Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shea Whigham
7.1
Fancy Dance (2023)
Killlers of the flower moon နဲ့ အကယ်ဒမီဆန်ကာတင်ခဲ့တဲ့ လီလီဂလက်စတုန်းရဲ့ ရုပ်ရှင်ပါ။ဒရာမာ အမျိုးအစားဖြစ်ပြီး ပျောက်နေတဲ့ ညီမဖြစ်သူကိုလိုက်ရှာတဲ့ ဌာနေ အင်ဒီယန်းတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ စုံထောက်ကားစတိုင်မျိုးနဲ့တစိမ့်စိမ့်ခံစားရမဲ့ ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း****************ဂျက်ဇ်ဟာ ဆေးရောင်း၊ အလစ်သုတ် တာတွေလက်ယဉ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ရဲညီမတာဝီ ပျောက်ဆုံးနေတာ ၂ ပတ်ရှိပြီမို့ နေရာအနှံ့မှာလိုက်ရှာနေတာပါ။ တာဝီရဲ့ သမီး သူ့တူမ ရိုကီကိုလည်း စောင့်ရှောက်ထားရပါတယ်။ သူ့ရဲ့ မှုခင်းရာဇဝတ်တွေကြောင့် ရိုကီကိုကလေးစောင့်ရှောက်ရေးဌာနက သူ့အဘိုးအဘွားတွေဆီအတင်းပို့လိုက်ပါတယ်။ ဒါကို ဂျက်ဇ်က သွားခေါ်ထုတ်လာပြီးသူ့ညီမကိုလိုက်ရှာဖို့ တူဝရီးနှစ်ယောက်ခရီးထွက်လာကြပါတယ်။သူတို့နောက်ကေန ကလေးပြန်ပေးဆွဲမှုနဲ့ အက်ဖ်ဘီအိုင် တွေရဲတွေကပါလိုက်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲကြည့်ရမှာပါ။ File size…1.65GB / 750MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie
Fancy Dance (2023)
6.4
Wheelman (2017)
လူတစ်ယောက်၊ ညတစ်ည၊ ကားတစ်စီး၊ အိတ် ၂ အိတ်၊ဖုန်း ၁ လုံး။ ဒါတွေနဲ့ပဲ ဇာတ်လမ်းဆင်ထားတဲ့ Netflix ကThriller ကားကောင်းလေးပါ။ဇာတ်ကားနာမည်အတိုင်း မင်းသားက ဘဏ်ဓားပြတိုက်တဲ့လူတွေကို ကားမောင်းပို့ပေးရတဲ့ အမောင်းသမား ဝှီးမန်းပါ။တစ်ညကျ ခါတိုင်းလိုပဲ သူ့အလုပ်သူ လုပ်မယ့်အချိန်မှာသူနဲ့ တွဲလုပ်နေကြ သူ့ဘော်ဒါမဟုတ်ပဲ ဒီအလုပ်အပ်တဲ့လူဆိုသူက ဖုန်းဆက်လာပြီး ခု ဓားပြတိုက်နေတဲ့ကောင်တွေကားထဲကို ပိုက်ဆံထည့်ပြီးတာနဲ့ ပစ်ထားခဲ့လိုက် အဲဒီကောင်တွေက မင်းကို သတ်မှာ ဘာညာဆိုပြီးပြောနေတော့ယုံရခက် မယုံရခက်နဲ့ နောက်ဆုံး အသက်သေမှာကိုကြောက်တော့ ပိုက်ဆံတွေ ကားထဲရောက်တာနဲ့ ဟိုလူတွေကိုထားခဲ့ပြီး မောင်းပြေးလာခဲ့တယ်။ပြီးတာနဲ့ ဒီ ထူးဆန်းတဲ့ဖုန်းပေါ်ကလူက မင်းသားကို အကျပ်ကိုင်တာတွေ ခြိမ်းခြောက်တာတွေ ပေါင်းစုံနဲ့ သူခိုင်းတဲ့အတိုင်းတွေလုပ်ရင်း ပြဿနာကြီးတစ်ခုထဲကို မဆီမဆိုင် ဝင်ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။ဒီကားထဲက အဓိက သရုပ်ဆောင်ကတော့ ဟောလိဝုဒ်အက်ရှင်ကားတော်တော်များများမှာ အရန်နေရာတို့ လူဆိုးနေရာတို့ပါနေကြ ဖြစ်ပြီး အထင်ရှားဆုံးပြောရရင် ကပ္ပတိန်အမေရိကကားထဲက ...
movie
Wheelman (2017)
Man of the House (2005)
တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာသလေးတွေနှောထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတယောာက်ပါ၊တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ဘဲ လူသတ်မှုတခုကို မျက်မြင်တွေ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်သေကောင်မလေးတွေကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အပေါ်ကျလာပါတော့တယ်၊အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေးတွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်ကကော ကောင်မလေးတွေ အဆုံးထိကာကွယ် ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ File size…(1.8 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thway
movie
Man of the House (2005)
8.5
Joker (2019)
Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie
Joker (2019)
2019
4K HEVC
6.8
Kong: Skull Island (2017)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Kong: Skull Island (2017)
2017
4K HEVC
Splinter (2008)
လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p ...
movie
Splinter (2008)
The Killing Room (2009)
ဒီ ရုပ်ရှင်က Horror/Mystery အမျိုးအစားဖြစ်ပြီး IMDb 5.6/10 နဲ့ Rotten Tomatoes 71% ရထားပါတယ်။MK Program ဆိုတဲ့ လူသားစမ်းသပ်မှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Main Castတွေ အနေနဲ့ Clea Duvall, Chole Sevigny,Timothy Hutton,Nick Canon, Peter Stormare တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူလေးယောက်က စိတ်ပညာလေ့လာမှုတစ်ခု စမ်းသပ်ဖို့အတွက် ပိုက်ဆံယူပြီး စမ်းသပ်ခံကြပါတယ်။ သူတို့လည်း ဘာမှ ရေရေရာရာ မသိဘဲ ပိုက်ဆံလွယ်လွယ်ကူကူများများစားစားရတဲ့အတွက် ပါဝင်ခဲ့ကြပါတယ်။ သူတို့ထဲမှာ Crawfordဆိုတဲ့သူက ဒီလိုစမ်းသပ်မှုမျိုးတွေကို အခကြေးငွေယူပြီးအများကြီး လုပ်ဖူးခဲ့ပါတယ်။ဒါပေမယ့်သူတို့ ထင်ထားသလို သာမန်မေးခွန်းတွေ မေးတဲ့ စမ်းသပ်မှုမဟုတ်ဘဲ သူတို့ထဲကအမျိုးသမီး candidate တစ်ယောက်ကို မျက်စိရှေ့မှာ သတ်ခံလိုက်ရတဲ့အခါ ကျန်တဲ့သူတွေဟာ သူတို့အပေါ်ကျရောက်လာမယ့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ File ...
movie
The Killing Room (2009)
5.8
Lila & Eve (2015)
ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲ Jennifer Lopez ပါဝင်သရုပ်ဆောင်ထားတဲ့ မူခင်းရုပ်ရှင်တစ်ကားကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ် ။Lila and Eve လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Lila ဆိုတဲ့ အမျိုးသမီးကသူ့သား Stephon ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူပါ ။ဘာအပြစ်မှမရှိဘဲ မတရားသဖြင့် သေသွားရတဲ့ သားဖြစ်သူအတွက်ပူဆွေးနေရတဲ့ Lila ဟာ သူ့လိုမျိုး ဘဝတူမိခင်တွေအတွက် ဖေးကူရေးအဖွဲ့တစ်ခုရဲ့ စကားဝိုင်းကို သွားခဲ့ပါတယ် ။ အဲဒီမှာပဲ သူ့လိုမျိုးပဲသားသမီးဆုံးရှုံးထားတဲ့ Eve နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ တကယ်တော့Lila လိုချင်တာက သူ့သားကို သတ်ခဲ့တဲ့ တရားခံကို ရှာဖို့ပါပဲ ။ ရဲတွေကိုအမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် အဖတ်မလုပ်တဲ့နောက်မှာတော့ Eve ကသူ ကူညီပေးမယ်လို့ ဆိုလာပါတယ် ။ Stephon ကို သတ်သွားတဲ့တရားခံကို Lila နဲ့ Eve တို့ ...
movie
Lila & Eve (2015)
6.5
Eileen (2023)
Eileen (2023)~ IMDb - 6.6/10, RT - 85%, Meta - 71% ~မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family ...
movie
Eileen (2023)
2023
4K HEVC
7.3
Take Shelter (2011)
IMDb 7.3 အထိရရှိခဲ့တဲ့ မင်းသားကြီး မိုက်ကယ်ရှန်နန်ရဲ့ ၂၀၁၁ထွက် ဒရာမာရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ ဆုပေါင်း ၄၂ ခု နဲ့ ဆန်ကာတက်ရွေးချယ်ခံရမှု ၄၆ ခု တို့ကိုလည်း ရရှိထားပါသေးတယ်။မိုက်ကယ်ရှန်နန်က "ကားတစ်"အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကားတစ်ဟာ လူလတ်တန်းစားမိသားစုတစုရဲ့ အိမ်ထောင်ဦးစီးတဦးဖြစ်ပြီး ပိုက်လိုင်းတူးဖော်နဲ့ကုမ္ပဏီတခုမှာ လုပ်ကိုင်နေသူပါ။ ကားတစ်မှာ သမီးလေးတဦးရှိပြီး ဟန်နာဆိုတဲ့သမီးလေးတဦးရှိပြီး ဟန်နာဟာ မွေးရာပါဆွံ့အနားမကြားသူတဦးပါ။ဒီလိုနဲ့ ကားတစ်တို့ရဲ့ ပျော်ရွှင်နေတဲ့မိသားစုဘ၀လေးထဲကို တနေ့မှာတော့ အဖြစ်ဆိုးတခု မမျှော်လင့်ဘဲရောက်ရှိလာခဲ့ပါတယ်။ ကားတစ်ဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်လာပြီး ဆိုးရွားတဲ့ လေဆင်နှာမောင်းမုန်တိုင်းတခု ဖြစ်ပွားတော့မယ်လို့ ထင်ယောင်ထင်မှားဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကားတစ်ရဲ့ ထင်မြင်မှုတွေဟာ မိသားစုနဲ့ ပတ်၀န်းကျင်ကိုပါ ထိခိုက်လာခဲ့အခါမှာတော့ ကားတစ်တယောက် ဒီအခက်အခဲတွေထဲက ဘယ်လိုရုန်းထွက်မလဲ ကားတစ် မြင်တွေ့ခံစားမိနေတဲ့အရာတွေကရော အမှန်တကယ်ဟုတ်ရဲ့လား ကားတစ်ရဲ့ နောက်ကွယ်ကအကြောင်းအရာကရော ဘာများလဲ သူများတွေမမြင်နိုင် မခံစားမိနိုင်တဲ့အရာတွေကို သူတဦးတည်းက ဘာလို့ခံစားမိနေလဲဆိုတာကိုတော့ ...
movie
Take Shelter (2011)
7.2
American Hustle (2013)
ဒါရိုက်တာကြီး David O. Russell ရိုက်ကူးထားပြီး Christian Bale, Amy Adams, Bradley Cooper, Jeremy Renner, Robert DeNiro နဲ့ Jennifer Lawrence တို့ သရုပ်ဆောင်ထားတဲ့ ၂၀၁၃က ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ......IMDb - 7.2, RT - 92% ထိရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ အဲဒီလောက်ရလို့ ဆုအနေနဲ့ကြည့်ရင်လည်း အော်စကာ နိုမီက ၁၀ခု တကယ်ရရှိသွားတဲ့ ဆုက ၇၀ နဲ့ နိုမီချည်းပဲကို စုစုပေါင်း ၂၂၇ခုထိ ရရှိခဲ့တဲ့ကားလေးပါပဲ.....ဇာတ်လမ်းလေးကတော့ မာဖီးယားဂိုဏ်းနဲ့ ရဲတွေရဲ့အရှုပ်တော်ပုံအကြောင်းပါပဲ ဇာတ်လမ်းကို သိပ်ညွှန်းစရာမလိုလောက်အောင် ဒါရိုက်တာတွေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကိုကြည့်လိုက်တာနဲ့ "မီးလက်ဝါး"လိုကားတောင် ကြည့်ကောင်းသွားမယ်ဆိုတာ ရဲရဲကြီးအာမခံရင်းနဲ့ပဲ စောင့်မျှော်နေသူတွေရော တကယ့် ရုပ်ရှင်ကားကောင်းကိုကြည့်ချင်သူတွေရောပါ လက်မလွှတ်တမ်းကြည့်လိုက်ကြပါဦးလို့............. File size…(2 GB)/(1 GB) Quality….Webrip ...
movie
American Hustle (2013)
Blood Creek (2009)
သာမန် Horror ကားတွေလိုမဟုတ်ဘဲ ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟစ်တလာဟာယုတ်မာပြီးရက်စက်သလောက် ဂမ္ဘီရနည်းပညာကိုလည်းစွဲစွဲလမ်းလမ်းယုံကြည်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက် ရသမျှနည်းလမ်းအကုန်သုံးချင်ခဲ့တာပါ။ ဒီဇာတ်ကားကတော့ ဟစ်တလာရဲ့ရက်စက်တဲ့လုပ်ရပ်တွေရဲ့ဆိုးရွားတဲ့အကျိုးဆက်တစ်ခုအကြောင်းကို စိတ်ကူးပုံဖော်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း..... အီဗန်ဆိုတဲ့လူတစ်ယောက်ကတော့ သူ့အစ်ကိုဗစ်တာပျောက်သွားပြီးကတည်းက မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သေပြီလို့မှတ်ယူထားတဲ့ သူ့အစ်ကိုတစ်ယောက်လုံးအရှင်လတ်လတ်ပေါ်လာတဲ့အပြင် သူကအလုပ်တစ်ခုကိုလုပ်ဖို့အရမ်းစိတ်အားထက်သန်နေခဲ့ပါတယ်။ဘာအကြောင်းအရာကိုမှရေရေရာရာမသိဘဲ အစ်ကို့ကိုကူညီပေးခဲ့ရာကနေ နားလည်ရခက်တဲ့လူတစ်ယောက်နဲ့ပါရင်ဆိုင်လာရပြီး ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတာကိုသိလိုက်ရပါတော့တယ်။ ဒီလူမဆန်တဲ့လူကဘယ်သူလဲ သူတခြားလူတွေကိုဒုက္ခမပေးနိုင်အောင် ဘယ်လိုတားဆီးကြမလဲ ဆိုတာကိုရင်တမမနဲ့ကြည့်ရှုရမှာပါ...... File size…(1.9 GB)/(964 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Blood Creek (2009)
8
Mission: Impossible – Dead Reckoning Part One (2023)
Mission: Impossible - Dead Reckoning Part One (2023)~ IMDb - 8/10, Rotten Tomatoes - 96% ~Mission: Impossible – Fallout (2018) ရဲ့ အဆက်ဖြစ်တဲ့ Dead Reckoning Part 1 လာပါပြီ။ ဒါဟာ သတ္တမမြောက် M:I ရုပ်ရှင်ပဲဖြစ်ပါတယ်။ Fallout, Top Gun တို့ရဲ့ ဇာတ်ညွှန်းဆရာ Christopher McQuarrie ကပဲ ဇာတ်ညွှန်းရေးသား ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နှစ်ကားတွဲဖြစ်ပြီး Dead Reckoning Part II ကိုလည်း ဆက်ပြီးရိုက်ကူးသွားမှာပါ။ တွမ်ခရုရဲ့ သက်စွန့်ဆံဖျားစတန့်တွေနဲ့ နာမည်ကြီးခဲ့တဲ့ M:I ရုပ်ရှင်တွေဟာ ဒီကားမှာလည်း အရှိန်ကို ဆက်ထိန်းထားတုန်းပါပဲ။ ဝေဖန်ရေးဆရာတွေရဲ့ Rating တွေအရ ...
movie
Mission: Impossible – Dead Reckoning Part One (2023)
2023
4K HEVC
8.2
The Wolf of Wall Street (2013)
The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie
The Wolf of Wall Street (2013)
2013
4K HEVCHDR
6.7
This Must Be the Place (2011)
စိတ်ဓာတ်ကျနေတဲ့လူငယ်တွေအကြိုက် သီချင်းစာသားတွေရေးနိုင်ပြီး ငွေတွေသောက်သောက်လဲရှာခဲ့တဲ့ရှိုင်အန်က ဂီတလောကကနေနှုတ်ထွက်ခဲ့တာ နှစ်၂၀ကျော်ကြာခဲ့ပြီ။ အကြောင်းရင်းက ရှိုင်အန်ရဲ့ပရိသတ်တွေထဲကနှစ်ဦးက ရှိုင်အန်ရဲ့စိတ်ဓာတ်ကျဖွယ်ဂီတတွေကို နားထောင်ပါများပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့လို့ပါပဲ။ ရှိုင်အန်ကနှစ်၂၀ကြာအောင် ဒီအပြစ်စိတ်တွေကိုထမ်းပိုးရင်း နေလာခဲ့တယ်။ အသက်၅၀အရွယ်ရှိုင်အန်က နေ့တိုင်း ဘာမှလုပ်စရာမရှိပဲ ဂေါ့သ်မိတ်ကပ်တွေလိမ်း မော်လ်ကိုသွားပြီး နေ့စဥ်ဘဝကိုဖြတ်သန်းတယ်။ တစ်နေ့မှာ ရှိုင်အန်ရဲ့အဖေက သက်ကြီးရောဂါနဲ့ဆုံးသွားခဲ့တယ်။ လူငယ်ဘဝမှာ ဂေါ့သ်ဖက်ရှင် ရော့ခ်ဂီတတွေကိုရူးသွပ်တဲ့ရှိုင်အန်က အိမ်ကထွက်လာပြီးကတည်းက ဖခင်နဲ့စကားမပြောတာ နှစ်၃၀ရှိခဲ့ပါပြီ။ ဒီလိုနဲ့ ဖခင်ဆုံးသွားတဲ့အချိန်မှာ ဖခင်ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးဖို့ ဖခင်ရှိတဲ့မြို့ကို ခရီးထွက်လာခဲ့တယ်။ အသုဘအရောက်မှာ ဖခင်ရဲ့ဒိုင်ယာရီစာအုပ်ကိုလက်ဝယ်ရရှိပြီး ဖခင်ရဲ့တစ်ခုတည်းသောဆန္ဒကိုဖြည့်စည်းပေးဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ရှိုင်အန့်ဖခင်ရဲ့ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ၊ ဒီခရီးကနေပဲ ရှိုင်အန်က သူ့ရင်ထဲကစိတ်ဒဏ်ရာအစိုင်အခဲတွေကိုချေဖျက်နိုင်သွားမလား..။ ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုက ရှိုင်အန်ရဲ့စကားပြောတဲ့လေသံပါပဲ အသံအနိမ့်အမြင့်မရှိပဲ toneတစ်မျိုးနည်းနဲ့ပဲပြောသွားတာပါ ဒီအချက်ကစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ရဲ့ရင်ထဲက ဗလာကျင်းနေတဲ့ခံစားချက်မျိုးကို မီးမောင်းထိုးပြနေသလိုပါပဲ။ စိတ်ကျရောဂါဆိုတာ လူသားတွေရဲ့တန်ဖိုးရှိတဲ့အချိန်ကို စားသုံးတတ်တဲ့ကပ်ပါးကောင်တစ်မျိုးလိုပါပဲ။ ရှိုင်အန်ရော ရှိုင်အန်အဖေရောက မတူညီတဲ့စိတ်ဒဏ်ရာကိုယ်စီပိုက်ရင်း ဘဝရဲ့အချိန်တော်တော်များများကို အဓိပ္ပာယ်မဲ့စွာရှင်သန်နေထိုင်ခဲ့တယ်။ တကယ်တော့စိတ်ဒဏ်ရာဆိုတာ ကုသလို့လည်းမလွယ်သလို တော်တော်များများကသေသည်အထိ ...
movie
This Must Be the Place (2011)
9.1
Spider-Man: Across the Spider-Verse (2023)
IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man:Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်းစပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။ File size… 1.93 GB , 4.21 GB , 5.16 GB Quality…Web-Dl 4k / 1080p ...
movie
Spider-Man: Across the Spider-Verse (2023)
2023
4K HEVC
7.2
Vice(2018)
Vice(2018) IMDb....7.2,,,,Rotten....66% ((Blu-Ray 10805.1ch နဲ့ 720pတို့ဖြင့်ပြန်လည် Updateပေးထားပါသည်..))ဒီဇာတ်ကားက Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ဝင်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်...၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်....D ick Cheney ဟာ ငယ်ဘဝက ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ...သို့ပေမယ့် အဲ့ဒီဘဝကနေ အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်..သူဘယ်လိုတွေကြိုးစားခဲ့လဲ?ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်... ဒါ့အပြင် အမေရိကန်သမိုင်းကို သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ… ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ… ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်… Dick Cheney အဖြစ် ...
movie
Vice(2018)
2018
7.3
Sicario: Day of the Soldado (2018)
Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကိုကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်းရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာလုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာကပထမကားက Denis Villeneuve မဟုတ်တော့ပဲ StefanoSollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေJosh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး ...
movie
Sicario: Day of the Soldado (2018)
2018
4K HEVC
7.1
Lords of Dogtown(2005)
Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Lords of Dogtown(2005)
5.6
Knight of Cups (2015)
Knight of Cups (2015) =================Terrence Malickကို ကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ ဘယ်လိုရုပ်ရှင်ဆိုတာရှင်းပြစရာ မလိုပေမဲ့၊ ဒီရုပ်ရှင်ဟာ Fragmentation ဆန်ဆန် ဒိုင်ယာလော့တွေကို နာရေးတစ်ပြောပြီး ဘာမှမပြနေတာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ Christian Bale , Cate Blanchett, Natalie Portman, Ben Kingsley, Antonio Banderasတို့လို တန်းမြင့် သရုပ် ဆောင်တွေကို သုံးထားပါတယ်။Terrence Malickဟာ Tree of Lifeနဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပွဲတော် ဖြစ်တဲ့ ကိန်းမှာ Palme d'Orရခဲ့သလို The Thin Redline, A hidden Life, Days oF Heaven လို မာစတာပိစ်ကားတွေလည်း ရိုက်ခဲ့ပါတယ်။Knight of Cupsမှာတော့ အခန်း၈ခန်းကို နောက်ဆုံးခန်းကလွဲ တားရော့ကတ် (၇)ခုနာမည်သုံး ပုံဖော်သွားခဲ့ပြီး baleကိုတော့ Knight of cupsအနေနဲ့ ပုံဖော် ထားပါတယ်။ ဘေးလ်တစ်ယောက် စိတ်ဓာတ်ကျပြီး ...
movie
Knight of Cups (2015)
2015
1
2
Next