Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sharath Lohitashwa
7.8
Chef Chidambara (2024)
Chef Chidambara (2024) ====================ဒီနေ့မှာတော့ ကျွန်တော်တို့ ဘောလိဝုဒ်ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating လည်း တော်တော်လေးကောင်းတဲ့ကားမို့ အားလပ်ချိန်မှာကြည့်ရှူဖို့အတွက် သင့်လျော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျား။ဇာတ်လမ်းအကျဉ်းချီဒူးဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဘိုးဘွားပိုင် ကမ်းခြေဘေးက ဟိုတယ်တစ်ခုကို ပေါင်ထားရပြီး ပြန်ရွေးနိုင်ဖို့အတွက် အတော်လေးရုန်းကန်ကြိုးစားနေရပါတယ်။သတ်မှတ်ထားတဲ့အချိန် ငွေမပေးနိုင်လို့ တစ်လလောက်အချိန်ထပ်ပေးဖို့ သွားပြောရင်း သူဌေးဖြစ်သူရဲ့ အမျိုးသမီးနဲ့ခေတ္တတွေ့ခဲ့ပြီး သူဌေးကိုပေးနိုင်ဖို့ ပိုက်ဆံရှာဖို့ ခေါင်းစားနေတုန်းမှာပဲ ခုနက သူဌေးကတော်ဖြစ်သူက လူအများသိလို့မရတဲ့ အရာတစ်ခုကို ကူညီပေးဖို့ပြောလာပါတယ်။ဖြစ်ပုံက သူဌေးကတော်ရဲ့ လက်ရှိအိမ်ထောင်မတိုင်ခင်မှာ တွဲခဲ့တဲ့ ဗစ်ကီဆိုတဲ့ ဘဲတစ်ဗွေက သူတို့အတူနေထားတဲ့ပုံတွေ ဗီဒီယိုတွေကို ရိုက်ထားပြီး သူ့ကိုလာပြီး ငွေညှစ်နေတာကို ချီဒူးကိုအဲ့ဒီဖိုင်တွေ သွားယူပြီး သူတောင်းတဲ့ပိုက်ဆံ ၁၀သိန်းကိုပေးခိုင်းဖို့လုပ်ပါတယ်။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ချီဒူးတိုက်ခန်းဆီ ဗစ်ကီရောက်သွားတဲ့အချိန်မှာ မတော်တဆ အဲ့ဒီလူကသေသွားပါတယ်။ ဒါပေမဲ့ဇာတ်လမ်းက အဲ့ဒီမှစတာပါ။ ပုံတွေ ဗီဒီယိုတွေ ပါတဲ့ဖုန်းက ဗစ်ကီဝရံတာမှာ ဖုန်းထွက်ပြောတုန်း ကားတစ်စီးပေါ်ပြုတ်ကျပြီး ပါသွားတာပါ။ အဲ့ဒါကိုသူလည်းမသိလိုက်ပါဘူး။ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲ ဖုန်းကို ...
movie
Chef Chidambara (2024)
2024
7
Bhaje Vaayu Vegam (2024)
Bhaje Vaayu Vegam (2024) "ဘာမထီ" IMDb - 7.0/10Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ဗန်ကတ်ဆိုတဲ့ကောင်လေးရဲ့ မိဘတွေက အကြွေးပူတဲ့ဒဏ် မခံနိုင်တဲ့အဆုံးမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ကြတယ်။ဒီမှာပဲ ဗန်ကတ်အဖေရဲ့ မိတ်ဆွေတစ်ယောက်က စီးပွားရေးအဆင်မပြေတဲ့ကြားထဲက ဗန်ကတ်တို့မိသားစုရဲ့ အကြွေးတွေဆပ်ပြီး ဗန်ကတ်ကို သူ့သားနဲ့ တတန်းထဲထားပြီး သားအရင်းတယောက်လို ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ညီကိုနှစ်ယောက်လုံး အရွယ်ရောက်လာချိန်မှာ အောင်မြင်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့အတူ ဟိုက်ဒရာဘတ်မြို့ကြီးကိုထွက်လာခဲ့ကြပေမဲ့ ဘ၀က မလွယ်ကူခဲ့။သူတို့လိုပဲ ဟိုက်ဒရာဘတ်ကိုပြောင်းရွှေ့လာခဲ့ပြီး တန်ခိုးထွားနေတဲ့ မြို့တော်ဝန်တို့ညီကိုနှစ်ယောက်လည်းရှိနေခဲ့ပါတယ်။ ဗန်ကတ်တစ်ယောက် သူ့ကို သားအရင်လိုစောင့်ရှောက်ခဲ့တဲ့ ဖခင်အိုကြီးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့ကြိုးစားရင်း နိုင်ငံရေးသမားတွေ၊ ရဲတွေ၊ လူဆိုးဂိုဏ်းတွေကြားထဲမှာ အန္တရာယ်တွေရင်ဆိုင်ရပါတော့တယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.37GB / 1.08GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Bhaje Vaayu Vegam (2024)
2024
6
Bad Manners (2023)
Bad Manners (2023) ဇိုးဒီနေ့မှာတော့ CMဘောလိဝုဒ်ပရိသတ်ကြီးအတွက် ကန်နာဒါ အက်ရှင် ဇာတ်ကြမ်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Amar (2019) ကားထဲကမင်းသား Abishek Ambareesh ကပါဝင်သရုပ်ဆောင်ထားပါတယ်။ရုဒရာလို့ခေါ်တဲ့ ရုဒ်က လူဆိုးပါ။ လူဆိုးလူမိုက်ပေမယ့် မိသားစုအကြွေးကြောင့် ရဲဌာနမှာ အလုပ်လုပ်နေရပါတယ်။ ရဲပေမယ့် အမူအကျင့်မကောင်းလို့လည်း နာမည်ကြီးနာမည်ပျက်နေတဲ့သူပါ။ဒီလိုလူကတစ်နေ့မှာ အခင်းဖြစ်တဲ့နေရာမှာ သေနတ်ပျောက်သွားတဲ့အခါ အလုပ်မပြုတ်ဖို့အရေး အပူတပြင်း ရှာပုံတော်ဖွင့်ရပါတော့တယ်။ဒီလိုနဲ့သေနတ်လေး တစ်လက်ရှာရာကနေ ပြည်တွင်းမှာ လက်နက်ခိုးထုတ်လုပ်နေတာတွေ၊ ဓားပြမှုတွေ၊ ငွေကြေးခဝါချမှုတွေ၊ နိုင်ငံရေးနောက်ကွယ်က လက်မည်းတွေအထိ နက်ရှိုင်းသိပ်သည်းတဲ့ အမှုတစ်ခုကို အစလိုက်မိသလို ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ ရုဒ်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့မလဲဆိုတာကို ခပ်မိုက်မိုက် အသတ်အပုတ်၊ အတိုက်အခိုက်ခန်းတွေနဲ့ ဒီကားလေးမှာ ဆက်စောင့်ကြည့်ပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bolloywood Team ဖြစ်ပါတယ်) File size… 2.64GB /1.27GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Bad Manners (2023)
2023
9
800 (2023)
800 (2023)"ဝစ်ကတ် ၈၀၀" ====================== IMBb 9/10Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
800 (2023)
2023
5.5
Skanda (2023)
Skanda (2023) ===============================တော်တော်များများ တောင်းဆိုနေကြတဲ့ တေလဂူးစကားပြော Tollywood ရုံတင်အက်ရှင်ကား ခပ်မိုက်မိုက် ကားသစ်လေးတစ်ကားကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်အစမှာတော့ နိုင်ငံတကာထိ လူသိခံရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ မတရားစွပ်စွဲချက်တွေကို ခေါင်းငုံ့ခံရင်း ကြိုးမိန့်ချခံထားရကာ သမီးဖြစ်သူကလည်း အကြောင်းတစ်ခုကြောင့် ကိုမာဝင် သတိလစ်နေခဲ့ပါတယ်။အဲဒီလိုဖြစ်ရတာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေနဲ့အကွက်ရွှေ့နေကြတဲ့ ပြည်နယ်ဝန်ကြီးတွေရှိနေပြီး သူတို့တွေကလည်း သားရေးသမီးရေးကိစ္စတွေကြောင့် အချင်းချင်း လှည့်ပတ်တိုက်ခိုက်နေကြပါသေးတယ်။အဲဒီလို တစ်စစီပြန့်ကြဲနေတဲ့ ဇာတ်ကောင်တွေကြားထဲကို တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ရှိတဲ့ ယောင်္ကျားဘသား ဇာတ်လိုက်မင်းသား ဝင်လာချိန်ကစပြီး ဇာတ်လမ်းဟာ တဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ရုံတင်ချိန်တုန်းကလည်း အထိုက်အလျောက်အောင်မြင်ခဲ့ပြီး မင်းသမီးလေးတွေကလည်း တော်တော်လှကြတာမလို့ တောင်ပိုင်းအက်ရှင်ကြိုက်သူတွေအတွက် နှစ်နာရီကျော် အချိန်ပေးရတန်လောက်မယ့် ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.5GB / 2.09GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie
Skanda (2023)
2023
8.7
Sapta Sagaradaache Ello – Side A (2023)
Saptha Sagaradaache Ello Side A (2023)IMDB 8.8 ရရှိထားတဲ့ 777Charliesနဲ့ ပရိတ်သတ်တွေအားပေးမှုကိုရရှိခဲ့တဲ့ မင်းသား Rakshit Shettyရဲ့ Kannada ဘာသာစကား အချစ်ဒရာမာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်အချစ်ကားဆိုပေမယ့် "လက်တွေ့ကျတဲ့ သရုပ်ဖော်မှု၊ ကဗျာဆန်တဲ့ visual storytelling" ဆိုပြီးတော့ ရုပ်ရှင်ဝေဖန် ရေးဆရာများက ချီးကျူးထားကြပါတယ်သီချင်းသံတွေနဲ့ အတင်းလုပ်ယူထားတာမရှိပဲ သဘာဝကျကျ ရိုးစင်းတဲ့ ဒိုင်ယာလော့ လေးတွေနဲ့ အချစ်ကို လက်တွေ့ကျကျ သရုပ်ဖော်ထားတယ်လို့ ဝေဖန်ရေးဆရာတွေက ဆိုပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မာနူနဲ့ ပရီယာတို့ ချစ်သူနှစ်ဦးက အခြေခံ လူတန်းစားဖြစ်တာနဲ့အညီ အိပ်မက်တွေနောက်လိုက်ရင်း နှစ်ယောက်အတူ အိမ်လေးတစ်လုံးငှားပြီး အခြေချဖို့အတွက် ကြိုးစားနေကြသူတွေပါမာနူက သူဌေးရဲ့ ကားမောင်း တောက်တိုမယ်ရ လုပ်ပေးရပြီး ပရီယာကတော့ အ ဆိုတော်ဖြစ်ဖို့ ကြိုးစားနေသူပါ ပရီကာက ချုပ်ချယ်သမျှ ဆူပူသမျှ မြည်တွန်သမျှကို မာနူကလည်း အရာရာသည်းခံပြီး ချစ်တတ်ပါတယ်ဆိုလို့ ပရီယာကလည်း မချစ်တတ်တာတော့ မဟုတ်ပါဘူး တခါတလေတော့ သူ့ချစ်သူကောင်လေးကိုချစ်ကြောင်း နုနုရွရွ ပြောတတ်ပါသေးတယ်"ရို" တယ်ဆိုလို့ နှစ်ယောက်တစ်ကမ္ဘာ မှော်လောကကြီးမှာ နောက်ခံသီချင်းဖွင့်ပြီး ကနေဖို့ အချိန်မရှိပဲ ...
movie
Sapta Sagaradaache Ello – Side A (2023)
6.4
Kazhuvethi Moorkkan (2023)
Kazhuvethi Moorkan ( 2023 ) ============================= IMDb 6.4/10အသစ်ထွက်ထားတဲ့ တမီလ် ကျေးလက် အက်ရှင်ကားမိုက်မိုက်လေးတစ်ခုကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ကီဇာသီရူဆိုတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ရွာလေးမှာ မူရ်ကာနဲ့ ဘွန်မိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ မူရ်ကာငယ်ငယ်က နွားခွေ့ခံရတဲ့အချိန်မှာ ဘွန်မိက မူရ်ကာ့အသက်ကိုကယ်ပေးဖူးတာကြောင့် မူရ်ကာဟာ ဘွန်မိအပေါ်မှာ အင်မတန်သံယောဇဉ်ရှိပါတယ်။ဇာတ်မြင့်၊ ဇာတ်နိမ့်ကွာခြားချက်တွေရှိပေမဲ့ မူရ်ကာဟာ ဘွန်မိဘက်က အမြဲတမ်းရပ်တည်ပေးပြီး ဘွန်မိကလည်း မူရ်ကာအတွက်ဆို ဘာမဆိုကူညီတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့။ အဲဒီလိုသိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဟာ ရွာကိုရောက်လာတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်မိပြီး နိုင်ငံရေးသမားတွေက သူတို့ကို ရန်တိုက်ပေးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ တစ်စနဲ့တစ်စ အမှိုက်ကနေ ပြသာဒ်မီးလောင်တဲ့ထိဖြစ်ကုန်ပါတော့တယ်။ဒီ Kazhuvethi Moorkan ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ပိုင်း ကျေးလက်အက်ရှင်ကား ကြိုက်တတ်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့်ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာရဲ့ Bollywood team ကနေ မြန်မာဘာသာသို့ ပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်ဗျ...။ ( ဒီရုပ်ရှင်ရဲ့အညွှန်းကိုတော့ Zwe Yan က ရေးသားပြီး ဘာသာပြန်ဆိုသူတွေကတော့ Voldemort, Aditi, Bpl, Yunni, ThAIk San, နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ...
movie
Kazhuvethi Moorkkan (2023)
2023
9.0
Ugram (2023)
Ugram 2023ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ။ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲ သဘောပေါက်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်။ ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မ နက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်။မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ..။ ဒါမှမဟုတ် မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား...။ ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့ ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား....။ ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား...။ ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီး တစ်ခန်းချင်းမှာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Aditi~Yunni~BpLနဲ့ Zwe Yanတို့ပဲဖြစ်ပါတယ်) File size… 3.08GB ...
movie
Ugram (2023)
2023
7.4
Vinaro Bhagyamu Vishnu Katha (2023)
Vinaro Bhagyamu Vishnu Katha (2023) Action, Comedy, Drama IMDb 7.7/10 (2.4K)တချို့ဇာတ်လမ်းလေးတွေက စိတ်ကူးကောင်းလေးတွေကနေ အစပျိုးလာသလို တချို့ဇာတ်လမ်းလေးတွေက ခင်မင်ရင်းနှီးမှုကနေ စတင်လာတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကတော့ ရန်ပွဲတစ်ခုကနေ စတင်လာခဲ့တယ်။အဲ့ဒီရန်ပွဲကနေပဲ ကောင်လေးတစ်ယောက်ရဲ့အမြင်တွေ ကောင်းမွန်လာခဲ့ပြီး တွေ့သမျှလူတိုင်းကို ကူညီတတ်လာခဲ့တယ်လေ။သူ ဒီလိုကူညီရင်းနဲ့ မကူညီသင့်တဲ့လူတွေကို ကူညီခဲ့ပြီး ဒုက္ခရောက်ခဲ့ရပုံ...။အချစ်ကိုရှာတွေ့ခဲ့ပုံနဲ့...။သူ့ဘဝရခဲ့တဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ဒီဇာတ်ကားကြည့်ရင်း ခံစားကြည့်ကြပါနော်။ဒီဇာတ်ကားလေးက ဇာတ်လမ်းဘာညာ အသာထား တစ်ခုကြည့်လို့ကောင်းတာက ကျွန်တော်တို့ လက်တွေ့ဘဝနဲ့ တော်တော်နီးစပ်တာပါ ဘာလို့လဲဆိုတော့ မင်းသမီးက ယူကျုဆယ်လီလေ အဲ့တော့ ပရိသတ်ကြီးများအတွက် ဆယ်လီတွေဆိုတာလည်း သာမန်လူတွေလိုပဲ ချစ်ကြိုက်ကွဲငြားဇာတ်လမ်းလေးတွေရှိကြောင်း ရှုထောင့်အသစ်တစ်မျိုးကြည့်ရတာပေါ့ သီချင်းကောင်းကောင်းလေးတွေနဲ့ အက်ရှင်ခန်းအလန်းတွေရယ် မင်းသမီးအချောလေးတစ်ယောက်ရယ်ပါရင် ကျန်တာဘာလိုဦးမှာလဲ ဒီဇာတ်ကားကိုချက်ချင်းပါ ပြေးဒေါင်းပြီးကြည့်လိုက်ပါတော့ ပရိသတ်အပေါင်းတို့......... File size…2.13GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 18m Subtitle….Myanamr Subtitle (HardSub) Encoder….YK Translated by Sai ~ BpL~ Taylor ~Yunni
movie
Vinaro Bhagyamu Vishnu Katha (2023)
2023
7.5
Bairagee (2022)
ကန်နာဒါလောကက ကိုယ်တွေမင်းသားကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ရှီဗာဟာ ကျားပြဇာတ်ကို သရုပ်ဆောင်တဲ့ သူတစ်ယောက်ဖြစ်ပြီး "ကျားကြီး ရှီဗာ" ဆိုတဲ့ အမည်တွင်တဲ့အပြင် ဒေါသကြီးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်တစ်နေ့ သူ အဲဒီဒေါသကြောင့်ပဲ ထောင် ၁၅ လ ကျခဲ့ပြီး ပြန်လွတ်လာတော့ ဒေါသကြီးတာမကောင်းဘူးဆိုပြီး ဒေါသကို ချုပ်ထိန်းက ကျိုးနွံတဲ့စိတ်နဲ့ လူသစ်တစ်ယောက်လို နေထိုင်ခဲ့ပါတယ်အဲဒီလိုနဲ့ သူ အလုပ်အတူလုပ်တဲ့ ဗက်တာဗီဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး ညီအစ်ကိုအရင်းတွေကို ခင်လာခဲ့ပါတော့တယ်သူတိုတွေ အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပြီး သူတိုချစ်တဲ့ကောင်မလေးတွေကို ပိုးရင်းနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့ကြပေမယ့်မထင်မှတ်ထားတဲ့ ကံကြမ္မာအပြောင်းအလဲတစ်ခု (သိုမဟုတ်) မကောင်းတဲ့လူတစ်စုကြောင့် ရှီဗာရဲ့ ကိုယ်တွင်းမှာ ချုပ်တည်းထားတဲ့ ကျားတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပါတော့တယ်မေတ္တာတရားတွေနဲ့ ချည်နှောင်ထားတဲ့ ဒီကားလေးဟာ ဝမ်းနည်းစရာများလည်း ရောယှက်လျက် ကြည့်ရှုသူများကို လူ့ဘဝဇာတ်ခုံရဲ့ စုံလင်လှတဲ့ အရောင်အသွေးတွေကို မြင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်စေမှာ အသေအချာပါပဲရှင် File size…2.96GB / 1.43GB Quality…1080p AVC AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Kham Mon & OeliuJ & ...
movie
Bairagee (2022)
2022
7.1
Pailwaan(2019)
Pailwaan(2019)အၫႊန္း*******************(unicode)နပန်းလောကမှာ ဘယ်သူမှ မယှဥ်ရဲ စိန်မခေါ်ရဲတဲ့ လူရိုးလူမှန် ဆာကာ.....သူ့အတွက် နပန်းအသတ်အပုတ်ပညာတွေ တိုက်ရေးခိုက်ရေးပညာတွေလက်ဆင့်ကမ်းဖို့ရယ် နိုင်ငံဂုဏ်ဆောင်နိုင်လို့ရမယ့် သူတစ်ဦးကိုလမ်းကြိုလမ်းကြားအိမ်ကျိုအိမ်ကြားထဲမှာ ရှားရှားပါးပါးသွားတွေ့လေရဲ့ ....ဒီကောင်လေးဟာ တစ်ယောက် ဆာကာကြီးအိပ်မက်ဖြစ်တဲ့ နိုင်ငံ့ဂုဏ်ဆောင်နပန်းသတ်သမားဖြစ်လာနိုင်မလား...ဘယ်လိုပြိုင်ဘက်တွေနဲ့ တွေ့မလဲ.... အရွယ်ရောက်တဲ့အချိန်မှာ တခြားအဖျက်အမှောက်တွေ ဝင်လာမလား.... ဒီကားက အမိုက်စားအက်ရှင်ခန်းတွေများစွာပါသလို background music တိုင်းကလည်း ကြည့်နေတဲ့သူကို သွေးတွေဆူပွက်လာအောင် စွမ်းဆောင်နိုင်တယ်..... ပြသချိန် ၂ နာရီကျော်ဆိုတာ ခဏလေးလို့ထင်ရလောက်အောင်ကို ဇာတ်လမ်းက ဆွဲခေါ်သွားလေရဲ့....အိန္ဒိယ အက်ရှင်ကားကောင်းကြိုက်သူတို့အဖို့ လက်မလွှတ်သင့် ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်မ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်.....(zawgyi)နပန်းလောကမှာ ဘယ်သူမှ မယှဉ်ရဲ စိန်မခေါ်ရဲတဲ့ လူရိုးလူမှန် ဆာကာ.....သူ့အတွက် နပန်းအသတ်အပုတ်ပညာတွေ တိုက်ရေးခိုက်ရေးပညာတွေလက်ဆင့်ကမ်းဖို့ရယ် နိုင်ငံဂုဏ်ဆောင်နိုင်လို့ရမယ့် သူတစ်ဦးကိုလမ်းကြိုလမ်းကြားအိမ်ကျိုအိမ်ကြားထဲမှာ ရှားရှားပါးပါးသွားတွေ့လေရဲ့ ....ဒီကောင်လေးဟာ တစ်ယောက် ဆာကာကြီးအိပ်မက်ဖြစ်တဲ့ နိုင်ငံ့ဂုဏ်ဆောင်နပန်းသတ်သမားဖြစ်လာနိုင်မလား... အရွယ်ရောက်တဲ့အချိန်မှာ တခြားအဖျက်အမှောက်တွေ ဝင်လာမလား....ဘယ်လိုပြိုင်ဘက်တွေနဲ့ တွေ့မလဲ.... ဒီကားက အမိုက်စားအက်ရှင်ခန်းတွေများစွာပါသလို background music တိုင်းကလည်း ကြည့်နေတဲ့သူကို သွေးတွေဆူပွက်လာအောင် စွမ်းဆောင်နိုင်တယ်..... ပြသချိန် ၂ နာရီကျော်ဆိုတာ ခဏလေးလို့ထင်ရလောက်အောင်ကို ဇာတ်လမ်းက ဆွဲခေါ်သွားလေရဲ့....အိန္ဒိယ အက်ရှင်ကားကောင်းကြိုက်သူတို့အဖို့ လက်မလွှတ်သင့် ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်မ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ...
movie
Pailwaan(2019)
2019