Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sebastian Roché
6.7
Safe House (2012)
Safe House (2012)Denzel Washington နဲ့ Ryan Reynolds တို့ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Action Thriller အမျိုးအစား ဇာတ်ကြမ်းကားဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ Ryan Reynolds ကို CIA Agent အငယ်လေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီးDenzel ကိုတော့ အထာကျကျ ဉာဏ်ကစားမယ့် ဆရာကြီးအဖြစ် မြင်တွေ့ရမှာပါ။No One is Safe ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ လုံခြုံအောင်လုပ်ထားထားတစ်နေရာရာကနေတော့ ယိုပေါက်က ရှိလာတတ်တာပါပဲ။တစ်ယောက်ကိုတစ်ယောက်ထိုးချပြီး အမှားမခံနိုင်ဘဲ ဘဝပျက်သွားနိုင်တဲ့ ကစားပွဲမှာအပြိုင်အဆိုင်ဉာဏ်ကစားရင်းနဲ့ နောက်ကွယ်က လက်မည်းကြီးတွေကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာ...။ File size…(3.5 GB )/(1.7 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:54:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Safe House (2012)
5.1
Heatwave (2022)
Heatwave (2022) =============ကလဲရ်ဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်က အိမ်ရှင်ရဲ့ပေါ့ဆမှုကြောင့် တစ်မိသားစုလုံးမီးလောင်သေဆုံးခဲ့တဲ့အဖြစ်ကိုအခုချိန်ထိမမေ့နိုင် သေးတဲ့သူပါ။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင် စကော့ရဲ့ လက်အောက်မှာလက်ထောက်အဖြစ်အလုပ်လုပ်နေပြီး ရည်မှန်းချက်လည်းကြီးကြီးမားမားရှိထားပါတယ်။သူတို့နေထိုင်ရာ မြို့ကိုအပူလှိုင်းရိုက်ခတ်နေပြီးမခံနိုင်လောက်အောင်ဖြစ်လာတဲ့အ ခါမှာ သူငယ်ချင်းဖြစ်သူအလုပ်လုပ်နေတဲ့ ကွန်ဒိုတစ်ခုက ရေကူးကန် မှာခိုးပြီးသွားအပန်းဖြေလေ့ရှိပါတယ်။ တစ်နေ့တော့ အဲ့ဒီရေကူးကန် ဘေးမှာ အိဗ်ဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံတွေ့ရာကနေချစ် ဇာတ်လမ်းစခဲ့ကြပါတယ်။သူ့အလုပ်ရှင် စကော့က အိမ်ကိုညစာဖိတ်ကျွေးတဲ့ညတစ်ညမှာတော့ သူ့ချစ်သူအိဗ်နဲ့အလုပ်ရှင်ရဲ့ဇနီးဂျနဗီးတို့ဟာ တစ်ဦးတည်းဖြစ်တယ်ဆို တာသိသွားတဲ့နောက် သူ့ဘက်က အိဗ်ကို အဆက်ဖြတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေကြားမှာမှ စကော့တစ်ယောက် ရုံးကနေဒေါသူပုန်ထအိမ်ပြန်သွားတဲ့နေ့ကစပြီး ပျောက်ကွယ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေရှိလာပြီး အခြေအနေ တွေက သူ့ကိုပဲ တရားခံအဖြစ်ညွှန်ပြနေတဲ့အခါမှာတော့ ကလဲရ်တစ် ယောက်သူ့မှာအပြစ်မရှိဘူးဆိုတာသက်သေပြနိုင်ဖို့ ပြေးရင်းလွှားရင်း စုံစမ်းရပါတော့တယ်။ Thriller ကြိုက်ပရိသတ်တွေအတွက် ဇာတ်ကား ကောင်းတစ်ကားပါ။ plot hole တစ်ချို့ရှိနေပေမယ့် သရုပ်ဆောင်တွေရဲ့ သေသပ်မှုနဲ့တင်ဆက်ပုံတို့ကြောင့် လှည့်ကွက်တွေနဲ့အဆုံးထိဆွဲခေါ်သွား မယ့် ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.1 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Alias Encoder..........SWM
movie
Heatwave (2022)
2022
7.4
24: Redemption (2008)
24: Redemption (2008) ================== IMDb Rating - 7.4/10ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US ...
movie
24: Redemption (2008)
2008
6.3
6 Underground (2019)
deadpool မင်းသား ryan reynolds ရဲ့ Action ဇာတ်ကြမ်းရုပ်ရှင်လာပါပြီ။ဒါရိုက်တာကလဲ Transformers ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Michael Bay ဆိုတော့ အရောင်တောက်တောက် အက်ရှင်ကြမ်းကြမ်းတွေကို တပြုံကြီး ကြည့်ရှုရမှာပါ။ဇာတ်လမ်းကတော့...ကမ္ဘာကြီးရဲ့အရှုပ်တွေကိုရှင်းပေးချင်တဲ့သူတစ်ယောက်ရဲ့ဇာတ်လမ်းကိုရိုက်ကူးထားတာပါတာကစ္စတန်ကိုအုပ်ချုပ်နေတဲ့သူသေသွားတော့သူ့သားနှစ်ယောက်ထဲကမကောင်းတာတွေကိုလုပ်တဲ့လူကသူ့ညီကိုဖမ်းထားပြီးတော့နိုင်ငံကိုသိမ်းယူထားပါတယ်နိုင်ငံတွင်းမှာလည်းဆူပူမှုတွေရော ဂတ်စ်နဲ့တိုက်ခိုက်မှုတွေကိုပါလုပ်တဲ့သူတစ်ယောက်ပေါ့အဲဒါကိုမြင်ပြီးကယ်တင်ချင်တဲ့ryan reynoldsတစ်ယောက်လူတွေလိုက်စုပြီးဖမ်းခံထားရတဲ့ညီကိုကယ်တင်ဖို့လုပ်ပါတော့တယ်သူတို့အဖွဲ့ထဲမှာစည်းမျဥ်းတစ်ခုရှိပါတယ်ကိုယ်ဘယ်သူဘယ်ဝါဆိုတာအချင်းချင်းတောင်မသိကြတာပါနာမည်ကအစဘာဆိုဘာမှမသိကြတဲ့လူတွေစုပြီးတော့ဘယ်လိုတွေကယ်ဆယ်ရေးလုပ်ကြမလဲဆိုတာ….actionကြီးပဲမဟုတ်ဘဲ ဟာသလေးတွေပါနှောထားတော့ တကယ်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(7.6 GB) / (2.5 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:08:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie
6 Underground (2019)
2019
4K HEVC
5.4
Tides (2021)
Tides (2021) (or) The Colony (2021)===========================IMDb Rating - 5.4/10 ဒီကားက သိပ္ပံစိတ်ကူးယဥ်ကားတွေထဲမှာမှ လက်တွေ့ဆန်ဆန် အနာဂတ်ကို ပုံဖော်ထားတဲ့ကားမျိုးပါ၊ဒီကားကြည့်ရင်း ပထမဆုံးတွေးမိတာက အနာတ်ဂတ်မျိုးဆက်ဟာ ရှေ့မျိုးဆက်တွေရဲ့ ကောင်းမွေဆိုးမွေကို ခံရမှာပဲဆိုတာပါပဲ၊အနာဂတ်မှာ ဆန်းသစ်တဲ့ နည်းပညာတွေတင်မကဘူး ဆန်းသစ်တဲ့ ပြဿနာပေါင်းစုံလည်း ပေါ်လာမှာပါ၊အခုတောင် pandamic ဖြစ်လို့ လူသားတွေ ရှင်သန်ဖို့ ရုန်းကန်နေကြရပါတယ်၊အဲလိုပဲ ကမ္ဘာကြီးကို လူသားတွေကပဲ ဖျက်ဆီးခဲ့တယ် ဖျက်ဆီးနေဆဲ ဆိုတာက အရှိတရားပါ၊ဇာတ်လမ်းထဲမှာတော့ ဝမ်းနည်းစွာနဲ့ပဲ ကမ္ဘာကြီးက လူသားတွေ နေလို့မရအောင် ပျက်ဆီးသွားခဲ့ပါတယ်၊ဒီတော့ အထက်တန်းလွှာလူတစ်ခုက တစ်ခြားနေထိုင်လို့ရတဲ့ ဂြိုလ်တစ်ခုဆီကို ပြေးကြပါတယ်၊ဒါပေမယ့် အဲဒီမှာလည်း ပြဿနာတွေ ရှိနေပါတယ်အဲဒီဂြိုလ်မှာ ရေဒီယိုသတ္တိကြွဓာတ်တွေ ရှိနေတာကြောင့် လူသားတွေဟာ မျိုးအောင်ဖို့ ခက်လာပါတယ်၊ဒီတော့ လူသားမျိုးနွယ် မပျက်သုန်းဖို့အတွက် စွန့်ပစ်ခဲ့တဲ့ အိမ်အဟောင်းကို ပြန်လာဖို့ ကြိုးစားကြရပါတော့တယ်၊ဒီလိုနဲ့ သူတို့တွေ ကမ္ဘာမြေပေါ် ပြန်ခြေချဖို့ ...
movie
Tides (2021)
2021
6.2
Beowulf (2007)
သူရဲကောင်းတို့ ခေတ်ကောင်းချိန်...Beowulf လို့ ခေါ်တဲ့ သူရဲကောင်းရဲ့ နာမည် ထွန်းထွန်းတောက်နေချိန်...တစ်ချိန်တည်းမှာပဲ ဘုရင် Hrothgar ရဲ့ တိုင်းပြည်မှာမိစ္ဆာဆိုး တစ်ကောင်မွှေလို့ တစ်တိုင်းပြည်လုံး အစည်းပြေ မီးသေနေတဲ့ အချိန်...ကြံရာမရတဲ့ အဆုံး ဘုရင်ခမျာ Beowulf ကို ရှေ့တော်တင်သွင်းပြီး မိစ္ဆာကို တိုက်ထုတ်ခိုင်းရတော့တယ်...အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ပြီးနောက် ဒီအောင်မြင်မှုဟာဒီ့ထက်ပိုကြီးမားတဲ့ အမျက်ဒေါသနဲ့ လက်စားချေမှုကြီးတစ်ခုဆီကို ဦးတည်သွားတော့တယ်...မိစ္ဆာရဲ့ မိခင်ပါပဲ... ဆွဲဆောင်မှုရှိလွန်းခြင်းရဲ့ နောက်ကွယ်မှတစ်ဆက်တည်းဆိုသလို ပျက်ဆီးခြင်းတရားတွေပါ ပါလာတဲ့ မကောင်းဆိုးဝါးမပေါ့...သူမဟာ Beowulf အတွက် အနိစ္စတရားလေလား...IMDB - 6.2/10, RT - 71% Back to the Future နဲ့ Forrest Gumps တို့ရဲ့ ဒါရိုက်တာဖြစ်ပြီးVisual ရိုက်ချက်တွေကို ကျွမ်းကျင်လွန်းတဲ့ Robert Zemeckis ရဲ့ လက်ရာဖြစ်ပါတယ်။ဒါရိုက်တာတင် နာမည်ကျော်မဟုတ်ပဲ ပါဝင်တဲ့ Cast ...
movie
Beowulf (2007)
2007
4.5
Negative(2018)
အခုတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင်ကားကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားက ၂၀၁၈ ခုနှစ်အခုလထဲမှာထွက်ထားတာဖြစ်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခန်းတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက် အကြိုက်တွေ့မယ့်ကားဖြစ်မှာပါ စပိုင်အက်ရှင်ကားးမျိုးဖြစ်ပြီးတော့တစ်ကားလုံး ပေါက်ကရ စကားတွေနဲ့ အရွန်းဖောက်ပြီး ကြည့်တဲ့သူမပျင်းရအောင် ဆွဲခေါ်သွားမယ့်ကားမျိုးပါဒီကားကို ဒါရိုက်တာ Joshua Caldwell ကရိုက်ကူးထားတာဖြစ်ပြီးတော့ မင်းသားမင်းသမီးတွေအဖြစ် Katia Winter/Sebastian Roche / Josh Randall တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ နာတာလီဟာ အမေရိကန် အနောက်တောင်ဖက်ပိုင်းကို တာဝန်ကျနေတဲ့ဗြိတိန် MI 5 အေးဂျင့်ဖြစ်ပြီးတော့ သူ့တာဝန်ကတော့ လော့အိန်ဂျလိမှာရောက်နေတဲ့ သူ့ပါတနာနဲ့ ဆက်သွယ်ပြီးတော့သူတို့ကို ခြိမ်းခြောက်နေတဲ့ ဟာလစ်နဲ့ အပေးအယူလုပ်ရမှာဖြစ်ပါတယ် ဟောလစ်က ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီးတော့သူဟာ နာတာလီ ရဲ့ ပုံတွေကို ရိုက်ထားပြီး နာတာလီ ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ဖို့ အကြပ်ကိုင်နေတာဖြစ်ပါတယ်ကဲ ပရိတ်သတ်ကြီးက ဗြိတိန်အေးဂျင့် နာတာလီ က သူ့ပုံတွေကိုပြန်လည်ရယူနိုင်မလားဟောလစ်ကကော နာတာလီ ရဲ့ လက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာလားနာတာလီ နဲ့ ...
movie
Negative(2018)
2017