Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sharon Bajer
5.8
Abducted by My Teacher: The Elizabeth Thomas Story (2023)
ဒီကားလေးကတော့ ကလေးတွေအတွက်ပညာပေးကားတစ်ကားလို့ပြောရမလား လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုလို့ပြောရမလားပါပဲ ဇာတ်လမ်းလေးကတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင်ကြိုတင်ကာကွယ်ရမဲ့ဟာတွေ ကလေးတစ်ယောက်အတွက် မိသားစုဆိုတာ ဘယ်လောက်အရေးပါလည်းဆိုတာတွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးအကျဉ်းချုပ်ပြောရရင်တော့ အသက်၁၅နှစ်အရွယ်ကျောင်းသူလေးနဲ့ အသက်၅၀ကျော်ဆရာတို့ မေတ္တာလွန်ပြီး မဖြစ်သင့်တာတွေဖြစ်တဲ့ဇာတ်လမ်းလေးပေါ့ မေတ္တာလွန်တယ်ဆိုတာထက် ရွံစရာလို့ပြောရမလားပါပဲ အဲလစ်ဇဘက်ဆိုတဲ့မိန်းကလေးက မိသားစုထဲမှာ ၁၅နှစ်တည်းနဲ့ အရွယ်နဲ့မလိုက်အောင်ကို မသားစုအခြေနေကြောင့်ရင့်ကျက်နေသူတစ်ယောက်ပါသူ့ဘဝလေးက အဖေနဲ့ညီအစ်မတွေရှိနေပေမဲ့ အဖေဖြသ်သူကအလုပ်ကြောင့်မအား ညီအစ်မဖြစ်သူတွေကလည်းတစ်ယောက်တစ်မျိုးဆိုတော့ သူကိုယ်တိုင်ကပဲ အဖေမရှိရင် မိသားစုကိုကြည့်ရတာပါ အဲဒါကြောင့်ပဲ သူ့မှာစကားပြောဖော်မရှိ ရင်ဖွင့်ဖော်မရှိဖြစ်နေရာက ကျောင်းအသစ်မှာ ဆရာတစ်ယောက်ဖြစ်သူနဲ့တွေ့ပါတော့တယ် စစချင်းမှာတော့အင်မတန်သဘောကောင်းပြီး ကာကွယ်သယောင်လုပ်ပေးခဲ့လို့သူယုံခဲ့ရတယ်ဆရာက အချိန်ကြာလာတာနဲ့အမျှပြောင်းလဲလာပြီး သူနဲ့ချစ်ကျွမ်းဝင်သလိုတွေဖြသ်လာပါတော့တယ် ဒီလိုနဲ့ကျောင်းထဲမှာပဲမဖြစ်သင့်တာတွေဖြစ်ရာကနေ အမြင်မတော်လို့ကျောင်းသူတစ်ယောက်ကရဲတိုင်ပါတော့တယ် အဲဒါကြောင့်ပဲ ကလေးမဖြစ်သူကိုဆရာဖြစ်သူကပြန်ပေးဆွဲပြီး ဒုက္ခပေါင်းစုံနဲ့သူနဲ့တူတူနေခိုင်းခဲ့ပါတယ် အဲ့လိုတွေကြောင့် သူ့ခံစားခဲ့ရတဲ့ဒဏ်ရာတွေကရောပျောက်ကင်းနိုင်ပါ့မလား ပြန်ပေးဆွဲခံရာကနေရောဘယ်လိုတွေကြောင့်လွတ်မြောက်သွားမလဲဆိုတာတွေအပြင် လူ့လောက လူ့သဘာဝကိုသေချာဖော်ပြပေးထားလို့ အေးအေးဆေးဆေးလေးကြည့်လို့ကောင်းမဲ့ရုပ်ရှင်လေးဖြစ်ပါတယ် File size…(1.4 GB)/(630 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie
Abducted by My Teacher: The Elizabeth Thomas Story (2023)
6.1
Bad Romance: The Vicky White Story (2023)
စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်းကောင်းတဲ့ ဖြစ်ရပ်မှန်ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားနာမည်ကိုBad Romance : The Vicky White Story လို့ပေးထားပြီးလက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ဒီဇာတ်ကားကိုကြည့်လိုက်ရတာက Suicide Squad ထဲကဟာလေကွင်းနဲ့ ဂျိုကာကို အပြင်ဘ၀မှာ တကယ်လက်တွေ့မြင်လိုက်ရသလိုမျိုး Feeling ကိုတောင်ခံစားရစေပါတယ်။ဒီဇာတ်ကားကို ကေစီ၀ှိုက်ဆိုတဲ့ပုဒ်မကြီးများစွာနဲ့ထောင်ဒဏ်တစ်သက်တစ်ကျွန်းနီးပါး ကျသင့်ခံထားရတဲ့အကျဉ်းသားထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီကားလေးက ဘာလို့ဒရာမာဖြစ်ရပ်မှန် ဇာတ်ကားဖြစ်နေရလည်းဆိုတော့ အထက်မှာပြောခဲ့တဲ့ ကေစီဆိုတဲ့အကျဉ်းသား ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာသူ့ရဲ့ထောင်ဖောက် အရည်အချင်းတွေကျွမ်းကျင်လို့ မဟုတ်ဘဲနဲ့အချစ်ဆိုတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလက်နက်ကိုအသုံးချပြီး လွတ်မြောက်လာလို့ပဲဖြစ်ပါတယ်။ဒီလိုမျိုးတွေဘယ်လို ဖြစ်လာခဲ့ရတာလဲဆိုရင်တော့ ကေစီနဲ့ သူယာယီထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်ကအမျိုးသမီးအရာရှိဗစ်ကီနဲ့ တွေ့ရာကနေ စပြောရမှာပါပဲ။ဗစ်ကီဆိုတာကတော့ အရင်ယောက်ျားဖြစ်သူနဲ့ ကွာရှင်းထားပေမဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် အမြဲတမ်းသွားသွားကြည့်ပေးနေပြီး ထောင်နဲ့အိမ်နဲ့ပဲ လည်ပတ်နေတဲ့ပျင်းစရာဘ၀ကြီးကို ပိုင်ဆိုင်ထားရတဲ့အသက် ၅၀ ကျော်အမျိုးသမီးအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ကေစီကဗစ်ကီ့ကို တွေ့ကတည်းကမြင်မြင်ချင်း ကြွေဆင်းသွားခဲ့ပြီးတောက်လျှောက်ကြူပါတော့တယ်။ဗစ်ကီကလည်း အဓိပ္ပာယ်မရှိတဲ့ဘ၀ကြီးမှာ နေရတာကိုစိတ်ကုန်နေတဲ့သူဖြစ်တဲ့အတွက်သူတို့ နှစ်ယောက်ကြားမှာ အဆင့်တစ်ဆင့်တက်သွားဖို့ဆိုတာမကြာခဲ့ပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက ...
movie
Bad Romance: The Vicky White Story (2023)
5.4
Dark Harvest (2023)
ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။ ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်းရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေမကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲကဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံးမုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီးတစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန်အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။အခုရောက်လာတော့မဲ့ ဟောလိုးဝင်းမှာလည်းအဲဒီလို အမဲလိုက်ဖို့ ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့အဲဒီညကြီးရဲ့ ကြောက်စရာအမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ... File size… 4.97 GB / 1.53 GB / 644 MB Quality… Web-Dl 4k /1080p / 720p Format… mp4 Duration…. 1h ...
movie
Dark Harvest (2023)
4K HEVC
7
Love Strikes Twice (2022)
Love Strikes Twice (2022)ဒီကားလေးကတော့ ငြိမ့်ငြိမ့်လေးကြည့်ချင်သူများအတွက် romance, drama ကားလေးပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... Maggieက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး နာမည်ကြီး ရှေ့နေအကျိုးဆောင်ရုံးမှာ အလုပ်လုပ်ပါတယ်။ သူ့အတွက် အားလုံးက အဆင်ပြေအောင်မြင်နေပေမဲ့ ယောကျ်ားဖြစ်သူ Josh နဲ့ ဆက်ဆံရေးကတော့ စိမ်းသက်သက်ဖြစ်နေပါတယ်။Maggie ရဲ့မိဘတွေ နှစ် ၄၀ ပြည့် anniversary ပွဲကိုသွားရင်း accident တခုဖြစ်ပြီး Maggie က လွန်ခဲ့တဲ့ ၁၅နှစ်ကို ပြန်ရောက်သွားပါတယ်။ တက္ကသိုလ်မတက်ခင် နွေကိုရောက်သွားပြီး အရင်ချစ်သူနဲ့ တွဲနေတဲ့အချိန်ပါ။ Josh နဲ့လည်း စမတွဲသေးဘဲ သူငယ်ချင်းဖြစ်ရုံဆိုတော့ ဘယ်လိုတွေကြုံရမလဲ?Maggie အနာဂတ်ကို ရောက်အောင် ဘယ်လိုပြန်သွားမလဲ? အနာဂတ်ကိုရောက်ဖို့ ဖြစ်နိုင်ပါ့မလား? ဆိုတာတော့ ဆက်ပြီး ကြည့်ရှုရင်း အဖြေရှာလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Marie ပါ။)File Size : 1.5GB, ...
movie
Love Strikes Twice (2022)
2022
7.3
Nobody(2021)
Nobody(2021) အညွှန်း*******************IMDb...7.6(((BLU-RAY 1080P.5.1CH ထွက်လာလို့ Updateပေးထားပါတယ်.)ဒီကားကိုတော့ ဂျွန်ဝစ် lite လို့ ပြောရမလား pro max လို့ ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ကြမ်းတာတော့ အတော်ကြမ်းပါတယ်။ ဘရုစ်ဝီလီရဲ့ Red လို ခံစားမှုမျိုးလည်းပါတယ်။ ဇာတ်လမ်းကတော့ ရှင်းပါတယ်။မန်ဆယ်လ်ဟာ စာလုံးသုံးလုံးပါတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းစစ် အငြိမ်းစားပါ။မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ အေးဆေးနေပါတယ်။ဒါပေမယ့် မိသားစုကို ညဘက် ဓားပြတိုက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လိုက်ရှင်းရင်းနဲ့သမိုင်းပေးလူဆိုးတွေဖြစ်တဲ့ ရုရှားတွေနဲ့ သွားရှုပ်မိတဲ့အခါ... ချူချာတွေ ကံဆိုးရပါတော့တယ်...ဒီကားက သတ်ဖြတ်ခန်းတွေကြမ်းတဲ့အပြင် မင်းသားကြီး Bob Odenkirk ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့်Box Office မှာလည်း တော်တော်ဝင်ငွေကောင်းတဲ့ကားကြီးဖြစ်ခဲ့တာမို့ အားလုံးပဲ လက်မလွှတ်သင့်ပါကြောင်းနင်းကန်သတင်းကောင်းပေးပါရစေ..... File Size : 856MB Quality : WEB-DL 720p Format…mp4 Duration…01:32:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded ...
movie
Nobody(2021)
HEVC 1080p 5.1
6.4
Incident in a Ghostland (2018)
Incident in a Ghostland (2018) IMDb - 6.4/10_____Rotten - 56% Psychopath ကားမျိုးကိုမှ ကြည့်ချင်တဲ့သူအတွက် Ghostland ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းနဲ့မိတ်ဆက်ပေးပါရစေ။ Ghostland ဆိုလို့ သရဲက ဟိုခြောက်လိုက်ဒီခြောက်လိုက်နဲ့ ဟိုအော်ဒီအော်နဲ့ပြီးသွားမယ့် ကားလို့မထင်လိုက်ပါနဲ့။ Elizabeth Keller ဆိုတဲ့ နာမည်ကြီး သရဲဝတ္တုစာရေးဆရာမကြီးရှိတာပေါ့။ သူက Incident in Ghostland ဆိုတဲ့ ဖြစ်ရပ်မှန်သရဲဝတ္တုစာအုပ်နဲ့ ရောင်းအားအကောင်းဆုံးမှာ ရှိနေတာပေါ့။ သူ့ကို interview တွေလည်းမေးကြတယ် ဒီစာအုပ်နဲ့ ပတ်သက်ပြီးတော့ပေါ့။ Beth မှာ အမေရယ် Vera ဆိုတဲ့ အစ်မတစ်ယောက်ရှိပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က သူရယ် သူ့အစ်မရယ် သူ့အမေ ရယ်က အိမ်ကြီးတစ်အိမ်ပြောင်းသွားတော့ Psychopath နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုခံရတဲ့ အကြောင်းကို Beth ကရေးထားတာလေ။ အဲ့တော့ လူတိုင်းက စိတ်ဝင်စားနေကြတာပေါ့။ တစ်ရက်တော့ အဲ့ဒီကို အိမ်ကို သူူပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ သူပြန်ရောက်တော့ သူ့အစ်မ ...
movie
Incident in a Ghostland (2018)
2018