Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sharib Hashmi
6.5
Sharmajee Ki Beti (2024)
Sharmajee Ki Beti (2024) "ရှာမာဟူသော အမျိုးသမီးများ"IMDb 6.5 ရထားတဲ့ ဟင်ဒီ ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ တင်ဆက်လို့မကုန်နိုင်တဲ့ အမျိုးသမီးတို့ ဗဟိုပြု female empowerment ရုပ်ရှင်လေးပါဒီရုပ်ရှင်လေးမှာ မတူတဲ့အရွယ်သုံးပါးက ရှာမာ အမည်ရှိအမျိုးသမီး ၅ ယောက်ရဲ့ ဘဝ၊ အိပ်မက်နဲ့ အခက်အခဲတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားပါတယ် ယောကျာ်းက ချမ်းသာပေမယ့် ဂရုစိုက်မခံရတဲ့ အိမ်ရှင်မ အမျိုးသမီး ကီရန်ရှာမာ၊ တစ်ဖက်မှာကျ ဆရာမအလုပ်နဲ့ လုံးပမ်းနေရလို့ သမီးလေးကို အချိန်မပေးနိုင်တဲ့ ဂျိုတီရှာမာ စီနီယာအမကြီးတွေရဲ့ ရင်သားဖွံ့ထွားမှု၊ ကောင်လေးတွေ အာရုံစိုက်ခံရတာတွေကို အားကျလို့ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေကြတဲ့ ၁၄ နှစ်အရွယ်ကျောင်းသူလေးနှစ်ယောက် ငယ်ရွယ်နုပျိုပြီး ထက်မြက်တဲ့အပြင် သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့ ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတဲ့ ခရစ်ကတ်မယ်လေး တန်ဗီတို့ရဲ့ …အလှနဲ့ ဘဝ၊ အခက်အခဲ အကျပ်အတည်းတို့ကို ပေါ့ပါးပါးပါးကြည့်ရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာအညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ~ ToMo ~ Alex ~ KKKZ တို့ ...
movie
Sharmajee Ki Beti (2024)
2024
6
Zara Hatke Zara Bachke (2023)
Zara Hatke Zara Bachke (2023) အိမ်ကလေးတစ်အိမ်IMDb - 6.5/10ဒီနေ့မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ castတွေကတော့ ဆာရာအလီခန်းနဲ့ ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။ တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့ သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။ ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေ ပြန်ရထားတဲ့ဇာတ်ကားလေးပါ။ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။ တစ်ရက်တော့ နေစရာအိမ်မရှိလို့ သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။ ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။ ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။ ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကို အဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။ သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။ ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကို အိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ ...
movie
Zara Hatke Zara Bachke (2023)
2023
6.9
Fighter (2024)
Fighter (2024) WEB-DL ကြည်တောက်ရှင်း =========== Imdb6.9/10 အားလုံးပဲစောင့်မျှော်နေတဲ့ လက်ပွားမင်းသားရီသိက်ရိုရှန်နဲ့ အိန္ဒိယရဲ့တန်ကြေးအကြီးဆုံးမင်းသမီးစာရင်းဝင် ဒီပီကားပါဒူကွန်းတို့ရဲ့ အက်ရှင်ကားလေးကတော့ အကြည်ဗားရှင်း ထွက်လာပါပြီ...ရုံတင်ရက်တွေ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရပေမယ့် ရုံတင်ချိန်မှာတော့ world wide ၃၃၇.၂ ကုဋေထိ အသားတင်ဝင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။CM Bollywood ပရိသတ်ကြီးကို တစ်ခုလောက်မေးပါရစေ တိုက်လေယာဉ်တွေ စတန့်ထွင်ပြီးမောင်းပြမယ်။ Ninja Kawaski ဆိုင်ကယ်ကြီးမှာ ဂျက်ဖိုက်တာဂျက်ကက်ကြီးဝတ်ပြီး စော်ကိုတင်ပြီး လျှောက်ပတ်မောင်းမယ်။ ပါဖြောင့်ရုပ်ချောမင်းသားရယ် အလန်းအချောမင်းသမီးတို့ ရေကူးဝတ်စုံလေးတွေဝတ်ပြီး အပန်းဖြေတဲ့အခန်းလေးလည်းပါမယ်။ အဲ့ဒါဘာဇာတ်ကားဖြစ်မလဲ.... ဟုတ်ပါတယ် တွမ်ခရုရဲ့ Top Gun ရုပ်ရှင်ပါပဲ အောင်မြင်လွန်းလို့ ဘိုးတော်အရွယ်ရောက်မှ နောက်တစ်ကားထပ်ထွက်လည်း ထပ်အောင်မြင်ပါသေးတယ်... အခုလက်ပွားဦးဆောင်ပါဝင်ထားတဲ့ကားကလည်း Top Gun ဘောလိဝုဒ်ဗားရှင်းပါပဲအိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံကြားက မရိုးနိုင်တဲ့တိုက်ပွဲတွေကို အခြေခံလို့ ဇာတ်လမ်းဆင်ထားပါတယ်။ အိန္ဒိယလေတပ်က ဇွတ်တရွတ် တိုက်လေယာဉ်မှူးနဲ့ မင်းသမီးချောချောလေးနဲ့ အချစ်ဇာတ်လမ်း ဘာညာ အက်ရှင်အသားပေးတင်ဆက်ထားပါတယ်။ ဘောလိဝုဒ်အနေအထားနဲ့ဆို ရှယ်လန်းတဲ့ အက်ရှင်စွန့်စားခန်းတချို့ကို မြင်တွေ့ရမှာဖြစ်ပြီး မင်းသားရော မင်းသမီးရော ဇာတ်ရုပ်နဲ့ လိုက်ဖက်ညီတဲ့ ဝါရင့်သရုပ်ဆောင်တွေမလို့ bollywood ဖန်တွေ ကျေနပ်အားရမယ့်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ကြည်တောက်ရှင်းဗားရှင်းလေးနဲ့ခံစားအားပေးကြပါဦးအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ် File size… 3.7 GB ...
movie
Fighter (2024)
7.0
Tarla (2023)
Tarla(2023)CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။ သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ ယောကျာ်းကိုမိသွားတဲ့အခါ ...။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့ နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ...
movie
Tarla (2023)
2023
6.7
Shiv Shastri Balboa (2023)
Shriv Shastri Balboa(2023) IMDb 6.8/10 Comedy/Dramaမင်းသားကြီး Arnupam Kherရဲ့ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Jugal Hansraj၊ Nargis Fakhri စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ အငြိမ်းစားယူထားတဲ့ လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုတွေဟာ ရော့ကီရုပ်ရှင်ကြောင့် ဖြစ်တည်လာတာလို့ပြောရရင်လည်း မမှားပါဘူး။ရှာစတီဟာ ကျန်ရှိနေတဲ့သူ့ရဲ့ဘဝကို တစ်ဦးတည်းသောသားလေးရှိတဲ့ အမေရိကန်မှာ နေထိုင်ရင်း ကုန်ဆုံးဖို့အတွက် ခရီးစတင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ဟာ ဓလေ့တွေ နေထိုင်ပုံတွေ အကုန်ကွဲပြားနေတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့အတွက် နေသားကျဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ မိသားစုရှိရာကိုပြောင်းလာခဲ့ပေမယ့်လည်း အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့သာ အဖော်ပြုနေထိုင်ရင်း အချိန်ကုန်ဆုံးနေရပါတယ်။ အမေရိကန်မှာ နေထိုင်နေရတဲ့ သူ့ရဲ့ဘဝဟာ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာကို ဟာသလေးလည်းနှောရင်း ကြည့်ရှုကြရမယ့် မိသားစုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Voldemort~Zwe ~Cherry~BpL
movie
Shiv Shastri Balboa (2023)
5.2
Afwaah (2023)
Afwaah (2023) ********************* IMDb-5.2/10Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ.....။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.78GB / 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~BpL~ThaikSan
movie
Afwaah (2023)
2023
7.1
Vikram Vedha (2022)
Vikram Vedha (2022)ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ် သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့...။ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က အဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား...။ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်...။ဗစ်ကရမ်...။ သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင် လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာ အားကိုးရတဲ့ရဲတစ်ယောက်...။ဗေဒါး...။ သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်...။လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်း သတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်...ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖို့ပဲအဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့ အကြောင်းဖန်လာပါတော့တယ်...ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်...လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…3.14GB / 1.26GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~Thaik San
movie
Vikram Vedha (2022)
2022
9.3
Mission Majnu(2023)
Mission Majnu (2023) Action, Drama, History IMDb 9.3/10 (5.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်ကားလေးမှာတော့ မင်းသားချောလေး ဆဒ်ဒါသ်မလိုသရားနဲ့ အားလုံးရဲ့အသည်းစွဲမင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားက အဓိကပါဝင်သရုပ်ဆောင်ပေးထားပြီး Netflix မှ Streaming လုပ်လာတဲ့ ကားလေးပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း အမေရိကန်ဟာ ဂျပန်ကို အဏုမြူဗုံးကြဲချလိုက်ပြီးနောက် စစ်ပွဲကာလကြီး ပြီးဆုံးသွားခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကမ္ဘာပေါ်မှာ သူ့ထက်ငါအပြိုင် နျူးကလီးယားဗုံးတီထွင်ဖို့ လုပ်လာကြပါတယ်။ဒီထဲမှာမှ အရှေ့တောင်အာရှတိုက်အတွင်း အိန္ဒိယနိုင်ငံဟာ ၁၉၇၄ခုနှစ် မေလ ၁၈ရက်နေ့ မနက်ပိုင်းမှာ နျူးကလီးယားဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဒါကို ရန်လိုနေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံဟာလည်း အလားတူ နျူးကလီးယားဗုံးမျိုးကို တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်။တစ်ဖက်မှာ အိန္ဒိယနိုင်ငံဟာ တရားမဝင် စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝိုင်းဝန်းရှုတ်ချခိုင်းနေခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ တစ်ဖက်မှာလည်း ကမ္ဘာကြီးမသိအောင် နျူးကလီးယားအစိတ်အပိုင်းတွေကိုမှောင်ခိုတင်သွင်းနေပါတော့တယ်။ဒါကို ရိပ်မိလာတဲ့ အိန္ဒိယဟာလည်း ပါကစ္စတန်နိုင်ငံထဲ သူလျှိုတွေလွှတ်ပြီး ဒီအစိတ်အပိုင်းတွေကို ဖျက်ဆီးရပါတော့မယ်။ကဲ ဆက်လက်ပြီး ဒီစစ်ဆင်ရေးကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြတော့နော်...။ File size…1.69GB / 847MB Quality…1080p NF ...
movie
Mission Majnu(2023)
2023
8.0
Slumdog Millionaire (2008)
ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။၁၅ ...
movie
Slumdog Millionaire (2008)
6.5
Dhaakad(2022)
Dhaakad(2022) အညွှန်း*********************အထူးအေးဂျင့် အက်ဂါနီနဲ့ အဖွဲ့ဝင်နောက်တစ်ယောက်တို့ဟာမစ်ရှင်တစ်ခုထမ်းဆောင်ဖို့ စတင်လှုပ်ရှားခဲ့တယ်...လျှို့ဝှက်လုပ်ဆောင်တယ်ဆိုပေမဲ့ သတင်းပေါက်ကြားသွားပုံကြောင့်အက်ဂါနီတို့ ၂ယောက်ကို စစ်တပ်တစ်တပ်စာလောက်ကအသင့်စောင့်နေလို့အဖွဲ့ဝင်တစ်ယောက်သေဆုံးသွားတယ်...ဌါနချုပ်က အက်ဂါနီကို မစ်ရှင်ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့ပေမဲ့အက်ဂါနီက ရူးမိုက်စွာ ဆက်လုပ်ခဲ့တဲ့အပြင်မလိုအပ်ဘဲ လူများစွာသတ်ဖြတ်ခဲ့တယ်...ဒီအခြေအနေကို ဌါနချုပ်က သူတွေလည်းအတော်စိတ်ပျက်သွားတယ်..အဲ့ဒီနောက်မှာတော့ အေးဂျင့်အက်ဂါနီကိုလုံးဝက်ခက်ခဲတဲ့ တာဝန်တစ်ခုထမ်းဆောင်ဖို့ သီးခြားစေလွှတ်လိုက်တယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...မင်းသမီးကြီး Kangana Ranaut အဓိက ပါဝင်ထားသလိုစတန့်ခန်းတွေလည်း သူကိုယ်တိုင်ပါဝင်ထားပြီးအဖော်အချွတ် မူးယစ်ဆေး စတဲ့ အိန္ဒိယ သိပ်မဆန်တဲ့ဇာတ်ဝင်ခန်းများစွာနဲ့ သူမရဲ့ ပြင်ပလူနေမှုပုံစံက ဒီရုပ်ရှင်ရဲ့Rating အပေါ်သက်ရောက်မှုရှိခဲ့ပုံပါပဲ..မင်းသားကြီး Arjun Rampal လည်းပါဝင်ပွဲကြမ်းထားတာမို့ဘာပဲဖြစ်ဖြစ် အမိုက်စားအက်ရှင်တွေနဲ့တမူထူးတဲ့ တင်ဆက်ပုံတွေကြောင့် ခံစားကြည့်ကြပါလို့.. File Size :(4GB) (1.5GB) (759 MB) and (253MB) Quality : 4K,WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:15:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat ...
movie
Dhaakad(2022)
4K HEVC Web-DL
6.0
Batti Gul Meter Chalu (2018)
Batti Gul Meter Chalu (2018) ဒီဇာတ်ကားကတော့ Kabir Singh မင်းသား Shahid Kapoor နဲ့ Yami Gautam တို့အပြင် နာမည်ကြီး မီဇားပူးဇာတ်လမ်းတွဲထဲက Munna Tripathi ဆိုတဲ့ Divyenndu တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Comedy,Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း SK, Lalitaနဲ့ Sundarတို့သုံးဦးဟာ အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ Sundarရဲ့ ပုံနှိပ်တိုက်ကို မီတာဘေ(လ်) မတန်တဆ အတောင်းခံရတဲ့အခါမှာတော့ Sundar ဟာ သူ့ကိုယ်သူ အဆုံးစီရက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ငယ်သူငယ်ချင်းတစ်ယောက်လုံး ဆုံးရှူံးလိုက်ရတဲ့ ရှေ့နေ SKပန့်(တ်)ဟာ မီတာဘေ(လ်) မတန်တဆတောင်းတဲ့ SPTL လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကို တရားစွဲဆိုပါတော့တယ် ...တရားရုံးက ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ သူ့ သူငယ်ချင်းအတွက် တရားမျှတမှု ရမှာလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...။ (ဘာသာပြန်သူတွေကတော့ Myint Thu ...
movie
Batti Gul Meter Chalu (2018)
7.5
Helmet(2021)
Helmet(2021)အညွှန်း******************MDb rating 7.5အထိရရှိထားတဲ့ Comedy Dramaအမျိုးအစားဟင်ဒီအမျိုးအစား ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ဖြစ်တော့ ဟိုး ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ အရှေးကူးမားရဲ့ Padman ရုပ်ရှင်ကိုတောင် သတိရမိပါသေးတယ်။ အဲ့ဒီတုန်းကတော့ ရှေးရိုးစွဲတဲ့လူအများစုရှိတဲ့ အိန္ဒိယလိုနိုင်ငံမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းသုံးစွဲဖို့ ခက်ခဲကြတဲ့အတွက် လစဉ်သုံးပစ္စည်းတွေကို ထွင်ပြီး သုံးစွဲစေခဲ့သူတစ်ယောက်အကြောင်းပေါ့။ဒီကားထဲမှာကျတော့ အမျိုးသားတွေဘက်ကို လှည့်ထားတယ်။ အမျိုးသားတစ်ယောက် အမျိုးသမီးနဲ့ နှစ်ဦးသဘောတူ နေချင်လာတဲ့အခါ အခုလို အဘက်ဘက်က တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အိမ်ထောင်သည်ဆိုရင် သားဆက်ခြားဖို့ ၊ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ၊ အိမ်ထောင်မရှိတဲ့ လူပျိူလူလွတ်ဆိုရင် အတူနေအမျိုးသမီး ကိုယ်ဝန်ရပြီး နောက်ဆက်တွဲပြသနာတွေမဖြစ်ဖို့ ကွန်ဒုံးဆိုတဲ့ ပစ္စည်းလေးကို မရှိမဖြစ် သုံးရ ဆောင်ထားရမှာပါ။ဒါပေမယ့် ရှေးရိုးစွဲသူတွေ အများကြီးရှိနေဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံလေ... ကွန်ဒုံးဝယ်ရတာမျိုး ၊ ဆောင်ရတာမျိုးကို ရှက်စရာလုပ်ရပ်တစ်ခုလို သဘောထားပြီး မသတီတဲ့မျက်လုံးမျိုးနဲ့ ဝိုင်းကြည့်ကြမှာမလား... အိန္ဒိယနိုင်ငံတင် မဟုတ်ပါဘူး ၊ မြန်မာနိုင်ငံအပါအဝင် အလားတူ အရှေ့တိုင်းနိုင်ငံအများစုမှာ ဒီကိစ္စက ရှက်စရာတစ်ခုလို ဖြစ်နေပါတယ်။ရောင်းသူအတွက်ရော ဝယ်သူအတွက်ပါမက အရွယ်ရောက်သူတိုင်း ဒီကားလေးကို ကြည့်စေချင်တယ်။ ကွန်ဒုံးပြဿနာကို ဇာတ်လမ်းကဦးတည်ထားပေမယ့် ရယ်စရာလေးတွေ ၊ အူမြူးစရာလေးတွေနဲ့ ပရိတ်သတ်ကို ပေါ့ပေါ့ပါးပါး ခံစားချက်မျိုး ...
movie
Helmet(2021)
6.8
Jab Tak Hai Jaan (2012)
Samar မျက်နှာ စူပုတ်ပုတ်နဲ့ ရဲ့ရင်တဲ့ ဗုံးရှင်းသမား၊ ဗုံးတစ်လုံး ဖြုတ်ပြီးတိုင်း အေးဆေးတဲ့ နေရာမှာ တစ်ယောက်ထဲ အနားယူ တတ်တယ်။ သူ့ဘဝရဲ့ ၉၈ လုံးမြောက် ဗုံးကို ဖြုတ်ပြီး ကမ်းခြေဘက်မှာ တစ်ယောက်ထဲ အနားယူနေတဲ့ အချိန် Akira ဆိုတဲ့ မိန်းမလှလေး ရေနစ်လို့ ဆင်းကယ်ပြီး အနွေး ဓါတ်ရဖို့ Samar ရဲ့ အပေါ် အနွေးထည်ကို ပေးလိုက် မိရာမှာ မထင်မှတ်ပဲ Samar ရဲ့ Diary ကို Akira ရသွားပြီး Samar ရဲ့ လွမ်းစရာ ကောင်းတဲ့ London က အချစ် ဇာတ်လမ်းကို သိခဲ့ရပြီး Samar ကို Akira တစ်ယောက် စိတ်ဝင်စားခဲ့ပါတယ်။ Akira ဆိုတာ Discovery Channel မှာ မှတ်တမ်းရုပ်ရှင် ...
movie
Jab Tak Hai Jaan (2012)
2012
HEVC 1080p 5.1
7.4
Darbaan (2020)
Darbaan (2020)သံ ..... ယော ..... ဇဉ် .....စကားက ၃ လုံးထဲ။ တွယ်မိငြိမိရင် လူကို အဆုံးထိအောင် နွယ်ပတ်နေတတ်တာမျိုး အဆုံးထိအောင် လောင်ကျွမ်းစေတတ်တာမျိုး။သံယောဇဉ် ဆိုတာ အစမထားမိရင် ဘာမှမဖြစ်တတ်တဲ့အမျိုး။ စမိရင်တော့ အဆုံးမရှိ။ဒီဇာတ်လမ်းကတော့ ၁၈၉၁ ခုနှစ်တုန်းက ဝတ္ထုတိုကို ပြန်ပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။ သံယောဇဉ်ကြိုး နှောင်ဖွဲ့ထုံးတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ရိုင်ချာရန် ဆိုတဲ့ ကလေးထိန်းတစ်ယောက်အကြောင်းပါ။ ကလေးထိန်းနဲ့ ကလေးရဲ့ သံယောဇဉ်အကြောင်းကို ထိထိမိမိ တင်ပြထားခဲ့တာပါ။ဇာတ်လမ်းအကြောင်းကို အကျဉ်းရှင်းရင်တောင် ဇာတ်ကြောင်းပေါ်ပြီး ကြည့်မကောင်း ဖြစ်သွားနိုင်တာမို့ စပွိုင်းမပါဘဲ ရိုင်ချာရန် အကြောင်းလို့သာ မှတ်ယူပြီး ကြည့်စေချင်ပါတယ်။ကြည့်မိအောင်သာ ကြည့်ပါ။ ရင်ထဲကို ထိသွားစေရပါမယ်။ မျက်ရည်မခိုင်တဲ့လူဆို မျက်ရည်ကျမိမှာ အသေအချာပါပဲ။ အာရှကားတွေရဲ့ ဒရာမာအချိုးအကွေ့တွေက အာရှသားတွေရဲ့ရင်ကို ယိုင်နဲ့သွားစေမှာတော့ အမှန်ပါပဲ။IMDb - 7.4/10 ဆိုတာကတော့ အလကား မဟုတ်တာ ကြည့်မိရင် သိပါလိမ့်မယ်။Review, Translate and Encode - ...
movie
Darbaan (2020)
2020
7.4
Ujda Chaman(2019)
Ujda Chaman(2019)IMDb...7.4(unicode)တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ချာမန်ဟာ အသက်သုံးဆယ်အရွယ်လူပျိုကြီးတစ်ယောက်..သူ့မှာအိမ်ရှိတယ် မိသားစုကောင်းတယ် ...အစိုးရအလုပ်လဲရှိတယ်... ရုပ်ရည်လဲရှိတယ်... ဒါပေမယ့်..မရှိသေးတာက မိန်းမဖြစ်နေတယ်.... သူကိုယ်တိုင်ကလည်း အိမ်ထောင်ဖက်ချစ်သူကို အရမ်းလိုအပ်နေပေမယ့် သူ့မှာဖျက်နေတာတစ်ခုက ထိပ်ပြောင်နေတာပါဘဲ..သူ့ရဲထိပ်ပြောင်မှုကြောင့် ဘယ်မိန်းကလေးမိသားစုကမှ လက်မခံကြဘူး..တစ်နေ့တော့အွန်လိုင်းပေါ်ကနေ မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ချိန်းခဲ့ကြတယ်..ထိပ်ပြောင်လို့ အိမ်ထောင်ဖက် မရဘူးလို့ ဘယ်သူပြောလဲဗျာ.....လိုင်းပေါ်ကသိတဲ့ မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ ချိန်းလိုက်တယ်....အဲ့ဒီမှာ ဇာတ်လမ်းက စတော့တာပဲ... ဘယ်လို အလွဲတွေနဲ့ ခွီးနေရမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး.... အိန္ဒိယ ဟာသဇာတ်မြူးကားကောင်းမို့ ဆက်လက်ကြည့်ရှုကြပါကုန်... IMDb ...7.4 လည်းရရှိထားပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....(zawgyi) တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ချာမန်ဟာ အသက်သုံးဆယ်အရွယ်လူပျိုကြီးတစ်ယောက်..သူ့မှာအိမ်ရှိတယ် မိသားစုကောင်းတယ် ...အစိုးရအလုပ်လဲရှိတယ်... ရုပ်ရည်လဲရှိတယ်... ဒါပေမယ့်..မရှိသေးတာက မိန်းမဖြစ်နေတယ်.... သူကိုယ်တိုင်ကလည်း အိမ်ထောင်ဖက်ချစ်သူကို အရမ်းလိုအပ်နေပေမယ့် သူ့မှာဖျက်နေတာတစ်ခုက ထိပ်ပြောင်နေတာပါဘဲ..သူ့ရဲထိပ်ပြောင်မှုကြောင့် ဘယ်မိန်းကလေးမိသားစုကမှ လက်မခံကြဘူး..တစ်နေ့တော့အွန်လိုင်းပေါ်ကနေ မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ချိန်းခဲ့ကြတယ်..ထိပ်ပြောင်လို့ အိမ်ထောင်ဖက် မရဘူးလို့ ဘယ်သူပြောလဲဗျာ.....လိုင်းပေါ်ကသိတဲ့ မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ ချိန်းလိုက်တယ်....အဲ့ဒီမှာ ဇာတ်လမ်းက စတော့တာပဲ... ဘယ်လို အလွဲတွေနဲ့ ခွီးနေရမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး.... အိန္ဒိယ ဟာသဇာတ်မြူးကားကောင်းမို့ ဆက်လက်ကြည့်ရှုကြပါကုန်... IMDb ...7.4 လည်းရရှိထားပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....File Size : (900 MB) and (336 MB) Quality : WEB-DL 720p Format…mp4 Duration…02:00:00 Genre ...
movie
Ujda Chaman(2019)
6.5
Vodka Diaries (2018)
ဒီဇာတ်လမ်းလေးက စိတ်ဝင်စားစရာဇာတ်လမ်းပါပဲလို့ ပြောပါရစေ။အာရွှင်နီဆိုတဲ့ အေစီပီတစ်ယောက်ရယ်၊ ကဗျာဆရာမဇနီးရယ်၊ လူသတ်မှုတွေရယ်နဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြထားပါတယ်။အေစီပီရဲ့ ဇနီးဟာ နူးညံ့တဲ့ အနုပညာကို ဝါသနာကြီးပြီး လင့်အပေါ် ဖျစ်ညှစ်ပြီး နားလည်ပေးနေရသူပါ။ဇာတ်လမ်းအစမှာ အေစီပီဟာ အပန်းဖြေခရီးတစ်ခုကို ကဗျာကြိုက်တဲ့ ဇနီးနဲ့ အတူ ထွက်လာခဲ့ပါတယ်။မကြာမီမှာပဲ အေစီပီဟာ လူသတ်မှုတစ်ခုကို ကိုင်တွယ်ခဲ့ရတယ်။အဲ့ဒီအမှုကို လိုက်ရင်း လူသတ်မှု သုံးခု ဆက်တုက် ဖြစ်ပွားခဲ့တယ်။အေစီပီအာရွှင်နီလည်း ဒီအမှုတွေကို ကိုင်တွယ်ရင်း လူသတ်မှုတွေကို ကြိုးကိုင်သူဆီက ဖုန်းခေါ်ဆိုမှု တစ်ခု ရရှိခဲ့ပါတယ်။၎င်းဟာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး အေစီပီရဲ့ ဇနီးကိုလည်း ပြန်ပေးဆွဲခေါ်ယူသွားပြီဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ဒီလိုနဲ့ အေစီပီဟာ ဇနီးကိုဖမ်းခေါ်သွားတဲ့ လူသတ်မှုတွေရဲ့ တရားခံကို လိုက်ရှာရင်းသူစစ်ဆေးဆဲ အလောင်းတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ဖုန်းခေါ်ဆိုမှုတွေအရ သဲလွန်စတွေပေးရာမှာတော့.... ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ ပေါ်ထွင်လာပါတော့တယ် ။အဲ့ဒီအဖြစ်အပျက်၊လှည့်ကွက်တွေကတော့....... ။အလောင်းတွေ ဘယ်ရောက်သွားတာလဲ?အေစီပီရဲ့ ဇနီး ဘယ်ရောက်သွားလဲ?အေစီပီရဲ့ ဇနီးနဲ့ ဓာတ်ပုံအတူရိုက်ထားတဲ့ ...
movie
Vodka Diaries (2018)
2018