Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sergey Zharkov
6.6
Anna (2019)
Anna (2019)IMDb Rating (6.6)မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ဇာတ်လမ်းကတော့....အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။ File size…(6.1 GB)/(1.9 GB )/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:58:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Neve
movie
Anna (2019)
4K HEVC
6.1
1942: Unknown Battle (2019)
အချိန်ကာလအားဖြင့် 1941-1943ဝန်းကျင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားနေစဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်.....။ဥရောပတစ်တိုက်လုံးနီးပါးကို ဂျာမဏီကသိမ်းပိုက်ပြီး ဆိုဗီယက်ယူနီယံကိုစစ်ချီလာခဲ့တာ မော်စကိုကို သိမ်းပိုက်မိခါနီးနေပါပြီ....။ဒီအချိန်မှာ ဆိုဗီယက်တပ်နီတော်မှလည်း Rzhev–Vyazmaဆိုတဲ့ ဗျူဟာမြောက်တန်ပြန်တိုက်စစ်ကို ပြင်ဆင်ကာ...နာဇီဂျာမဏီများကို မော်စကိုကနေ ပြန်လည်မောင်းထုတ်ခဲ့ကြပါတယ်...။Rzhevဆိုတဲ့မြို့ဟာ မော်စကိုအနောက်ဘက် မိုင် ၁၄၀အကွာမှာရှိပြီးတန်ပြန်တိုက်စစ်ကို အကောင်းဆုံးအဆုံးသတ်ပေးနိုင်ခဲ့တဲ့ ခံစစ်မြို့ဆိုလည်းမမှားပါဘူး...။ဒီတိုက်ပွဲတွေမှာ ဆိုဗီယက်တပ်နီတော်မှ စစ်သားများဟာ နာဇီဂျာမဏီတွေကိုမောင်းထုတ်နိုင်ခဲ့ပေမယ့် ပေးဆပ်မှုအရင်းအနီးက အတော်များပါတယ်...။တပ်နီတော်တစ်ဖက်တည်းတင် စစ်သား ၁၃သိန်းကျော်ကျဆုံးခဲ့ပြီးနောင်တစ်ချိန်မှာတော့ ဒီစစ်ပွဲတွေကို "Rzhev Meat Grinder"(ရာရှက်ဗ်မြို့အသားကြိတ်စက်)ဟု ပြောစမှတ်တွင်ခဲ့ပါတယ်....။ဒီဇာတ်လမ်းထဲမှာတော့ Rzhevတိုက်ပွဲများထဲမှတစ်ခုဖြစ်တဲ့ Ovsyannikovoရွာကိုတပ်နီတော်တို့ အသေခံ ခြေကုပ်ခြေခဲ ခံစစ်ပြင်ကြပုံကိုရိုက်ကူးပြထားပါတယ်....။စစ်ကူလာနိုးလာနိုးကို ဗိုက်ဟောင်းလောင်းနဲ့စောင့်ရင်း နောက်မဆုတ်တမ်းတိုက်ခိုက်ကြရင်းတန်ပြန်တိုက်စစ်ကြီးအတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားကြပုံကိုမြင်တွေ့ရမှာပါ...။အထက်ကပေးတဲ့ မဖြစ်နိုင်တဲ့အမိန့်တွေကြား မိမိရဲ့တပ်သားတွေကိုငှဲ့ညှာပြီးတာဝန်ကျေအောင်ထမ်းဆောင်တဲ့ ခေါင်းဆောင်ပိုင်းတွေ....တပ်သားတိုင်းရဲ့ ပုံပြင်ကိုယ်စီနဲ့ ပေးဆပ်ကြပုံတွေကို မိမိရရမြင်တွေ့နိုင်တာမို့ကြည့်ရှုသင့်တဲ့ Drama History War movieကောင်းလေးတစ်ခုပါပဲ....။ File size…2.37GB / 1.19GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Drama , ...
movie
1942: Unknown Battle (2019)
Saving Leningrad(2019)
Saving Leningrad(2019)((unicode)စစ်ကားကောင်းကြိုက်သူတို့ ရုရှားစစ်ကားသစ်တစ်ကားကို BLU-Ray1080p5.1chတို့ဖြင့် တင်ဆက်ပေးလိုက်ပါသည်....ဆိုဗီယက်ရုရှရဲ့ မြို့တော်မော်စကိုပြီးရင် ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ လီနင်ဂရက် ( ယနေ့ခေတ်ကာလအခေါ် စိန့်ပီတာဘတ်စ် )ကို ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁မှာ ဖင်လန်နဲ့ ဂျာမနီတို့က မြို့ကို ပြင်ပ အဆက်အသွယ်ပြတ်အောင် ပိတ်ဆို့ပြီး စီးနင်းခဲ့ကြပါတယ်။ ဒီပိတ်ဆို့ စီးနင်းမှုဟာ နှစ်နှစ် လေးလ နှစ်ပတ်နှင့် ငါးရက်ကြာ ရက်ပေါင်း ၈၇၂ရက်တာ ကြာမြင့်ပြီး အသက်ပေါင်း ၅သိန်းအထိဆုံးရှုံးခဲ့ကာ တစ်ချို့သောသမိုင်းပညာရှင်တွေက လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်မျိုးလို့ ဆိုကြပါတယ်။ဟစ်တလာကြီးကတော့ ဒီဝန်းရံပိတ်ဆို့မှုမှာ သူအောင်မြင်မယ်လို့ တစ်ထစ်ချယုံကြည်နေပြီး လီနင်ဂရင်က ကြယ်ငါးပွင့်ဟိုတယ်မှာတောင် အောင်ပွဲခံဖို့ ဖိတ်စာတွေ ကြိုရိုက်ထားတယ်လို့ဆိုပါတယ်။ဒီရုပ်ရှင်ဟာ ဒီပိတ်ဆို့စီးနင်းခံရတဲ့ လီနင်ဂရက်မြို့ကြီးကို ကယ်တင်ခဲ့ကြတဲ့ လူတွေအကြောင်းပါ။ စစ်ပွဲတစ်ပွဲ နိုင်ဖို့ဆိုတာ အာဇာနည်တွေ ဟောတစ်ယောက် ဟောတစ်ယောက် ပေါ်လာရုံနဲ့ မလုံလောက်ပါဘူး။ ဟိုတစ်စု ဒီတစ်စု ဒြပ်မှုန်ကလေးတွေ ပေါင်းစည်းပြီး အချိန်အခါသင့်တဲ့အခါ ရလာတဲ့ ပေါက်ကွဲမှုတစ်ခုပါပဲ။ ဒီရုပ်ရှင်မှာ ကြီးစဉ်ငယ်လိုက်စီပြီးပြောရရင် ရေတပ်ဗိုလ်ချုပ်မှူးလုပ်ခဲ့တဲ့ စွန့်စားမှုတစ်ခု ရေတပ်ဗိုလ်ချုပ်မှူသားဗိုလ်လောင်းရဲ့ အချစ်ကိုရူးသွပ်မှု တပ်ကြပ်တစ်ယောက်ရဲ့ အရှုံးမပေးတတ်တဲ့စိတ်ဓာတ် မာလိန်မှူးတစ်ယောက်ရဲ့ တာဝန်သိ တိုင်းပြည်ချစ်စိတ် သူလျှိုသစ္စာဖောက်တစ်ယောက်ရဲ့စိတ်ကောင်းဝင်မှု ဒီလိုအရာတွေအားလုံးပေါင်းစပ်ပြီး အောင်မြင်ခြင်းဟာ ဖူးပွင့်လာပါတယ် ဒါတွေဟာ ထင်သာတဲ့အရာတွေကို ရေးပြထားတာပါပဲ။များပြားလွန်းတဲ့ သူ့နေရာနဲ့သူ အရေးပါနေတဲ့ ဇာတ်ကောင်တွေကို တစ်ယောက်မကျန် အသက်ဝင်အောင် ပုံဖော်သွားနိုင်တဲ့ ဒါရိုက်တာရဲ့ တင်ဆက်ပြသမှုကလည်း အထင်ကရပါပဲ... ထင်မှတ်မထားတဲ့ twistလေးတစ်ခုနဲ့လည်း ဇာတ်အိမ်ကို ပိုအသက်ဝင်အောင် ...
movie
Saving Leningrad(2019)
2019