Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sebastian Stankiewicz
5.5
Kleks Academy (2023)
ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက်ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်..ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာတက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီးအလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက်နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာတက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေးအရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီးစိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်းမမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာမသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်းဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖိုဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်းသူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူမိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့....။ File size…2.15GB / 1.02GB Quality…NF WEB-DL ...
movie
Kleks Academy (2023)
Squared Love All Over Again (2023)
ဇာတ်လမ်းကတော့ မိုနီကာဆိုတဲ့ မူလတန်းပြ ကျောင်းဆရာမလေးက တစ်ဖက်မှာလည်းကလောက်ဒီယာ ဆိုတဲ့ နာမည်နဲ့ မော်ဒယ် ဆယ်လီတစ်ယောက်ပါ ။ ကျောင်းဆရာမ ပီပီကလေးတွေနဲ့ဆက်ဆံရေးကောင်းပြီး ကလေးချစ်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီး ကလေးတွေအတွက် Talent show တစ်ခုမှ Host လုပ်ပေးဖို့ကမ်းလှမ်းခံပါတယ်။ကျောင်းဆရာမအလုပ်နဲ့ မော်ဒယ်အလုပ်နှစ်ခုကို Balance ညီအောင်လုပ်ရင်း အချစ်ရေးမှာပါ ထိခိုက်လာခဲ့ ပါတယ်။ အဲ့လိုနဲ့သူ့ရဲ့ အလုပ်နှစ်ခုနဲ့ အချစ်ရေးကို Handle လုပ်ရင်း အခက်အခဲတွေကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနှောပြီး ကြည့်ရှုရမယ့် ပိုလန် Love Romance ကားလေးတစ်ကားပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
Squared Love All Over Again (2023)
6.0
Dangerous Men (aka) Niebezpieczni dzentelmeni (2022)
ဒီဇာတ်လမ်းကတော့ Comedy/ Crime Comedy အမျိုးအစားလေးပါ ၁၉၁၄ ခုနှစ် ဇာကိုပန်နာမြို့မှာ စာရေးဆရာဂျိုးဆက်ဖ် ကွန်ရတ်နဲ့အတူ အခြားသောပိုလစ်အနုပညာသမား ၃ ဦးတို့ ပါတီတစ်ခုမှာ မူးယစ်ဆေးတွေသုံးမိပြီး နောက်တစ်နေ့သူတို့နိုး လာတဲ့အချိန် သူတို့ရဲ့ ဧည့်ခန်းထဲမှာ ယောက်ျားအလောင်းတစ်လောင်းရောက်ရှိနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်။မူးယစ်ဆေးအရှိန်ကြောင့် သူတို့ ၄ ယောက်လုံးက ညကအဖြစ်အပျက်တွေကို ဘာမှမမှတ်မိတော့ဘဲ ဒီအလောင်းကို ဘယ်သူသတ်ခဲ့တာ လဲ ဘာဆက်လုပ်ကြမလဲဆိုပြီး မေးခွန်းထုတ်နေကြတဲ့အချိန် သူတို့အိမ်တံခါးကို ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်က တံခါး လာခေါက်ပါတော့တယ်။ တံခါးသွားဖွင့်ပေးတဲ့ တာဒဲအုရှ်ဇလန်စကီကတော့ ဝါသနာအရစာရေးပေမယ့် ကလေးအထူးကုဆရာဝန် တစ်ဦးဖြစ်ပြီး ထိုသူနဲ့ စကားပြောပြီးတဲ့နောက် သူက ညတုန်းကပါတီပွဲမှာ သေနတ်နဲ့ပစ်သတ်ခံရလို့သေပြီလို့သတင်းပျံ့နေကြောင်း သိလိုက်ရပါတော့တယ်။သူတို့လေးယောက်သား နှစ်ယောက်တစ်ဖွဲ့စီခွဲကာ တာဒဲအုရှ်သေပြီလို့ ဘာလို့မြို့ထဲမှာပြောနေကြတာလဲ သူတို့အိမ်ထဲရောက်နေ တဲ့ အလောင်းကောင်ကဘယ်သူလဲ သူတို့ထဲကဘယ်သူသတ်ခဲ့တာလဲဆိုတာကို စုံစမ်းရေးထွက်လုပ်ကြရင်း နိုင်ငံရေး အရှုပ်တော်ပုံထဲပါသွားကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway ...
movie
Dangerous Men (aka) Niebezpieczni dzentelmeni (2022)
5.1
No Pressure (2024)
အိုလီဗီယာဆိုတဲ့ ကောင်မလေးဟာ စိတ်မြန်လက်မြန် ဒေါသအိုးလေးဖြစ်ပြီး အရမ်းတော်တဲ့ စားဖိုမှုးတစ်ယောက်ပါ။တစ်ရက်မှာတော့ သူ့အဖွားဆုံးသွားတဲ့သတင်းကိုကြားတဲ့အတွက် အဖွားကိုနှုတ်ဆက်ဖို့ ရွာကိုရောက်လာခဲ့ပါတယ်။ ရွာကိုရောက်မှ သူ့အဖွားဟာ စိုက်ခင်းခြံပိုင်ရှင်နဲ့ တရားရင်ဆိုင်နေရကာ ခြံကို ထုတ်ရောင်းရတော့မယ့် အခြေအနေကို ရောက်ရှိနေတယ်ဆိုတာ သိလိုက်တဲ့အခါ အိုလီဗီယာတစ်ယောက် အဖွားကို အမြဲကူညီပေးသူ ဝေါ်ဂျက်ရဲ့အကူအညီကိုယူပြီး အဖွားရဲ့ခြံကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။အဖွားဖြစ်သူကြောင့် မြို့ကနေ ရွာကိုပြန်လာပြီး မိသားစုပိုင်ခြံကို ကာကွယ်ရင်း လျှို့ဝှက်ချက်တွေရှိနေတဲ့ ဝေါ်ဂျက်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် Romance Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
No Pressure (2024)
5.8
Hellhole (2022)
Hellhole [2022](IMDb 5.8/10, RT 57%)ဇာတ်လမ်းအစမှာ ဖာသာတစ်ယောက် မွေးကင်းစကလေးတစ်ယောက်ကို ဓားနဲ့ထိုးပြီး သတ်ဖို့ ဟန်ပြင်နေတယ်... ဒီအခိုက်မှာပဲ ရဲတွေ ရောက်လာပြီး ဖမ်းစီးသွားခဲ့တယ်... ဇာတ်လမ်းဟာ ဒီကစပေမယ့် နောက်အနှစ် ၃၀အကြာကို ရောက်သွားပါတယ်... ဖာသာ မာရက်ကို ခရီးဦးကြိုပြုတာကနေ စတာပါပဲ... ဖာသာမာရက်ဟာ ပိုလန်ကျေးလက်တစ်နေရာက နာတာရှည်သမားတွေကို ကုသပေးနေတဲ့ ဘုန်းတော်ကြီးကျောင်းကို ရောက်လာခဲ့ပါတယ်... ရောက်တာနဲ့ သူ့ထဲက ပစ္စည်းတွေကို စစ်ဆေးပါတော့တယ်.. ပြင်ပကမ္ဘာက ပစ္စည်းတွေကြောင့် ကျောင်းတော်ထဲက ဟာမိုနီဖြစ်မှုကို ပျက်ပြားမှာစိုးလို့တဲ့လေ... သည်နောက်မှာတော့ ဖာသာ မာရက်ဟာ သူလာရခြင်း အကြောင်းအရင်းဖြစ်တဲ့ မကောင်းဆိုးဝါးနှင်တဲ့ ကိစ္စတွေမှာ ပါဝင်ပက်သက် ရပါတော့တယ်... တကယ်တော့ မာရက်ဟာ ဖာသာအစစ်မဟုတ်ပါဘူး... အယောင်ဆောင်ထားတဲ့ ရဲတစ်ယောက်သာ ဖြစ်ပါတယ်... ဒီကျောင်းတော်ရှိတဲ့ ဧရိယာမှာ မိန်းမငယ် ၈ယောက်ပျောက်ဆုံးတာဟာ ဒီကျောင်းတော်ကို အပနှင်ဖို့ စေလွှတ်ခံရပြီးနောက် ပြန်ပေါ်မလာတာလို့ သတင်းပေးလာတဲ့အတွက် မာရက်ဟာ အသွင်ယူပြီး စုံစမ်းနေတာပဲ ဖြစ်ပါတယ်.. အထဲရောက်သွားမှ ဖြစ်စဉ်ဟာ သူထင်သလောက် မရိုးရှင်းသလို ထူးဆန်းမှုတွေလည်း ...
movie
Hellhole (2022)
2022
Squared Love Everlasting (2023)
ပိုလန်ရုပ်ရှင်တွေဖြစ်တဲ့ Squared Love ဇာတ်ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Squared Love Everlasting က Romance Comedy အမျိုးအစားဇာတ်ကားဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Netflix ရဲ့ဇာတ်ကားဖြစ်ပါတယ်။ အရင်နှစ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့သူတွေပဲ ပြန်လည်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အရင်ဇာတ်ကားနှစ်ကားကိုမကြည့်ရသေးရင်လည်း ဒီဇာတ်ကားကိုကြည့်လို့ရမှာပါ။ Rom/Com အမျိုးအစားပီပီ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားလို့ရမဲ့ လှပတဲ့အချစ်ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အန်ဇိုစတက်ဖန်နဲ့ မိုနီကာတို့နှစ်ဦးသား လက်ထပ်ဖို့စိုင်းပြင်နေတဲ့အချိန်မှာ ထင်မှတ်မထားတဲ့ဖြစ်ရပ်တစ်ခုပေါ်လာခဲ့ပါတယ်။ ဒီကိစ္စက သူတို့နှစ်ဦးရဲ့ relationship ကိုပါသက်ရောက်လာခဲ့တဲ့အခါ သူတို့နှစ်ဦးကြားကနားလည်မှုကို ပြန်လည်တည်ဆောက်နိုင်ပါ့မလား သူတို့ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုရော ကျော်လွှားနိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီနောက်ဆုံးဇာတ်ကားက Squared Love ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးလို့သတ်မှတ်နိုင်ပါတယ်။ ဥရောပအချစ်ဟာသကားလေးဖြစ်တဲ့အတွက် ကြည့်နေကျ အမေရိကန်ရုပ်ရှင်တွေနဲ့ မတူတဲ့ vibe တစ်ခုတော့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကရိုးရှင်းပေမဲ့ ကြည်နူးဖို့လည်းကောင်းပြီး ပိုလန်ရဲ့ သဘာဝရှုခင်းနဲ့ညမြင်ကွင်းအလှတွေကို ကြည့်ရတာနဲ့တင်တန်နေပြီလို့ဆိုနိုင်ပါတယ်။ Rom/com ကြိုက်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးကိုကြည့်ပြီး စိတ်အပန်းဖြေလိုသူတွေကြည့်သင့်တဲ့ကားလေးပါ။ File size…(1.8 GB)/(1 ...
movie
Squared Love Everlasting (2023)
6.8
Soulcatcher (2023)
Soulcatcher (2023)****************** ပိုလန် အက်ရှင်ကားသစ်တစ်ကား နက်ဖလစ်ကနေ ထွက်လာတာပါ။ ဒါရိုက်တာ Daniel Markowicz ရဲ့လက်ရာဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်တွေအကြောင်းကို အခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းပိုလန် ကြေးစားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေဟာ နယ်စပ်တစ်နေရာကစစ်ခေါင်းဆောင်တစ်ယောက်ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့စစ်ရာဇဝတ်မှုသက်သေတွေကို သွားပြီးယူဖို့ တာဝန်ပေးခံရပါတယ်။ဒါပေမဲ့ အဲဒီမှာ လူတွေကို စိတ်ဖောက်ပြန်ပြီး သတ်ဖြတ်ချင်စိတ်တွေဝင်လာစေတဲ့ထူးဆန်းတဲ့စက်တစ်လုံးနဲ့ ရင်ဆိုင်လိုက်ရပြီး အားလုံးနီးပါး သေသွားရပါတော့တယ်။အဲဒီစက်ဟာ မူလက ကင်ဆာကုဖို့ စတီထွင်ထားခဲ့ပေမဲ့ အမှားအယွင်းတစ်ခုကနေလက်နက်ဖြစ်လာခဲ့တာပါ။ အသက်ရှင်ကျန်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်ကအဲဒီစက်ကို ပြန်လုယူဖို့နဲ့ စက်တီထွင်သူကို လုပ်ကြံဖို့ စစ်စခန်းထဲကို ပြန်ဖောက်ဝင်ဖို့ ကြိုးစားရတဲ့အခါ....File size… 1.50GB / 800MB Quality… WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Mr.Anderson
movie
Soulcatcher (2023)
5.7
Where the Devil Can’t Go, He Sends a Woman 2 (2023)
ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ...
movie
Where the Devil Can’t Go, He Sends a Woman 2 (2023)
6.3
Furioza (2021)
Furioza (2021) ဇာတ်လမ်းအညွှန်း ရှယ်ကြမ်း အက်ရှင်ကြိုက်သူများအတွက်ပါ။ ဒါဝိ၊ ဇီကာ နဲ့ အာရှုတို့က ချာတိတ်ဘဝတုန်းက ဖျူရီအိုဇာဆိုတဲ့ လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေပေါ့။ အတိတ်ဆိုးတွေကနေ ရုန်းထွက်ရင်း ဆယ်နှစ်အကြာမှာ ဒါဝိက ဆရာဝန်ဖြစ်လာပြီး ဇီကာက ရဲဖြစ်လာခဲ့ပါတယ်။ဂိုဏ်းထဲမှာပဲ လူမိုက်ကြီးအဖြစ် ကျန်ရစ်ခဲ့တဲ့သူကတော့ ဒါဝိရဲ့အစ်ကို အာရှုပါပဲ။ဇိကာတို့ ရဲတပ်ဖွဲ့က အန့်မန်းဆိုတဲ့ မူးယစ်ရာဇာကို ဖမ်းချင်နေကြတာပါ။ အန့်မန်းက ဖျူရီအိုဇာဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေတာကြောင့် အာရှူကိုဖမ်းမယ်လို့ အကျပ်ကိုင်ပြီး ဒါဝိကို သူလျှိုအဖြစ် ဂိုဏ်းထဲ ပြန်ဝင်ပေးဖို့ အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။ဒါဝိတစ်ယောက် သူ့ဂိုဏ်းဟောင်းထဲ ပြန်ရောက်သွားရာက ဘယ်လို ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေနဲ့ ကြုံရမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.7GB, 1.1GB & 539MB Quality ...
movie
Furioza (2021)
2021