Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Senthil Krishna Rajamani
4.4
Grrr.. (2024)
Grrr.. (2024) "ဂါး!!"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ်သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ်အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.14GB / 1.37GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Grrr.. (2024)
7.0
Anchakkallakokkan (2024)
Anchakkalakokkan (2024) အကြောက်တရား IMDb 7.3 CM ပရိသတ်ကြီးအတွက် မလေယာလမ်မှုခင်းဒရာမာ ရုပ်ရှင်ကားအသစ်တစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့ငယ်ဘဝမှာ ညအိပ်ရာဝင်ပုံပြင်တွေကနေနားထောင်ပြီး ကြောက်လန့်ခဲ့ရတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်စီတော့ရှိကြမှာပါ. အန်ချက်ခ်ကာလက်ခ်ခိုကမ်ဆိုတဲ့နာမည်ကလည်း ဇာတ်ဆောင်ဗာဆူဒီဗန်ရဲ့ ငယ်ဘဝမှာကြောက်ရွံ့ခဲ့ရတဲ့မလေယာလမ်ဒဏ္ဍာရီသတ္တဝါကြီးပါ.ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ၁၉၈၆ခုနှစ်ရွေးကောက်ပွဲနီးလို့အခြေအနေတင်းမာနေတဲ့အချိန်မှာ နယ်စပ်ဒေသရွာလေးတစ်ရွာမှာမြေပိုင်ရှင်ကြီး ချာပရာတစ်ယောက်လုပ်ကြံခံလိုက်ရတာနဲ့ ဇာတ်လမ်းကိုအစပျိုးထားပါတယ်. နောက်နေ့မှာပဲ ရှက်တတ်ကြောက်တတ်သွေးမြင်မူးလဲတတ်တဲ့ ရဲပေါက်စဗာဆူဒီဗန်ဟာ အဲဒီရွာကိုကျပြီး စီနီယာနာဒါဗာရမ်ဘန်နဲ့အတူ လုပ်ကြံမှုကိုစုံစမ်းရဖို့ဖြစ်လာပါတော့တယ်.အခြေအနေတွေရှုပ်ထွေးနေတဲ့ကြားကနေ ဖခင်သေဆုံးမှုအတွက်ဒေါသထွက် ပြဿနာဖန်တီးဖို့ ချာပရာသားတွေက ရွာကိုရောက်လာတဲ့အပြင် ချာပရာကိုသူသတ်လိုက်တာပါလို့ ဝန်ခံလိုက်သူကလည်းရှိနေပါတယ်. ဒီလိုသုံးပွင့်ဆိုင်အနေအထားမှာ တစ်ဖက်နဲ့တစ်ဖက်ဘယ်လိုကြမ်းကြ ရမ်းကြမလဲ လူသတ်သမားကရောအစစ်ဟုတ်ပါ့မလား ရွေးကောက်ပွဲအချိန် လက်ဝဲယိမ်းလက်ယာယိမ်းတွေကရော ဘယ်လိုရှုပ်ထွေးကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.19GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Anchakkallakokkan (2024)
2024
7
Abraham Ozler (2024)
Abraham Ozler (2024) "အဘေရာဟမ် အိုဇလာ"IMDb 7 ရထားတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ နန်းတွင်းကား Ponniyin Selvan နှစ်ကားမှာ ပါဝင်ခဲ့တဲ့ Jayaram၊ မလေယာလမ် regular တစ်ယောက်ဖြစ်တဲ့ Mammootty နှင့်အတူ ရှေ့နေကား Neru ထဲက မင်းသမီး Anaswara Rajan တို့ ပါဝင်အားဖြည့်ထားပါတယ်ဒု-ရဲမှူးဖြစ်သူ အိုဇလာက အလုပ်အားတုန်းမှာ ဇနီးသည်၊ သမီးလေးတို့နဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်နေရင်း ရုတ်တရက် တာဝန်တစ်ခုပေးခံရပါတယ်အဲဒီအချိန်လေးက သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားမယ့်နေ့ ဆိုတာကို သူမသိခဲ့ဘူး တချိန်က မူးယစ်သယ်ဆောင်မှုနဲ့ သူဖမ်းဆီးခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်...လက်စားပြန်ချေဖို့ ရည်ရွယ်ချက်နဲ့ လိမ်ညာဖုန်းဆက်ပြီး အိုဇလာမရှိတုန်း ဇနီးနဲ့သမီးလေးကို ရက်ရက်စက်စက် သတ်လိုက်တယ်ဒီကနေ အိုဇလာ တစ်ယောက် စိတ်ကျရောဂါ၊ အိပ်မပျော်ခြင်းတို့ နာတာရှည်အဆင့်ထိ ရောက်လာတဲ့အခါ သူငယ်ချင်း စိတ်ရောဂါကုဆရာဝန် အကြံပေးတဲ့အတိုင်း အတိတ်မှရုန်းထွက်ဖို့အတွက် အလုပ်ကိုစိတ်နှစ်ထားရာကနေ...ရှုပ်ထွေးပွေလီပြီး ဆေးလောကနဲ့ပါ သက်ဆိုင်နေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်ရင်း...ရဲတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝေဒနာနဲ့ ...
movie
Abraham Ozler (2024)
2024
5.4
Enthada Saji (2023)
Enthada Saji (2023)IMDb - 6.2/10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ စိတ်ကူးယဥ်ဆန်ပြီးရယ်ရတာကို သဘောကျတဲ့သူတွေကို အကြိုက်တွေ့စေမယ့် မင်းသား Kunchacko Bobanနဲ့မင်းသမီးNivetha Thomasတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Enthada Saji ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ဆာဂျီမိုဟာ ရည်မှန်းချက်မရှိပဲလေလွင့်ပျင်းရိနေတဲ့ အမျိုးသမီးလေးတစ်ယောက်ဖြစ်ပါတယ် သူ့သူငယ်ချင်းတွေတောင် မင်္ဂလာဆောင်ပြီးသွားကြပေမယ့် သူကတော့စေ့စပ်စွဲတစ်ခါပျက်ဖူးတဲ့အပြင် အခုချိန်ထိလည်း Faဖြစ်နေတာမို့ရပ်ထဲရွာထဲမှာ အပျိုဟိုင်းကြီးလို့ စနောက်လှောင်ပြောင်ခံနေရသူလေးပါ ဆာဂျီမိုဟာဒီလိုဒဏ်တွေကို သည်းမခံနိုင်တော့တာမို့ ချက်ကျောင်းမှာအမြဲလိုလိုသွားညည်းညူလေ့ရှိပါတယ်တစ်နေ့မှာတော့သူ့ညည်းညူတာတွေကို ကြားရတာများလာတဲ့အရှင်က ရုပ်တုထဲကနေအပြင်ကိုထွက်လာရာကနေ ဆာဂျီမိုရဲ့ဘဝဟာလည်းပြောင်းလဲသွားပါတော့တယ် ဆာဂျီမိုရဲ့ပျော်ရွှင်ခြင်းအခိုက်အတန့်တွေကြားမှာ ချက်ကျောင်းရဲ့ရုပ်တုဟာလည်းထူးဆန်းစွာပျောက်ကွယ်သွားတဲ့အချိန်မှာ အရှင်နဲ့သူထပ်ဆုံနိုင်ပါ့မလား ဒီလိုရုပ်တုထဲကထွက်လာတဲ့အရှင့်နောက်ကွယ်မှာလည်း ဘယ်လိုပဟေဠိတွေရှိနေမလဲဆိုတာ စိတ်ကူးယဥ်ဆန်စွာတခြားကားတွေနဲ့မတူပဲကြည့်ရှူ့ရမှာဖြစ်ပါတယ် File size…1.92GB/ 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Yunni~Khin Khin
movie
Enthada Saji (2023)
2023
6.9
Kaapa (2022)
Kaapa (2022)IMDb 7/10 ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါ သူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ် အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့ မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ် အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလား စသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိ ဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး....... File size…2.01GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein & OeliuJ & Yunni
movie
Kaapa (2022)
2022
9.0
The Teacher (2022)
The Teacher (2022)IMDb-9.2/10ဒီတစ်ခါတော့ Mynaa(2013) , Cavader (2022)ဇာတ်ကားနဲ့ ပရိသတ်တွေ ရင်ထဲဝင်ရောက်လာတဲ့မင်းသမီး Amala Paul ပါ၀င်သရုပ်ဆောင်ထားပြီး Rating အမိုက်စား Thriller ကားလေး တင်ဆက်ပေးချင်ပါတယ်ဒီဗီကာဟာ ကျောင်းသားတွေကို ထူးထူးချွန်ချွန်ပျိုးထောင်နိုင်တဲ့ ဆရာမလေးတစ်ယောက် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ ဇနီးအနေနဲ့ ဘ၀ကအေးချမ်းသာယာနေသူပါတစ်ခုရှိတာက သူတို့ဟာအိမ်ထောင်သက်လေးနှစ်ကြာသည်ထိ ကလေးမရသေးတဲ့အတွက် ဒီဗီကာနဲ့ ဆူဂျိတို့နှစ်ယောက်သား ရင်သွေးရဖို့အရေးအသည်းအသန်ကြိုးစားနေကြချိန်ပေါ့တစ်နေ့ဒီဗီကာဟာ ကိုယ်၀န်ရှိတဲ့အရိပ်အယောင်တွေတွေ့လို့ သွားစစ်ဆေးခဲ့ပါတယ် တကယ်ရလဒ်ထွက်လာချိန်မှာတော့ ဆန်ဂျိကိုဖွင့်မပြောရဲတဲ့အပြင် ဒီဗီကာဆီမှာလည်း ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ကျောင်းကသူငယ်ချင်းနဲ့အတူ အတိတ်ကဖြစ်ရပ်တစ်ခုကို စုံစမ်းနေခဲ့တာပါမျှော်လင့်တောင့်တနေတဲ့ရင်သွေးရလာတာတောင် ဘာကြောင့် မပျော်နိုင်ရတာလဲ စုံစမ်းနေတာကရော ဘာတွေလဲ သူမရင်ဆိုင်ရမယ့်ဖြစ်ရပ်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာတွေကိုတော့ဆက်လက်ခံစားကြည့်လိုက်ပါဦးနော် File size…1.8GB / 861MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry ~ Yunni ~ OeliuJ
movie
The Teacher (2022)
2022
8.0
Pathonpatham Noottandu (2022)
Pathonpatham Noottandu 2022IMDb-8/10ဒီဇာတ်ကားလေးကတော့ 19ရာစုနှစ်ကအဖြစ်အပျက်တွေကို အခြေတည်ထားတဲ့ ဇာတ်ကားလေးပါ အာရတုပူဂါဗေလာယုဒပါနီကာဟာ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ထကာဗန်ကိုးနိုင်ငံရဲ့ ဇာတ်နိမ့်ကိုယ်ခံပညာရှင်တစ်ယောက်အဖြစ်နဲ့ မွေးဖွားလာခဲ့ရတာပါ...တစ်ချိန်တည်းမှာပဲ နန်ဂီလီဆိုတဲ့ဆင်းရဲတဲ့ဇာတ်နိမ့်မိသားစုက မိန်းကလေးတစ်ယောက်ဟာ လူကုံထံတွေရဲ့အနိုင်ကျင့်မှု လူမျိုးခွဲခြားမှုတွေကို ရင်ဆိုင်ဆန့်ကျင်နေတဲ့သူပေါ့... ဇာတ်မြင့်ဇာတ်နိမ်တွေခွဲခြားခံရပေမယ့် မဟုတ်ရင်မခံတဲ့စိတ်ကြောင့် ချီကာဗာဟာ လူကုံထံတွေရဲ့ချောက်ချမှုကြောင့်အကျဥ်းထောင်သွင်းခံခဲ့ရပါတယ်..ဒါပေမယ့် ဘုရင်မကြီးရဲ့အကူအညီနဲ့လွတ်မြောက်ခဲ့ရပြီး သူ့ကိုဘုရင်မကြီးက ဘယ်လိုတာဝန်တွေပေးခဲ့လဲ.... နန်ဂီလီကရော...ဇာတ်နိမ့်မိသားစုတွေအတွက် ဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပေးဆပ်သလဲဆိုတာ... စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး.... File size…8.74GB / 2.89GB / 1.59GB Quality…4k HEVC/ 1080p HQ HD RIP / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Thet Ko ~ Poe
movie
Pathonpatham Noottandu (2022)
2022
4K HEVC
8.2
John Luther (2022)
John Luther(2022)ဒီကားကတော့ IMDb Rating 8.4အထိရရှိထားတဲ့ အိန္ဒိယစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ အိမ်မပြန်နိုင်ရလောက်တဲ့အထိ အလုပ်ကြိုးစားနဲ့ နယ်မြေခံ ရဲတစ်ယောက်ဖြစ်တဲ့ ဂျွန်လူသာ တစ်ယောက်။သူ့ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုတောင် အချိန်မနည်းလုပြီး ပြန်ရတဲ့အထိ အလုပ်ကို ကြိုးစားပမ်းစားလုပ်နေရင်းကနေ တစ်နေ့မှာ သူတာဝန်ကျနေတဲ့ နယ်မြေအဝန်းအဝိုင်းအတွင်းက အက်စီးဒင့်တစ်ခုမှာ ပါဝင်သွားပြီး အဲ့ဒီအမှုက နိုင်ငံရေးနဲ့ ပက်သက်နေတယ့်အခါ.........Thriller Movieအမျိုးအစားဖြစ်တဲ့အတွက် ဒီအမှုကို သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ တစ်ကားလုံးမှာလည်း ဒါရိုက်တာဖြစ်သူ Abhijith Josephက ဇာတ်လမ်းကို ဖြည်းဖြည်းချင်းဆွဲခေါ်သွားပြီး နောက်ဆုံးမှာ ဘယ်လိုမှမှန်းဆထားလို့မရတဲ့ Plotကို လှလှပပလေးဖော်ပြသွားခဲ့တာပါ။ စုံထောက်ကားဖြစ်တဲ့အပြင် Thrillerဖြစ်တာမို့လို့ ကြည့်မယ်ဆိုရင် နောင်တမရနိုင်ပါဘူးနော်။ File size…2.1GB / 996MB Quality…1080p True WEB DL AAC5.1CH / 720 p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Lwin Htoo & Thet Ko ...
movie
John Luther (2022)
2022