Channel Myanmar

Shannen Doherty

Darkness of Man (2024)
Darkness of Man (2024)  ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Action,Thriller ဇတ်ကားလေးတစ်ခုဖြစ်တဲ့ Darkness Of Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားထဲမှာ မင်းသားကြီးJean-Claude Van Damme က အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ရက်ဆဲလ်ဟတ်ချ်ဟာစုံထောက်တစ်ယောက်ဖြစ်ပါတယ် အက်စတာဆိုတဲ့ကိုရီးယားလူမျိုးအမျိုးသမီးကတော့ ရက်ဆဲလ်ရဲ သတင်းပေးသူပါ သူမက ကိုရီးယားဒုစရိုက်လုပ်ငန်းအကြောင်းတွေကိုစုံစမ်းပြီးရက်ဆဲလ်ဆီကိုသတင်းပေးပါတယ် တစ်နေ့မှာတော့ သတို့ရဲ့စစ်ဆင်ရေးအမှားအယွင်းဖြစ်သွားပြီး အက်စတာတစ်ယောက်အသတ်ခံလိုက်ရပါတယ် အက်စတာက သူမ,မသေခင်မှာ ရက်ဆဲလ်ဆီကကတိတစ်ခုတောင်းခဲ့ပါတယ် အဲ့ကတိကတော့ သူမရဲ့ကျန်ခဲ့တဲ့သားလေးကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးဖို့ပါ ရက်ဆဲလ်ကလည်း သူပေးခဲ့တဲ့ကတိကိုတည်နိုင်ဖို့အတွက် အက်စတာရဲ့သားဖြစ်သူဂျေဒန်ကိုကာကွယ်ပေးဖို့အလုပ်ကနေပါထွက်လိုက်ပြီး L.Aမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်ရက်ဆဲလ်တစ်ယောက်ဂျေဒန်ကို ဂိုဏ်းစတားတွေလက်ထဲကနေကယ်တင်ပြီး အက်စတာကိုပေးခဲ့တဲ့ကတိကိုတည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(1.7 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

Darkness of Man (2024)

Heathers (1988) 7.2
Heathers (1988) Heathers (1988)Heathers ဟာ ၁၉၈၈ ခုနှစ်ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းနောက်ခံပြု Comedy/Drama ဇာတ်ကားတွေထဲက တစ်ကားပါ။ IMDb Rating 7.2 နဲ့ Rotten Tomatoes 93% အထိ ရရှိထားပါတယ်။ Comedy ဆိုပေမယ့် လုံးဝကြီး ဟာသတွေပဲ လုပ်နေတာ မဟုတ်ဘဲ Dark comedy အမျိုးအစားဖက်ကို ရောက်တယ်လို့ပဲ ပြောရမှာပါ။ အမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းသားဘဝကို ခပ်ပါးပါး သရော်ထားပြီးတော့ တခြား အထက်တန်းကျောင်းနောက်ခံပြု Comedy တွေနဲ့ ကွဲထွက်နေလို့ နာမည်ကြီးသွားခဲ့တာပါ။ရှားဝုဒ် အိုဟိုင်းရိုးရှိ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဟယ်သာလို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲအဖွဲ့ကိုတော့ ဟယ်သာချန်ဒလာ၊ ဟယ်သာဒု့ခ် နဲ့ ဟယ်သာ မက်နမဲရာဆိုတဲ့ နာမည်တူ သုံးယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ကျောင်းမှာ နာမည်အကြီးဆုံးဖြစ်သလို စိတ်ထင်တိုင်းကြဲနေကြတဲ့ အဖွဲ့ဆိုလည်း မမှားပါဘူး။ သူတို့အဖွဲ့မှာ မတူညီဘဲ ထူးခြားနေတာကတော့ ..... လေးယောက်မြောက်အဖွဲ့ဝင်ဖြစ်တဲ့ ဗရော်နီကာ ဆော်ယာ ဆိုတဲ့ ...
movie

Heathers (1988)

1988
Hot Seat (2022) 3.9
Hot Seat (2022) Hot Seat (2022) ========== 2022 ထွက် အက်ရှင်ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အော်လန်ဒိုဆိုတာ အရမ်းတော်တဲ့ ဟက်ကာ IT သမားတစ်ယောက်ပါ။ သို့ပေမယ့် အလုပ်အရမ်းရှုပ်တော့ မိသားစုကို အချိန်မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူတို့မြို့မှာ ပေါက်ကွဲမှုတစ်ခုနဲ့အတူ ပြဿနာတွေစတင်ရှုပ်ထွေးလာပါတော့တယ်။ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက တစ်မြို့လုံးအတွက် အချက်အချာဖြစ်လာသောအခါမှာတော့.... အဲ့ဒီပြဿနာတွေထဲ အော်လန်ဒိုတစ်ယောက်ဘယ်လို ပါဝင်ပတ်သက်နေတာပါလဲ။ သူ့လို IT သမားတစ်ယောက်က ဘယ်လိုဖြေရှင်းနိုင်ပါ့မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုမှာပါ။ Mad Max မင်းသားကြီး Mel Gibson လည်းပါဝင်ထားပြီး Rating အရမ်းကြီးကောင်းတာ မဟုတ်သော်ငြားလည်း အက်ရှင်ပရိသတ်တွေအတွက် အပျင်းပြေ ရေငတ်ပြေစေတဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။    File size…1.3GB /  629MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtile (Hard Sub) Encoder….YK  Translated by SPA
movie

Hot Seat (2022)

2022
Fortress (2021)
Fortress (2021) ကျွန်တော်တို့ရဲ့ အက်ရှင်ဟီးရိုးကြီး Bruce Willis ရဲ့ အက်ရှင်ဇာတ်ကားသစ်တစ်ကား ထပ်မံထွက်ရှိလို့ လာပြန်ပါပြီ Rating အနေနဲ့ 3.5/5 ရထားတဲ့ ဇာတ်ကားတစ်ကားဆိုတော့ မဆိုးလှတဲ့ အက်ရှင်ကားတစ်ကားပေါ့ဗျာပွဲကြမ်းနေကြ အက်ရှင်မင်းသားကြီး Bruce Willis ကို ဒီကားထဲမှာလည်း အငြိမ်းစားယူသွားတဲ့ CIA အေးဂျင့်ဟောင်း Robert အနေနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ Paul ဆိုတဲ့ လူတစ်ယောက်က လူသူ‌ရောက်ဖို့မလွယ်လှ ဂျီပီအက်စ်လည်းမမိတဲ့နေရာတစ်နေရာကို ကားတစ်စီးငှားပြီး သွားရာကနေ စထားတယ် သူကတော့ တခြားမဟုတ်ပါဘူး Robert ရဲ့သား ဖြစ်ပြီး သူ့ ရဲ့ cryptocurrency ကုမ္ပဏီဖြစ်တဲ့ Invespia ဟာ အရှုံးပေါ်ကိန်းဆိုက်နေလို့ အဖေဖြစ်သူ Robert ဆီက ငွေချေးဖို့ လာခဲ့တာပဲ ဖြစ်ပါတယ်Paul ကတော့ သူ့အဖေ Robert ကို ဒီတိုင်း ပင်စင်ရိပ်သာမှာနေတဲ့ လူတစ်ဦးအဖြစ် သိထားတာပါ ...
movie

Fortress (2021)

Naked Gun 33⅓: The Final Insult (1994) 6.5
Naked Gun 33⅓: The Final Insult (1994) Naked Gun 33⅓: The Final Insult (1994) IMDb - 6.5/10_____Rotten - 54%   Naked Gun ကားရဲ့ နောက်ဆုံးကားပါ။ ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ ဖရန့်ဒရက်ဘင်ကြီး ရဲလောကက အနားယူ သွားပါပြီ။ ဂျိမ်းနဲ့လည်း ပြန်အဆင်ပြေ သွားပြီဖြစ်လို့ နှစ်ယောက် အေးဆေးတဲ့ဘဝလေးတစ်ခုကိုထူထောင်နေကြပါပြီ။ ဂျိမ်းကလည်း ကလေးလေးတစ်ယောက် ယူပြီး အေးဆေး နေချင်နေတဲ့ အချိန်ပေါ့ အဲ့အချိန်မှာပဲ ရဲဋ္ဌာနမှာ ဗုံးဖေါက်ခွဲမှု့နဲ့ပတ်သတ်လို့ အရေးတကြီး ဖရန့်ရဲ့ အကူအညီကိုတောင်းခံပါတယ်။ ဒါပေမဲ့ ဖရန့်က ရဲ အလုပ် လုံးဝမလုပ်တော့ပါဘူး လို့ ဂျိန်းကိုကတိပေးထားပြီးသားပါ။ သို့ပေမဲ့ ဝါသနာ ဗီဇဆိုတာဖျောက်ရခက်တော့လည်း ကူညီမိရာကနေ ဂျိမ်းတစ်ယောက် စိတ်ဆိုးပြီး ဖရန့်ဆီကနေ ထွက်သွားပါတော့တယ်။ ဒီတော့ ဖရန့်လည်း စိတ်နှစ် ပြီး ရဲ အလုပ်ဆက်လုပ်တာပေါ့။ဖရန့်ရဲ့ တာဝန်က ဒီလိုပါ ဗုံးဖောက်ခွဲမှု့ အကြီးစားတစ်ခု လုပ်မယ်လို့ သတင်း ရရှိပါတယ် အဲ့ ဖောက်ခွဲမှု့ကိုလည်း ထောင်ထဲရောက်နေတဲ့ ရိုကို ဆိုတဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ဦးက ကြိုးကိုင်နေတာဖြစ်လို့ ...
movie

Naked Gun 33⅓: The Final Insult (1994)

1994