Channel Myanmar

Shawn Alexander Thompson

The Wendigo (2022)
The Wendigo (2022)  နာမည်ကြီး ယူကျူဘာတစ်ယောက်ဖြစ်တဲ့ လိုဂန်တစ်ယောက် သူ့ပရိသတ်တွေရဲ့ မဲပေးတာကနေပြီး မြောက်ကယ်ရိုလိုင်းနားက တောအုပ်ထဲမှာ တစ်ယောက်ထဲစခန်းချသွားခဲ့ပါတယ်။ တောထဲကိုရောက်တဲ့ညမှာ တိုက်ရိုက်လွှင့်နေရင်းနဲ့ လိုဂန်တစ်ယောက် ကင်မရာရှေ့က ပျောက်သွားပြီး စူးစူးဝါးဝါးအော်ဟစ်သံတွေနဲ့အတူ တိုက်ရိုက်လွှင့်တာရပ်သွားခဲ့ပါတယ်။လိုဂန်ပျောက်သွားတာကြောင့် သူ့ရဲ့သူငယ်ချင်း ယူကျူဘာတွေကလည်း ရဲမတိုင်ပဲ တောအုပ်ထဲကို ဗလော့ရိုက်ရင်းနဲ့ လာရှာခဲ့ကြပါတယ်။ တောအုပ်ထဲရောက်ပြီးသိပ်မကြာလိုက်ပဲ နေ့လည်ခင်းအချိန်မှာ တဖြည်းဖြည်းအမှောင်ကျလာခဲ့ပြီး တီးတိုးပြောသံတွေကြားလာရတဲ့အခါ လိုဂန်ကိုလိုက်ရှာကြတဲ့ သူငယ်ချင်းတစ်သိုက်ရော တောအုပ်ရဲ့ ကျိန်စာကိုဘယ်ရင်ဆိုင်ကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:08:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

The Wendigo (2022)

Werewolf Cabal(2022) 6.7
Werewolf Cabal(2022) Werewolf Cabal(2022)*********************Horror ဝတ္ထုတွေရေးတဲ့ စာရေးဆရာ မိုက်ကယ် ကီဖာဟာ မိခင်ရင်းဆုံးသွားပြီးနောက်သူ့အတွက်ချန်ထားရစ်ခဲ့တဲ့ အမွေတွေကိုလက်ခံယူဖို့အတွက် UK ကျေးလက်ဘက်ကရွာလေးတစ်ရွာကိုရောက်လာခဲ့တယ်ပေါ့နော်။ ကီဖာဟာ ငယ်ကတည်းက မွေးစားဖို့ ပေးပစ်ခံရသူဖြစ်ပြီး မိခင်ရင်းဖြစ်သူအကြောင်း၊မိခင်ရင်းရဲ့ရွာလေးအကြောင်းကိုလည်း ဘာမှမသိဘူးပေါ့၊ မိခင်ဖြစ်သူသေဆုံးသွားရတဲ့ အကြောင်းအရင်းကလည်းခွေးကိုက်ခံရလို့ဆိုပြီး ရွာကလူတွေကပြောကြတာပဲ။ နောက်တော့ သူ့မှာမအေတူညီလေးတစ်ယောက်ရှိကြောင်း၊ရွာထဲမှာလည်း လူတွေကလည်း အမျိုးမျိုးပြောနေတာတွေ ကြုံလာရပြီးတဲ့နောက်မှာတော့ မိုက်ကယ်ကီဖာတစ်ယောက် ဘာတွေဆက်ဖြစ်ဦးမလဲ၊ ရွာထဲကလူတွေက ဘာတွေလျှို့ဝှက်ထားကြတာလဲဆိုတာတော့ဒီသမန်းဝံပုလွေဇာတ်လမ်းထဲမှာဆက်ကြည့်နိုင်ပါတယ်။ File Size :(1.5 GB) and (682 MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae 
movie

Werewolf Cabal(2022)