Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Selim Erdoğan
My Father is a Hero/ Benim Babam Bir 2023
Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ တူရကီမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ နိုင်ငံအသီးသီးကပြန်ရိုက်ထားကြတဲ့ သမီးလေးကိုထောင်ထဲခေါ်ထည့်ထားပြီး ကျပ်မပြည့်တဲ့အဖေဖြစ်သူနဲ့အပေါင်းအပါတစ်စုတို့ ဖွက်ထားကြတဲ့ရုပ်ရှင်လိုမျိုးကို မတူညီတဲ့ဇာတ်လမ်းမှာ တူညီတဲ့ရသခံစားစေရမယ်ထင်ပါတယ်။မိတဆိုးလေးမို့ သားဖြစ်သူကို တုန်နေအောင်ချစ်ရှာတဲ့ စည်ပင်သာယာဝန်ထမ်း ဆင်းရဲသားတစ်ယောက်။ ဆင်းရဲပေမဲ့ သားဖြစ်သူကိုဖူးဖူးမှုတ်ထားပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့ကြတယ်။တရက် အဖေဖြစ်သူတို့သူငယ်ချင်းအုပ်စု ဘောလုံးကန်နေတုန်း သားဖြစ်သူဝင်ပါရင်း အမောဖောက်လဲကျသွားရာကစ နှလုံးအစားထုကုရမယ်ဆိုတာ သိလိုက်ရပါတယ်။ ကလေးက ငယ်သေးတဲ့အတွက် ကိုက်ညီတဲ့နှလုံးရှာတွေ့ပြီး ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တောင်မှ အသက်ရှင်ဖို့ရာခက်ခဲတဲ့အခြေအနေ။ နှလုံးအစားထိုးကုသဖို့ ကိုက်ညီတဲ့နှလုံးမရခင်အချိန်မှာ စူပါဟီးရိုးတွေကိုကြိုက်နှစ်သက်တဲ့ သားဖြစ်သူရဲ့ စိတ်ကလေးလန်းဆန်းနေစေဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး စူပါဟီးရိုးဝတ်စုံတွေချုပ် ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုပြီး ဇာတ်လမ်းတွေဖန်တီးပါတော့တယ်။အဖေတစ်ယောက်ရဲ့မေတ္တာတရားနဲ့ သူငယ်ချင်းတွေကြားကသံယောဇဉ်ကို အချိုးညီဖန်တီးရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(953 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Family, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
My Father is a Hero/ Benim Babam Bir 2023
6.4
My Father’s Violin (2022)
My Father's Violin (2022)~ IMDb - 6.4/10, Rotten Tomatoes - 82% ~ဂရမ်မီဆုရှင် တယောဆရာ Joshua Bell က ပြောဖူးပါတယ်...“တယောနဲ့ တေးသွားတစ်ပုဒ်ထိုးတဲ့အခါ... သင်ဟာ ဇာတ်ကြောင်းပြောသူဖြစ်လာပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာပါ” တဲ့။ဒီကားလေးထဲမှာတော့ ဆံပင်အနီနဲ့ ချစ်စရာကလေးမလေးတစ်ယောက်က ဇာတ်ကြောင်းပြောသူဖြစ်ပြီး ဟောဒီ့ဇာတ်လမ်းလေးကတော့ သူနဲ့ သူ့ဦးလေးတို့ကြားက ဇာတ်လမ်းလေးပါ။ကလေးမလေးကတော့ လမ်းတွေပေါ် လှည့်လည်ဖျော်ဖြေလိုက်၊ အလှူငွေလေးကောက်လိုက်၊ ရဲတွေလာဖမ်းရင် ထွက်ပြေးလိုက်နဲ့ လူမှုဘဝကို စောစောထိတွေ့ဖြတ်သန်းနေရသူလေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူ့ဦးလေးဟာ အောင်မြင်နေတဲ့ တိုင်းသိပြည်သိ အကျော်ဇေယျ တယောပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ တယောချင်းတူကြပေမယ့် ကိုယ်စားပြုမှုမတူကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင်တေးသွားတွေ အချိတ်အဆက်မိကြဖို့ ဘာတွေများ ခက်ခဲနေမှာလဲ...ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇာတ်လမ်းက မှန်းရလွယ်ပါတယ်။ ဒါပေမဲ့လည်း ပြင်ပလောကရဲ့ ထင်တိုင်းကြဲနေတဲ့ ကံကြမ္မာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟောဒီကမ္ဘာကြီးကို အခုလို သိမ်မွေ့နူးညံ့တဲ့ ...
movie
My Father’s Violin (2022)
2022
Head-On (2004)
Head-On 2004===========#UnicodeIMDb 8/10တူရကီနွယ်ဖွား ဒါရိုက်တာ Fatih Akin ရဲ့ လက်ရာကောင်းတစ်ခုပါ။ ဒီကားက Goden Bear, European Film Award For Best Film အပါအဝင် ဆုပေါင်း ၁၁ ခုကို ဆွတ်ခူးခဲ့တဲ့ကားပါ။ လူတွေက အချစ်ကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရှိလေ့ရှိကြပါတယ်။ ဂျာဟစ်(ကာဟစ်) နဲ့ ဆီဘယ်တို့ တွေ့ဆုံရပုံက အမှတ်မထင် တွေ့ဆုံမှုမျိုးပါ။ ကိုယ့်ကိုယ်ကိုသတ်သေကြလို့ ဆေးရုံရောက်သွားရင်းတွေ့ခဲ့ကြတာပေါ့။ ပြောရရင် ဂျာဟစ်က တွေ့တာမဟုတ်ပဲ ဆီဘယ်က စပြီး သတိထားမိသွားတာ။ ဂျာဟစ် (ကာဟစ်) တွမ်ရွတ်ခ်ဆိုတဲ့ နာမည်ကြားတော့ ဆီဘယ်တစ်ယောက်အရမ်းပျော်သွားပါတယ်။ အဲ့ဒီနောက် လက်ထပ်ဖို့ကိုလည်း ဆီဘယ်ကပဲ ဂျာဟစ်ကို ချက်ချင်းဆိုသလို တောင်းဆိုခဲ့ပါတယ်။ ဂျာဟစ်ကို ချစ်လို့တော့မဟုတ်ပါဘူး ဂျာဟစ်က တူရကီဖြစ်နေလို့ပါပဲ။ ဂျာဟစ်လို ဂလေဂချေ ပုလင်းခွံတွေ လိုက်ကောက်ပေးရတဲ့သူနဲ့ ဘယ်သူက လက်ထပ်ချင်မှာလဲ။ ...
movie
Head-On (2004)
2004