Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shihoko Hagino
6.5
Doraemon the Movie: Nobita’s Little Star Wars 2021 (2022)
Doraemon the Movie: Nobita's Little Star Wars 2021 (2022) ==========================================CM ပရိတ်သတ်ကြီးတို့ထဲမှာ ဒိုရေမွန်နဲ့ နိုဘိတကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ဘဝဇာတ်ကားတွေကို ပြန်ကြည့်ရတဲ့အခါ၊ ငယ်ဘဝဇာတ်ကောင်တွေကို ပြန်ထိတွေ့ရတဲ့အခါ ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းဇာတ်ကောင်ကို လွမ်းဆွတ်နှုန်းက ၅၀%၊ ကြည့်ရင်းနဲ့ဖြစ်ပေါ်လာတဲ့ ငယ်ဘဝခံစားချက်ကို သတိရမိတာက ၅၀%ပါပဲ။ ငယ်ငယ်ကတော့ ကျောင်းဆင်းချိန်တို့၊ ကျောင်းပိတ်ရက်တို့မှာ ကြည့်ခဲ့ကြတယ်ဟုတ်။အခုတင်ဆက်ပေးမယ့် Movie လေးရဲ့ ဇာတ်လမ်းကဒီလိုပါ။ နိုဘိတတို့ သူငယ်ချင်းတစ်သိုက် ရှုတင်ရိုက်နေရင်းကနေ နိုဘိတတစ်ယောက် ဒုံးပျံယာဉ်အသေးစားလေးတစ်စင်း ကောက်ရလိုက်ပါတယ်။ အဲ့ထဲကနေ ပါပီလို့ခေါ်တဲ့ ဂြိုဟ်သားသေးသေးလေးထွက်လာသတဲ့။ သူ့ယာဉ်က ပျက်စီး သွားတာမို့ နိုဘိတနဲ့ ဒိုရေမွန်တို့က ကူပြင်ပေးနေချိန် ပီရှားလို့ခေါ်တဲ့ တိုက် သင်္ဘောကြီးရောက်လာပြီး တိုက်ခိုက်တော့တာပါပဲ။စပွိုင်းလွတ်အောင် ဇာတ်ကွက်လေးတွေကျော်ပြီး အကြမ်းဖျင်းညွှန်းရမယ် ဆိုရင်ဖြင့် နိုဘိတတို့သူငယ်ချင်းတစ်သိုက် တခြားဂြိုဟ်မှာ စွန့်စားခန်းဖွင့်တာ တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ထဲအားမလို အားမရဖြစ်လာမှုတွေလည်းကြုံရမှာမို့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phoenix Homura ဖြစ်ပါတယ်)File Size..........(1.68 GB) / (684 MB) / ...
movie
Doraemon the Movie: Nobita’s Little Star Wars 2021 (2022)
2022
6.5
Doraemon: Nobita’s Treasure Island (2018)
Doraemon: Nobita's Treasure Island (2018) ------------------------------------------------------------------- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie
Doraemon: Nobita’s Treasure Island (2018)
2018
7.4
Stand by Me Doraemon
ဒိုရာမွန် လို့ပြောလိုက်ရင် အပြာရောင်ကြောင်ကာတွန်းရုပ်လေးကို ပြေးမြင်မိကြမှာပါ။ ဒိုရာမွန်ဟာ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် manga စီးရီးတစ်ခုလည်းဖြစ်ပါတယ်။ ဒီ Stand by Me Doraemon ကာတွန်းရုပ်ရှင်က 2014 ခုနှစ်မှာထွက်ခဲ့တာဖြစ်ပြီး 38 ကြိမ်မြောက် ဂျပန်အကယ်ဒမီ ကာတွန်းရုပ်ရှင်ဆု ရရှိခဲ့တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကလေးတွေအတွက်သာမက လူကြီးတွေအတွက်ပါ ခံစားကြည့်ရှုလို့ရတဲ့ ကာတွန်းကားဆိုလည်းမမှားပါဘူး။ ဒီကားမှာ ဒိုရာမွန် ဇာတ်လမ်းတွဲတွေရဲ့ အစလို့ပြောလို့ရတဲ့ .. အလွဲလွဲအချော်ချော်နဲ့ လူညံ့ လူပျင်းလေး နိုဘိတ ဆီကို ဒိုရာမွန် ရောက်လာရတဲ့အကြောင်းအရင်းကို ဇာတ်လမ်းတည်ထားပါတယ်။ နိုဘိတက ကျန်တဲ့နေရာသာ သုံးစားမရပေမယ့် မေတ္တာတရားမှာတော့ ခေသူမဟုတ် ဆိုတဲ့အထဲကပါ။ ဒီကားလေးထဲမှာ နိုဘိတရဲ့ ခွက်ရှ် ရှီဇူကာအပေါ်ထားတဲ့မေတ္တာတရားတွေ၊ ဒိုရာမွန်နဲ့ နိုဘိတကြားက သံယောဇဉ်တွေ၊ လူတစ်ဘက်သားကိုအနိုင်ကျင့်တတ်တဲ့ ဂျီကြီးနဲ့ စနိတို့ရဲ့ အမူအကျင့်တွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ဖွဲ့လိုက်တဲ့အခါမှာတော့ ရယ်စရာလည်းပါ၊ ၀မ်းနည်းစရာလည်းပါ၊ သနားစရာတွေလည်းပါတဲ့ ကာတွန်းဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတော့တယ်။ ကြည့်ရကျိုးနပ်တဲ့ ကာတွန်းကားလေးဖြစ်သလို ဒိုရာမွန် ချစ်သူတွေအတွက်တော့ လုံးဝလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ခင်ဗျား။ ဘာသာပြန်နဲ့ အညွှန်းကတော့ Phyo Thu Kyaw ဖြစ်ပါတယ်ဗျ
movie
Stand by Me Doraemon
2014