Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shang Yuxian
5.4
Detective Chinatown 3 ( 2021 )
Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာ https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown 3 ( 2021 ) အညွှန်း**********************************စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်ဟာသနှောစုံထောက်ကားလေး လာပါပြီနော်Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီးပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါအခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက်ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက1 ...
movie
Detective Chinatown 3 ( 2021 )
6.2
Detective Chinatown 2 (2018)
Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး ဒီမှာ https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++ Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ...
movie
Detective Chinatown 2 (2018)
2018
6.3
Moscow Mission ( 2023 )
1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့...... အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Moscow Mission ( 2023 )