Channel Myanmar

Shen Linjun

Southern Shaolin and The Fierce Buddha Warriors ( 2021 ) 5.7
Southern Shaolin and The Fierce Buddha Warriors ( 2021 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ငယ်ဘဝတုန်းကရှောင်လင်ဇာတ်ကားလေးတွေကြည့်ခဲ့ရတဲ့ ပုံရိပ်ကိုပြန်အမှတ်ရစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ တိုင်းတစ်ပါးသာားတွေစိုးမိုးခြယ်လှယ်လာကြရုံမက ပင်လယ်ဓါးပြတွေပေါများလာတဲ့အချိန်မြောက်ပိုင်းရှောင်လင် ဘုန်းကြီးကျောင်းအဖွဲ့ကနေ အစွမ်းကုန်ကြိုးစားနှင်ထုတ်ခဲ့ကြတယ်။ပင်လယ်ဓါးပြတွေက အရမ်းဆိုးသွမ်းပေမဲ့ ကျီချင်းဆိုတဲ့လူကတော့ ပင်လယ်ဓါးပြခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်။ ဆင်းရဲသူတွေ၊ကိုယ်ဝန်ဆောင် မိခင်တွေကို မတိုက်ခိုက်ပဲ တိုင်းတစ်ပါးသားတွေဆီကနေ လုယူချင်စိတ်သာရှိခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာပေါ့။ဒါကို မကျေနပ်တဲ့လက်ထောက်ခေါင်းဆောင်ကတော့ သူ့ကိုသတ်လျက် ခေါင်းဆောင်နေရာကိုဝင်ယူခဲ့တယ်။ ဒီလိုနဲ့ကျီချင်းတစ်ယောက် မသေပဲမြောက်ပိုင်း ရှောင်လင်ဘုန်းကြီးကျောင်းကိုရောက်သွားခဲ့တယ်။ ဒီဘုန်းကြီးကျောင်းကရိုးရှင်းပြီးသေးငယ်ပေမဲ့ အင်မတန်မှဆန်းကြယ်မှုတွေပြည့်ဝနေခဲ့တာကို ကျီချင်းတစ်ယောက်သတိထားမိတယ်။ဒါကိုအမြဲဖော်ထုတ်ဖို့ကြံရွယ်နေတဲ့ကျီချင်းနဲ့ အင်မတန်မှပါးနပ်တဲ့ရှောင်လင်ဘုန်းကြီးတို့ကြားက ရယ်မောစရာတွေနဲ့ အံ့အားသင့်ဖွယ်စရားတွေကို ဒီဇာတ်ကားလေးထဲမှာ အပြည့်အဝခံစားရမှာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 698 MB / 426 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Southern Shaolin and The Fierce Buddha Warriors ( 2021 )