Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Seth Rogen
5.8
The Green Hornet (2011)
The Green Hornet (2011)နာမည်ကျော်ဟာသမင်းသား seth rogen အော်စကာဆုပိုင်ရှင် သရုပ်ဆောင်ဆရာကြီး Christoph Waltz , တရုတ် ကိုရီးယား အမေရိကန် ဂျပန် ကားမျိုးစုံကို ရိုက်ခဲ့တဲ့ ထိုင်ဝမ်အဆိုတော် မင်းသားJay Chou တစ်ခေတ်တစ်ခါက အလှနတ်ဘုရားမဖြစ်ခဲ့ဖူးတဲ့ Cameron Diaz ဒီလိုနာမည်ကြီးတွေ အစုံပါတဲ့အပြင် seth rogenရဲ့ ဘော်ဒါ ဂျိန်းဖရန်ကိုကလည်း ဧည့်သည်အဖြစ်သရုပ်ဆောင်ပေးထားသေးတယ်။ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက နာမည်ကြီးခဲ့ဖူးတဲ့ စူပါဟီးရိုးရုပ်ရှင်ပဲဆိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပါ။ ချမ်းသာတဲ့ သတင်းစာတိုက်ပိုင်ရှင်ရဲ့သားနဲ့ သိုင်းလည်းတော် တီထွင်တာလည်းတော်တဲ့ တရုတ်ကလေးတစ်ကောင်ပေါင်းပြီး မြို့ကြီးကို ကယ်တင်ဖို့ ဘတ်မန်းလိုလို စူပါဟီးရိုးထလုပ်တဲ့ ဇာတ်လမ်းပါပဲ။ ထူးတာက ဒီကားက စူပါဟီးရိုးဇာတ်ဖြစ်ပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Michel Gondryပါ။ Eternal Sunshine of the Spotless Mindရဲ့ ဒါရိုက်တာပေါ့။ ကြည့်ဖူးရင်လည်း အမှတ်တရပြန်ကြည့်ဖို့ကောင်းသလို ...
movie
The Green Hornet (2011)
7.2
Steve Jobs (2015)
၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာမပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာပျင်းစရာကောင်းပါပါတယ်။ ၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားကUniversal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲMichael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။ အရင်က apple productတွေ ကို သဘောမကျပေမဲ့Steve Jobs Biography ဖတ်ပြီးကတည်းကသူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့်ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။သူကြောင့်ပဲ Apple ...
movie
Steve Jobs (2015)
5.7
An American Pickle (2020)
An American Pickle Genre - Comedy,Fantasy IMDb - 5.7/10Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာ အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။ ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲ Cossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကို ဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကို အခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelက ကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelက အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့ စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်း သခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီး Sarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။ အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေသေးမှန်းသိသွားပြီး Benရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့ လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရော လူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာ ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။File size… 2.2 GB / 781 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jonny Miller
movie
An American Pickle (2020)
6.5
[18+] Zack and Miri Make a Porno (2008)
ဂေါင်းကြီးတို့ လောကဓံတရားတွေ ရိုက်ခတ်လာလို့ စားဝတ်နေရေးမပြေလည်တော့ရင် အောကားရိုက်စားဖို့ တွေးဖူးကြလား??? ဒီဇာတ်ကားကတော့ ဂေါင်းကြီးတို့အကြိုက်ဖြစ်မယ့် ခွီလည်းခွီရ စိတ်လည်းကြွမယ့် ၁၈ ယောက်ပြည့်မှ ကြည့်လို့ရမယ့် ကားလေးဖြစ်ပါတယ်နော်။ တကားလုံးမှာ ပြောတဲ့စကားတွေက ထိမိလွန်းလို့ သောက်ရမ်းခွီနေရမယ့် ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းဇက်ခ်နှင့် မီရီဟာ အထက်တန်းကတည်းက ခင်မင်လာတဲ့ သူငယ်ချင်းတွေဖြစ်ပြီးတော့ အိမ်ငှားခ မတတ်နိုင်တဲ့အတွက် တိုက်ခန်းတစ်ခုကို နှစ်ယောက်စုငှားပြီးတော့ အိမ်ငှားခကို တစ်ယောက်တစ်လစီ ပေးကြပါတယ်။ မီရီကတော့ အရင်လက အိမ်ငှားခကို သူပေးပြီးပြီဖြစ်တဲ့အတွက် ဒီလမှာတော့ ဇက်ခ်ပေးရမယ့်အလှည့်ရောက်လာပါတယ်။ဒါပေမဲ့ ဇက်ခ်က သူ့လစာကို မတု ဝယ်လိုက်လို့ အိမ်ငှားခပေးစရာ မရှိတော့တဲ့အပြင် မီတာခ ရေဖိုးပါ မဆောင်ထားတဲ့အတွက် အဲဒီညမှာပဲ မီးပျက် ရေမလာ ဖြစ်ပြီး လကုန်ကျရင်လည်း တိုက်ခန်းက ထွက်ပေးရမယ့်အနေအထားရောက်သွားပါတော့တယ်။ အဲဒီအချိန်မှာ ဇက်ခ်က မီရီကို သူ့ရဲ့ အောကားရိုက်စားမယ့်အကြံကို ပြောပြပါတော့တယ်။ ဇက်ခ်ရဲ့ အလုပ်ကသူငယ်ချင်းကလည်း ...
movie
[18+] Zack and Miri Make a Porno (2008)
6.4
Monsters vs Aliens (2009)
IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်.....ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီးတစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်.... File size… 1.8 GB / 867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie
Monsters vs Aliens (2009)
2009
Kung Fu Panda 4 (2024)
ကွန်ဖူးပန်ဒါ ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီမင်းသား ဂျက်ဘလက်ပဲ အသံသရုပ်ဆောင်ထားပြီးမင်းသမီး Awkwafina က ကျန်းအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။အရင်ထွက်ခဲ့တဲ့ ၃ ကားလုံးကိုလည်းချန်နယ်မြန်မာ web နဲ့ app တွေမှာ ကြည့်နိုင်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဒီ ၄ ကားမြောက်မှာတော့ ပိုဟာ ရန်သူပေါင်းစုံကိုနိုင်ပြီးနဂါးစစ်သည်တော်လည်းဖြစ်နေတာကြာပြီဆိုတော့ပိုခက်တဲ့ ရန်သူနဲ့ တာဝန်တွေ ပေါ်လာပါပြီ။ ပိုဟာ ဆရာအူးဂွေးရဲ့ ပညာရှိခေါင်းဆောင်နေရာကိုဆက်ခံရတော့မှာဖြစ်ပြီး သူ့ရဲ့ နဂါးစစ်သည်တော်နေရာမှာဆက်ခံဖို့လည်း လူသစ်ရွေးရတော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေမလုပ်ချင်တဲ့ ပိုအတွက်တော့တကယ့် ပြဿနာကြီးပါပဲ။ အဲဒီအချိန်မှာပဲ ခမီလီရန် ဆိုတဲ့ မှော်ဆရာမကလည်း ပိုရဲ့ ရန်သူအားလုံးပေါင်းထားတဲ့အစွမ်းတွေကို ရအောင်ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ ခမီလီရန် နဲ့ ရင်ဆိုင်ရင်း ပိုတစ်ယောက် ဘယ်လိုထပ်ပြီး အလင်းတွေရအဆင့်တွေမြင့်လာမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 3.4 GB / 1.8 GB / 874 MB Quality… Web-Rip 4K / 1080p / 720p Format… ...
movie
Kung Fu Panda 4 (2024)
2024
4K HEVC
6.3
Neighbors (2014)
Neighbors (2014) IMDb-6.3/10 Rotten Tomatoes-73% CM ပရိတ်သတ်ကြီးအတွက် 2014က ထွက်ရှိခဲ့တဲ့ဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Seth Rogen, Zac Efron နဲ့ Rose Byrne စတဲ့သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်ခ်နဲ့ ကယ်လီတို့ဟာအခုမှကလေးရထားတဲ့ စုံတွဲလေးဖြစ်ပြီး သူတို့ရဲ့လူငယ်ဘဝကုန်ဆုံးသွားခဲ့ပြီလို့ ခံစားနေကြရတဲ့ စုံတွဲလေးပါဆိတ်ငြိမ်ရပ်ကွက်လေးမှာ အိမ်လေးတစ်လုံးဝယ်ပြီးမိသားစုသုံးယောက်အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။တစ်နေ့မှာတော့ သူတို့ ဘေးအိမ်ကို ဒယ်တာ ဆိုင်လ်ဆိုတဲ့တက္ကသိုလ်ကလပ်က ကျောင်းသားတွေအပြုံလိုက်ပြောင်းချလာပါတော့တယ်။ မက်ခ်နဲ့ ကယ်လီတို့လည်း အနှောက်အယှက်မဖြစ်အောင်ပြောဆိုထားပေမဲ့ နေ့တိုင်း ရက်ဆက်ပါတီတွေပေးပြီးဆူညံနေကြတာမလို့ ရဲကိုတိုင်လိုက်တဲ့ကိစ္စကနေစပြီးဒယ်တာဆိုင်လ်အဖွဲ့ဝင်တွေနဲ့ သူတို့နှစ်ယောက်ကြားမှာအချင်းချင်းဒုက္ခတွေပေးကြရင်း နောက်ဆုံးဘယ်ဘက်ကနိုင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 921 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard ...
movie
Neighbors (2014)
2014
5.7
Neighbors 2: Sorority Rising (2016)
Neighbors 2 : Sorority Rising (2016) IMDb-5.7/10 2014 မှာထွက်ရှိခဲ့တဲ့ Neighbors ရဲ့ဒုတိယမြောက်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားကလပ်ကိစ္စကိုဖြေရှင်းပြီးသွားတဲ့ မက်ခ်နဲ့ ကယ်လီတို့ စုံတွဲနှစ်ယောက်နှစ်နှစ်အကြာမှာ နောက်ထပ်ကိုယ်ဝန်ထပ်ရသွားခဲ့ပါယ်။ကလေးနောက်တစ်ယောက်ထပ်ရတော့မှာမလို့ပြဿနာပေါင်းစုံတက်ခဲ့တဲ့ သူတို့အိမ်ကိုလည်း ရောင်းပြီးမြို့ပြင်မှာ အေးအေးချမ်းချမ်းနေဖို့ စီစဉ်ထားခဲ့ကြတာပါ။ပြဿနာက အိမ်အရောင်းအဝယ်လုပ်နေတဲ့ကာလမှာသူတို့ဘေးအိမ်ကို ကပ်ပါ နူး ဆိုတဲ့ ကျောင်းသူကလပ်အသစ်ရောက်လာကြပြီး အရင်ကျောင်းသားကလပ်ထက်နှစ်ဆပိုသောင်းကျန်းပြပါတော့တယ်။ ဒီလိုနဲ့ မက်ခ်နဲ့ကယ်လီတို့လည်း အိမ်အရောင်းအဝယ်မပျက်ရအောင်လို့သူတို့ရဲ့ရန်သူဟောင်းကြီးဖြစ်ခဲ့ဖူးတဲ့ ဒယ်တာ ဆိုင်လ်အဖွဲ့ ဥက္ကဋ္ဌဟောင်းတက်ဒီရဲ့ အကူအညီကိုယူပြီး ကပ်ပါ နူးအဖွဲ့ကိုဖျက်ဖို့ဘယ်လိုကြိုးစားကြမလဲ၊ ဒီတစ်ကြိမ်မှာရောသူတို့နိုင်ပါဦးမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့(၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 966 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
Neighbors 2: Sorority Rising (2016)
2016
Fanboys (2009)
ရုပ်ရှင်နာမည်အတိုင်းပဲ ဒီရုပ်ရှင်ဟာ ဖန်ဘွိုင်း (ပရိတ်သတ်) တအုပ် အကြောင်းရိုက်ထားတာပါ။ ဘာပရိတ်သတ်တွေလဲဆိုတော့ စတားဝါးစ် အမာခံပရိတ်သတ်တွေပါ။အချိန်ကာလအားဖြင့် Star Wars Episode 1 : Phantom Menace 1999 မထွက်ခင် ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ မူလတန်းလောက်ကတည်းက စတားဝါးစ်ကို အရူးအမူးအားပေးလာကြတဲ့ စတားဝါးစ်ဂျပိုး လူငယ်တစုဟာ ဟောလိုး၀င်းပါတီတခုမှာပြန်ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း သူငယ်ချင်းအုပ်စုထဲက လိုင်းနက်စ်ဟာ ကင်ဆာရောဂါဖြစ်နေပြီး စတားဝါးစ်ရုပ်ရှင်သစ် ရုံတင်မယ့်ရက်ကို မမီနိုင်တော့တာကို သိရှိလိုက်ကြရပါတယ်။ ဒီလိုနဲ့ စတားဝါးစ်ဂျပိုး သူငယ်ချင်းတစုဟာ လိုင်းနက်စ်ကို မသေခင်မှာ Episode 1 ကိုပြလိုက်နိုင်ဖို့အတွက် ရုပ်ရှင်ဖလင်ကိုသိမ်းဆည်းထားတဲ့ စတားဝါးစ်တည်ထောင်သူဖခင်ကြီး ဂျော့ခ်ျလူးကပ်စ်ရဲ့ခြံထဲကိုခိုး၀င်ဖို့ မိုင်ထောင်ချီဝေးတဲ့ခရီးကို ဗန်ကားအစုတ်လေးတစီးနဲ့ စတင်စွန့်စားခန်းထွက်ကြပါတော့တယ်။စတားဝါးစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တကားလုံးမှာ စတားဝါးစ် ကိုးကားမှုတွေ ထိုခေတ်အခါက ရုပ်ရှင် ဂိမ်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို အလျှံပယ်ထည့်သွင်းသုံးစွဲထားတာဖြစ်လို့ စတားဝါးစ်ကြည့်ဖူးထားရင်တော့ ဒီရုပ်ရှင်ကိုကြည့်ရတာ ပိုအရသာရှိပါလိမ့်မယ်။(ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုသတိပြုပေးပါ) File ...
movie
Fanboys (2009)
6.9
Dumb Money (2023)
Dumb Money (2023) =============== IMDb Rating - 6.9/10Covid-19 ကပ်ရောဂါ ကာလအတွင်းကနေစပြီး ခေတ်စားလာတဲ့ အလုပ် ကတော့ စတော့ခ်ရှယ်ယာတွေ ကစားကြတဲ့ အလုပ်လို့ ဆိုရမယ်။ အိမ်မှာ တင်နေရင်း စီးပွားဖြစ်လုပ်ကြရင်းကနေ အမြတ်တွေရပြီး ဘောစိဖြစ်သွား ကြသလို၊ ရှိတာလေးတွေပါ ပါသွားကြရတာလည်း မနည်းမနောဆိုပါတော့။ဒီဇာတ်ကားကတော့ စတော့ခ်ရှယ်ယာကစားကြတဲ့ အသေးစားလုပ်ငန်းရှင် လေးတွေနဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့ ဘီလျံနာတွေ ကြားက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းတစ် ပုဒ်ပါပဲ။ကိတ်သ်ဂေးလ်က ဂိမ်းစတော့ဆိုတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်းကုမ္ပဏီတစ် ခုမှာ ရှယ်ယာဝင်ထားတဲ့ သာမညလေးတစ်ယောက်ပါ။ ရှိစုမဲ့စုလေးတွေနဲ့ All in လုပ်ထားရတယ် ဆိုပါတော့ဗျာ။ သူက သူရှယ်ယာ ဘယ်လောက်ဝယ် တယ် ဘယ်လောက်ရှုံးတယ် ဘယ်လောက်မြတ်တယ် ဆိုတာတွေကို Live လွှင့်ရင်းလည်း ပြောနေတတ်တဲ့သူပါ။ သူ့ရဲ့ ဖန်တွေကလည်း သူလုပ်တာတွေ ကြည့်ပြီး ဂိမ်းစတော့မှာ လိုက်ရင်းနှီးမြှုပ်နှံလာကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ စတော့ခ်ရှယ်ယာဈေးကွက်ကြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ထိပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။ဒါဟာ ရှယ်ယာဈေးကွက်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ် တစ်ခုပါ။ ...
movie
Dumb Money (2023)
2023
6.9
Step Brothers (2008)
အသက်၄၀ အရွယ် အလုပ်ကိုင်မဲ့ ဖခင်ဖြစ်သူနဲ့ နေနေတုန်းဖြစ်တဲ့ ဒေးနဲ့အသက်၃၉ အရွယ် အလုပ်မရှိ မိခင်နဲ့ နေနေတုန်းဖြစ်တဲ့ ဘရန်နန်, တစ်နေ့မှာတော့ ကံကြမ္မာလို့ပဲပြောရမလားသူတို့ရဲ့ မိဘနှစ်ယောက် ပွဲတစ်ပွဲမှာ ဆုံစည်းချစ်ကျွမ်းဝင် လက်ထက်ဖို့အထိပါဖြစ်လာတဲ့အခါဒေးနဲ့ ဘရန်နန်တို့နှစ်ယောက် တစ်အိမ်တည်းအတူတူနေဖို့ဖြစ်လာပါတော့တယ်ဒါပေမယ့် ဖအေမတူ အမေကွဲညီအကိုနှစ်ယောက်ဖြစ်တဲ့အလျောက်မတည့်တာတော့မထူးဆန်းပေမယ့်သူတို့ ဒီလိုအခက်အခဲတွေကနေ ဘယ်လိုမျိုးကျော်ဖြတ်ကြမလဲဘယ်လိုခင်မင်သွားကြမလဲဆိုတာကိုဟာသ ဆန်ဆန်လေးရိုက်ထားတာဖြစ်လို့ ပရိတ်သတ်တို့မပျင်းရအောင် ရယ်နေရမှာပဲဖြစ်ပါတယ်မြည်းစမ်းကြည့်ကြပါဗျာလို့ပဲစကားပါးလိုက်ပါတယ်ဗျာ File size… 1.6 GB / 770 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie
Step Brothers (2008)
2008
7.5
Teenage Mutant Ninja Turtles: Mutant Mayhem (2023)
Teenage Mutant Ninja Turtles: Mutant Mayhem (2023)~ IMDb - 7.5/10, Rotten Tomatoes - 97% ~2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ...
movie
Teenage Mutant Ninja Turtles: Mutant Mayhem (2023)
2023
4K HEVC
7.6
50/50 (2011)
ဒီတစ်ခါမှာတော့ IMDb 7.6 ထိရရှိထားပြီး Rotten Tomatoes မှာ 93% ထိရရှိထားတဲ့ comedy/drama လေး တင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဇာတ်ကားကို Joseph Gordon-Levitt နဲ့ Jurassic park က မမ Bryce Dallas Howard လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ရေဒီယို ရုံးမှာအလုပ်လုပ်တဲ့ အသက် 27 နှစ်အရွယ် MC တစ်ယောက်ဟာ အရမ်းရှားတဲ့ ကျောရိုးကင်ဆာတစ်ခုဖြစ်နေတာသိလိုက်ရပါတော့တယ် 50% ပဲအသက်ရှင်နိုင်ချေရှိတဲ့ ကင်ဆာကို ကုသနေတုန်းမှာ MC တစ်ယောက် ခင်မင်မှုနဲ့ ချစ်ခင်မှု အကြောင်းကို သတိပြုလာမိပါတော့တယ် သေဆုံးနိုင်လောက်တဲ့ ကင်ဆာရောဂါဖြစ်နေတဲ့အချိန်မှာ ဘေးကလူတွေက ဘယ်လိုပြောင်းလဲသွားမှာလဲ ကိုယ့်ကိုယ်ကို သေဆုံးတော့မယ်လို့ မှတ်ယူထားတဲ့လူတစ်ယောက်က လောကကြီးကိုဘယ်လိုမြင်လဲ ဆိုတာကို ရိုက်ပြပေးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ် File size…(1.9 GB)/(960 MB) Quality….Webrip 1080p ...
movie
50/50 (2011)
6.0
Paper Heart (2009)
Paper Heart (2009) ============== IMDb Rating - 6.0/10" အချစ် " စကားလေး ၂လုံးတည်းနဲ့ တော်တော်ရှုပ်ထွေးတဲ့အရာပါ။ အချစ်ဆိုတာဘာလဲ၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားရင်ကော ဘယ် လိုသိနိုင်မလဲ၊ အစရှိတဲ့မေးခွန်းတွေအတွက် တိကျရေရာတဲ့ အဖြေ မရှိပါဘူး လူအမျိုးမျိုး အဓိပ္ပာယ်အဖုံဖုံပေါ့။ အချစ်ကြောင့်ပဲ လူတွေ ပျော်ရွှင်ကြည်နူးဝမ်းသာကြရသလို၊ အချစ်ကြောင့်ပဲ လူတွေ ဝမ်းနည်း ပူဆွေးကြေကွဲ ကြရပြန်ပါတယ်။ ဒါပေမဲ့ လူတိုင်းအချစ်နဲ့မကင်းနိုင် သေးပါဘူး။ အဲဒီအထဲမှာမှ ရှာလင်းရီလို့ခေါ်တဲ့ ကောင်မလေးတစ် ယောက်တော့ပါမနေခဲ့ပါဘူး။သူမက အချစ်ကိုလည်းမယုံသလို၊ တစ်စုံ တစ်ယောက်ကိုချစ်မိဖို့ကိုလည်း ခက်ခဲနေတဲ့သူပါ။ ဒီလိုနဲ့ " Paper Heart " လို့ခေါ်တဲ့ ဇာတ်ကားလေးဖြစ်တည်လာပါတော့တယ်။ဒီကားထဲမှာတော့ရှာလင်းရီတစ်ယောက် US ကိုပတ်ရင်း အချစ်ကို ယုံကြည်လာဖို့အတွက် လူအများစုဆီက အဖြစ်အပျက်တွေ၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက် ခံယူချက်တွေကို လိုက်လံမေးမြန်းရင်း သူ့ရဲ့ အချစ်ပေါ်ထားရှိတဲ့ အမြင်ကိုပြောင်းလဲဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။ ရှာလီးရီတစ်ယောက် အဆုံးသတ်မှာ အချစ်ကိုယုံကြည်သွားမလား၊ သူကိုယ်တိုင်ကရော ချစ်ရသူတစ်ယောက်ကို တွေ့ရှိသွားမလားဆိုတာ ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File ...
movie
Paper Heart (2009)
2009
6.5
The Spiderwick Chronicles (2008)
The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က ...
movie
The Spiderwick Chronicles (2008)
2008
6.9
The Lion King (2019)
The Lion King (2019)______IMDb - 6.9/10 ကလေးဘဝရဲ့ အကောင်းဆုံး ကာတွန်းရုပ်ရှင်တွေထဲက တစ်ခုကိုLive action ပြန်လည်ရိုက်ကူးထားတာပါပဲ။၉၀ဖွား အများစုကတော့ Lion King ကို အတော်ရင်းနှီးနေကြမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ဒီကားမှာလဲ သီချင်းတွေ၊ နာမည်ကျော်ခဲ့တဲ့ စကားစုတွေ အကုန်ပြန်ပါပါတယ်။အမြင်သစ်နဲ့ ခံစားရမှာပါပဲ။အသံသရုပ်ဆောင်တွေကတော့ အပြောင်းအလဲဖြစ်လာခဲ့ပါပြီ။ဥပမာ နာလာ နေရာမှာ ဘီယွန်စေး၊ ဇာဇူးရဲ့ မစ္စတာဘင်း အသံနေရာမှာဂျွန်အိုလီဗာ စသည်ဖြင့်ပါ။ဒါပေမယ့် မူဖာဆာရဲ့ အသံပိုင်ရှင်ကတော့ မပြောင်းလဲခဲ့ပါဘူး။ဂျိမ်းစ် အားလ် ဂျုန်း ပါပဲ။အမှတ်တရလေးတွေ ပြန်ကြည့်ဖို့ရယ် ကလေးတွေကို မိတ်ဆက်ပေးဖို့ရယ်ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mr Anderson ပဲဖြစ်ပါတယ်……File Size : (4.47GB) and (2.85GB) (1.41GB) Quality : 4K HEVC , Blu-Ray1080p 5.1, 720p Running Time : ...
movie
The Lion King (2019)
2019
4K HEVC
7.3
The Super Mario Bros. Movie (2023)
The Super Mario Bros Movie (2023)စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။ အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။ မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊ လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။ ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။ ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းမာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကိုရောက်သွားပါတော့တယ်။လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။ မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။ ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ...
movie
The Super Mario Bros. Movie (2023)
2023
4K HEVC
7.0
Funny People(2009)
Funny People(2009)*******************လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလိုဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက"ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့်ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...............ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ reviewကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။File Size :(4.05 GB) (1.4 GB) and (445 ...
movie
Funny People(2009)
The Fabelmans (2022)
The Fabelmans (2022)The Fablemans ကိုအညွှန်းအရှည်ကြီးရေးမယ့်အစား ဒါရိုက်တာ "Steven Spielberg" ရဲ့ ဘဝဖြစ်ရပ်မှန်ပေါ် အခြေခံပြီး Steven Spielberg ကိုယ်တိုင်ရိုက်ကူးထားတဲ့ကားလို့ ပြောလိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေအားလုံးက ဒါကမဖြစ်မနေကြည့်ရမယ့်ကားလို့ သတ်မှတ်ကြမှာသေချာပါတယ်။West Side Stories, Jaws, ET, Schindler's List, Catch me if You Can စသဖြင့် Steven Spielberg ရဲ့လက်ရာမွန်တွေက ရေးလို့မကုန်နိုင်အောင်များပြီးရုပ်ရှင်ချစ်သူအားလုံးနဲ့ ရင်းနှီးပြီးသားပါ။ဒီပါရမီရှင်ဒါရိုက်တာကြီးရဲ့ ငယ်ဘဝက ဘယ်လိုရှိခဲ့လဲ။ သူ့ဖန်တီးမှုတွေကဘယ်ကလာပြီး ဘယ်သူတွေလွှမ်းမိုးခဲ့လဲ။ Steven Spielberg က ဒီဇာတ်လမ်းကို ၁၉၉၉ ခုနှစ်ထဲက "I'll be Home" ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး ပရိသတ်တွေကိုသူ့ဘဝနဲ့မိတ်ဆက်ပေးချင်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ဇာတ်လမ်းကိုပြောမယ်ဆိုရင် သူ့ဘဝထဲကအရင်းနှီးသူတွေအချစ်ရဆုံးသူတွေကိုချန်ထားရစ်လို့မရပါဘူး။ အထူးသဖြင့်သူ့အမေနဲ့အဖေပေါ့။ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ဒီဇာတ်လမ်းက သူ့အမေနဲ့အဖေကိုထိခိုက်နာကျင်ရစေနိုင်တာကြောင့် သူက ဒါကို အချိန်အကြာကြီးဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ Steven နေရာကသရုပ်ဆောင်တဲ့ Sammy ဆိုတဲ့ဇာတ်ကောင်လေးက သူ့မိသားစုပြသနာတွေကြားမှာ နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ သူ့ပါရမီကိုလဲဆက်လက်ပျိုးထောင်သွားပုံကိုတွေ့ရမှာပါ။Steven ကလက်တွေ့ဘဝမှာ Sammy လောက် ရင့်ကျက်ခဲ့ရဲ့လားမသေချာပေမယ့် ဒီရုပ်ရှင်ကတော့ Steven တစ်ယောက် ...
movie
The Fabelmans (2022)
6.3
The Night Before (2015)
The Night Before (2015) ================= IMDb Rating - 6.3/10ဟာသရုပ်ရှင်ကောင်းများနဲ့ Chill ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်များ အတွက် ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ ခရစ္စမတ်ကာလကို အခြေ တည်ထားတဲ့ ဟာသရုပ်ရှင်ကောင်း တစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 69%, IMDb Rating 6.3/10 ရရှိထားပါတယ်။ Hangover လိုမျိုး ဟာသရုပ်ရှင်ကြိုက်တယ်ဆိုရင်တော့ လက်လွတ် မခံဖို့ အကြံပေးချင်ပါတယ်။ (Warning: ညစ်ညမ်းဟာသတစ်ချို့ ပါဝင်တာမို့ မိသားစုနဲ့အတူ မကြည့်ရှု့ သင့်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ်)ခရစ်၊ အီသန်နဲ့ အိုင်ဆက်တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်း သုံးယောက်ပါ။ အီသန်ဟာ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးလုံးကို ခရစ္စမတ် ကာလမှာ ဆုံးရှုံးလိုက်ရပါတယ်။ ဒါနဲ့ပဲ ခရစ်နဲ့ အိုင်ဆက်တို့လည်း အီသန့်ကို အတတ်နိုင်ဆုံး ကူညီပေးဖို့အတွက် ခရစ္စမတ်နေ့မှာ အတူတူ ရှိနေပေးကြ ပါတယ်။ ဒီလိုနဲ့ပဲ သူတို့သုံးယောက်အတွက် ခရစ္စမတ်ဓလေ့လေး တစ်ခု ဖြစ်လာပါတယ်။ တစ်ခုသော ခရစ္စမတ်မှာတော့ Nutcracker ball ...
movie
The Night Before (2015)
2015
1
2
3
Next