Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shan Mao
7.5
A Touch of Zen (1971)
Directed by King Hu Genre - Action,Adventure,Drama IMDb - 7.5/10ကင်းဟူဟာ ဟောင်ကောင်ရဲ့ အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ရှောဘရားသားကုမ္ပဏီမှာ မင်းသားအဖြစ်ရော ရိုက်ကွင်းပြင်ဆင်သူအဖြစ်ရော စာရေးဆရာအဖြစ်ရော လုပ်ခဲ့ပြီးတဲ့နောက် ဒါရိုက်တာပါ လုပ်ခဲ့တယ်။ အကူအဖြစ်နဲ့ပဲရိုက်ခဲ့ရတာများပြီး နောက်ပိုင်းမှာ ရှောဘရားသားရဲ့ အကျော်ကြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Come Drink with Me (1966)ကို ရိုက်ခဲ့ပြီးတဲ့နောက် ၁၉၆၇မှာ ရှောဘရားသားကနေ ထွက်လာခဲ့ပြီး ထိုင်ဝမ်မှာ ကိုယ်ပိုင်စတူဒီယိုထောင်ခဲ့တယ်။၁၉၆၇မှာပဲ ထိုင်ဝမ်ကနေ သူ့ရဲ့နာမည်အကျော်ဆုံး ရုပ်ရှင်ဖြစ်သလို Wuxia ရုပ်ရှင်တွေရဲ့ သမိုင်းမှာ အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Dragon Innကို ရိုက်ခဲ့တယ်။ ဒရာဂွန်အင်းဟာ အန်းလီရဲ့ နာမည်ကျော် Crouching Tiger, Hidden Dragon (2000) နဲ့ ကျန်းရိမူရဲ့ House of Flying Daggers တို့လို ကားတွေအပါအဝင် Wuxiaကား တော်တော်များများရဲ့ အတုယူစရာ ဖြစ်ခဲ့တယ်။(2004)နောက် A Touch of Zenကို ...
movie
A Touch of Zen (1971)
6.3
The New Shaolin Boxers (1976)
ကဲကဲ လာပါပြီ မိတ်ကပ်တွေလိမ်းပြီးလေပေါ်ပျံပြနေတဲ့ ခုခေတ်ရှောင်ကောကောတွေကိုငြီးငွေ့နေသူများအတွက် 1976တုန်းကရှောင်လင်သိုင်းကားတကားတင်ဆက်ပေးလိုက်ပါတယ် (တကယ်လိုက်ကျင့်လို့ရတယ်နော် လေပေါ်လုံးဝမပျံပြထားဘူး) ဇာတ်လမ်းအကျဥ်း - ကျုံးကျန်းဟာ မဟုတ်မခံအမှန်တရားကိုမြတ်နိုးပြီး သူ့ရှေ့မှာမတရားမှုတွေ့လာတိုင်းဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ့်ထမင်းကိုယ်စားပြီး ဝင်ရောက်ကူညီတတ်တဲ့သူငယ်ပါ။ ဒါပေမယ့် ခေတ်ရေစီးကြောင်းအရအဲ့ခေတ်ကလူတွေဟာ အေးအေးဆေးဆေးနားအေးပါးအေးနေရတာကို အတော်သဘောကျသူများဖြစ်ပါတယ်။ ဒါနဲ့ပဲသူနေထိုင်ရာနယ်မြို့လေးကလူတွေအကုန်လုံးက သူ့ကိုမုန်းတီးရွံရှာနေခဲ့ပါတယ် ။ အကြောင်းကတော့ သူကငြိမ်ငြိမ်မနေပဲ မတရားတာမြင်တိုင်းဝင်ပါနေလို့ပါတဲ့ ။ ဒီလိုနဲ့ မြို့ခံစီးပွားရေးသမားတွေကလည်းမုန်း လူမိုက်ဂိုဏ်းကလည်းမျက်စိစပါးမွှေးစူးလာတဲ့အတွက် သူသင်နေတဲ့သိုင်းသင်တန်းကျောင်းကပါ အထုတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်သနားဂရုဏာသက်မိတဲ့ဆရာက တောတွင်းကိုသွားရောက်တိမ်းရှောင်နေပြီးအဲ့တော့ထဲမှ ာသီတင်းသုံးနေတဲ့ဆရာတော်ကြီးဆီကရှောင်လင်သိုင်းရဲ့ အနှစ်ချုပ်ဖြစ်တဲ့ ချိုက်လိဖော်သိုင်းကိုသင်ယူဖို့လမ်းညွှန်ပြပေးခဲ့ပါတယ်။ တောထဲမှာ နေနေရင်းက အိမ်ပြန်လာတဲ့အခါ သူ့ဆရာကိုသတ်သွားတဲ့သတင်းကြားလိုက်ရတဲ့အတွက် လက်စားချေဖို့သူဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ သူညီမလေးလိုချစ်ရတဲ့ ကောင်မလေးကိုသူ့ရည်းစားကလူမိုက်တွေနဲ့ပေါင်းပြီး ဘဝကိုဖျက်ဆီးဖို့ကြံလာတဲ့အခါ ကျုံးကျန်းဟာ သူ့ရဲ့ဗီဇအတိုင်းဘယ်လိုတွေဝင်ရောက်လှုပ်ရှားမယ်ဆိုတာ ကြည့်လို့ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ File Size - 1 gb Quality - bluray 1080p Subtitle - burmese Translator - Nay Chii Encoder - Thit San Khant
movie
The New Shaolin Boxers (1976)
1976