟယ်ဆောင်း ပါဝင်အားဖြည့်ပေးထားပါတယ် ( အဓိကအချက် ) ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ... ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ် ဇာတ်လမ်းက ( ကိုရီးယားဇာတ်ကားအနေနဲ့ ) အတော်လေးစိတ်ဝင်စားစရာကောင်းပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဟန်က မပျင်းမရိရဘဲ အဆုံးထိဆွဲခေါ်ပေးသွားပါလိမ့်မယ် အချိန်ပေးရတာ သေချာပေါက်တန်စေမှာဖြစ်ပြီး မင်းသားရော မင်းသမီးပါ ကြည့်ရင်း ပြီးလို့ပြီးသွားမှန်းမသိမှာမလို့ ကြည့်စေချင်တာနဲ့ညွှန်းပေးလိုက်ပါတယ် File Size - 1.6 GB Quality - Web-dl 1080p Subtitle - Burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie
Collectors (2020)
2020
6.5
Innocence ( 2020 )
ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီးShin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။Translated & Review By Moe PwintEncoded By LK
movie
Innocence ( 2020 )
6.8
A Day (2017)
IMDb 6.8 ရထားပြီး ၂၀၁၇ ခုနှစ်ထွက် သဲထိပ်ရင်ဖို ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့အရင် မြဝတီကလွင့်တဲ့ ရုပ်သံစီးရီးတွေမှာ ပါဝင်သရုပ်ဆောင်နေကျမငး်သားတွေဖြစ်တာကြောင့် ပရိတ်သတ်ကြီးနဲ့ စိမ်းမှာ မဟုတ်ပါဘူးဇာတ်လမ်းအကျဉ်းလေးကတော့ နှလုံးအထူးကု ပါမောက္ခဒေါက်တာ ကင်ဂျွန်ယောင်းဟာနိုင်ငံခြားမှာ ပရဟိတလုပ်ငန်းများအတွက်လုပ်အားပေးလုပ်ကိုင်ပြီးတဲ့အတွက် ကိုရီးယားသို့ပြန်လာပြီးသမီးလေးအင်ဂျွန်နှင့် ချိန်းထားသောနေရာကိုသွားတဲ့လမ်းမှာကားမတော်တဆမှုတစ်ခုကိုတွေ့ပြီးဝင်ကူညီရာ ကားဖြင့်အတိုက်ခံရသောသူမှာသူ့သမီးလေးဖြစ်နေပါတယ် သို့သော် ရုတ်တရက် အိပ်မက်မက်သလိုဖြစ်ပြီး့ နိုးထလာကာ ခုနက အဖြစ်အပျက်များအတိုင်း အဖန်တလဲလဲ ဖြစ်ပေါ်နေပါတော့တယ်သူ့သမီးကားတိုက်ခံရသည်ကိုခဏတိုင်း တွေ့မြင်နေရသောကြောင့် ငရဲကျနေသကဲ့သို့ခံစားချက်များဖြင့် ပူပင်သောကရောက်နေရပါတော့တယ်ကဲ ဒေါက်တာကင်တစ်ယောက် ဒီဖြစ်ရပ်ဆန်းကနေ ဘယ်လို ရုန်းထွက်မလဲဒီဖြစ်ရပ်ဆန်းကြီးကကော ဘာကြောင့်ထပ်တလဲလဲ ဖြစ်နေတာလဲဒေါက်တာကင်ကတော့ ဒီဖြစ်ရပ်ဆန်းကနေ ရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုတော့ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါQty - Web - dl 720pDuration - 1hr 45minGern - Drama/ThrillSubtitle - Myanmar HardsubTranslator - NickyEncoder - Kyaw ...
movie
A Day (2017)
2017