Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shane West
5.7
The Lodger (2009)
The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie
The Lodger (2009)
The Dirty South (2023)
2023 ထွက် Action/Drama ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ Budget အနေနဲ့ 1 million သုံးထားပြီး Rotten Tomatoes 90% ရထားပါတယ်။ Castတွေကလည်း မကျော်ကြားပေမယ့် မခေလှပါဘူး။ဇာတ်အသွားအလာကလည်း မနှေးလွန်း မမြန်လွန်း ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် Sue က နယ်မြို့လေးတစ်ခုက သူ့မိသားစုပိုင် ဘားက Bartender တစ်ယောက်ပါ။ ဒါပေမယ့် အဲ့ဒီဘားကို ဘဏ်က အကြွေးနဲ့ သိမ်းတော့မှာပါ။ အဲဒီအကြောင်းကို သူ့ဆီသတင်းပေးလာသူက သူ့အဖေရဲ့ ရန်ဖက် Jeb Roys ဆိုတဲ့ သူဌေးအဖိုးကြီး ဖြစ်ပါတယ်။ ဒီအဖိုးကြီးက သူတို့ ဘားကို ဘဏ်ကနေ စျေးပေါပေါနဲ့ ပြန်ဝယ်ဖို့ အကြံရှိပြီးသားပါ။ဒါပေမယ့် Sue ကို ၇၂နာရီအချိန်ပေးပါတယ်။ ၇၂နာရီအတွင်း ငွေသား ဒေါ်လာ ၃သောင်း ရှာမပေးနိုင်ရင် သူတို့ ဘားရော နေအိမ်ဆောက်ထားတဲ့ မြေကွက်ကိုပါ ...
movie
The Dirty South (2023)
5.7
Walden (2023)
ဝေါလ်ဒန်ဆိုသူကတော့ တရားရုံးမှာ ကြားနာသမျှအမှုတွေကိုလက်ရေးတိုစက်လေးနဲ့ မှတ်တမ်းတင်ရေးမှတ်ရတဲ့ လက်ရေးတိုသမားလေးပေါ့...။ဒီအလုပ်ကို ၁၄နှစ်လုံးလုံးလုပ်လာခဲ့ပြီး တရားခွင်မှာ ဘယ်လိုပြစ်ဒဏ်တွေပဲချမှတ်ချမှတ်၊ တရားခံကပဲလွတ်သွားသွား၊ သူ့တာဝန်က ရေးမှတ်နေဖို့ပါပဲ...။တကယ်တမ်း အပြစ်ရှိတဲ့သူတွေ ပြစ်ဒဏ်ကျခံရတာလည်းမြင်ရသလိုရက်စက်ပါပေ့ဆိုတဲ့ ရာဇဝတ်သားတွေ ကွင်းလုံးကျွတ်လွတ်သွားတာလည်းမြင်တွေ့ဖူးသူပါ ဒီလိုသာမန်ဘဝကို ဖြတ်သန်းရင်းနဲ့ ဝေါလ်ဒန်ဟာ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားရပြီး သေဆုံးရမယ့်ရက်ကိုနီးလာခဲ့ပါတယ်...။ဘဝမှာ လက်ရေးတိုရေးတာကိုသာ စွဲစွဲမြဲမြဲလုပ်ခဲ့ပြီး အခြားဘာတစ်ခုမှထူးထူးခြားခြားမလုပ်ဖူးခဲ့တဲ့ ဝေါလ်ဒန်တစ်ယောက် သေခါနီးပြီဆိုတာသိလိုက်တော့ အသစ်အဆန်းတစ်ခုကို လက်တည့်စမ်းမိသွားပါတယ်...။အဲ့ဒါကတော့ ရာဇဝတ်သားတွေကို သူတို့ပြစ်မှုအတိုင်းခံစားရအောင်တိတ်တဆိတ်လက်တုန့်ပြန်တာပါပဲ...။သေခါနီးလူတစ်ယောက်မို့ ဘာမှကြောက်စရာမရှိတဲ့ ဝေါလ်ဒန်ဟာတရားခွင်ကလွတ်သွားတဲ့ရာဇဝတ်သားတွေကို ဘယ်လိုပြစ်ဒဏ်တွေလိုက်ပေးမလဲဆိုတာကိုမြင်တွေ့ရမယ့် Thrillerကားလေးတစ်ကားဖြစ်ပါတယ် File size…1.31 GB / 613 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Walden (2023)
Echelon Conspiracy (2009)
၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA)ရဲ့ လျှို့ဝှက်ဖိုင်တွေနဲ့ သူလျှိုအရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်လှမ်းမှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်အော်သောင်းတင်းဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုးဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုးအစားဖြစ်ပြီး နောက်လေးနှစ်အကြာမှာ စနိုးဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့ထောက်လှမ်းမှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူးယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ မက်စ်ပီတာဆန်က ကွန်ပျူတာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်မှာ အလုပ်ကိစ္စနဲ့ ခေတ္တနေထိုင်စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင် အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်ထပ် message ဝင်လာပါတယ်။ စတော့ရှယ်ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာခင် 300% ကျော်အထိထိုးတက်သွားပါတယ်။ထို့နောက်မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို ချက်နိုင်ငံ ပရဂ်မြို့ကိုသွားပြီး လောင်းကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလိုနဲ့ မက်စ်တစ်ယောက် အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ ...
movie
Echelon Conspiracy (2009)
5.8
The League of Extraordinary Gentlemen (2003)
The League of Extraordinary Gentlemen (2003)ဒီရုပ်ရှင်က ခုနေ သက်လတ်ပိုင်းတော်တော်များများ ငယ်ဘဝက ကြိုက်ခဲ့တဲ့ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့ မူရင်း Comic Book ကိုကလည်း တော်တော်အထာကျတဲ့ Alan Moore ရယ်၊ Kevin O'Neill ရယ်တွဲရေးထားတဲ့ The League of Extraordinary Gentlemen ကောမစ်ဘွတ်စီးရီးရဲ့ ပထမတွဲကို ယူထားတာ။ Alan Moore ကိုတော့ တော်တော်များများသိကြမှာပါ။ နာမည်ကြီးသလို အနုပညာလည်းမှော်ဝင်တဲ့ Watchmen, V for Vendetta, From Hell နဲ့ Batman: The Killing Joke တို့လို ကောမစ်ဘွတ်တွေကို ရေးခဲ့တဲ့သူ။ ဒီကောမစ်ဘွတ်ကလည်း Multi-genre, Cross over Comic Book။ ပြောရရင် တကယ့်ဂန္ထဝင်ဆိုမှ Edgar Allan ...
movie
The League of Extraordinary Gentlemen (2003)
5.6
Here Alone (2016)
အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဇွန်ဘီhorror / thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားအစမှာတော့ Covid 19တွေဖြစ်တုန်းကလိုမျိုး ကူးစက်ရောဂါပြန့်နှံ့နေပုံနဲ့အစချီထားပါတယ်။ ဒီကားထဲကဗိုင်းရပ်စ်ကတော့ ကိုဗစ်ထက်ပိုအကြောင်းဆိုးတယ်ပေါ့လေ။ ကူးခံရရင် ဇွန်ဘီတွေဖြစ်ကုန််တာကိုး။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် အန်း ဟာ ရောဂါနဲ့ဇွန်ဘီတွေကိုရှောင်ဖို့တောထဲမှာ တစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်နေ့ အိုလီဗီယာဆိုတဲ့ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့ ပထွေး ခရစ်တို့ နှစ်ယောက်နဲ့ အန်းတို့အမှတ်မထင်ဆုံဖြစ်သွားကြပါတယ်။ ဒဏ်ရာရနေတဲ့ ခရစ်ကို ကူညီပေးရင်းသူတို့ရင်းနှီးသွားကြပါတယ်။ ခရစ်တို့က အန်းကို သူတို့နဲ့အတူ မြောက်ဘက်ကိုလိုက်ခဲ့ဖို့ခေါ်တဲ့အခါ အန်းကငြင်းခဲ့ပါတယ်။ အန်းက ဘာကြောင့် အဲ့တောထဲမှာပဲအခြေချနေထိုင်နေတာလဲဆိုတဲ့အကြောင်းကို flashback လေးတွေရောထည့်ပြီးရိုက်ကူးထားတာပါ။ဒီဇာတ်ကားက မြင်ဖူးတွေ့ဖူးနေကျ ဇွန်ဘီကားတွေနဲ့မတူပဲအေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမျိုးပါ။ Survivalဆိုတာထက်ခံစားမှုကို အသားပေးတဲ့ဇာတ်ကားမျိုးဖြစ်တာမို့ ထူးခြားတဲ့ ဇွန်ဘီကားပါပဲ။အခုလိုမိုးအေးအေးရာသီဥတုနဲ့ဆို ကြည့်ရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။ File size…1.14GB / 556MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , ...
movie
Here Alone (2016)
4.9
Dracula 2000 (2000)
Dracula 2000 (2000)မက်သရူး ဗန်ဟယ်ဆင်းဆိုတဲ့ အဖိုးကြီးက လန်ဒန်မှာ ရှေးဟောင်းပစ္စည်းပြခန်းဖွင့်ထားပြီး အနုပညာပစ္စည်းတွေစုဆောင်း ရောင်းဝယ်ပါတယ်။ နတ်ရွှေသိုးအရေခွံလိုမျိုး ဘာသာရေးနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ပြခန်းအောက်က လျှို့ဝှက်မြေအောက်ခန်းထဲမှာ သိမ်းထားပါတယ်။ တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှုးဖြစ်တဲ့ ဆိုလီနာက အပြင်က သူ့လူနဲ့ပေါင်းပြီး လျှို့ဝှက်ခန်းကိုဖောက်ထွင်းကာ ပစ္စည်းတွေခိုးဖို့လုပ်ကြပါတယ်။ သူတို့လိုချင်တာက ရွှေငွေတွေဖြစ်ပေမဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ ပွက်လောရိုက်ကြပါတယ်။ဒီလိုနဲ့ အခန်းတစ်ခုထဲကိုရောက်တော့ ငွေခေါင်းတလားတစ်လုံးကိုတွေ့လိုက်ရပါတယ်။ အပြည့်ပိတ်ထားပြီး ဖွင့်စရာနည်းလမ်းရှာမတွေ့တဲ့ အဲဒီအခေါင်းထဲမှာ အဖိုးကြီးရဲ့ ရွှေငွေမှန်သမျှကိုထည့်ထားလိမ့်မယ်လို့ ထင်ပြီး သူခိုးတစ်သိုက်က အခေါင်းကို ဖျောင်ပြီး လေယာဉ်ပေါ်တင်သွားကြပါတယ်။အခေါင်းကိုဖွင့်ဖို့ကြိုးစားတဲ့သူရဲ့သွေးတွေက အခေါင်းထဲကိုစီးဝင်သွားရင်းနဲ့ အထဲမှာရှိတဲ့ Dracula ကို ပြန်အသက်သွင်းမိသွားပါတယ်။ Dracula က သူခိုးတစ်သိုက်လုံးကို တိုက်ခိုက်လိုက်လို့ လေယာဉ်လည်းပျက်ကျသွားပါတယ်။တစ်ဖက်မှာတော့ အဖိုးကြီး မက်သရူးက ငွေခေါင်းတလားခိုးခံလိုက်ရတာကိုသိတာနဲ့ အသက်ဝင်လာမယ့် Dracula ကိုလိုက်ရှင်းဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ သူကတကယ်တော့ Dracula ဆီကသွေးတွေကိုယူပြီး သူ့ခန္ဓာကိုယ်ထဲထိုးသွင်းရင်းနဲ့ အသက်ရှည်အောင်နေလာခဲ့တဲ့သူပါ။ ...
movie
Dracula 2000 (2000)
2000
4.0
Maneater (2022)
Maneater (2022) =============လက်ထပ်ပွဲပျက်ထားတဲ့ ဂျက်စီနဲ့ သူမကို နှစ်သိမ့်ပျော်ရွှင်စေချင်တဲ့ သူငယ်ချင်းတစ်သိုက်ဟာ ကမ်းခြေကို ဟန်းနီးမွန်းအစား အဖွဲ့လိုက် ခရီးထွက်လာကြပါတယ်။သူတို့မသိထားတာကတော့ ကမ်းခြေမှာ လွန်ခဲ့တဲ့တစ်ပတ်က ငါးမန်း ကိုက်ခံရလို့ မိန်းကလေးတစ်ယောက် သေထားရတာကိုပါ။ ကျွန်းရဲ့အာဏာပိုင်တွေကလည်း ဒီအရေးကိစ္စကို အရေးမကြီးသလို ထားပြီး ဖြေရှင်းရှာဖွေရှင်းလင်းတာတွေလည်း မလုပ်ထားခဲ့ပါဘူး။ အာ့လို မဖြေရှင်းပေးကြတော့ သေဆုံးသူမိန်းကလေးရဲ့ဖခင်ဖြစ်သူ ဝါရင့်မာလိန် မှူးကြီးက သူ့ရဲ့ သမီးအတွက် လက်စားချေချင်နေသူပါ။ဂျက်စီတို့သူငယ်ချင်းတစ်သိုက်ရဲ့ ပေါ့ပါးလွတ်လပ်နေရမဲ့ အပန်းဖြေခရီး ကလည်း ထင်သလိုဖြစ်မလာတဲ့အခါ . မာလိန်မှုးကြီးနဲ့ ပေါင်းစည်းပြီး ပြန်လည်ကလဲ့စားချေတာကိုတွေ့မြင်ရမှာပါ။ တစ်ဖက်မှာလည်း ငါးမန်းကားတို့ရဲ့ထုံးစံအတိုင်း သွေးသံတရဲရဲနဲ့ သဝာ် ဖြတ်မှုတွေပါရှိတာမလို့ ဘယ်သူကရှင်ကျန်သူဖြစ်မလဲ။ ခွန်အားကြီးမားတဲ့ ငါးမန်းက အနိုင်ရရှိသူဖြစ်မလား၊ ဉာဏ်ပညာရှိတဲ့ လူသားတွေကပဲ ဒီငါးမန်းကို လက်စတုံးပစ်နိုင်မလား ရင်ဖိုဖိုနဲ့ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ NaNa Yuni ဖြစ်ပါတယ်) File Size..........(1.69 GB) / (900 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, ...
movie
Maneater (2022)
2022
4.3
Escape the Field (2022)
Escape the Field (2022)Thriller/ Mysteryသည်းထိတ်ရင်ဖိုကားလည်းဖြစ်၊ လျို့ဝှက်ဆန်းကြယ်အမျိုးအစားလည်းဖြစ်တဲ့ ဒီကားလေးဟာ ၂၀၂၂ ခုနှစ်မှာထွက်ရှိလာတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။Escape Room လိုမျိုး thriller ကားကောင်းကြိုက်နှစ်သက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပြီး ရင်ခုန်လှိုက်မောမှုနဲ့ နားမလည်နိုင်ခြင်းတို့ ဒွန်တွဲပြီးကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အနေနဲ့လည်း မဆိုးလှသလို ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်တွေကလည်း အသည်းတယားယားဖြစ်ချင်စရာမျိုးဖြစ်အောင်ကို ကောင်းမွန်လှပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ မိမိဘာသာယမန့်နေက တစ်နေရာရာမှာ အိပ်မောကျမိသွားတဲ့သူတွေ ဘယ်နေရာကမှန်းမသိတဲ့ ပြောင်းခင်းကျယ်ကြီးထဲ ရောက်သွားရာကနေ စတင်ပါတယ်။ အဆိုပါ ပြောင်းခင်းကြီးဟာ လူလုပ်ပြောင်းခင်အတုကြီးလား၊ တကယ့်ပြောင်းခင်းအစစ်လား။ ပြောင်းခင်လိုနေရာမျိုးမှာ Escape Room လိုမျိုး ဇာတ်ကွက်ကို ဘယ်လိုဖော်ဆောင်သွားမလဲ၊ ဘယ်လောက်တောင် ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းမလဲဆိုတာကိုတော့ Escape the Field 2022 ကားလေးထဲမှာ ခံစားရင်ခုန်ပေးလို့ရပါပြီခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ San Thu Aung ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality….1080p | 720p| 480p File size… 1.3GB | 653MB | ...
movie
Escape the Field (2022)
2022
7.7
Ocean’s Eleven (2001)
Ocean's Eleven (2001) IMDb - 7.7/10_____Rotten Tomatoes - 82% George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts တို့လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ဆုပေါင်း ၄ ဆု ရရှိခဲ့ပြီးတော့ အခြား ၂၀ ဆုအတွက် စံကာတင် စဉ်းစားခံခဲ့ရပါတယ်။ဒီဇာတ်လမ်းမှာတော့ George Clooney (Dapper Dany Ocean) က ခေါင်းဆောင် နေနဲ့ သရုပ်ဆောင်သွားမှာပါ။ Dapper Danny Ocean (George Clooney) သူ့အပေါင်းအပါ ၁၁ ယောက် Las Vegas မှာရှိတဲ့ ...
movie
Ocean’s Eleven (2001)
2001
7.4
A Walk to Remember (2002)
A Walk to Remember(2002)_______IMDb....7.4/10 “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ မြန်မာပရိသတ်တွေအနေနဲ့ Nicholas Sparks ကို သိချင်မှသိမှာပေမယ့်၊ romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာသူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ဟာ ဒီကားတွေထက် စောပြီး2002 ခုနှစ်ထဲက ထွက်ရှိခဲ့တာဖြစ်ပါတယ်။အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့်် အချစ်ကိုကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်...။အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ...
movie
A Walk to Remember (2002)
2002