Channel Myanmar

Shin Ha-kyun

Joint Security Area 7.9
Joint Security Area ဒီဇာတ်ကားကိုအညွှန်းမရေးခင် လွန်ခဲ့တဲ့ 2 နှစ်လောက်က ကရင်ပြည်နယ်ဘက်မှာ တာဝန်ထမ်းဖူးတဲ့စစ်သားတယောက်ရဲ့ အတွေ့အကြုံကိုရေးထားတဲ့ စတေးတပ်တခုကိုအရင်ပြောပါရစေ ကရင်ပြည်နယ်ဘက်မှာစခန်းထိုင်နေရင်းနဲ့၂ဖက်တပ်တွေက တဖြည်းဖြည်းရင်း နှီးလာကြတယ် (ကိုယ့်သွေးသားအရင်းတွေကိုး မုန်းလဲခနပေါ့) ကြာတော့ ၂ဖက်တပ်တွေက ရင်းနှီးယုံမကဘူး ခြင်းခတ်အတူတူ ဟင်းဆိုလဲ တဖက်နဲ့တဖက်လဲစားကြတာပေါ့ သူတို့ကြားကသံယောဇဉ်ဟာလဲ တဖြည်းဖြည်းနက်ရှိုင်းလာတယ် တိုက်မိန့်ကျလို့တိုက်ရရင်တောင် သာတဲ့ဘက်က စစ်သည်တွေက "ပြေးကြပါတော့ယောက်ဖတို့ရာ"ဆိုပြီးမျက်ရည်တောင် ကျခဲ့ကြပါသတဲ့ အခုဒီဇာတ်လမ်းမှာလဲ နယ်စပ်မှာ လုံခြုံရေးယူနေရင်းကနေ ရင်းနှီးသွားကြတဲ့ ၂ဖက်စစ်သား တွေရဲ့ကြားမှာ မထင်မှတ်ပဲ ကံကြမ္မာဆိုးဝင်လာသောအခါ...... ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် ဗဟုသုတလဲရစေသလို စစ်ကားဖြစ်ပြီးစစ်မတိုက် ကြပါစေနဲ့လို့တောင်ဆုတောင်းပေးရတဲ့အထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အနုပညာဖန်တီးမှုကို မလေးစားပဲမနေနိုင်ပါဘူး ၂ဖက်တပ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ပေါကားတွေလိုမျိုး တဖက်က အင်မတန်းမိုက်ရိုင်း ယုတ်မာ တဖက်က အင်မတန်ကောင်းဆိုတဲ့ပေါတောတောပြကွက်မျိုးတွေမပါသလို လူလူချင်း စရိုက်ကိုပေါ်လွင်အောင်ဖန်တီးသွားပုံကလဲ ဒီဇာတ်ကားကိုကြည့်သင့်တဲ့အချက်တချက်ပါပဲ Quality…..BluRay 1080p Duration…..01:50:00 Format…Mp4 File Size…(779 MB, 532 MB , 310 MB) Translator…..မြန်မာကြီး Encoder…..Moe Myint Lwin
movie

Joint Security Area

2000
The Front Line (2011) 7.4
The Front Line (2011) ဒီဇာတ်ကားအညွှန်းမရေးခင် ပြောချင်တာတခုရှိသေးတယ် ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို အငမ်းမရကြည့်လဲဆိုတာကိုကိုယ်ချင်းစာမိသွားတယ် အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ၀န်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတယ် ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင် တွေအငြင်းပွါးကြတယ် ဒီတောင်ကုန်းကို၂ဖက်တပ်တွေအလုအယက် သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ... တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီး နောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ....အသက်ရောရှင်ရဲ့လား.... တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ် နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ...အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားက စစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော် ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်း တကားဖြစ်ပါတယ် တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားပါတယ် IMD rating အနေနဲ့(7.4) အထိရရှိထားပါတယ်(ဘာသာပြန်သူနဲ့ အညွှန်းရေးသူကတော့ "မြန်မာကြီး" ပဲဖြစ်ပါတယ်)(Thit San Khant)IMDb -  7.4/10 File size  - (1.02 GB) Quality -    1080p Format - MP4 Duration  02:13:66 Subtitle - Myanmar Translator - Myanmar Gyi Encoder - Thit San Khant
movie

The Front Line (2011)