Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Serhii Bachyk
7.4
Rocky Road to Berlin (2023)
ယခုတစ်ယောက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ KUZMA SCRYABINရဲ့ ဇာတ်လမ်းကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Adventureပုံစံ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ကူဇ်မာဆိုတာကတော့ ယူကရိန်းက ဖျော်ဖြေပွဲလုပ်ခါနီး ရော့ခ်သမားလေးတစ်ယောက်ပေါ့။ ကူဇ်မာဟာ ချစ်သူလေးဘာရ်ဘာရဲ့ ကားစီးချင်တဲ့ အိပ်မက်တွေအမှန်ဖြစ်လာဖို့အတွက် စုထားတဲ့ပိုက်ဆံလေးနဲ့ တစ်ပတ်ရစ်အဟောင်းတန်းက ပိုဘီဒါကားလေးတစ်စီးကို ဝယ်ယူလိုက်တဲ့အခါမှာ ကားကစုတ်နေတဲ့အတွက် ချစ်သူလေးရဲ့ စိတ်ခုချင်းကို ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဖျော်ဖြေပွဲလုပ်ဖို့ ရက် ဘယ်လောက်မှ မကျန်တော့တဲ့အချိန်မှာ အဖော်ကောင်း ဘာ့ဒ်ဆိုသူနဲ့ ချိန်မိပြီးတော့ ဘာလင်မှာ ပိုဘာဒါကားကို မာစီဒီးနဲ့ လဲချင်တဲ့သူရှိတယ်ဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ ဘာ့ဒ်နဲ့အတူ ဘာလင်ကို လိုက်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ကူဇ်မာနဲ့ ဘာ့ဒ်တို့ နှစ်ယောက်သား ဘာလင်ကို ခရီးဆက်ရာကနေ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ ....... စိတ်ဓာတ်တွေကျပြီး ဂီတလမ်းကြောင်းကို စွန့်ပစ်ချင်စိတ်ဖြစ်နေတဲ့ ကူဇ်မာတစ်ယောက်ရော ဒီခရီးစဉ်မှာ ဘယ်လိုစိတ်အပြောင်းအလဲတွေဖြစ်ဦးမလဲ ......ခရီးစဉ်ရဲ့အဆုံးမှာရော ဘယ်လိုအဆုံးသတ်တွေက စောင့်ကြိုနေမလဲ ..... ဆိုတာတွေကို ...
movie
Rocky Road to Berlin (2023)
7.6
Hatred (2016)
Wolyn ဆိုတဲ့ ပိုလန်ဇာတ်ကားကို အင်္ဂလိပ်လိုHatred အမုန်းလို့ နာမည်ပေးထားပါတယ်။ဇာတ်ကားအကြောင်းရှာဖတ်မကြည့်ခင်ကအဲ့ဒီစကားလုံးကို အမုန်း လို့ဘာသာပြန်လို့ရတဲ့စကားလုံးလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ရှာဖတ်ကြည့်တောာ့ ပိုလန်နိုင်ငံသားတစ်ယောက်ရေးထားတဲ့ကွန်မန့်တစ်ခုကနေ သိလိုက်ရတာက အဲ့ဒီ Wolyn ဆိုတာ ဇာတ်ကားထဲက ရင်နင့်ဖွယ်အဖြစ်အပျက်တွေတကယ်ဖြစ်ခဲ့တဲ့ Volhynia - ဗိုလ်ဟင်ညာ/ဝိုဟင်ညာ/ဗိုလ်ဟင်နီးယား လို့အမျိုးမျိုးအသံထွက်ကြတဲ့အဲ့ဒီ နေရာလေးရဲ့ နာမည်နောက်တစ်မျိုးပါပဲတဲ့။Rating တွေက စ’ပြောပြရင်တော့ ဒီဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတဲ့ ပိုလန်ဇာတ်ကားက IMDb ရဲ့Rating 7.6/10 ရထားပါတယ်။Rotten Tomatoes ကနေတော့ 96% ထိရထားပါတယ်။တကယ်ကိုထိုက်တန်ပါတယ်။ဘာအကြောင်းလဲဆိုရင်တော့ ပိုလန်တွေရဲ့ရင်နင့်ကြေကွဲဝမ်းနည်းစရာ လူမျိုးတုန်းသတ်ခံရတဲ့ အကြောင်းလို့ ပြောရမှာပါ။ ဒါပေမယ် ဇာတ်ကားထဲမှာ သမိုင်းမှာ ရှိဖူး ကြားဖူးခဲ့တဲ့ဆိုးရွားတဲ့အဖြစ်အပျက်အားလုံးရဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့လူမျိုးရေး ဘာသာရေး နိုင်ငံရေးအစွဲအယူပြင်းထန်မှုတွေအားလုံးကိုထည့်ရိုက်ပြထားတာကို တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ဝန်းကျင်ကာလတွေက အကြောင်းတွေလို့ ပြောလို့လည်းရပါတယ်။စစ်ပွဲ နဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပြဿနာတွေကြောင့် ဖြစ်ခဲ့တဲ့ကြားဖူးနားဝရှိကောင်းရှိကြနိုင်တဲ့အနိဌာရုံတွေကို မျက်မြင်ကြီးကို ကြည့်ရမှာပါ၊ သွေးထွက်သံယိုတွေရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ဝံ့ရင် ကြည့်ဖို့ နည်းနည်းစဉ်းစားပါဦး။ကမ္ဘာအနှံ့ကကြည့်ဖူးကြသူတွေရဲ့ ...
movie
Hatred (2016)
2016