Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sharlto Copley
6.7
Boy Kills World (2024)
ဒီကားက အက်ရှင် ဟာသ စိတ်ကူးယဉ်ကားပါ။တကယ့် ငစားကားလို့ ပြောလို့လည်းရတယ်။ဒါရိုက်တာ Moritz Mohr ကလည်း ရုပ်ရှင်အများကြီးရိုက်ဖူးတာမရှိဘူး။ ဒါပေမဲ့ Bullet Train တို့ ဂျွန်ဝစ်တို့ရဲ့ ဒါရိုက်တာလိုမျိုး စကေးတွေ ပြသွားတယ်။မင်းသားကတော့ IT ထဲက ပန်နီဝိုက်စ်ကြီး Bill Skarsgårdပါပဲ။ The Raid ထဲက ဆရာကြီး Yayan Ruhian လည်းပါပြီးAction တွေကလည်း The Raid ကို မှီနေတယ်။ပါဏာတိပါတာတွေ အနိဌာရုံတွေကတော့ အရမ်းများတာသတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း*****************ဗန် ဒါ ကွိုင်း မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကိုချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်းမြို့သူမြို့သားတွေ မတော်လှန်ရဲစေဖို့ ကားလင်းပွဲဆိုတာလုပ်လေ့ရှိတယ်။ အဲဒါကတော့ မြို့ထဲကနေ သူ့ကိုဆန့်ကျင်ချင်တဲ့လူတွေကို ရှာပြီး အစုလိုက်အပြုံလိုက်ရှင်းပစ်တာပါပဲ။ အဲဒီလိုပွဲကြောင့် မိသားစုတစ်ခုလုံးဆုံးရှုံးသွားတဲ့ နားမကြား ကောင်လေးတစ်ယောက်ဟာတောထဲမှာ ဆရာကြီးတစ်ယောက်နဲ့ သိုင်းတွေကျင့်ပြီးလက်စားချေဖို့ မြို့တက်လာပါတယ်။ဇာတ်လမ်းအစကတည်းက မျိုးစုံတလွဲတွေဖြစ်ပြီးအသားကုန် ချကြတာ အဆုံးအထိပါပဲ။ ...
movie
Boy Kills World (2024)
4K HEVC
Monkey Man (မွန်ဘိုင်း John Wick) (2024)
အိန္ဒိယ အက်ရှင်ဇာတ်ကြမ်းတစ်ခု ထွက်လာပါပြီ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆာင်အဖြစ် Slumdog Millionaire ထဲက ဂျာမဲအကြီးကောင်လေးအဖြစ် သိကြတဲ့ Dev Patel ပါဝင်ထားပါတယ်။Dev Patel ဟာ ၁၀နှစ်သားကတည်းက တိုက်ကွမ်ဒိုသမားဖြစ်ခဲ့ပြီး ၁၆ နှစ်သားမှာ ခါးပတ်နက်ဖြစ်နေပါပြီ။ ဒီရုပ်ရှင်ဟာ အစက နက်ဖလစ်မှာ တင်ဖို့ ရိုက်ထားတာ ဖြစ်ပေမဲ့ Jordan Peele ကြည့်မိသွားပြီး ဒါမျိုးကားက ရုံပါတင်သင့်တယ်လို့ ယူဆလို့ နက်ဖလစ်ဆီကနေ ရုံတင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။ ဒါရိုက်တာမင်းသားရဲ့အပြောအရတော့ အက်ရှင်အများစုမှာ ဖြစ်တတ်တဲ့ ဇာတ်အိမ်မခိုင်မာတာကို ပြင်ထားပြီး ဇာတ်အိမ်ခိုင်ခိုင်၊ နောက်ကြောင်းခိုင်ခိုင်နဲ့ အိန္ဒိယဓလေ့တွေ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အပြောအဆိုနဲ့ အတိုက်အခိုက်ခန်းတွေကြမ်းလို့ ကလေးငယ်တွေအတွက်တော့ မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းမြေအောက်လက်ဝှေ့ဝိုင်းတွေမှာ လုပ်ပွဲတွေ အထိုးခံပြီး ငွေရှာလေ့ရှိတဲ့ မျောက်မျက်နှာနဲ့လူငယ်လေးတစ်ယောက်။ ရင်ထဲမှာ အမုန်းတွေကလဲ့စားတွေနဲ့ပြည့်နေပြီး အထိုးခံစရာ နာစရာကိုရှာရင်းအသက်ရှင်နေတဲ့လူတစ်ယောက်၊ ဘာသာရေးအကြောင်းပြ၊ ဘာသာရေးသမားနဲ့ နိုင်ငံရေးသမားတို့ ...
movie
Monkey Man (မွန်ဘိုင်း John Wick) (2024)
4K HEVC
6.6
Elysium (2013)
IMDb Rating (6.6) / Rotten Tomatoes (64%)2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်...၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် ...ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်...သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့...သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။ File size…(4.9 GB)/(1.8 GB) /(1 GB) Quality….BluRay 4K HEVC/1080p ...
movie
Elysium (2013)
4K HEVC
7.0
Free Fire (2016)
Free Fire 2016ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကိုပြောပြပါဆိုရင်တော့ ပါသမျှသရုပ်ဆောင်တိုင်းက နာမည်ကြီးတွေဖြစ်နေတာပါပဲ။ Captain Marvel အဖြစ်လူသိများတဲ့ မင်းသမီးချော Brie Larson ရယ် Peaky Blinders ထဲက Thomas Shelby နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားချောကြီး Cillian Murphy ရယ်၊ Call me by your name ထဲက မင်းသားအခန့်ကြီး Armie Hammer ရယ် အက်ရှင်ကားတွေနဲ့ဆို နာမည်ကြီးတဲ့သရုပ်ဆောင်တွေ အခြားရုပ်ရှင်ကားပေါင်းများစွာ ပါဝင်ထားတဲ့ အလန်းစားအက်ရှင်ဇာတ်ကြမ်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ဂျက်စတင်ဆိုတဲ့ကောင်မလေးတယောက် ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းအရောင်းအဝယ်ကိစ္စမှာကြားဝင်စေ့စပ်ရင်း ပြဿသနာသေးသေးလေးကနေစပြီး ပစ်ခတ်ကြတဲ့အခါမှာတော့ သေနတ်ပစ်ရတာပျော်နေတဲ့လူတွေကြား သူ့ခမျာပတ်ပြေးရပါတော့တယ်။ ပတ်လည်ရိုက်အောင် ပစ်ကြခတ်ကြလွန်းလို့ ကြည့်ရတဲ့သူတောင်မောလာစေမယ့်ဇာတ်ကားပါ။ နောက်ဆုံးတော့ ဒီလိုအရှုပ်ထုပ်တွေကနေ ဂျက်စတင်တစ်ယောက်ဘယ်လိုလွတ်မြောက်လာမလဲ။ ဒီအရှုပ်အရှင်းတွေကြားမှာ တယောက်ယောက်ကများ အကျိုးအမြတ်ရသွားမလားဆိုတာ.....။Action/Comedy/Crime အမျိုးအစားဖြစ်တာကြောင့် အက်ရှင်ကြမ်းကြမ်းတွေ အခွီတွေနဲ့ တကယ့်အလန်းစားဇာတ်ကားမျိုးပါပဲ။File size…(1.5 GB)/(650 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:30:34 Subtitle….Myanmar Subtitle ...
movie
Free Fire (2016)
5.9
Beast (2022)
Beast (2022)Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ ...အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ ...
movie
Beast (2022)
2022
4K HEVC
6.2
Ted K (2021)
ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်တစ်ပုဒ်လောက် ကြည့်လိုက်ရအောင်။ အမေရိကန်ရဲ့ နာမည်ကျော် အကြမ်းဖက်သမားတစ်ယောက်အကြောင်းပေါ့။ သီအိုဒေါ ဂျေ စတင်းစကီး သို့မဟုတ် တက်ဒ် လို့ခေါ်တဲ့လူတစ်ယောက်အကြောင်းပါ။ ဒီလူဟာ အက်ဖ်ဘီအိုင်သမိုင်းမှာ အကြီးဆုံး ရှာဖွေဖမ်းဆီးရေး လုပ်ခဲ့ရတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ကိုတော့ တစ်နိုင်ငံလုံးက Unabomber လို့ သိကြပါတယ်။ တစ်ကိုယ်တော် ဗုံးသမားလို့လည်း အဓိပ္ပါယ်ထွက်သလို UNA = တက္ကသိုလ်နဲ့လေကြောင်းတွေကိုဗုံးခွဲသူလို့လည်း သိကြပါတယ်။ သူ့ကြောင့် လူ ၂၃ ယောက်ထိခိုက်ခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အက်ဖ်ဘီအိုင်လက်ကနေ ခြေရာဖျောက်နေနိုင်ခဲ့တဲ့သူလည်းဟုတ်ပါတယ်။ ဖောက်ခွဲရတဲ့အကြောင်းရင်းကတော့ စက်မှု နည်းပညာတိုးတက်မှုတွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့အရာတွေလို့ ယုံကြည်တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စက်မှုလုပ်ငန်းတွေရပ်တန့်အောင် လိုက်ပြီး အကြမ်းဖက်ခဲ့တာပါတဲ့။ သူ့ကိုဖမ်းမိတဲ့အချိန်မှာ သူ့အကြောင်းနဲ့ သူ့အတွေးအမြင်တွေကိုရေးထားတဲ့ စာမျက်နှာ ၂၅၀၀၀ လောက်ထဲကမှတ်တမ်းတွေနဲ့ စကားလုံးတွေကို အခြေခံပြီးပြန်လည်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ကြည့်ကြည့်လိုက်ပါဦး။ File ...
movie
Ted K (2021)
5.5
Seal Team (2021)
Seal Team (2021)ဒီတစ်ခေါက်မှာတော့ Seal Teamဆိုတဲ့ ကာတွန်းကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းအညွှန်းကတော့ HmmFလိုခေါ်တဲ့ ပယ်လယ်ဖျံအဖွဲကချိန်ကိုက်ဗုံးကို ကြိုးမှာဖြတ်ရာကနေအဖွဲကိုဖြိုခွဲခံခဲ့ရပါတယ်တစ်ဖက်မှာလည်း ကွင်နဲ့ ဘန်ဂျီကသူငယ်ချင်းကောင်းတွေပါခရင်းကောင်တွေပဲစားရတာငြီးငွေ့နေတဲ့သူတိုဖို သင်္ဘောပျက်တွေထဲအစာထွက်ရှာရင်း ဘန်ဂျီတစ်ကောင်ငါးမန်းစာဖြစ်သွားတဲ့အခါမှာတော့ကွင်တစ်ကောင်ဒေါသထွက်နာကျည်းပြီး လက်စားပြန်ချေဖိုပြိုကွဲသွားတဲ့အဖွဲHmmfနဲ့သွားပူးပေါင်းခဲ့ပါတယ် ကိုယ်ပိုင်အဖွဲရှာဖွဲ လေ့ကျင့်မှုတွေလုပ်ပြီးတဲ့ကွင်တိုအဖွဲက ငါးမန်းတွေကိုလက်စားပြန်ချေနိုင်မှာလား ငါးမန်းတွေကလည်းအင်အားစုပြီး အုပ်စုကြီးဖြစ်လာတဲ့အခါကွင်တိုအဖွဲလေးဘာတွေဆက်လုပ်ပြီးအနိုင်ယူကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့်ဟာသကာတွန်းကားလေးတစ်ကားဖြစ်တာမို လက်မလွှတ်တမ်းကြည့်ရှုရအောင်လားရှင်ဤဇာတ်ကားရဲ့အညွှန်းရေးသားသူက Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni& Poe ပဲဖြစ်ပါတယ် File size…1.2GB / 620MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Yunni & Poe
movie
Seal Team (2021)
2021
7.0
Maleficent (2014)
Maleficent (2014) IMDb - 7.0/10_____Rotten - 54% Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie
Maleficent (2014)
2014
6.2
The Last Days of American Crime
ဒီတစ်ခေါက်မှာတော့ စီအမ် ပရိတ်သတ်ကြီးအတွက် ဇွန်လ ၅ ရက်နေ့ကမှ ထွက်ထားတဲ့ ဇာတ်ကြမ်းကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားက ဂရေဟမ် ဘရစ် ရယ် ရှဲဘီ ဒူပရီး ရယ် ကီဗင် ကတ်ရှ် တို့ က ရဲ့ အကွက်ချပြီး ဘဏ်တိုက်ဖောက်ဖို့ကြိုးစားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဂရေဟမ် ဘရစ်က တစ်ယောက်တည်းကျန်ခဲ့တဲ့ ကြေးစားလူမိုက်လိုဖြစ်နေတာ သူ့ကို ဒူမိုးရစ် မိသားစုက လိုက်သတ်နေတယ် ဒူမိုးရစ် ရဲ့ သားက ကီဗင်ကတ်ရှ် ဒီကောင်ကလည်း သူ့အဖေနဲ့ ရန်သူလိုဖြစ်နေတာ သူ့ကောင်မလေးက ဒူပရီး အဲ့ဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူး ပြည်သူတွေကို အေပီအိုင် ဆိုတဲ့ အာရုံကြောကို ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုကို အစိုးရက အကောင်အထည်ဖော်နေတယ် ဒါကိုပြည်သူတွေက လက်မခံဘူး ဆန္ဒတွေပြကြတယ် ကနေဒါကို ထွက်ပြေးကြတယ် ထွက်ပြေးတဲ့သူတွေကို အစိုးရက ဖမ်းတယ် ထောင်ချတယ် အဲ့ဒီအခါ ပိုပြီး ဆန္ဒပြမှုတွေပြင်းထန်လာတယ် ဒါကို အစိုးရကလည်း လက်မလျော့ဘူး ဆက်ပြီး အကောင်အထည်ဖော်တဲ့ အေပီအိုင် စနစ် ချပ်စ် ပြားလေးကို လူတွေရဲ့ ဉီးနှောက်ထဲထည့်ရင် ...
movie
The Last Days of American Crime
2020
6.8
Chappie (2015)
2015 မှာ ထွက်ရှိထားတဲ့ Chappie ဆိုတဲ့ စက်ရုပ်ဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ပေးလိုက်ပါတယ်…လူသားဆန်တဲ့စက်ရုပ်တစ်ရုပ်အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်…Movie Review ကို ဖတ်ကြည့်ပါဦး..ဂျိုဟန်းနက်စ်ဘာ့ဂ်မှာ မှုခင်းတွေဆိုးဆိုးရွားရွားဖြစ်ပွားတာကိုလျှော့ချဖို့ ကြိုးပမ်းနေတဲ့ တောင်အာဖရိက အစိုးရဟာ ရဲတွေနေရာမှာစက်ရုပ်ရဲတွေကိုအစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။စက်ရုပ်တီထွင်တဲ့ ဒီဇိုင်နာဒီယွန်ဝီလ်ဆင်ဟာ လူသားတွေလိုပဲအသိဉာဏ်ရှိပြီး ခံစားမှုပါရှိတဲ့စက်ရုပ်တစ်ရုပ်ကို တီထွင်လိုပေမယ့်အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး။ဒါပေမဲ့လည်း ဒီယွန်ဟာ သုံးလို့မရတော့လို့ ဖျက်ဆီးပစ်တော့မယ့်စက်ရုပ်တစ်ရုပ်ကို သူ့အိမ်မှာ တီထွင်ဖို့ယူသွားတုန်းလမ်းမှာလူဆိုးတစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။လူဆိုးအဖွဲ့ထဲက နင်ဂျာ၊ ရိုလန်ဒီနဲ့ ရန်ကီတို့ဟာသူတို့ ဓားပြတိုက်ရာမှာသုံးဖို့အ တွက် စက်ရုပ်ကိုပြင်ပေးဖို့ဒီယွန်ကို အတင်းအကျပ်စေခိုင်းပါ တော့တယ်။ဒီလိုနဲ့ ဒီယွန်က စက်ရုပ်ထဲဆော့ဖ်ဝဲသစ်ထည့်လိုက်တဲ့ အခါမှာတော့စက်ရုပ်ဟာကလေး တစ်ယောက်လိုပြုမူခဲ့ပါတယ်။အဲဒီနောက်စကားလည်း စပြောခဲ့ပြီး သူ့ကို ချက်ပီလို့နာမည်ပေးခဲ့ကြပါတယ်။ချက်ပီကို တီထွင်တဲ့ဒီယွန်ကို နင်ဂျာက နှင်ထုတ်ခဲ့ပါတယ်။ရိုလန်ဒီက ချက်ပီရဲ့အမေဖြစ်ရတာကို သဘောကျပေမယ့်နင်ဂျာကတော့ သူတို့ဓားပြမှုမှာ မြန်မြန်ထည့်သုံးချင်နေတာမို့ချက်ပီက ကလေးလိုပဲပြုမူနေသေးတာကို စိတ်မရှည်ပါဘူး။တစ်ရက်မှာတော့ နင်ဂျာဟာ ချက်ပီကို အန္တ ရာယ်ရှိတဲ့ နေရာတစ်ခုမှာစွန့်ပစ်ခဲ့တာကြောင့်ဒီယွန်ကိုနောက် ယောင်ခံလိုက်နေတဲ့သြစတြေးလျ ဒီဇိုင်နာဗင်းဆင့်ကဖမ်းခေါ်သွားပြီးအန္တရာယ်ပြုမှာစိုးလို့ လက်တွေကို ဖြုတ်ပစ်ခဲ့ပါတယ်။အဲဒီနောက် ချက်ပီကိုယ်ထဲက ...
movie
Chappie (2015)
2015
7.9
District 9 (2009)
ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်... အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ... ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို ရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကို ဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်.. ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီး trailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း ........................ ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာ အချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ ...
movie
District 9 (2009)
2009
6.0
Gringo (2018)
Gringo ဆိုတာ စပိန်တွေက ဒါမှမဟုတ် စပိန်စကားပြောနိုင်ငံတွေက အမေရိကန်တွေကိုခေါ်တဲ့အသုံးအနှုန်းလို့ဆိုပါတယ် (ကိုးကား- ဘာဘာညာညာ)..ဒီဇာတ်လမ်းလေးက ရိုးရိုးအအ အမေရိကန်လူမည်းတစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ ဒရာမာဇာတ်မြူး မှုခင်းကားတစ်ကားဖြစ်ပါတယ်…ဟာရိုးဆိုတဲ့ အမေရိကန်လူမည်းတစ်ယောက်ဟာ သူငယ်ချင်းတစ်ယောက်ဖြစ်သူရဲ့ဆေးကုမ္ပဏီမှာ ရိုးသားကြိုးစားစွာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ပေါ့…သူ့သူငယ်ချင်းကသူ့ကို သူပိုင်တဲ့ဆေးကုမ္ပဏီမှာ အလုပ်သွင်းပေးထားရုံမက သူ့မိန်းမ အိမ်တွင်းဒီဇိုင်နာကိုလည်း သူ့အိမ်ပြင်ဆင်ဖို့ အလုပ်အပ်ထားတဲ့အတွက် ကျေးဇူးတင်နေသူတစ်ယောက်ပေါ့….သူတို့ဆေးကုမ္ပဏီက အမှန်တကယ်တော့ ဟန်ပြသက်သက်ပဲဖြစ်ပြီး တကယ်တမ်းမှာ မက္ကဆီကိုက မူးယစ်ရာဇာတွေနဲ့ဆက်သွယ်ပြီး တားမြစ်ဆေးဝါးတွေထုတ်လုပ်နေတာပါ…ဒါကို စာရင်းကိစ္စတွေပဲလုပ်ပေးရတဲ့ဟာရိုးကမသိပါဘူး….ဒီလိုနဲ့ကုမ္ပဏီအရှုံးပေါ်လာတဲ့အချိန်မှာ ဟာရိုး ဟာ အလုပ်ပြုတ်မယ့်အရေးတွေးပူနေရာကနေ ကြံရာမရဖြစ်ပြီး…သူ့သူငယ်ချင်းကုမ္ပဏီပိုင်ရှင် နောက်ကျောဓားနဲ့ထိုးမယ့်အဖြစ်တွေပါသိပြီးတော့ ပြန်ပေးဆွဲခံရတယ်ဆိုပြီး..လုပ်ကြံဖန်တီးခဲ့ပါတယ်..ဒါပေမယ့် မက္ကဆီကိုမူးယစ်ရာဇာတွေ သူ့ကိုတကယ်ပြန်ပေးဆွဲတဲ့အခါမှာတော့…..၂၀၁၈ ထွက်ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်လေးကို မြူးမြူးလေးရိုက်ပြထားပါတယ်နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲဆောင်ခေါ်ယူသွားမှာဖြစ်ပြီး ၁၈+ဒိုင်ယာလော့တွေပါတယ်ဆိုတာကိုလည်း ပြောပြထားပါရစေRatings IMDb – 6, Rotten tomatoes – 41%, Google users – 70% (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File ...
movie
Gringo (2018)
2018
6.8
The A-Team (2010)
Non-stop Action ဇာတ်ကားတစ်ကားဖြစ်တဲ့ The A-Team ကို ဒါရိုက်တာ Joe Carnahan ရိုက်ကူးခဲ့ပြီး IMDb 6.8 ရရှိထားပါတယ် *ဆေးပြင်းလိပ်ခဲပြီး အစီအစဉ်ဆွဲရတာဝါသနာပါတဲ့ ကာနယ်ဟန်နီဘယ်စမစ်အဖြစ် Liam Neeson* မျက်နှာများတဲ့ စော်ကြည်ဘဲ Face အဖြစ် Bradley Cooper *ခွန်အားဗလကြီးသလောက် အသည်းငယ်တဲ့ ဘီအေဘရာကပ်စ် အဖြစ် Quinton*a *ဂေါက်ကြောင်စကားလုံးတွေကြောင့် ရယ်မောကြရမယ့် မားဒေါ့အဖြစ် Sharlto Copley* တို့က ဦးဆောင်ပါဝင်ထားပါတယ် ကာနယ်ဟန်နီဘယ်စမစ်ဦးဆောင်သော လူလေးဦးဖြင့်ဖွဲ့စည်းထားသည့် အယ်လ်ဖာတပ်ဖွဲ့ဝင် များဟာ စွန့်စားစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာ ပျော်မွေ့ကြသူများဖြစ်ကြပါတယ် ဒေါ်လာရိုက်နှိပ်ရာတွင် အသုံးပြုသော ပျောက်ဆုံးပုံနှိပ်တံဆိပ်ပြားများ ဘက္ကဒက်တွင် ရောက်ရှိနေသည်ဟုသတင်းရပြီး ကာနယ်စမစ်နှင့်အဖွဲ့က ပြန်လည်လုယူခဲ့ကြပါတယ် ထိုတံဆိပ်ပြားများကို ခိုးယူရောင်းချလိုသူများထဲတွင် ထိပ်ပိုင်းအရာရှိများလည်းပါဝင်ခဲ့ရာ.......စကားချပ်။ ။ ကျည်ဆံများဇာတ်ကားထဲမှထွက်လာပြီး ထိမှန်နိုင်သောကြောင့် ကျည်ကာဝတ်၍ ကြည့်ကြပါကုန်။ File Size : (956 MB) and (327 MB) Quality : BluRay 1080p Running Time : 1hr 57min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
The A-Team (2010)
2010
5.8
Oldboy (2013)
တူကြီးကိုင်ပြီး ပွဲကြမ်းနေတဲ့ မင်းသားကြီး Choi Min‑sik ရဲ့ ကိုရီးယားဇာတ်ကား Oldboy(2003) ကို အတော်များများသိကြမှာပါ... နိုင်ငံတကာမှာလဲ ချီးကျူးခံရတဲ့ အဲ့ဒီ့နာမည်ကြီးကိုရီးယားဇာတ်ကားကို အနောက်တိုင်းက Remark အနေနဲ့ Oldboy(2013)ကို ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ မင်းသားကြီး Josh Brolin နဲ့ မင်းသမီးချော Elizabeth Olsen တို့မှ အဓိကပါဝင်ထားပါတယ်။ ကိုရီးယားဇာတ်ကားလောက်မအောင်မြင်ခဲ့ပေမယ့် Remark အနေနဲ့ သူ့ဟာနဲ့သူတော့ မတူတဲ့ရသတစ်မျိုးကို ပေးထားနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Oldboy ရဲ့ဇာတ်လမ်းအရသာက ကိုယ်တိုင်ခံစားကြည့်ရှုမှ အကောင်းဆုံး အရသာရနိုင်တာမို့ ဇာတ်လမ်းအကြောင်းမပြောပြခဲ့တော့ပါဘူး။ မင်းသမီးချော Elizabeth Olsen ကို Marvel Superhero ထဲက Scarlet Witch အဖြစ်လူသိများပြီး Infinity War ဇာတ်ကားထဲက ကမ္ဘာဖျက်ဗီလိန် Thanos အဖြစ် မင်းသားကြီး Josh Brolin မှပါဝင်ထားတာကြောင့် သူတို့နှစ်ယောက်ကို Infinity War ထဲမှာ ပူးတွဲမြင်တွေ့ရဖို့လဲ ရှိပါသေးတယ်။File Size…(900 MB)Quality…BluRay-Rip 720pFormat…mp4 Duration…01:44:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung
movie
Oldboy (2013)
2013