Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Seth Whittaker
6.7
A Picture of Her (2023)
ဝါရှင်တန်က အဖေ့ရဲ့ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တဲ့ ဘတ်သ် ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ အယ်လ်အေမြို့က သူ့ရဲ့အဒေါ် ခြေထောက်ကျိုးသွားတာကြောင့် အဒေါ်ကို ပြုစုပေးဖို့အတွက် မြို့ပေါ်ကိုတက်လာခဲ့ပါတယ်။အယ်လ်အေမြို့က လယ်သမားဈေး တစ်ခုမှာ လျှောက်ကြည့်နေတုန်း ဘတ်သ်ကို ဂျိတ်ဆိုတဲ့ ဓါတ်ပုံဆရာတစ်ယောက်က တွေ့သွားပြီး ဓါတ်ပုံလှမ်းရိုက်ခဲ့ပါတယ်။ အဲ့ဒီရိုက်လိုက်တဲ့ ဓါတ်ပုံဟာ မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဖို့ရွေးချယ် ခံလိုက်ရပြီးမှာတော့ ဘတ်သ်ဟာ လူအများကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။ဒီနောက်မှာတော့ ဘတ်သ်ဟာ သူ့ရဲ့ဓါတ်ပုံကို အခွင့်မရပဲ ရိုက်လိုက်တဲ့ ဓာတ်ပုံဆရာရဲ့ သရုပ်မှန်ကို လိုက်လံရှာဖွေပါတော့တယ်။ ဒီလိုရှာဖွေနေချိန်အတွင်းမှာ ဘတ်သ်နဲ့ ဂျိတ် တို့ရဲ့ အချစ်ဇာတ်လမ်းလေး ပေါက်ဖွား လာတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(855 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie
A Picture of Her (2023)
5.6
Colorblind (2023)
Colorblind (2023)~10 wins & 18 nominations ~ IMDb ~ 5.4Colorblind ဆိုတာ “အရောင်ကို မခွဲခြားနိုင်သော”လို့ အဓိပ္ပာယ်ရပြီး မွေးရာပါ အရောင် မခွဲခြားတတ်သူတွေကို colorblind တွေလို့ ခေါ်ကြပါတယ်။Colorblind ရဲ့ နောက်အဓိပ္ပာယ်တစ်မျိုးက “အသားအရောင် ခွဲခြားမှု မရှိသော”လို့လည်း အဓိပ္ပာယ် ရပါတယ်။ Colorblind-society ဆိုရင် “အသားအရောင် မခွဲခြားတဲ့ လူ့အဖွဲ့အစည်း”ဆိုတဲ့ အဓိပ္ပာယ်ပါ။ဒီဇာတ်ကားကတော့ အပေါ်က အဓိပ္ပာယ် နှစ်ခုလုံးကို ကောင်းကောင်းကြီး ဖော်ကျူးပြထားပါတယ်။ဇာတ်လမ်းထဲက ဇာတ်လိုက်နှစ်ယောက်က အရောင်တွေ မခွဲတတ်တဲ့ လူမည်း သားအမိနှစ်ယောက် ဖြစ်နေလို့ပါ။အမေဖြစ်သူ မက်ဒလင်းက အကုန်လုံးကို ပန်းရောင်နဲ့အနီရောင်ပဲ မြင်ရပြီး သားဖြစ်သူ မိုနက်ကတော့ အကုန်လုံးကို အဖြူအမည်းပဲ မြင်ရတဲ့သူပါ။ Colorblind ဖြစ်နေပေမဲ့ မက်ဒလင်းလုပ်တဲ့ အလုပ်က ပန်းချီဆရာပါတဲ့။တစ်နေ့တော့ colorblind လူမည်း သားအမိနှစ်ယောက် လူမျိုးရေး အလွန်မတန် ခွဲခြားတဲ့ ရပ်ကွက်တစ်ခုထဲ ပြောင်းလာကြပါတယ်။ အိမ်ရှင် ...
movie
Colorblind (2023)
2023
6.6
Love Hard (2021)
CM ပရိသတ်ကြီးရေ Christmas ကလည်း နီးလာပြီဆိုတော့ Christmas နောက်ခံ အချစ်ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေလိုက်ကြရအောင်ပါ ၂၁ ရာစု အင်တာနက်ခေတ်ကြီးမှာ ခေတ်ထလာတာ တစ်ခုကို ပြောရရင် Online Dating App တွေလို့ ဆိုရပါမယ်။ နှစ်သက်ရာ app တစ်ခုမှာ အကောင့်တစ်ခုဖွင့်ပြီး ချစ်သူရှာကြသည်ပေါ့။ FA တွေအတွက်တော့ အတော်လေး နပ်တဲ့ app တွေပေါ့ဗျာ အလားတူ ဒီဇာတ်လမ်းထဲက အပျိုဟိုင်းကြီး နာတာလီကလည်း dating app တွေက စားစော်ကြီးပေါ့။ တစ်ခုပဲ ဒီစော်ကြီးက စားတိုင်း အစားမကြေလေဘူး။ တွဲသမျှ ပြတ်၊ ချိန်သမျှ ပါလိုက်နဲ့ ငှက်ပျောတုံး ဖက်ရလုနီးပါးပေါ့။ တစ်ခုတော့ အကောင်းသားဗျ။ အချစ်ကံခေပေမဲ့ ဒီကံခေမှုတွေကို သူက ဇာတ်လမ်းတွေဖန်တီးပစ်တော့ စားစော်ကြီးက အလုပ်အကိုင်အတည်တကျနဲ့ ရှုးဂါးမာမီစတိုင်ပါပဲ။ ဒါပေမဲ့ အပျိုကြီးက လက်မလျှော့သေးပါဘူး။ တစ်နေ့မှာ ဒီ dating app ကနေပဲ ဂျော့ရှ်ဆိုတဲ့ ခပ်ချောချော ဘဲတစ်ပွေနဲ့ သူ အီစီကလီတွေလုပ်ရင်း သံယောဇဉ်က ပိုမိသွားပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်မှာ သူနဲ့ ...
movie
Love Hard (2021)