Channel Myanmar

Selen Öztürk

Color Of Victory (2024) 6.0
Color Of Victory (2024)  အချစ်၊ စစ်ပွဲ၊ မျှော်လင့်ချက်တွေနဲ့ အားကစားအကြောင်းပါတဲ့ ဇာတ်ကားတစ်ကားကိုရှာနေတယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်ထွက် Color of Victory တူရကီ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ဟာဆိုရင် လွတ်လပ်ရေးစစ်ပွဲကာလအတွင်း တူရကီရဲ့ သမိုင်းကြောင်းကို ပြောပြထားပြီးတော့ ဖင်နယ်ဘာ့ချေး ဘောလုံးအားကစား အသင်းဖြစ်ပေါ်လာပုံအပြင် နယ်ချဲ့ အင်္ဂလိပ်တွေနဲ့ ယှဥ်ပြိုင်ခဲ့တဲ့အောင်ပွဲအကြောင်းရိုက်ကူးထားတဲ့ သမိုင်းဝင်မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ခက်ခဲတဲ့စစ်ပွဲကာလမှာ ပြည်သူတွေကို ခွန်အားတက်စေခဲ့တဲ့ မျှော်လင့်ချက်၊ ဘောလုံးအားကစားနဲ့ အချစ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ ရုန်းကန်မှုတွေနဲ့ အောင်ပွဲများကို မီးမောင်းထိုးပြကာ ဆွဲဆောင်မှုကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ တင်ဆက်ပေးထားပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:37:00 Genre... Biography, History, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min
movie

Color Of Victory (2024)

Paper Lives (2022) 6.6
Paper Lives (2022)  တူရကီရုပ်ရှင်တွေထဲက Netflixမှာ လူကြည့်အများဆုံးနဲ့နိုင်ငံတကာရုပ်ရှင်ဝေဖန်ရေးသမားတွေကအစ ချီးကျူးထားတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။iMDbကိုယ်တိုင်ကိုက အော်စကာနဲ့ထိုက်တန်တဲ့ရုပ်ရှင်ကားလို့ညွှန်းထားပြန်ပါတယ်။လူတွေဟာ ကိုယ်မရခဲ့တဲ့အရာဆို သူများအတွက်ဖြည့်ပေးချင်ကြတာချည်းပါပဲ။Mehmetဟာ အစ္စတန်ဘူးဆင်းရဲသားရပ်ကွက်မှာ ဘူးခွံပလုံးခွံတွေကတ်ထူစက္ကူတွေကို အမှိုက်ပုံးထဲကလိုက်ကောက်ရင်း ပိုက်ဆံစုကာကျောက်ကပ်အစားထိုးဖို့ အလှူရှင်ကိုစောင့်ဆိုင်းနေသူပေါ့။ တွယ်တာစရာသိပ်မရှိလှပေမဲ့ ဘဝတူဆင်းရဲသားတွေနဲ့ ညီအစ်ကိုလိုနေရင်း ပတ်ဝန်းကျင်ကိုကူညီတတ်သူဖြစ်ပြီး အသက်ရှင်နေဖို့ သိပ်စိတ်ပါလှတယ်တော့မဟုတ်ပါဘူး။တစ်နေ့တော့ ဆာလာအိတ်ထဲမှာ ၈နှစ်အရွယ်ကောင်လေးတစ်ယောက်ပါလာပါတယ်။ ကောင်လေးကို ဘယ်ကလာလဲ မင်းအိမ်ဘယ်မှာလဲမေးပေမဲ့ခေါင်းတွင်တွင်ခါရင်း ကျွန်တော်ပိုက်ဆံရှာချင်တယ် အမေ့ကိုကယ်မယ်ပဲပြောနေပါတယ်။ Mehmetလည်း ကောင်လေးကို ခဏခေါ်ထားပြီး နောက်မှသူ့အမေဆီပြန်ပို့မယ်ဆိုတဲ့အကြံနဲ့ ခဏတာလက်ခံထားပြီးနောက်မှာသူ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။ Spoilerမမိစေချင်တာကြောင့်ဒီအထိပဲပြောပြပါရစေ။ငယ်ဘဝစိတ်ဒဏ်ရာတွေ၊ ဆေးသုံးစွဲမှုတွေ၊ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ စိတ်အခြေအနေတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ပုံဖော်လို့သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တင်မက ရုပ်ရှင်ဓာတ်ပုံပိုင်းကပါဒီဇာတ်ကားကို အပြည့်ဖြည့်ပေးထားပါတယ်။ ပြောစရာတစ်ခုရှိတာကတော့သီချင်းတစ်ပုဒ်ကို စောစီးစွာအသုံးပြုထားခြင်းပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းကိုဆုံးအောင်ကြည့်မယ်ဆိုရင် ဒီသီချင်းကို ဘာလို့သုံးခဲ့လဲဆိုတာကို နားလည်ပေးနိုင်မယ်ထင်ပါရဲ့။ ရုပ်ရှင်အဆုံးဟာ လုံးဝကိုခမ်းနားပြီး အစပိုင်းမှာနားမလည်နိုင်ခဲ့တဲ့သရုပ်ဆောင်မှုတွေကို ဒါကဒီလိုပါလာဆိုပြီး စေ့စေ့တွေးရေးရေးပေါ်စေပါလိမ့်မယ်။ဒီ ၁ နာရီနဲ့ ၃၇ မိနစ်ဟာ လုံးဝနောင်တမရစေမယ့်အချိန်လို့ အာမခံပါတယ်ခင်ဗျာ။  File size…1.47GB / ...
movie

Paper Lives (2022)