Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shebin Benson
7.9
Ullozhukku (2024)
Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ)IMDb - 7.9/10ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားက ခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကို မျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်က အန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာ မွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင် သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက် ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီး မထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 660MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Ullozhukku (2024)
2024
8.6
Manjummel Boys (2024)
Manjummel Boys(2024) ( အသွားမတော်ကြသူများ)ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်မဲ့ကားလေးကတော့ IMDb 8.6/10 ရရှိထားတဲ့အပြင် ရုံတင်ငွေကလဲ ကုဋေ၂၀၀ကျော်ပြန်လည်ရရှိထားတဲ့ survival thriller ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာ ၂၀၀၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။လူစုပြီး ခရီးသွားတဲ့အခါ တစ်ဖက်မှာလည်း ပျော်စရာကောင်းသလောက် တစ်ဖက်မှာလည်း အန္တရာယ်တွေနဲ့ကြုံပြီး မဆုံးနိုင်တဲ့အဖြစ်ဆိုးတွေ ကြုံတတ်ကြတာကို သိကြမှာပါ။ဒီဇာတ်လမ်းလေးမှာကတော့ အပျော်လွန်သွားကြတဲ့ လူတစ်စု ခရီးသွားရင်းတားမြစ်နယ်မြေထဲရောက်ပြီး အဖွဲ့ထဲကတစ်ယောက် အန္တရာယ်ကြုံလိုက်ရတာကို ပြန်ကယ်ဖို့ကြိုးစားတာကို ကြည့်ရှုရမှာပါ။ လူငယ်ပီပီစူးစမ်းချင်ဇောများပြီး အကြောက်အလန့်မရှိကြတဲ့သူတို့ တကယ်အန္တရာယ်ကြုံလာတဲ့အခါ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ပြီး သူငယ်ချင်းကို ပြန်ကယ်ဖို့ဖြစ်လာပါတော့တယ်။ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ရဲတွေ မီးသတ်တွေကို ရအောင် အကူအညီတောင်းရင်း သူငယ်ချင်းဖြစ်သူ ကျသွားတဲ့ တွင်းနက်ကြီးထဲကို ဘယ်သူမှမဆင်းရဲတာမို့ အဖွဲ့ထဲကတစ်ယောက်ပဲ ဆင်းကယ်ရမဲ့အခြေအနေဖြစ်လာခဲ့ပါပြီ။ ဆင်းလေလေ မဆုံးနိုင်တဲ့ တွင်းနက်ကြီးထဲ တကယ်ပဲ သူ့သူငယ်ချင်းကို ကယ်နိုင်သွားမလား။ လူတွေ ကြောက်ကြတဲ့အတိုင်း ကျသွားပြီးရင် အစအနပြန်မရတဲ့ ဒီတွင်းထဲကနေ ထွက်လာနိုင်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက် ကြည့်ရှုလိုက်ပါတော့နော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD ...
movie
Manjummel Boys (2024)
2024
8.1
Kannur Squad (2023)
Kannur Squad(2023) "ကန်နူးရ်တပ်ဖွဲ့" IMDb-8.4/10 ဘတ်ဂျတ်ရူပီး ကုဋေသုံးဆယ်ကျော်သုံးထားပြီး ရုံတင်ငွေရူပီး ကုဋေတစ်ရာကျော်အထိ ပြန်လည်ရရှိခဲ့တဲ့ ရဲမှုခင်းကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၇-၂၀၁၃ကြားက ဖြစ်ခဲ့တဲ့အမှုနှစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကြောင်း အဓိကဇာတ်ကောင်က အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။ဂျော့်ချ်ဆိုတဲ့ အရာရှိတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ တရားခံပြေးတွေကိုလိုက်လံဖမ်းဆီးရင်း ပုတ်သိုးဆွေးမြေ့နေတဲ့ အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ သေဆုံးတဲ့အလောင်းကို စစ်ကြည့်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိ။ အဲဒီနယ်တစ်ဝိုက်မှာကလည်း လူပျောက်တိုင်ထားတာကမရှိ။ လိုက်စုံစမ်းတော့လည်း လူရိုင်းမျိုးနွယ်စုကလိုလို ဘာလိုလိုနဲ့အမှုပိတ်သိမ်းရမလိုဖြစ်နေပါတယ်။သတ်သေတဲ့အမှုဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းထင်ပေါ်နေပေမယ့် တစ်ရာရာခိုင်နှုန်းမပြည့်တဲ့အတွက် အရာရှိဂျော့်ချ်တို့အဖွဲ့ဟာ ဒီအမှုကို လိုက်စုံစမ်းပါတော့တယ်။ လူသတ်မှုလား လူသေမှုလား။ သေဆုံးတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ။ ဒီလိုပဟေဠိတွေနဲ့ သို့လော သို့လော စိတ်ဝင်တစားကြည့်ရှုရမယ့် ရဲမှုခင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးလို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.1GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 41m Subtitle….Myanmar ...
movie
Kannur Squad (2023)
2023
7.6
Kolla (2023)
Kolla (2023) IMDb 8/10မြို့နယ်လေးတစ်ခုဆီ အလှပြင်ဆိုင်ဖွင့်မယ်ဆိုပြီး ပြောင်းရွှေ့လာကြတဲ့ မိန်းမငယ်လေး ၂ယောက်... ဖော်ရွေတတ်ကြတော့ ဆိုင်နားဝန်းကျင်ကလူတွေနဲ့ ခဏလေးအတွင်းရင်းနှီးပြီး အချင်းချင်း ကူညီကြ ဖေးမကြနဲ့ပေါ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြိုးစားကြလို့ လူကြီးတွေကအစ ချီးကျူးကြ ချီးမွမ်းကြနဲ့..ဒါပေမဲ့ သူတို့မထင်ထားတာက ဒီ၂ယောက်ဟာ အလှပြင်ဆိုင်ကိုအကြောင်းပြပြီး နောက်ကွယ်မှာ ကိစ္စကြီးတစ်ခု လုပ်နေကြတာပါပဲ အလှပြင်ဆိုင်ရဲ့ အပေါ်မျက်နှာကြက်မှာ အာရုံခံကိရိယာပါတဲ့ လျှို့ဝှက်ခန်းတစ်ခုကို ဘယ်သူမှမသိအောင်ဆောက်ထားပြီး သူတို့ဘာတွေဆက်လုပ်ကြမလဲ ဒီမြို့ကိုရောက်လာကြတဲ့ အကြောင်းကရော ဘာကြောင့်လဲ တကယ့်သရုပ်မှန်က ဘာတွေလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe Yan ~BpL~ Cherry တို့ပဲ ဖြစ်ပါတယ်) File size…1.8GB / 816MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 3mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe Yan ~BpL~ Cherry
movie
Kolla (2023)
2023
8.8
2018 (2023)
2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie
2018 (2023)
2023
7.2
Sulaikha Manzil (2023)
Sulaikha Manzil 2023 (IMDb 8.4/10)ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့ လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ ဝမ်းသာမှာလား ပျော်ရွှင်မှာလား ရင်ခုန်စိတ်လှုပ်ရှားမှာလား ကြည်နူးနေမှာလား ဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့ယခုဇာတ်ကားလေးထဲမှာလည်း အချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကို ကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့မိသားစုတွေရဲ့ကူညီမှုကရော အကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလား သူငယ်ချင်းတွေကရော ကူညီကြမှာလား ကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလား နောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလား စသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများ သို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့ FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်) File size…2.3GB /1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~Aditi~Chiclon3~Yunni~Nyein~BpL
movie
Sulaikha Manzil (2023)
2023
7.8
Iratta(2023)
Iratta (2023) IMDb 7.8/10Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေ ကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယတောင်ပိုင်း ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်း သေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာ လူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။ အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကို လူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အ လီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ် တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။.. File size…1.54GB / 724MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~Nyein Aye
movie
Iratta(2023)
2023
8.5
Bheeshma Parvam (2022)
Bheeshma Parvam 2022ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင်မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲကလူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစုဝင်တွေရဲ့ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူးမိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီးမိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.8GB / 966MB Quality....1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey & Go-O & Yunni
movie
Bheeshma Parvam (2022)
7.9
Virus(2020)
Virus(2020)အညွှန်း********************IMDb...7.9 အိန္ဒိယနိုင်ငံရဲ့ ကိုလီကိုးနဲ့ မလာပူရမ်ဆိုတဲ့ မြို့နှစ်မြို့မှာ လူသားတွေရဲ့အသက်ကို ခြိမ်းခြောက်တဲ့Nipah အမည်ရဗိုင်းရပ်စ် လူတွေကို စတင်ကူးစက် လာတယ်...အဲ့ဒီဗိုင်းရပ်စ်ကူးစက်ခံရသူတွေက အဆက်မပြတ်အော့အန်ကြတယ်...အာရုံခံစနစ်တွေ ပျက်ဆီးတယ်..အချိန်အနည်းငယ်ကြာပြီးနောက် သေဆုံးသွားကြတယ်...ကူးစက်မှုနှုန်းမြင့်လာပြီး အသေပျောက်များလာတဲ့အခြေအနေအရကြောင့်အစိုးရက ကျောင်းတွေ၊စျေးတွေကို ပိတ်၊ ယာဉ်ကြောတွေ လျှော့ချပြီး ကာကွယ်မှုတွေပြုလုပ်ခဲ့တယ်... ဆိုးကျိုးကတော့ ပြည်သူတွေ စီးပွါးရေး ထိခိုက်ကြတယ်...ဒီဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးလည်း မရှိသလို ကုသမှုမှတ်တမ်းလည်း ဘာတစ်ခုမရှိတဲ့အတွက် ဆရာဝန်တွေလည်း ခေါင်းခြောက်ရတယ်....တစ်ဖက်မှာလည်း ဒီဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းစမ်းသပ်ထားတဲ့ဗိုင်းရပ်စ်ဆိုပြီး နိုင်ငံရေး စွပ်စွဲချက်တွေ ရှိလာတယ်...ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ရှာတွေ့မှ ကုသနိုင်မှာ ဖြစ်လို့ အိန္ဒိယနိုင်ငံက ဆရာဝန်တွေ ဘယ်လို ပူးပေါင်းပြီးအဖြေရှာကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်.... File Size :(1.3 GB) and (530 MB) Quality : WEB-DL 720p Format…mp4 Duration…02:32:00 Genre : Thriller, Drama Subtitle ...
movie
Virus(2020)