Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Seth Howard
5.6
Bringing Down the House (2003)
Bringing down the House (2003) Genre – Comedy IMDB – 5.6/10ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူလူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကိုခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက ...
movie
Bringing Down the House (2003)
5.5
You Don’t Mess with the Zohan (2008)
You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်းကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie
You Don’t Mess with the Zohan (2008)
2008
Cheaper by the Dozen 2 (2005)
Cheaper By the Dozen 2 (2005) ======================2003 ခုနှစ်မှာထွက်ခဲ့တဲ့ Cheaper By the Dozen ရဲ့အဆက်ကားဖြစ်ပါတယ် ဒီကားမှာလည်း ပထမကားလို လူ ၅ သောင်းကျော်ပေးတဲ့ Rating မှာ ၅.၅ ဆက်လက်ရရှိထားပြီး ဇာတ်လမ်းပေါ့သွားတာမျိုးမရှိဘဲ လူကြိုက်များဆဲကားလေးဖြစ်ပါတယ်။ ပထမကားကို ကြည့်ထားရင်တောာ့ ဒီကားကိုပါ ဆက်ကြည့်ဖို့အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအရ ဘိတ်ကာ မိသားစုဝင် သမီးကြီးဖြစ်တဲ့ နိုရာဟာလည်း အိမ်ထောင်ကျကိုယ်ဝန်ရပြီး ဟူစတင်ကိုပြောင်းရွှေ့တော့မှာဖြစ်ပါတယ် လော်ရိန်းကလည်း နယူးရောက်ကိုပြောင်းရွှေ့ကာ တစ်ခြားမိသားစုဝင်ကလေး ၁၀ ယောက်ကလည်း ကျောင်းကိုယ်စီတက်နေကြပါပြီ သားသမီးတွေ ကြီးပြင်းလာပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတော့မှာကို လက်မလွှတ်နိုင်ဖြစ်နေတဲ့ ဖခင်ကြီး တွန်ဘိတ်ကာဟာ နောက်ဆုံးတစ်ကြိမ်အဖြစ် အားလုံးကိုစုရုံးကာ သူတို့အရင်ကပျော်ပွဲစားထွက်ခဲ့ဖူးတဲ့ ဝန်နက်ကာရေကန်ကြီးကို အလုပ်သမားနေ့ပိတ်ရက်မှာ အပန်းဖြေခရီးထွက်ဖို့ စီစဉ်လိုက်ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီရေကန်အနီးတစ်ဝိုက်မှာ တွန်ရဲ့လူငယ်ဘဝက ပြိုင်ဘက်ဟောင်းကြီး ဂျင်မီမားတော့နဲ့ အတူ မိသားစုဝင် ၈ ယောက်နေထိုင်ကြတာဖြစ်ပါတယ်.... ဒီလိုနဲ့ ဘိတ်ကာနဲ့ မားတော့ မိသားစုကြီး ၂ ခုရဲ့ အားပြိုင်ကြပုံကို ရယ်ရယ်မောမော ဟာသများစွာနဲ့ အလွဲအလွဲအချော်ချော်ဖြစ်ပုံကို မိသားစုနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။( ...
movie
Cheaper by the Dozen 2 (2005)
5.6
The Pacifier (2005)
The Pacifier (2005)ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက "ချိုလိမ်" ဆိုတော့ စဉ်းစားသာကြည့်ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ ...
movie
The Pacifier (2005)
2005
7.4
A Walk to Remember (2002)
A Walk to Remember(2002)_______IMDb....7.4/10 “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ မြန်မာပရိသတ်တွေအနေနဲ့ Nicholas Sparks ကို သိချင်မှသိမှာပေမယ့်၊ romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာသူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ဟာ ဒီကားတွေထက် စောပြီး2002 ခုနှစ်ထဲက ထွက်ရှိခဲ့တာဖြစ်ပါတယ်။အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့်် အချစ်ကိုကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်...။အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ...
movie
A Walk to Remember (2002)
2002
6.1
Bedtime Stories 2008
အိပ်ရာဝင်ချိန်ဆိုတာ လူသားတိုင်းရဲ့တစ်နေ့တာမှာအငြိမ်းချမ်းဆုံးအနားယူတဲ့အချိန်လေးပါ အိပ်ရာဝင်ချိန်မှာ ယုံတမ်းပုံပြင်များကိုနားထောင်ပြီးတော့ ကျွန်တော်တို့အိပ်စက်ခဲ့ရပါတယ်.... အခုလည်း Disney ရဲ့အိပ်ရာဝင်ပုံပြင်လေးကို ကြည့်ပြီးတော့ ဒီညအိပ်မက်တွေကို ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ ပေါက်တတ်ကရတွေမက်လိုက်ရအောင်.... ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ခဲ့ဖူးတယ် ။ ပုံပြောကောင်းတဲ့ အစ်ကိုကြီးအစ်မတွေဆီကနေ တစ္ဆေသူရဲပုံပြင်တွေ အဘိုးအဘွားတွေဆီကလည်း “ တို့တွေခေတ်တုန်းက ဘယ်လို၊ တို့ငယ်ငယ်တုန်းက ဘယ်လို” စသဖြင့်ပေါ့ဗျာ နားထောင်ခဲ့ဖူးကြပါတယ် ။ အပြောကောင်းတဲ့သူတွေနဲ့ဆို သူတို့ဇာတ်လမ်းလေးမှာ စီးမျောရင်း အချိန်တွေကုန်မှန်းတောင် မသိခဲ့ဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ စကီတာ ဆိုတဲ့ ဦးလေးလူပျိုကြီး တစ်ယောက် သူ့တူလေးနဲ့ သူတူမလေးကို သူတို့အမေခရီးသွားတုန်း တစ်ပတ်လောက် ညဖက်တွေမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းပေါ်လာတယ်။ သူကလည်း လူပျိုကြီးဆိုတော့ ကလေးမထိန်းတတ် အိပ်ရာဝင်ပုံပြင်ပြောရတော့မယ်ဆိုတော့ ပုံပြင်စာအုပ်ထဲက ဇာတ်လမ်းတွေကိုလည်း သူမကြိုက်ဘူး။ ဒါနဲ့ပဲ သူရဲ့အကြောင်းကို ရာဇ၀င်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေနဲ့ရောပြီး ပေါက်တက်ကရတွေ လျောက်ပြောတော့တာပဲ။ သူကပြောလိုက် သူ့တူလေးတူမလေးတွေလည်းက ဇာတ်လမ်းပြင်ပြောလိုက်နဲ့ လုပ်နေကြတာပေါ့။ ဒီလိုနဲ့ ထူးထူးဆန်းဆန်း ...
movie
Bedtime Stories 2008
2008