Channel Myanmar

Serena Brabazon

The Canal (2014) 5.8
The Canal (2014)  အမျိုးသားဖလင်​မော်ကွန်းတိုက်ရဲ့ ​မော်ကွန်းမှူးဖြစ်တဲ့ ​ဒေးဗစ်ဟာဇနီးသည်နဲ့အတူ အိမ်အသစ် တစ်လုံးဝယ်ပြီး အိမ်​ထောင်​ရေးခရီးစတင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်​နေ့မှာ မော်ကွန်းတိုက်ကို ရဲဌာနကမှုခင်း​ဟောင်း ဖလင်မှတ်တမ်း​​တွေ ​ရောက်လာတာ​ကြောင့် ​ဒေးဗစ်အ​နေနဲ့ စစ်​ဆေးကြည့်ရင်း အဲဒီဖလင်​တွေဟာ သူတို့လက်ရှိနေ​တဲ့အိမ်မှာဖြစ်ခဲ့တဲ့ မှုခင်းအ​ကြောင်း ရိုက်ကူးထားတာဖြစ်​နေပါတယ်။မှုခင်းက​တော့ ​​၁၉၀၂နှစ်တုန်းက အမျိုးသားဖြစ်သူက သူ့မိန်းမကိုသတ်ဖြတ်ခဲ့တဲ့အမှုပါ။အဆိုပါအမှုဟာ သူ့စိတ်ထဲမှာ တချိန်လုံးစွဲ​နေခဲ့သလို သူ့အိမ်ထဲမှာလူရိပ်လူ​ခြေ​တွေ အမြဲမြင်​တွေ့​နေရလို့ စိတ်က​ယောင်​ချောက်ခြားဖြစ်လာတဲ့ဒေးဗစ်တစ်​ယောက်ဟာ တစ်​နေ့မှာ​တော့ မိန်းမဖြစ်သူရဲ့​ဖောက်ပြန်မှုကို မျက်ဝါးထင်ထင်မြင်​လိုက်ရပါတယ်။ ကံဇာတာကဒီ​လောက်နဲ့ မပြီးဘဲ မိန်းမဖြစ်သူ ​သေဆုံးခြင်းနဲ့မှ အဆုံးသတ်သွားတဲ့အခါ မိတဆိုးသား​လေးနဲ့ ​​ဒေးဗစ်တို့ဟာ ဇနီးသည်ရဲ့သေခြင်းနဲ့သူတို့အိမ်ရဲ့ ဆက်စပ်မှု​တွေကို ​ဖော်ထုတ်​ဖြေရှင်းရင်း အ​မှောင်ထုထဲကို တစ်စတစ်စတိုးဝင်သွားမိပါ​တော့တယ်။  File size…1.16GB / 488MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

The Canal (2014)