Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shankar Sachdev
8.4
3 Idiots (2009)
IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie
3 Idiots (2009)
2009
4K HEVC
8.4
Every Child is Special/Like Stars on Earth/Taare Zameen Par (2007)
ဒီနေ့တော့အရမ်းကောင်းတဲ့ အိန္ဒိယကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ပါဝင်တဲ့မင်းသားကို လည်းစိမ်းကြမယ်မထင်ပါဘူး..ကျွန်တော်တို့တွေကြိုက်နှစ်သက်ခဲ့ကြတဲ့ PK ဇာတ်ကားမှ ကျွန်တော် တို့ရဲ့အသည်းကျော်မင်းသား Aamir Khan ပဲဖြစ်ပါတယ်..ဆု 15 ခု လျာထားခြင်းခံခဲ့ရပြီး 13 ဆု တိတိရရှိခဲ့ပါတယ်...ဇာတ်လမ်းကတော့.. အသက် ၈ နှစ်အရွယ်ရှိ အီရှန်ဟာ မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီး ထူးချွန်တဲ့ အဖေ၊ အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါ။ ကျောင်းမှာလည်း အမြဲတန်း နောက်ဆုံးကဖြစ်ပြီး စာသင်ရတာကို စိတ်မဝင်စားသူပါ။ ပန်းချီဆွဲရတာကို ဝါသနာပါပြီး စာကောင်းကောင်းမလုပ်တဲ့အတွက် အမြဲတမ်း ဆရာမတွေရဲ့ ဆူပူ၊ အပြစ်ပေးခြင်းကို ခံရလေ့ရှိပါတယ်။ တတိယတန်းကို တစ်ကြိမ်ကျခဲ့လို့ ပြန်တက်နေရတဲ့ ကျောင်းသားလေးလည်းဖြစ်ပါတယ်။ လူကောင်ငယ်ပေမယ့် ဂျစ်ကန်ကန်ကျောင်းသားလေးဖြစ်ပြီး သူစိတ်ဝင်စားတာက ပြင်ပလောကကြီးကိုပါ။ စာအလွန်ညံ့ပြီး အဆော့မက်တဲ့ အီရှန်ဟာ ကျောင်းက အမှတ်စာရင်းတွေပို့ရင်လည်း အိမ်ကိုပြန်မပြပဲ ကျောင်းလည်း ပြေးတတ်ပါသေးတယ်။ အတန်းထဲမှာ စာဖတ်ခိုင်းရင်လည်း မဖတ်တတ်ပဲ ဆရာမကိုပြန်ပြောင်လို့ အခန်းအပြင်ထုတ်ပြီး အပြစ်ပေးခံရပါတယ်။ စာသင်နှစ်ဝက်ရောက်တဲ့ အချိန်မှာတော့ ကျောင်းအုပ်ဆရာမကြီးက အီရှန်ရဲ့ ...
movie
Every Child is Special/Like Stars on Earth/Taare Zameen Par (2007)
2007
HEVC 1080p 5.1