Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Seiichi Tanabe
7.1
April Story (1998)
April Story (1998)~ IMDb - 7.1/10, Rotten Tomatoes - 81% ~Directed by "Shunji Iwai"ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ ...
movie
April Story (1998)
1998
6.9
Pale Moon (2014)
Pale Moon (2014)လက်ရှိမှာ ဒီကားကို Pale Moon နာမည်နဲ့ပဲ ကိုရီးယားဇာတ်လမ်းတွဲ ပြန်ရိုက်ထားပြီး ဇာတ်လမ်းက ကောင်းသလို ဒီလိုဇာတ်တွေနဲ့လိုက်ဖက်တဲ့ Sky Castle တို့ Mineတို့ Nobody Knows တို့ထဲက နာမည်ရ မင်းသမီးကြီး Kim Seo-Hyungက ပါ၀င်ထားတာမို့ ကေဒရာမာ ဖန်တွေကြား နာမည်ရသင့်သလောက်တော့ ရမယ် ထင်ပါတယ်။Pale Moonရုပ်ရှင်ရဲ့ ဇာတ်ကြောင်းဟာ ထူးခြားတယ် ။ မထင်မှတ်ထားတဲ့ အကွေ့တွေရှိတယ်။ ရက်စက်ခြင်းနဲ့ သမားရိုးကျခြင်းအကြောင်း ကူးလူးဆန်ခတ်နေတယ်လို့ပဲ ပြောချင်ပါတယ်။ ပွိုင့်ဟာ ဘာလဲတော့ ဝေဝါးကောင်းဝေဝါးလာနိုင်ပေမဲ့ ဒါကလည်း ဒီဇာတ်လမ်းရဲ့ အရသာပဲလို့ပြောရပါမယ်။ဘာလို့ဆို ဒီဇာတ်လမ်းမှာ ဇာတ်ကောင်က ရိုးရိုးအေးအေးနေတဲ့ အိမ်ရှင်မ။ ဘဏ်မှာ အချိန်ပိုင်းလုပ်ရာက အချိန်ပြည့်၀န်ထမ်းဖြစ်လာပြီး အရေးကြီးဖောက်သည်တွေရဲ့ အိမ်ထိ ငွေတိုက်စာချုပ်ရောင်းတဲ့ အလုပ်ကို လုပ်ရတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတာတွေ ကြုံလာရပြီး စစချင်း ကောင်းတဲ့ရည်ရွယ်ချက်နဲ့လို့ ကိုယ့်ကိုယ်လှည့်စားရင်း ငွေတိုက်စာချုပ်ဖိုးငွေတွေကို လိမ်ရင်း ငွေရှိခြင်းရဲ့ အတုအယောင် ...
movie
Pale Moon (2014)
2014
6.9
The 100th Love with You(2017)
The 100th Love with You(2017)(unicode)ဒီကမ္ဘာကြီးမှာ လူဦးရေ သန်းပေါင်းများစွာ ရှိတဲ့ထဲက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အချစ်စစ်အချစ်မှန်နဲ့ တွေ့ဆုံကြတာကို ဖူးစာဆိုပြီး လှပစွာ ခေါင်းစဉ်လေး ကျွန်တော်တို့တပ်ခဲ့ကြတယ်... တစ်ချို့တွေအတွက် အချစ်စစ်တစ်ခုအတွက် အချိန်များစွာကြာပြီးမှ ဖြစ်တည်ခဲ့ကြသလို တစ်ချို့အတွက်လည်း ဆန်းကြယ်တဲ့အခိုက်အတန့်တစ်ခုမှာ အချိန်တိုအတွင်းငြိတွယ် ခဲ့ကြတယ်...ဘယ်လိုပဲ ဖူးစာပါပါ လူတစ်ယောက်နဲ့ တစ်ယောက် အကြိမ် ၁၀၀မြောက် ပုံစံစုံနဲ့တွေ့ခဲ့ရင် သူတို့ ချစ်နိုင်ကြပါ့မလား... ကောင်လေးတစ်ယောက်ဟာ အချိန်နောက်ပြန်သွားလို့ရတဲ့ ပစ္စည်းတစ်ခုပိုင်ဆိုင်ထားတယ်...ဒီပစ္စည်းကိုအသုံးပြုပြီး အချိန်တွေနောက်ပြန်သွားရင်း သူတစ်စိုက်မတ်မတ် လုပ်တဲ့အရာတစ်ခုရှိတယ်...အဲ့ဒါကတော့ သူချစ်တဲ့ကောင်မလေး အသက်အန္တရယ်ကနေ လွတ်မြောက်အောင် ကာကွယ်ပေးတာပါပဲ...ပြောရရင် သူတို့ အကြိမ် ၁၀၀မြောက်တွေ့ကြတယ်ဆိုပါတော့.... ဒီကားက သီးချင်းကောင်းတွေများစွာပါသလို သီချင်းတွေကလည်း ဇာတ်ကားရဲ့ အသက်ကို ထပ်လောင်းမြှင့်တင်ပေးလို့ ဘာသာပြန်ပေးထားပါတယ်... သရုပ်ဆောင်တွေအကုန်လုံးလည်း ချောမောလှပကြသလို တကယ့်ကို ဆွတ်ပျံကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးပါပဲ.. အစမှ အဆုံးထိ ဆွဲဆောင်မှုရှိသလို ဘာဆက်ဖြစ်မလဲဆိုတာ တစ်စိမ့်စိမ့်တွေးစေတဲ့ကားမျိုးလေးပါ... ခင်ဗျားတို့ရော ကိုယ့်ကိုအကြိမ်၁၀၀ ပြန်တွေ့ရင်တောင်ချစ်နေမယ်ဆိုတဲ့သူမျိုး ကိုယ်က အကြိမ်၁၀၀ပြန်တွေ့ရမယ်ဆိုရင်တောင် ချစ်နေမယ့်သူမျိုး ရှိကြပြီလား.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ FA မမ Thinzar Htet ပဲဖြစ်ပါတယ်....(zawgyi)ဒီကမာၻႀကီးမွာ ...
movie
The 100th Love with You(2017)
2017
N/A
Snow Flower (2019)
Snow flower ဆိုတဲ့ ဂျပန်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...IMDb Rating (7.1) ပါ။ သေရမယ့်ရက် သေရမှာကြိုသိနေတဲ့ မိယူကိတစ်ယောက်ဟာ ဘဝကို အရှုံးပေးဖို့ကြိုးစားနေချိန် အမှတ်မထင် နှင်းပန်းလေးအနေနဲ့ သူ့ဘဝထဲကို ဝင်လာသူကတော့ ယူးဆုကဲပါပဲ... ဒါကြောင့် ယူးဆုကဲကို သူကိုယ်တိုင် ရည်းစားအဖြစ် တစ်လစာချုပ်နဲ့ တွဲဖို့တောင်းဆိုခဲ့ပါတယ်...အချစ်ဆိုတာကို ဘာမှန်းမသိတဲ့သူတို့နှစ်ယောက်အတွက်တော့ အချစ်ဆိုတာ အရာအားလုံးနဲ့ အလဲထပ်ရဲလောက်တဲ့ စွန့်စားခန်းကြီးတစ်ခု... အချစ်ဆိုတာ အနားမှာ လက်ကိုကိုင်ထားပြီး ရှိနေပေးတာမျိုး... အချစ်ဆိုတာ သူ့အတွက် လုပ်ပေးရရင် ပျော်နေတတ်တာမျိုး... အချစ်ဆိုတာ.... တစ်ခဏတာအချိန်လေးအတွက်တောင် တစ်ဘဝလုံးကို လောင်းကြေးထပ်ရဲတာမျိုးပါ... သူတို့ရဲ့အချစ်ကို ဇာတ်လမ်းလေးကြည့်ပြီး ခံစားလိုက်ကြပါတော့... ( မှတ်ချက်။ ။ နှလုံးသားနဲ့ ခံစားပြီး မျက်ရည်ခိုင်မှ ကြည့်ကြပါ။) File size…(1.1 GB) and (600 MB) Quality….Blu-Ray 720p Format…mp4 Duration….02:0:500 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Chu Chu
movie
Snow Flower (2019)
2019
6.1
Ringu 0 (2000)
Ringu 0: Birthday (2000) 1998 နဲ့ 1999 တုန်းက ထွက်ရှိခဲ့တဲ့ Ring ဇာတ်ကားတွေရဲ့ ပုံပြင်လိုဖြစ်တဲ့ဒီဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ် ၃၀ ကအကြောင်းကို တင်ဆက်ပေးထားပါတယ်… ငယ်ရွယ်ပြီးလှပတဲ့ ဆာဒါကိုလေးဟာ သူ့ရဲ့ ရှုပ်ထွေးပြီးပြဿနာများတဲ့ အတိတ်ကနေ လွတ်မြောက်ဖို့အတွက် ပြဇာတ်အဖွဲ့ထဲမှာ ပျော်ရွှင်မှုကို ရှာတွေ့ပြီး သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ မျှော်လင့်လာတာပါပဲ… ‘ဒါပေမယ့်လည်း ထူးဆန်းတဲ့အမြင်အာရုံနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝလွန်အစွမ်းတွေဟာ လူတွေသတိထားမိလာအောင်လုပ်မိရာကနေစတင်လာပါတယ်… ပြဇာတ်အဖွဲ့မှာပါတဲ့သူတွေဟာ တူညီတဲ့အိမ်မက်ကို မက်လာကြတယ် တစ်ချို့တစ်လေဆို သူ့နောက်မှာ တစ်ယာက်ယောက်ရပ်နေတာကိုမြင်တယ်ဆိုပြီး ထိတ်လန့်လာကြတယ် အားလုံးကြည့်ဖူး ကြားဖူးကြလို့ ဇာတ်လမ်းအဆုံးသတ်ကို သိထားမှာမှန်ပေမယ့် ကြောက်စရာကောင်းတဲ့ ဆာဒါကိုကို ဒီဇာတ်လမ်းလေးထဲမှာတော့ တည်ငြိမ်တဲ့ဘဝကိုရဖို့ကြိုးစားနေတဲ့ အမြဲတမ်းအေးဆေး တိတ်ဆိတ်ပြီး ရှက်တတ်တဲ့ လူတစ်ယောက်အနေနဲ့ ခံစားကြည့်ရှူရမှာဖြစ်ပါတယ် ပရိသတ်အားလုံးအတွက် မရိုးနိုင်တဲ့ ရသကိုပေးနိုင်မယ့် ဒီဇာတ်လမ်းလေးဟာ 2000 ခုနှစ်မှာ Rating 6.1 နဲ့ရပ်တည်ခဲ့ပါတယ်… ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးတာကတော့ Htoo Htoo Ka Joe ဖြစ်ပါတယ်
movie
Ringu 0 (2000)
2000
6.4
Bleach (2018)
Bleach (2018) IMDb - 6.4/10_____Rotten - 67% တစ်လောကမှထွက်ရှိထားတဲ့ဂျပန်live action ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဂျပန်အန်နီမေးရှင်းကိုပြန်ပြောင်းရိုက်ကူးထားတဲ့ဒီကားလေးဟာဂျပန်မှာတော့အတော်ရေပန်းစားသွားပါတယ်ငယ်ငယ်လေးကတည်းကမိခင်ဖြစ်သူမတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားတဲ့ကောင်လေးခုယိုစကိထိုမတော်တဆမှုကြောင့်သူဟာမကောင်းဆိုးဝါးတွေကိုမြင်တွေ့လာနိုင်ခဲ့တယ်ကောင်းမွန်တဲ့မကောင်းဆိုးဝါးတွေကိုလမ်းမှန်သွားနိုင်အောင်သူသင်ပြပြောပြပေးခဲ့တယ်လောကမှာကောင်းတဲ့မကောင်းဆိုးဝါးတွေရှိသလိုမကောင်းတဲ့မကောင်းဆိုးဝါးတွေလည်းရှိနေခဲ့တယ်ကောင်းမွန်တဲ့သရဲတစ္ဆေတွေကိုဝိညာဉ်လောကကိုကောင်းကောင်းမွန်မွန်သွားနိုင်အောင်လုပ်ဆောင်ပေးသူတွေကတော့သေမင်းနတ်ဘုရားတွေပါပဲဝိညာဉ်ဖမ်းသူတွေလို့လည်းအလွယ်ခေါ်နိုင်ပါတယ်သူတို့ဟာမကောင်းတဲ့သရဲတစ္ဆေတွေကိုလည်းနှိမ်နင်းနိုင်တဲ့အစွမ်းရှိသူတွေပါသူတို့ဟာနှစ်ပေါင်းရှည်ကြာပြီးအလွန်အစွမ်းထက်တဲ့မကောင်းဆိုးဝါးးတစ်ကောင်ကိုနှိမ်နင်းဖို့သေမင်းနတ်ဘုရားမလေးကိုလူ့လောကကိုစေလွတ်လိုက်ပါတယ်လူသာမာန်တွေမမြင်နိုင်တဲ့ထိုသေမင်းနတ်ဘုရားမလေးကိုခုယိုစကိကမြင်တွေ့နိုင်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲသူတို့နှစ်ယောက်ပေါင်းပြီးမကောင်းဆိုးဝါးတွေကိုဘယ်လိုနှိမ်နင်းမလဲဆိုတာကိုကြည့်လိုက်ကြပါဒီဇတ်ကားကိုအမျိူးမျိူးဝေဖန်ကြပါတယ် မူရင်းကိုမမှီဘူးဆိုတာတွေ မုူရင်းထက်ကောင်းတယ်လို့ပြောသူတွေအမျိူးမျိူးပါပဲကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပဲပြောချင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုစိုးထွေးပါ) File Size : (900 MB) Quality : NF WEB-DL 720p Running Time : 1h 48min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p NF WEB-DL DD+5.1 x264-NTG Translated by Soe Htwe Encoded by Thanhtike Zaw
movie
Bleach (2018)
2018
7.3
Liar Game: The Final Stage (2010)
သင် လူတွေကို အလွယ်တကူယုံကြည်တတ်ပါသလား... ရိုးသားလွန်းတဲ့...ယုံကြည်လွယ်လွန်းတဲ့ လူတစ်ယောက်အဖို့ ယနေ့ခေတ်ကြီးမှာ ရှင်သန်နေထိုင်ရတာ အန္တရာယ်များလွန်းလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လိမ်ရတဲ့ကစားပွဲတစ်ခုမှာဆိုရင်တော့ ပိုဆိုးပြီပေါ့။ ဒီ Liar Game ဆိုတဲ့ဇာတ်ကားလေးက ဂျပန်ကားကြိုက်နှစ်သက်တဲ့လူတွေအတွက်တော့ ကြည့်ပျော်စေမယ့် ဇာတ်ကားလေးပါ။ လှည့်ကွက်များစွာနဲ့ တဖြေးဖြေးဆွဲဆောင်သွားတဲ့ ဒီဇာတ်ကားလေးဟာ IMDb Rating (7.3) ထိရရှိထားပါတယ်။Liar Game ဆိုတဲ့ ဂျပန်စီးရီးကို အခြေပြုဖန်တီးတင်ဆက်ထားပြီး ကိုရီးယားစီးရီး Liar Game အဖြစ်လဲ ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းပါ။Liar Game ဇာတ်ကားအဆက် Liar Game 2:Reborn ဇာတ်ကားလဲ ၂၀၁၂ မှာထပ်မံထွက်ရှိခဲ့ပါတယ်...https://channelmyanmar.to/?s=liar+game မှာရှာပါ။ File size…(999 MB) and (420MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:13:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Daniel Sharman
movie
2010