Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shannyn Sossamon
Backspot (2024)
အောင်မြင်မှုနဲ့ ပြီးပြည့်စုံမှုကို ဆာလောင်နေတဲ့ ဆယ်ကျော်သက် ပန်းပွားအကအဖွဲ့ဝင် ရိုင်လီနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အမန်ဒါ ထိပ်တန်းပန်းပွားအကအဖွဲ့ Thunderhawksမှာပါရဖို့အတွက် သူတို့ရဲ့ကြိုးစားမှုနဲ့ ရုန်းကန်မှုတွေ ဒါပေမဲ့ ပြိုင်ပွဲဆိုတာက အနိုင်နဲ့အရှုံး နှစ်ခုတည်းပဲရှိတာမလို့ ပြိုင်ဆိုင်မှုတွေနောက်ကနေပါလာတဲ့ ကျရှုံးမှု သဘောထားကွဲလွဲမှုတွေကို သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ။Thunderhawksကိုရောက်သွားချိန်မှာရော တောင်းဆိုချက်တွေမြင့်မားလွန်းတဲ့ အကသမားတွေကို ဖိအားပေးလွန်းတဲ့နည်းပြရဲ့ demandတွေကိုရော သူတို့ဘယ်လိုလိုက်မီအောင်ကြိုးစားရမလဲ။ ဆယ်ကျော်သက်နဲ့မမျှတဲ့ ဖိအားတွေကြုံလာချိန်မှာ ဖြစ်တတ်တဲ့ သဘာဝတွေ အပြုအမူတွေနဲ့ ဒါတွေကို ရိုင်လီတစ်ယောက် ဘယ်လိုဖြတ်ကျော်မလဲ။ လူစာရင်းထဲက ဖယ်ထုတ်မခံရဖို့ ချန်ပီယံပြိုင်ပွဲမှာပါဝင်ခွင့် သူဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။ File size…(1.7 GB)/(971 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy
movie
Backspot (2024)
5.2
The Day (2011)
The Day (2011)သွေးသံတရဲရဲနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတိုက်အခိုက် ဇာတ်ကားမျိုး Zombie ဇာတ်ကားမျိုး သဘောကျတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် The Day (2011) ဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ဒီကားလေးက အဖြူအမည်းနဲ့ production budget လျှော့ချပြီး ရိုက်ထားပေမဲ့ Cartlonian Film Festival မှာ Best Motion Picture award အတွက် စံကာတင် အရွေးခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ တစ်ကမ္ဘာလုံး ကပ်ဘေးကျရောက်ပြီး လူမကျ ဇွန်ဘီးမကျတဲ့ လူသားစား အကောင်တွေရဲ့ လိုက်လံ သတ်ဖြတ် စားသုံးခြင်းကို ခံနေရတဲ့ ခေတ်ကာလကြီးဖြစ်ပါတယ်။အဲ့ကာလမှာ လူ ၅ ယောက်တစ်စုဟာ ထွက်ပြေးတိမ်းရှောင်ရင်း အိမ်တစ်အိမ်မှာ အခြေချကာ သွေးဆာနေတဲ့ လူသားစားအကောင်တွေကို လက်ကျန်ကျည်ဆန်လေးနဲ့ ရင်ဆိုင် တိုက်ခိုက်ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလှည့်ကွက်လေးတွေလည်း ပါတာမလို့ စိတ်ဝင်စားဖို့ကောင်းပြီး ရိုက်ချက်တွေကလည်း မိုက်တာမလို့ ...
movie
The Day (2011)
2011
4.6
Grimcutty (2022)
Grimcutty (2022) ============နည်းပညာတွေတိုးတက်လာတဲ့အမျှ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း ရှိစမြဲပါပဲ။ တိုးတက်လာတာနဲ့အမျှ ကလေးတွေရဲ့ screen time အရမ်းတိုးလာ သလို၊ အွန်လိုင်းပေါ်က challenge တွေကိုလည်း မိုက်ရူးရဲဆန်စွာ လုပ်တတ်လာ ကြပါတယ်။အာရှာတို့ မြို့လေးမှာ ကလေးတွေက ဓားနဲ့ကိုယ့်ကိုကိုယ်ထိခိုက်အောင်လည်းလုပ် တယ်။ အခြားသူတွေကိုလည်း ထိခိုက်အောင်လုပ်တဲ့အပြင် ကိုယ့်အမေအရင်းကိုပါ ဓားနဲ့ထိုးမှုတွေထိပါဖြစ်လာပါတော့တယ်။ ဒီလိုဖြစ်ရတဲ့နောက်ကွယ်က အကြောင်း အရင်းက ဂရင်းကတ်တီကြောင့်ပါပဲ။ အာဏာပိုင်တွေကတော့ ကလေးတွေက ဂရင်း ကတ်တီ challengeကိုလုပ်ရင်း ထင်ယောင်ထင်မှားဖြစ်ပြီး ကိုယ့်ကိုကိုယ်ထိခိုက်အောင် လုပ်မိကြတာလို့ သုံးသပ်ကြပါတယ်။မြို့မှာ ဒီလိုကိစ္စတွေ အဖြစ်များလာတဲ့နောက် မိုက်ရူးရဲတဲ့ကိစ္စတွေမလုပ်ဖို့ အာရှာကို သူ့မိဘတွေက သတိပေးတဲ့ချိန်မှာပဲ အာရှာတစ်ယောက် ဂရင်းကတ်တီနဲ့ကြုံလိုက်ရပါ တော့တယ်။ သူ့ရဲ့မိဘတွေကို အမှန်တိုင်းပြောပေမယ့် အားကစားကနေလည်း သူစိတ် တိုင်းကျထွက်လိုက်ပြီး၊ စိတ်ဓာတ်ကျတဲ့သူလိုမျိုးဖြစ်နေတဲ့ အာရှာကို သူ့မိဘတွေက မယုံကြည်ကြပါဘူး။ တဖြည်းဖြည်း မြို့က မိဘတိုင်းက သူတို့ကလေးတွေ ဖုန်းသုံးတာ ကန့်သတ်ပြီး ကျောင်းပါ ပေးမသွားကြတော့တဲ့ချိန်မှာ အာရှာတစ်ယောက် ဒီကိစ္စနဲ့ပတ် သတ်ပြီး ဘာကြောင့်ဖြစ်တာလဲဆိုတာ ရှာဖွေပါတော့တယ်။တကယ်ပဲ ဂရင်းကတ်တီနဲ့ပတ်သတ်တဲ့ကိစ္စတွေက ထင်ယောင်ထင်မှားဖြစ်တာလား၊ ဒါမှမဟုတ် ဂရင်းကတ်တီကပဲ အပြင်မှာအမှန်တကယ်ရှိနေတာလား အာရှာတစ်ယောက် ရော ...
movie
Grimcutty (2022)
2022
6.9
The Holiday (2006)
[Unicode]The Holiday (2006)အခုတလော အချစ်ကားလေးလည်းကြည့်ချင်တယ် drama တွေခင်းနေတာလည်းမကြိုက်ဘူး ဟာသလေးရော ပါချင်တယ် entertained လည်းဖြစ်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ ညွှန်းလိုက်ပါတယ်...British flim ဖြစ်ပြီး အချိန်အားဖြင့် christmas ကာလကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ၃ နှစ်လောက်တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့ကောင်လေးက စေ့စပ်သွားလို့ ပူဆွေးဝမ်းနည်းနေတဲ့ အင်္ဂလန်နိုင်ငံ surray မြို့က Irish ဆိုတဲ့ကောင်မလေးနဲ့... နှလုံးသားရေးရာမှာအဆင်မပြေ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ LA က Amanda ဆိုတဲ့ကောင်မလေးတို့ ခရစ္စမက်အားလပ်ရက်အပန်းဖြေခရီးအတွက် အိမ်ငှားတဲ့website တစ်ခုမှာ တွေ့ကြပါတော့တယ်...သူတို့ရဲ့ အချစ်ရေးပြဿနာတွေကနေလွတ်မြောက်အောင် မရောက်ဖူးတဲ့နေရာကိုသွားမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်အိမ်ချင်းလဲပြီးနေမယ်လို့ သဘောတူလိုက်ပါတော့တယ် မမျှော်လင့်ပဲ local ကောင်လေးတွေနဲ့တွေ့ပြီး... သူ့တို့အတွက် တကယ်မှန်ကန်တဲ့လက်တွဲဖော် ရှာတွေ့သွားမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုရမှာဖြစ်ပါတယ် သရုပ်ဆောင်တွေကလည်း ငြင်းရက်စရာမရှိတဲ့အပြင် စိတ်အပန်းပြေစေတဲ့ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရပါတယ် ။( အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် )Quality__720p IMDb Rating__6.9/10 Format__mp4 Duration__02:16:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Thinzar Oo Encoded by ...
movie
The Holiday (2006)
6.9
A Knight’s Tale (2001)
A Knight's Tale (2001) IMDb - 6.9/10_____Rotten - 59% Heath Ledgerရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်ကလည်း ပြောစရာ မရှိအောင် ဒရာမာ ရိုးမန့် အဗန်းရှား အက်ရှင် ရသစုံပါတယ်။ Friendhood .. Fatherhood.. Sonhood... Loverhood အစုံအလင်ပါပါတယ်။ ဇာတ်လမ်းရဲ့ အခြေခံကလည်း ဂျော့ဖရေး ချောဆာလို့ခေါ်တဲ့ နာမည်ကျော် အလယ်ခေတ် ကဗျာဆရာစာရေးဆရာတစ်ယောက်ကနေ ဆင့်ကူးခံစား ထားတာဖြစ်ပြီး ဂျော့ဖရေးချောဆာတို့ အင်္ဂလန်သမိုင်းထဲက မင်းသားအက်ဒဝပ်တို့လို သူတွေလည်း ပါပါတယ်။ ကြည်နူးရင်ခုန် အားကျသွားစေမယ့် ရိုမန်တစ်အဆန်ဆုံး Sceneတစ်ခု ဟာလည်း တော်တော်အသက်ဝင်ပါတယ်။ ခရမ်းချဉ်သီး ၇၉လုံးနဲ့ အိုင်အမ်ဒီဘီ ၆.၉လည်း ရထားပါသေးတယ်။ စကားမစပ် အဗန်ဂျာဂိုဏ်းဝင် ဗီးရှင်းကြီးကိုလည်း ကိုယ်လုံးတီးနဲ့ပဲ ထပ်တွေ့ရဦးမှာပါ။ အလယ်ခတ်ကာလမှာ စီးချင်းထိုးပြိုင်ပွဲတွေရှိခဲ့ကြတယ်။ ချပ်ဝတ်ဝတ် မြင်းစီးပြီး ထိပ်တုံးထားတဲ့လှံရှည်အတုံးကို ကိုင်ဆွဲ ဟိုဘက်သည်ဘက် ထိုးနှက်တိုက်ခိုက်ကြရတဲ့ ပြိုင်ပွဲမျိုးတွေပါ။ ဒီလိုပွဲတွေဟာ မြင့်မြတ်တဲ့မျိုးနွယ်တွေ သူကောင်းပြုခံထား ရတဲ့လူတွေကိုသာ ဝင်ပြိုင်ခွင့် ပေးထားတယ်တဲ့။ အဲ့ဒီလို ပြိုင်ပွဲဝင်လူတွေကိုတော့ "Knight"လို့ခေါ်ခဲ့ကြတယ်။ Knight တစ်ယောက်ရဲ့ တပြည့်လက်ပါးစေကောင်လေးဖြစ်တဲ့ ဝီလီယမ်ဟာ စီးချင်းထိုးပွဲတစ်ဝက်တစ်ပျက်မှာ သူ့ဆရာ Knight သေသွားတဲ့အတွက် သူ့ဆရာဟန်ဆောင်ပြီး စီးချင်းဝင်ထိုးရင်း ကလေးကတည်းက ...
movie
A Knight’s Tale (2001)
2001
7.6
Kiss Kiss Bang Bang(2005)
Kiss Kiss Bang Bang(2005) IMDb....7.6,,,Rotten...86% Kiss kiss bang bang ဟာ စုံထောက်ဟာသဇာတ်မြူးကားဖြစ်ပါတယ်။ ဟယ်ရီဆိုတဲ့ အပေအတေ ဂျလေဘီတစ်ယောက်က ရုတ်တရက် ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ အရွေးခံရပြီးတော့အယ်အေကိုရောက်သွားပါတယ်။ အဲ့ဒီမှာ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေကောင်မလေး ဟာမီုနီနဲ့ ပါတီမှာပြန်တွေ့ခဲ့ရာကနေ ငယ်ငယ်ကဇာတ်လမ်းပြန်စခဲ့ပါတယ်။ငယ်ကျွမ်းဆွေကောင်မလေးမှာ ငယ်ငယ်ကအရမ်း admire ဖြစ်ခဲ့ရတဲ့ စာရေးဆရာ တစ်ယောက်ရှိခဲ့ပါတယ်။ အဲ့ဒီစာရေးဆရာရေးတဲ့စာအုပ်ကို ပြန်ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း ရုပ်ရှင်မင်းသားကိုအရမ်းလေးစားခဲ့ပြန်ပါတယ်။ ဒါပေမဲ့လည်း သူမရဲ့ညီမ သူ့ကိုယ်သူသတ်သေတာဟာ အဲ့ဒီရုပ်ရှင်မင်းသားနဲ့ ပတ်သတ်နေပြန်ပါရော။ ဘယ်လိုပတ်သတ်နေတာလဲဆိုတာကိုတော့ ရှုစားကြည့်ကြပါ။ခုနက ဂျလေဘီ ဟယ်ရီကတော့ စုံထောက်လေ့ကျင့်ခန်းတွေကို လိုက်ပြီးကူလုပ်ပေးခဲ့ရပါတယ်။ အဲ့ဒီကနေ အရှုပ်တော်ပုံတစ်ခုထဲကို ရောက်မှန်းမသိရောက်ခဲ့ရပါတယ်။သို့သော်လည်း ၎င်းအရှုပ်တော်ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်သတ်နေတာဖြစ်လေတော့ သူဟာရုန်းထွက်မရနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဟယ်ရီတို့ ကိစ္စတစ်ခုစုံစမ်းနေချိန်မှာပဲ ကောင်မလေးတစ်ယောက်ရဲ့အလောင်းကို တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ရပါတယ်။ အသတ်ခံရတဲ့ကောင်မလေးကကော ဟာမိုနီ့ညီမနဲ့ ဘယ်လိုပတ်သတ်လဲ။ ဟိုရုပ်ရှင်မင်းသားကကောဒီကောင်မလေးနှစ်ယောက်သေဆုံးမှုနဲ့ ဘယ်လိုပတ်သတ်မလဲဆိုတာကတော့ ဆက်လက်ရှုစားရင်းနဲ့ ရင်ခုန်လိုက်ပါဦး။ ဇာတ်လမ်းကိုတော့ ဟယ်ရီ ကနောက်ခံစကားပြောတဲ့ပုံစံမိိျုးနဲ့ ...
movie
Kiss Kiss Bang Bang(2005)
2005
5.3
Sinister 2 (2015)
Sinister 2 (2015)____IMDb - 5.3/10ဒါရိုက်တာ စီရာယန်ဖွိုင်းရဲ့ လက်ရာသဘာဝလွန်ထိတ်လန့် စရာရုပ်ရှင်ကား သြဂုတ် ၂၁ ရက် က ထွက်ရှိထားတာမို့ ပရိသတ် တွေအကြိုခံစားကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။မိသားစုတစ်စုဟာ ပြောင်းဖူး ခင်းထဲမှာ စာခြောက်ရုပ်တွေလို ချိတ်ဆွဲခံရထားပြီး အရှင်လတ် လတ်မီးရှို့ခံရတဲ့ မြင်ကွင်းနဲ့ စထားတာမို့ စကြည့်ကြည့်ချင်းပဲ ကြက် သီးထရမှာပါ။ အဲဒီမြင်ကွင်းက တော့ (၉) နှစ်အရွယ် ဒီလန်ကော လင်း အိပ်မက်မက်နေတာပါ။ နောက်တစ်နေ့မှာတော့ ဒီလန်က သူ့ရဲ့ အမြွှာညီအစ်ကိုဇက်ချ်၊ သူ့ အမေကော်တနီတို့နဲ့ ဈေးဝယ် ထွက်ရာမှာ အမျိုးသားတချို့က ကွက်ကြည့်ကွက်ကြည့်နဲ့ အကဲ ခတ်နေတာကို ကော်တနီ သတိပြုမိခဲ့တာကြောင့် အိမ်ပြန်ခဲ့ကြပါတယ်။ဒီလန်ဟာ မကြာခဏဆိုသလို သရဲကလေးလေးတွေကို အိပ်မက်မက်နေပြီး အိပ်မက်ထဲမှာ မိုင်လိုဆိုတဲ့ ကလေးတစ်ယောက်က အိမ်မြေအောက်ထပ်က Super 8 ဆိုတဲ့ မိသားစုတွေ ...
movie
Sinister 2 (2015)
2015