Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sharonne Lanier
5.1
Nightmare Pageant Moms (2023)
Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့... File size…(1.6 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie
Nightmare Pageant Moms (2023)
Unsung Hero (2024)
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ For King&Country pop duoနှစ်ယောက်ဖြစ်တဲ့ Joelနဲ့Luke smallbone တို့ညီအစ်ကိုနှစ်ယောက်ရဲ့ငယ်ဘဝမိသားစုအကြောင်းကိုရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒေးဗစ်နဲ့ဟယ်လန်စမောဘုန်းတို့ရဲ့သားသမီးခြောက်ယောက်ထဲမှာ ဂျိုအယ်လ်နဲ့လုခ်တို့ညီအစ်ကိုနှစ်ယောက်က "For King&Country"ဆိုတဲ့အမည်နဲ့အနုပညာအလုပ်များလုပ်ပြီး သူတို့ရဲ့အစ်မဖြစ်တဲ့ Rebecca St.James ကလည်းအောင်မြင်တဲ့အနုပညာဖြစ်လာပါတယ်သူတို့တွေဟာ ဂရမ်မီဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့အနုပညာရှင်တွေပါ ဒီဇာတ်ကားမှာ သူတို့ရဲ့ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ မိသားစုဝင်တွေအချင်းချင်းဖေးမကူညီအားပေးပြီး ချစ်ခြင်းမေတ္တာတွေအကြောင်းကိုရိုက်ကူးထားတာပါ ဖခင်ဖြစ်သူ ဒေးဗစ်စမောဘုန်းဟာ ဖျော်ဖြေပွဲတွေကိုစီစဥ်ပေးရတဲ့အောင်မြင်တဲ့ပွဲစီစဥ်သူpromoter တစ်ယောက်ပါ. ဒါပေမဲ့ တစ်ခေါက်ကအလုပ်လုပ်ရင်းအမှားဖြစ်သွားပြီး ပိုင်ဆိုင်သမျှဆုံးရှုံးလိုက်ရပါတယ် အဲ့ဒါကြောင့် ပိုကောင်းတဲ့အနာဂတ်ကိုရှာမယ်ဆိုပြီး သြစတြေးလျကနေ အမေရိကားကိုပြောင်းလာပြီး ဘဝအသစ်စတင်ပါတယ်အဲ့မှာနေရင်း အခက်အခဲတွေကိုဖြတ်သန်းရင်းနဲ့ သူတို့ရဲ့သားသမီးတွေမှာ ဂီတပါရမီပါလာတာကိုသိပြီး အခက်အခဲတွေကြားမှ သားသမီးတွေရဲ့အိပ်မက်ကိုမြေတောင်မြှောက်ပေးဖို့ကြိုးစားခဲ့ပုံတွေကိုရိုက်ကူးထားတာပါ ထူးခြားတာက ဒီဇာတ်ကားကို ဂျိုအယ်လ်စမောဘုန်းကိုယ်တိုင်ဒါရိုက်တာအနေနဲ့ပါဝင်ရိုက်ကူးထားပြီး ဖခင်ဖြစ်သူ"ဒေးဗစ်"နေရာမှာလည်း သူကိုယ်တိုင်ပဲပါဝင်သရုပ်ဆောင်ထားတာပါ IMDB rating လည်း 7.3/10အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပါတယ်File size…(1.6 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Unsung Hero (2024)
6.1
unDEFILED (2024)
Undefiled ဟာ 2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ဖြစ်ရပ်မှန် အခြေခံ ဒရာမာတစ်ကား ဖြစ်ပါတယ်။အသက်အရွယ်ရလာတဲ့ ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဂျန်းနင်းစ်ဟာအိမ်ထောင်ရေးကလည်း အဆင်မပြေ၊ အသက်မွေးဝမ်းကျောင်းအလုပ်ကလည်း အဆင်မပြေနေတဲ့အချိန်မှာပဲ Porn တွေစွဲလမ်းတတ်တဲ့ ပြဿနာကလည်း ရှိနေပါသေးတယ်။သူ့အသင်းကလူတွေကလည်း အသက်မပြည့်သေးတဲ့ကလေးမလေးတွေကို လိင်အမြတ်ထုတ်နေတဲ့အကြောင်းသိသွားပြီးတဲ့နောက် ဂျန်းနင်းစ်ဟာ အဲဒီလို ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ဒါကြောင့် ဂျန်းနင်းစ်အနေနဲ့ ဘေ့စ်ဘောကစားသမားအလုပ်ကိုပဲအေးဆေးဆက်လုပ်မလား ဒါမှမဟုတ် ဒီလိုမကောင်းဆိုးဝါးလက်ထဲရောက်နေတဲ့ ကလေးမလေးကိုပဲ ကူညီမလားဆိုတာကိုကျဉ်းထဲကျပ်ထဲ အခြေအနေတစ်ခုမှာ ရွေးချယ်ရပါတော့တယ်။လူ့အဖွဲ့အစည်းမှာ ဆိုးဆိုးဝါးဝါး ရှုံ့ချကြပေမဲ့ မျက်ကွယ်မှာတော့လူတစ်စုက စနစ်တကျ ချိုးဖောက်နေကြတဲ့ ဒီလိုလုပ်ရပ်မျိုးတွေကို Undefiled မှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.82GB / 712MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 55m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thi Ri
movie
unDEFILED (2024)
Your Boyfriend Is Mine (2022)
ဒီဇာတ်ကားလေးကတော့ ထူးထူးဆန်းဆန်း လင်လုတဲ့ဇာတ်ကားလေးပါပဲ။ဇာတ်ကားနာမည်ကတော့ Your Boyfriend Is Mine ဖြစ်ပြီးတော့မြန်မာလိုဆိုရင်တော့ နင့်ဘဲကိုငါပိုင်တယ်ပေါ့နော်။သူဌေးမမကြီးက ပိုက်ဆံအရမ်းလိုနေတဲ့ကောင်လေးကို သူ့ကောင်မလေးဆီကစနိုက်တဲ့အကြောင်းကိုတွေ့ရမှာပါ။ ဘန်ဆိုတဲ့ကောင်လေးတစ်ယောက်က ကျောင်းပြီးအောင်တက်ပြီး ဘွဲ့ရအောင်လုပ်ဖို့အတွက်ပိုက်ဆံ လိုအပ်နေတဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။သူက Gentleman Caller ဆိုတဲ့ကောင်မလေးတွေကို စကားချိုချိုပြောပြီးတော့စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးရတဲ့အလုပ်တစ်ခုမှာ လုပ်နေတာပဲဖြစ်ပါတယ်။သူ့မှာ ကယ်လီဆိုတဲ့ကောင်မလေးတစ်ယောက်လဲရှိပြီး သူတို့က နှစ်ကိုယ်တူဘဝကိုအတူတူထူထောင်ဖို့ ကြိုးစားနေကြတာပါ။အဲ့ဒီအလုပ်လုပ်လုပ်နေရပေမဲ့လဲဘန်အပေါ်မှာကယ်လီက စိတ်ချယုံကြည်ထားတဲ့အတွက်လဲပျော်ရွှင်တဲ့သမီးရည်းစားစုံတွဲ ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ဘန်ရဲ့အလုပ်မှာတွေ့ခဲ့တဲ့ သူဌေးမမကြီးတစ်ယောက်က ဘန်ကိုအရမ်းတွေသဘောကျသွားပြီးတော့ သူ့အိမ်မှာအလုပ်လုပ်ဖို့ပါ ငွေတွေပစ်ပေးပြီးသိမ်းသွင်းခဲ့ပါတော့တယ်။အဲ့နောက်ပိုင်းမှာတော့သူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ စနိုက်ကြော် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.67GB / 664MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Your Boyfriend Is Mine (2022)