Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shareefa Daanish
6.7
Menjelang Ajal aka Nearing Death (2024)
Menjelang Ajal 2024 Imdb 6.7အသစ်ထွက်ရှိလာတဲ့အင်ဒိုသရဲကားကောင်းကိုတင်ဆက်ပေးထားပါတယ် သရဲကားကောင်းကောင်းရှာနေသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါပဲလို့ညွှန်းဆိုလိုက်ပါတယ်မိသားစု၄ယောက်ကို စားသောက်ဆိုင်လေးဖွင့် အလုပ်ကြိုးစားပြီးရှာဖွေကျွေးမွေးနေတဲ့ဆဲခါ သားအကြီးဆုံးကို ကောလိပ်ပို့ချင်ပေမဲ့ သားဖြစ်သူကကျောင်းဆက်မတက်ဘဲ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်ဆိုလို့ အိမ်ပေါ်ကနှင်ချထားတော့ အိမ်မှာသူနဲ့အငယ်လေးတွေပဲကျန်ခဲ့တာပေါ့ ဒီလိုအားကိုးမရှိချိန် ထူးဆန်းတာတွေစဖြစ်လာခဲ့ပါတယ်ဇာတ်လမ်းကတော့ စားသောက်ဆိုင်ဖွင့်ထားကြတော့ သန့်ရှင်းမှုကအဓိကပဲမလား ဒါကိုအပြင်ကလူတွေက ဆိုင်ကိုညစ်ပတ်နေတယ်လို့မြင်လာကြတယ် ပိုဆိုးတာက အခုလေးတင်ပူပူလောလောချထားတဲ့ထမင်းက ဝယ်သူဝယ်သွားပြီးတော့ သိုးနေတယ်လို့ပြန်လာကွန်ပလိန်းတက်ကြတာပါပဲ စားသောက်ဖွယ်တွေကစပြီး ပြောင်းလဲလာတဲ့သူတို့အိမ်မှာကပ်ရှားနေတာက ဘာများဖြစ်မလဲ အစားအသောက်နဲ့တင်ပြီးမလာဘဲ ဘယ်လိုတွေဆက်လက်အန္တရာယ်ပေးသွားမယ်ဆိုတာကတော့ ...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်) File size… 1.2GB / 553MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ ToMo ~ Alex
movie
Menjelang Ajal aka Nearing Death (2024)
6.4
Macabre (2009)
ဒီတစ်ခါမှာတော့ Horror ဇာတ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးကို rating 6.4/10 အထိရရှိထားတဲ့Macabreဆိုတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကို Kimo Stamboel က ဒါရိုက်တာအဖြစ်ကော ဇာတ်ညွှန်းရေးဆရာအဖြစ်ကော တာဝန်ယူရိုက်ကူးထားပြီး အင်ဒိုနီးရှားရုပ်ရှင်သရုပ်ဆောင်အကျော်အမော်တွေဖြစ်တဲ့ မင်းသား Ario Bayuနဲ့ မင်းသမီး JulieEstellaကပါဝင်အားဖြည့်ရိုက်ကူးထားပါတယ် ဇာတ်လမ်းအစမှာ မိဘတွေအက်ဂျီကြောင့်ကားမတော်တဆမှုဖြစ်ပြီးဆုံးသွားလို့ ခပ်တန်းတန်းဖြစ်သွားတဲ့ ညီမဖြစ်သူလိုင်ဒီယာနဲ့ အက်ဂျီတို့ မောင်နှမနှစ်ယောက်ကို ပြန်လည်ပေါင်းစည်းဖို့ကြိုးစားကြပုံနဲ့အစပျိုးထားပါတယ် အဲ့နောက်မှာတော့ ညီမဖြစ်သူလိုင်ဒီယာတစ်ယောက်အကိုဖြစ်သူတို့အက်ဂျီနဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည် အက်စ်ထရစ်တို့အတူတူဂျာကာတာမြို့ကိုသွားတော့မှာဖြစ်တဲ့အတွက် လိုက်ပို့လိုက်ပါတယ် ဒီလိုနဲ့အက်ဂျီတို့ငါးယောက် ဂျာကာတာကိုသွားတဲ့လမ်း ညကြီးမိုးချုပ်မှာ လမ်းမှာမျှော်လင့်မထားဘဲ ကောင်မလေးတစ်ယောက် ဒုက္ခရောက်နေတာတွေ့လိုကူညီဖို့ဆုံးဖြတ်လိုက်ကြပြီး ကားအသွားမလာမရှိတာနဲ့ အိမ်အထိလိုက်ပို့ပေးလိုက်ကြပါတယ် သူတို့တစ်တွေ လမ်းမှာကူညီပေးလိုက်တဲ့ ကောင်မလေးနာမည်ကဆိုနီဖြစ်ပြီး ကောင်မလေးအိမ်ကိုရောက်တဲ့အခါမှာတော့ ထင်မှတ်မထားတဲ့အရာတွေနဲ့တွေ့ကြုံလိုက်ရပါတော့တယ် အဲ့တာကတော့ဆိုနီတို့မိသားစုဟာ အိမ်ကိုရောက်လာတဲ့ ဧည့်သည်တွေကို စားကောင်းသောက်ဖွယ်တွေနဲ့ဧည့်ခံကျွေးမွေးပြီး ဆေးခတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ပြီး ကလိစာတွေကိုလူချမ်းသာတွေထံပြန်လည်ရောင်းချတာပဲ ဖြစ်ပါတယ် သူတို့တွေ ဒီအိမ်ကြီးမှာဘယ်လိုရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့လုပ်ရက်တွေကို ရင်ဆိုင်ကြုံတွေ့ကြမလဲသူတို့တွေ ဒီအိမ်ကြီးကနေ အသက်ရှင်လျက်လွတ်မြောက်အောင် ...
movie
Macabre (2009)
5.1
Asih (2018)
Asih (2018)သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 848MB | ...
movie
Asih (2018)
2008
6.2
Asih 2 (2020)
Asih 2 (2020)2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1GB ...
movie
Asih 2 (2020)
2020
5.2
Danur 2: Maddah (2018)
Danur 2 (2018)သရဲတွေကိုမြင်နိုင်စွမ်းရှိပြီး သရဲသူငယ်ချင်းသုံးယောက်ရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေး ရီဆာ။အစ်မဖြစ်သူရဲ့ သရဲမြင်နိုင်တဲ့စွမ်းရည်ရှိတာကို ရှက်တတ်တဲ့ ညီမလေး ရီရီ။သူတို့နှစ်ယောက်ဟာ မိဘတွေအိမ်မှာမရှိကြတာမို့ ဘန်ဒေါင်းမြို့ကိုပြောင်းလာခါစဖြစ်တဲ့ အဒေါ်ဖြစ်တဲ့တီနာတို့မိသားစုဆီကို မကြာခဏသွားလည်ပြီး ညအိပ်လေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ အဒေါ်ရဲ့ယောက်ျားဖြစ်သူ အဟ်မဒ်ကို အပြင်မှာ ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်ပါတော့တယ်။ ဦးလေးဖြစ်သူ အဟ်မဒ်ဖောက်ပြန်နေတယ်လို့ထင်ခဲ့ပြီး ရီဆာဟာ တစ်ယောက်တည်းစုံစမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ အဒေါ်ရဲ့အိမ်မှာ ထူးဆန်းတဲ့အရာတွေကိုခံစားလာရပြီး ဦးလေးဖြစ်သူအဟ်မဒ်ရဲ့အပြုအမူတွေဟာလည်း ထူးဆန်းလာတယ်လို့ အစ်ကိုဝမ်းကွဲ အန်ကီကပြောလာခဲ့ပါတယ်။ ဦးလေးဖြစ်သူနဲ့တွေ့လိုက်တဲ့ကောင်မလေးဟာ ဘယ်သူဖြစ်မလဲ အိမ်မှာရှိနေတဲ့သရဲမနဲ့တစ်ခုခုများပတ်သက်နေမလား။ ဦးလေးအဟ်မဒ်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ဘာကြောင့်လဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 711MB | 356MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Khaing Encoder ..... Aaron
movie
Danur 2: Maddah (2018)
2018
5.3
Danur (2017)
Danur (2017)ဒီတစ်ခေါက်ကိုတော့ ''Danur : I can See Ghosts ''ဆိုတဲ့သရဲကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Risa ဆိုတဲ့ကလေးမလေးဟာမိိဘတွေကအမြဲတမ်း အချိန်မပေးနိုင်ကြဘဲအလုပ်များနေလို့ အထီးကျန်နေတဲ့ကလေးမလေးပါ တစ်နေ့မှာတော့Risa ရဲ့မိဘတွေကသူ့တို့သမီးလေးဟာ နေ့တိုင်းလိုလိုတစ်ယောက်တည်းကစားရင်း တခြားသူတွေကိုကြည့်ပြီးစကားပြောနေတာကို တွေ့သွားကြပါတယ် အဲ့ဒါနဲ့ Risa ရဲ့မေမေကပရောဂဆရာရှာပြီးသရဲနှင်ခိုင်းလိုက်ပြီးနောက်ပိုင်း Risaဟာသူ့ ရဲ့သရဲသူငယ်ချင်းတွေကိုထပ်မတွေ့ရတော့ပါဘူး Risa ဟာအဲ့အတိုင်းပဲကြီးပြင်းလာတဲ့အချိန်မှာ တစ်နေ့တော့ သူ့အဘွားကိုစောင့်ရှောက်ပေးတဲ့သူနာပြုမိန်းမကသူ့ညီမလေးကိုခေါ်သွားပါတော့တယ် Risaတစ်ယောက်သူ့ညီမလေးကိုပြန်ရဖို့ဘယ်လိုလုပ်မလဲ သူနာပြုရဲ့သရုပ်မှန်ကရောဘာလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမယ့်ရုပ်ရှင်ကားလေးမို့လက်မလွှတ်သင့်တဲ့ကားလေးပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ ThaeThae ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 815MB | 392MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie
Danur (2017)
2017
7.3
May the Devil Take You: Chapter Two (2020)
Alfie အဖေဟာ အဖျားကြီးပြီး သူ့ကုတင်ပေါ်မှာဘဲ သေဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်း Alfie တွေ့ရှိခဲ့တာက သူမအဖေဟာ သူ့မိသားစုတစ်ခုလုံးကို မာရ်နတ်နှင့် လွန်ခဲ့တဲ့နှစ်များစွာက ကျိန်စာတိုက်ခဲ့ပြီး အခုချိန်မှာ သူတို့မိသားစုဆီပြန်လာနေပါပြီ ။ Alfie နှင့်သူ့အပေါင်းအပါတွေက ဒီကျိန်စာက လွတ်မြောက်အောင် သူ့အဖေအိမ်ဟောင်းကို သွားရောက်စုံစမ်းမှုပြုလုပ်ရာ ကြောက်ရွံ့စရာ အတိတ်ကဖြစ်ရပ်အမှန်တရားကို သိရှိခဲ့တဲ့အချိန်မှာတော့ ….. ကဲ သိပ်ကြောက်ဖို့ကောင်းပါတယ်။ သရဲကားကိုမှ ကြမ်းကြမ်းလေး ကြိုက်သူတွေတွက်အကြိုက်တွေ့စေမှာပါ။ File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - Yawng Yawng Encoder - Thit San Khant
movie
May the Devil Take You: Chapter Two (2020)
2020
7.0
The Night Comes for Us (2018)
The Night Comes for Us (2018) IMDb - 7.0/10_____Rotten - 90% Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပြီ rating 7 အထိရရှိထားတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေကိုကြည့်ရုံနဲ့ ဒီကားကြမ်းမကြမ်းသိနိုင်မှာပါ။ ကြမ်းပါပေ့ဆိုတဲ့ action ကားတွေကိုမှကြိုက်တဲ့သူတွေအတွက် The Raid ဇာတ်ကားနဲ့အတူအောင်မြင်လာတဲ့ မင်သား Iko Uwais ပါဝင်ရိုက်ကူးထားတဲ့ ဒီကားဟာလုံးဝအကြိုက်တွေ့စေမှာပါ။ ဇာတမလမ်းဇာတ်ကွက်ကတော့ သိပ်မရှိပေမယ့် action အသားပေးထားပြီး အသားပေးထားတဲ့အတိုင်အရမ်းကြမ်းပါတယ်။ ကလေးငယ်တွေနဲ့မကြည့်သင့်သလို သွေးထွက်သံယိုတွေမကြည့်နိုင်သူတွေလည်း သတိထားရှောင်သင့်ရလောက်အောင် ကြမ်းပါတယ်။ အတိုက်အခိုက် အသတ်အဖြတ်တွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်ပြတာမျိုးကြည့်ချင်သူတွေအတွက်ကတော့ လုံးဝအကြိုက်တွေ့စေမှာပါ။ မူရင်းစာဖိုင်မှာ English လိုပြောတဲ့နေရာတွေစာမပါတဲ့အတွက် ကိုယ်တိုင်ဖန်တီးထားတာကြောင့်လိုအပ်ချက်အနည်းငယ်ရှိမှာဖြစ်ပြီး နားလည်ပေးစေလိုပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (950 MB) Quality : NF WEB-DL 720p Running Time : 2 h 01 min Format : Mp4 Genre : Action , Thriller Subtitle : Myanmar Subtitle ...
movie
The Night Comes for Us (2018)
2018