Channel Myanmar

Sebastian Hülk

The White Ribbon (2009) 7.8
The White Ribbon (2009)  ဒီကားကတော့ 2009 ခုနှစ်မှာ ရွှေကမ္ဘာလုံးဆုနဲ့ Palme d'Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင်ဆုအများကြီးရထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ပထမကမ္ဘာစစ် မစခင် ဂျာမန် ရွာလေးတစ်ရွှာ မှာ ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပြီး တစ်ရွာလုံးမှာ ဟိုလူထင်ဒီလူထင်နဲ့ ရက်စက်မှုတွေသံသယဝင်မှုတွေနဲ့ ပြည့်နှက်နေပြီး လူ့သဘာဝတွေကိုဖော်ထုတ်ပြနိုင်တဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းကို ဒီထဲက ဇာတ်ကောင် ကျောင်းဆရာကာပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ လူတွေရဲ့နက်နဲရှုပ်ထွေးတဲ့ စိတ်တွေ အကြမ်းဖက်မှုတွေ အမှောင်ဘက်ခြမ်းတွေကို လူသဘာဝဆန်ဆန် မြင်တွေ့ရမှာပါ။ ဒီကားကိုတော့ ဒီ dark ဖြစ်တဲ့ feeling တွေ ညစ်ညမ်းမှူတွေကိုပေါ်လွင်အောင် Black and white နဲ့ပဲ ရိုက်ထားပါတယ်။ File size…(2.2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:24:00 Genre... Drama, Mystery, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

The White Ribbon (2009)

Transit (2012) 7.0
Transit (2012) ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ နိတ်ဆိုသူက အိမ်ခြံမြေလုပ်ငန်းမှာ လိမ်လည်မှုနဲ့ထောင်ကျသွားခဲ့တာကြောင့် သားနှစ်ယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့ပြန်အဆင်ပြေစေဖို့ ထောင်ကထွက်လာတဲ့အချိန် အပန်းဖြေခရီးတစ်ခုထွက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လူလေးယောက်က ပိုက်ဆံလေးသန်းတင်လာတဲ့ယာဉ်ကို ဓားပြတိုက်သွားတဲ့အတွက် သတိထားကြဖို့ တွေ့ရှိကသတင်းပေးဖို့ သတင်းမှာလာနေခဲ့တယ်။ကံမကောင်းချင်တော့ ဓားပြတွေက လမ်းမှာပိတ်စစ်နေတဲ့ရဲတွေရန်ကလွတ်အောင် နိတ်တို့မိသားစုရဲ့ကားပေါ်မှာ ငွေလေးသန်းအိတ်ကြီးကို တင်ပေးလိုက်ပါတယ်။ နိတ်တို့မိသားစုကလည်း သူတို့ကားပေါ်မှာပိုက်ဆံအိတ်ပါလာတာကို မသိဘဲခရီးဆက်လာတဲ့နောက်မှာတော့...။ မိသားစုနဲ့အဆင်ပြေဖို့ကြိုးစားနေတဲ့ နိတ်တစ်ယောက် ဓားပြတွေနဲ့ပါရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Drama , Scifi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Transit (2012)

Sorcery (2023) 6.1
Sorcery (2023) “မှော်အတတ်”မှော်အတတ်ဆိုတာမျိုးက ရိုးရာမျိုးနွယ်တွေကနေ လက်ဆင့်ကမ်းဆင်းသက်လာတာများပြီး လက်ခံသူ ၊လက်မခံသူကွဲနေတတ်တာက အရင်တည်းက ရှိလာခဲ့တာပါ။ လက်မခံသူတစ်ဖက်ပိတ်အများစုက မှော်ဆိုတာ ရွံကြောက်စရာ၊နိမ့်ကျတဲ့အရာ၊ မယုံတမ်းလုပ်ကြံထားတာတွေလို့တွေးတတ်ကြတယ်။ လက်ခံကျင့်သုံးနေကြသူတွေအတွက်ကျ ရိုးရာကိုထိန်းသိမ်းရာလည်းရောက်မယ် သတ္တဝါတွေကိုလည်းအကူအညီပေးနိုင်ရာရောက်တယ် စတဲ့အကြောင်းတွေနဲ့ လက်ဆင့်ကမ်းယုံကြည်လာခဲ့ပါတယ်။သို့ပေမဲ့ ဆန့်ကျင်သူ ၊ လူနည်းစုကျင့်သုံးသူ ဆိုပြီးအုပ်စုနှစ်ခုကွဲပြီး ဆန့်ကျင်သူတို့ဖက်ကအင်အားကြီးလာတော့ ကျင့်သုံးသူတို့ကို မတရားဖိနှိပ်ခဲ့တာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတည်းကဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကိုမျက်မြင်ခံစားကြည့်လို့ရအောင် ဒါရိုက်တာ Christopher Murray က ၁၉ရာစုဝန်းကျင် ချီလီနိုင်ငံက ဟွီလီချီဆိုတဲ့ လူမျိုးအကြောင်းအခြေခံရိုက်ပြပေးထားပါတယ် ၊ဇာတ်ဆောင်က ဟွီလီချီလူမျိုး၊လူဖြူတွေရဲ့အစေခံမလေး ရိုဆ ဆိုတဲ့ ၁၃နှစ်သမီးလေးပါ ။အဖေကမှော်အတတ်တွေလုပ်တယ်လို့စွပ်စွဲခံရပြီးသူ့ရှေ့တင်အရှင်လတ်လတ်ခွေးကိုက်သတ်ခံလိုက်ရတာပါ။ ဆိုတော့ ငယ်ရွယ်တဲ့ရိုဆလေးခမျာအဖေ့အတွက်တရားမျှတမှုရအောင် ကြိုးစားတဲ့ခရီးစဉ်စတင်ပါတော့တယ်။ အရင်ကလူပတ်ဝန်းကျင်နဲ့ဝင်ဆံ့အောင် ခရစ်ယာန်ဘာသာကျင့်သုံးခဲ့တဲ့ ရိုဆဟာ နောက် သူ့မျိုးနွယ်တွေနဲ့တွေ့ပြီး ကိုယ့်ရိုးရာ ကိုယ်ကျင့်သုံးကာ သူတို့ကို ဖိနှိပ်ခဲ့တဲ့လူတွေကိုဘယ်လို လက်စားချေမလဲ …. နက်နဲပြီး ဇာတ်အေးအေးနဲ့ ကြည့်ရမယ့် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(740 ...
movie

Sorcery (2023)

Inglourious Basterds (2009) 8.3
Inglourious Basterds (2009) Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ..... နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von ...
movie

Inglourious Basterds (2009)

2009
4K HEVCHDR
Red Sparrow (2018) 6.6
Red Sparrow (2018) Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie

Red Sparrow (2018)

2018
4K HEVC
Hanna (2011) 6.8
Hanna (2011)  Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wrightက 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေလျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကိုဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်းကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကိုဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie

Hanna (2011)

All Quiet on the Western Front (2022) 8
All Quiet on the Western Front (2022) Im Westen nichts Neuesဂျာမန်စစ်ကားအသစ်ထွက်လာပါပြီ။ အနောက်ပိုင်းစစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်လို့ ဆိုတဲ့ နာမည်အတိုင်းပဲ အနောက်ပိုင်းစစ်မြေပြင်က တိုက်ပွဲတွေအကြောင်းပါပဲ။ 1930 နဲ့ 1973 မှာလည်း ဒီနာမည်နဲ့ ရုပ်ရှင်တွေ ထွက်ခဲ့ပါသေးတယ်။ အနောက်ပိုင်းစစ်မြေပြင်ဟာ ပထမကမ္ဘာစစ်ရဲ့ ကမ္ဘာကျော်တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တဲ့နေရာပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မီတာ ၁၀၀ လောက် ရှေ့တိုးနိုင်ဖို့ လူ တစ်သန်းလောက် အသေခံခဲ့ရတဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ပထမကမ္ဘာစစ်အစကနေ အဆုံးအထိ စစ်သားတွေရဲ့ တိုက်ပွဲတွေနဲ့ ဖြတ်သန်းမှုတွေကို တွေ့ရမှာပါ။ သဘောကျစရာကောင်းလာတာကတော့ စစ်ကားအများစုဟာ စစ်ပွဲကို သူရဲကောင်းဝါဒထက် စိတ်ကုန်စရာ စိတ်ပျက်စရာဖြစ်အောင် ပုံဖော်ခဲ့ကြတာ အတော်များလာပါပြီ။ Kingsmen နောက်ဆုံးရုပ်ရှင်မှာ ကဗျာရွတ်သွားတဲ့အခန်းလိုပါပဲ။ ဒီရုပ်ရှင်မှာလည်းဒီလိုပါပဲ စစ်ပွဲပြီးဆုံးရေးကို ဦးတည်မျှော်လင့်နေတဲ့ စစ်သားတွေအကြောင်းပါပဲ။ "ငါ့သားလည်း စစ်ပွဲထဲမှာ သေသွားတာပဲကွ၊ သူတော့ ဘာဂုဏ်သိက္ခာမှ ခံစားမိလိုက်တယ် မကြားပါဘူး" ဆိုတဲ့ ...
movie

All Quiet on the Western Front (2022)

Freaks Out (2021) 7.2
Freaks Out (2021) Freaks Out (2021) ဇာတ်လမ်းအညွှန်းဒုတိယကမ္ဘာစစ်ကို နောက်ခံထားပြီး ရိုက်ထားတဲ့ Fantasy, History, Supernatural, Comedy ဇာတ်ကားလေးဖြစ်ပါတယ်။ဆပ်ကပ်ပြစားတဲ့ လူထူးဆန်း၄ယောက် စစ်ကာလမှာ လမ်းပျောက်ပြီး အမေရိကကို သွားမယ်‌လို့ စီစဉ်လိုက်ကြပေမဲ့ စီစဉ်ပေးတဲ့ အစ်စရေးဆိုတဲ့ ခေါင်းဆောင်က ဂျူးတွေကို ဖမ်းခေါ်သွားတဲ့အထဲ ပါသွားခဲ့တယ်။ အဲ့မှာ လူထူးဆန်း လေးယောက် လမ်းပျောက်ပြီး အစ်စရေးကို ရှာတဲ့သူကရှာ ၊ ဖရန့်စ် ဆိုတဲ့လူ ဖွင့်ထားတဲ့ ဇူးကပ်စ်ဘာလင် ဆပ်ကပ်ကို သွားတဲ့သူက သွားနဲ့ အုပ်စုကွဲသွားလေရဲ့။ဖရန့်စ်ဆိုတဲ့လူက အီသာအသုံးလွန်ပြီး အနာဂါတ်ကို အိပ်မက်ထဲမှာ မြင်လိုက်တယ်။ ဟစ်တလာသေပြီး သူတို့ စစ်ရှုံးတာကို မြင်လိုက်ရပြီး အနာဂါတ်ကိုပြောင်းဖို့ စစ်ပွဲမှာ အနိုင်ရဖို့ တိုက်ပေးဖို့ စွမ်းအားရှင်တွေကို ရှာပြီး ဟစ်တလာကို ဆက်သမယ်ပေါ့ သူ့အစီအစဉ်က။ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး ဇာတ်လမ်းကလည်း ကောင်းတာမလို့ ဘာတွေဆက်ဖြစ်မလဲ သိရအောင် ကြည့်လိုက်ကြ‌ရအောင်။ (ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Freaks Out (2021)

Hitman: Agent 47 (2015) 7.4
Hitman: Agent 47 (2015) IMDb Rating 5.7 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အေးဂျင့်47 ဟာ မျိုးဗီဇပြုပြင်ထားတဲ့ အဆင့်မြင့်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီး သူဟာ သာမန်ကြေးစား လူသတ်သမားထက် ပိုမိုတဲ့ စွမ်းအင်တွေရှိပြီး သူ့ကို အလွယ်တကူ သတ်ဖြတ်လို့ မရပါဘူး။ သူ့ဦးခေါင်းနောက်စေ့မှာ သူ့ကိုယ်ပိုင်နံပတ် ၄၇ ဆိုတာပါရှိပြီး အဲဒီနေရာကို ဖျက်ဆီးပစ်နိုင်မှာသာ အေးဂျင့်47လိုမျိုးဗီဇပြင်အဆင့်မြင့် ကြေးစားလူသတ်သမားတွေကိုသတ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ဇာတ်ကားစစချင်းမှာ အေးဂျင့်47ဟာ ကောင်မလေး တစ်ယောက်ကို ရှာဖွေပါတယ်။အဲဒီကောင်မလေးဟာ ဥရောပတိုက်ကဖြစ်ပြီးအဲဒီကောင်မလေး နောက်ကို အေးဂျင့်47လိုက်နေချိန်မှာအေးဂျင့်47  နောက်ကိုလည်း အခြားသူတွေက လိုက်နေပါတယ်။အေးဂျင့် 47 လိုက်ရှာနေတဲ့ ကောင်မလေး ကတော့ ကတ်တီးယား ဆိုတဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်။  အဲဒီကောင်မလေးဟာ ဘေးကြုံခါနီးမှာ သူ့ဘေးကို ကြိုမြင်နိုင်တဲ့ အစွမ်းရှိပြီး အေးဂျင့် 47 သူဆီ လာနေတာကိုကြိုသိလိုက်တာနဲ့ ခြေရာဖျောက်ထွက်ပြေးပါတယ်။ အေးဂျင့်47 ကို ခြေရာဖျောက် ပြေးလာတဲ့ ကတ်တီးယား မြေအောက် ဘူတာရုံ ...
movie

Hitman: Agent 47 (2015)

HEVC 1080p 5.1
War Horse(2011) 7.2
War Horse(2011) War Horse(2011) IMDb....7.2,,,Rotten...76% အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ.. .စစ်မြင်းတစ်ကောင်အကြောင်းပေါ့... Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊  စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်... စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်...ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်.... ဇာတ်လမ်းအညွှန်း ပထမကမ္ဘာစစ်မစမီ ...
movie

War Horse(2011)

2011
Little Joe (2019) 5.9
Little Joe (2019) ဒါကတော့ ဇာတ်လမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ဖန်တီးလေ့ရှိတဲ့Austrianအမျိုးသမီးဒါရိုက်တာ Jessica Hausnerရဲ့ လက်ရာဇာတ်ကားလေးပါ။Cannes film festivalရဲ့ မြင့်မားတဲ့ဆုတွေမှာဇကာတင်စာရင်းဝင်ထားပြီး ခေါင်းဆောင်မင်းသမီးကCannes Best Actress Awardရထားပါတယ်။ဇာတ်လမ်းကတော့ Aliceဆိုတဲ့ singleမေမေ အမျိုးသမီးတစ်ယောက်ကအပင်မျိုးစိတ်သစ်တွေကို ဖန်တီးပြီး သူ့အလုပ်ကိုအင်မတန်ရူးသွပ်သူပါ။လူတွေကိုပျော်ရွှင်စေဖို့ အနံ့အရမ်းကောင်းမွန်အောင်ပြုလုပ်ထားတဲ့အပင်မျိုးစိတ်သစ်တစ်ခုကို ဖန်တီးအောင်မြင်ပြီးတဲ့နောက်အဲ့အပင်လေးကို သူ့သားJoeရဲ့နာမည်ကိုအစွဲပြုပြီးLittle Joeလို့နာမည်ပေးလိုက်တယ်။ဒါပေမယ့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဘယ်လာဆိုတဲ့ အမျိုးသမီးကြီးကLittle Joeဟာ လူတွေကိုပျော်ရွှင်စေရုံတင်မဟုတ်ပဲသူ့ရဲ့ဝတ်မှုန်ဟာလူ့ဦးနှောက်ထဲဝင်သွားပြီး လူတွေကိုအပင်ကလွဲရင်တခြားအရာကိုဂရုမစိုက်အောင်ပြောင်းလဲပစ်နေတယ်လို့အခိုင်အမာပြောဆိုပါတယ်။Aliceလည်း အစကမယုံကြည်ပေမယ့် သူ့ရဲ့သားကပါထူးထူးဆန်းဆန်းတွေပြုမူလာတဲ့အခါမှာတော့....ဒီဇာတ်လမ်းမှာ ဒါရိုက်တာရဲ့ဝသီအတိုင်းအရောင်တွေကိုသေချာသုံးထားလို့ Displayတွေလှတယ်။ဇာတ်လမ်းကို ကိုယ်ပါဝင်ပြီး စဉ်းစားစရာတွေဖြစ်လာတယ်။ဇာတ်လမ်းပြီးသွားတဲ့နောက်မှာလည်း ဒွဟတွေကျန်ခဲ့တယ်။လူတော်တော်များများအတွက် ကြောင်တောင်တောင်ကားလို့ ထင်နိုင်တယ်။လူတိုင်းအကြိုက်ကားမျိုးတော့မဟုတ်ဖူးပေါ့။...
movie

Little Joe (2019)

The Book Thief(2013) 7.6
The Book Thief(2013) The Book Thief(2013)IMDb....7.6စာရေးဆရာ Markus Zusak ရေးသားခဲ့တဲ့ The Book Thief စာအုပ်ဟာ Bestseller စာရင်းဝင်ခဲ့ပြီးဘာသာစကေားပေါင်းများစွာစွာနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်...လက်ရာမြောက်ဒီစာအုပ်ကို ရုပ်ရှင်အသွင် ၂၀၁၃ မှာပြန်လည်ရိုက်ကူးခဲ့ပါတယ်... ဝတ္ထုဇာတ်လမ်းလေးကို ရုပ်ရှင်အဖြစ်ပြောင်းလဲရာတွင်လည်း ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ပါတယ် ...ဒုတိယကမ္ဘာစစ်အတွင်း  ဂျာမနီနိုင်ငံရဲ့ စစ်တစ်လင်းအောက်မှာရှိခဲ့တဲ့သာမန်လူတစ်စုကိုအခြေခံပြီးရိုက်ကူးထားပါတယ်...လင်မယား (၂)ယောက်ရှိတယ်...သားသမီးမရခဲ့တဲ့သူတို့လင်မယား(၂)ယောက်ဟာလီဆယ်မီမင်ဂါဆိုတဲ့ ကောင်မလေးကိုမွေးစားခဲ့ပါတယ် ..စာမရေးတတ် မဖတ်တတ်တဲ့ လီဆယ်ကို မွေးစားဖခင်ကဝတ္ထုစာအုပ်တွေဖတ်ပြပြီး သင်ပေးခဲ့ရာမှ လီဆယ်တစ်ယောက် စာအုပ်တွေကိုသဘောကျသွားခဲ့တယ်...ဒီကလေးမလေးရဲ့ပတ်ဝန်းကျင်မှာ စစ်ဘေးဒဏ်ခံနေရတဲ့လူတွေအများကြီး...သူမဟာ အသက်ငယ်ပေမယ့် ဒီလူတွေကိုတတ်နိုင်တဲ့ဘက်က အားပေးနှစ်သိမ့်ပေးချင်တယ်...ဒီတော့ အဲ့ဒီကလေးမလေးဟာစာအုပ်တွေအများကြီးပိုင်တဲ့ မြို့တော်ဝန်အိမ်က စာအုပ်တွေခိုးယူဖတ်ပြီး စစ်ဘေးဒဏ်ခံလူတွေကိုပုံပြင်လေးတွေပြောပြရင်း အားပေးနှစ်သိမ့်ပါတယ်....နောက်ပြီး လီဆယ်တို့ မိသားစုဟာဂျူးလူမျိုးတစ်ယောက်ကို ကယ်တင်မိပြီး သံယောဇဉ်တွယ်ခဲ့ရာမှ အခက်အခဲတွေကြုံတွေ တစ်သီကြီးကြုံရပါတော့တယ်....ဒီကားထဲက ကလေးသရုပ်ဆောင်Sophie Nélisse ဟာ၂၀၁၃ခုနှစ်ရဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကိုဒီကားနဲ့ရရှိခဲ့ပါတယ်...အခြားဆု(၈)ခုရရှိခဲ့ပြီး ဆန်ကာတင်ဆုစာရင်းမှာ (၁၄)ခုတောင်ဝင်ခဲ့ပါသေးတယ်....ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်...File Size : (900 MB) and (396 ...
movie

The Book Thief(2013)

2013