Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sean Tucker
Confessions of a Dangerous Mind (2002)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့...ဖြစ်ရပ်မှုန်အပေါ်အခြေခံထားတဲ့ စိတ်လှုပ်ရှားစရာသူလျှိုဇာတ်လမ်းလေးပဲဖြစ်ပါတယ်...ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်.....ဆုပေါင်း ၇ ဆုရရှိခဲ့ပြီး ဇကာတင်စာရင်း ၁၂ နေရာဝင်ခဲ့ပါတယ်...Sam Rockwell, Drew Barrymore, George Clooney, Julia Roberts အစရှိတဲ့နာမည်ကြီးမင်းသားမင်းသမီးများပါဝင်ထားပါတယ်... ဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင်မှာ နာမည်စကြီးခဲ့တဲ့ ရုပ်မြင်သံကြားထုတ်လုပ်သူ Chuck Barris ရဲ့ကိုယ်တိုင်ရေးအထုပ္ပတ္တိအပေါ်အခြေခံထားပါတယ်....အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ Chuck Barris က ရုပ်မြင်သံကြားလုပ်ငန်းဟာအလားအလာရှိတယ်လို့သိမြင်လာတဲ့အခါ NBC ကုမ္ပဏီမှာအကူအနေနဲ့စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်...ထို့နောက်သူဟာ ရုပ်မြင်သံကြားထုတ်လုပ်သူဖြစ်ဖို့ကြိုးစားလာခဲ့ပြီး မအောင်မြင်သေးခင်ကာလမှာ ဂျင်မ်ဘတ်ဒ်လို့ခေါ်တဲ့ စီအိုင်အေသူလျှိုတစ်ယောက်က သူ့ကိုဆက်သွယ်လာခဲ့ပါတယ်....ချက်ခ်လည်းသူလျှိုလုပ်ဖို့သဘောတူလိုက်ပြီး ဂျင်မ်ဘတ်ဒ်ရဲ့ညွှန်ကြားမှုအတိုင်း စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ပါတယ်....တဖက်မှာလည်း ရုပ်မြင်သံကြားထုတ်လုပ်သူအနေနဲ့ အသွင်ယူနေခဲ့ပါတယ်...ထို့နောက် သူနဲ့အတူလက်တွဲလုပ်ခဲ့တဲ့သူလျှိုတွေအသတ်ခံလာရတဲ့အခါမှာတော့ ချက်ခ်ဟာလည်းကြောက်လန့်နေခဲ့ပါတယ်....ဒီရုပ်ရှင်ဇာတ်လမ်းဟာ ချက်ခ်ဘယ်ရစ်ရဲ့မနက်ဆိုရုပ်မြင်သံကြားထုတ်လုပ်သူ...ညဆိုသူလျှိုလုပ်တဲ့ ဘဝနှစ်ခုအကြောင်းကိုတင်ဆက်ပြသထားပါတယ်...ခံစားကြည့်ကြပါခင်ဗျာ File size…(1.5 GB)/(796 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike ...
movie
Confessions of a Dangerous Mind (2002)
6.7
Family History Mysteries: Buried Past (2023)
ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae ...
movie
Family History Mysteries: Buried Past (2023)
Whiteout (2009)
တောင်ဝင်ရိုစွန်းက လူသတ်သမားက ဘယ်သူလဲ❓Thriller, Crime အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားဟာဆိုရင် အန္တာတိကအခြေစိုက်စခန်းတစ်ခုမှာ setting ယူထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကယ်ရီဆက်ကိုဟာ အခြေစိုက်စခန်းရဲ့ မာရှယ်တစ်ယောက်ဖြစ်တယ်။ ဆောင်းတွင်းဆိုရင် ၆ လလောက် နေမမြင်ရတဲ့ဒေသမို့ အခြေစိုက်ခန်းတွင်းက ဝန်ထမ်းတွေအကုန်လုံးနီးပါးဟာ ဆောင်းတွင်းမတိုင်ခင်မှာ နေရာပြောင်းရွှေ့ကြရတယ်။ နောက် ၃ ရက်နေမှ ကျရောက်လာမယ်လို့ တွက်ချက်ထားခဲ့တဲ့ မုန်တိုင်းဟာ ခန့်မှန်းထားချိန်ထက် ၁ ရက်နီးပါးထိ စောပြီးဝင်လာတဲ့အခါမှာတော့ အခြေစိုက်စခန်းတစ်ခုလုံး ဒရောသောပါးနဲ့ နယ်မြေရွှေ့ပြောင်းဖို့ ဖြစ်လာခဲ့တယ်။ အဲအချိန်မှာပဲ Haworth Mesa မှာ တောင့်ခဲနေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်။ အလောင်းရဲ့ ဒဏ်ရာဟာ အသတ်ခံရတာဖြစ်ကြောင်း တွေ့လိုက်ရချိန်၊ ရေခဲပြင်အောက်က ရုရှားလေယာဉ်ပျက်၊ ကျည်ဖူးတွေပျောက်ဆုံးမှုနဲ့ ဆက်စပ်ပြီး ရောက်လာခဲ့တဲ့ UN က အလွတ်အေးဂျင့်။ဒီအလောင်းရဲ့နောက်ကွယ်မှာ အကြောင်းအရာတွေက ထင်သလောက် ရိုးရှင်းမနေခဲ့တဲ့အကြောင်းကို သိလိုက်ရချိန်မှာ ဆက်ကိုဟာ လူသတ်သမားကို ...
movie
Whiteout (2009)
6.5
Transformers: Rise of the Beasts (2023)
Transformers: Rise of the Beasts (2023) ============================= IMDb Rating - 6.5/107 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။ မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ် စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ် ကောင်ပါပဲ။အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီ မယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူ ဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန် ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင် တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင် မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို ...
movie
Transformers: Rise of the Beasts (2023)
2023
4K HEVC
6.6
To Catch a Killer (2023)
To Catch a Killer (2023)ဒီရုပ်ရှင်ကတော့ အခု ၇၆ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ဒိုင်တစ်ဦးအဖြစ်ပါဝင်သွားမယ့် Damián Szifron ရဲ့ ပထမဆုံးအင်္ဂလိပ်စကားပြော ရုပ်ရှင်ပါ။နှစ်သစ်ကူးည ဘော်လ်တီမောမြို့မှာ တစ်မြို့လုံးကလူတွေ ပျော်ပါးကခုန်နေကြတုန်း ဘယ်ကမှန်းမသိတဲ့ ကျည်ဆန်တွေကြောင့် လူတွေအစုအပြုံလိုက် အသက်ဆုံးရှုံးသွားတယ်။ ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်ကြီး လမာ့ခ်က တာဝန်ပေးခံရတယ်။အယ်လနောကတော့ သာမန်ရဲတပ်သား။မူးယစ်ဆေးသုံးစွဲမှုကြောင့် FBI ကပယ်ချခံထားရပေမယ့် လမာ့ခ်က သူ့ရဲ့ပါရမီကိုမြင်တာကြောင့် လူယုံတော်အဖြစ် သူ့ဘေးမှာထားပြီး ဒီအမှုကို အတူဖော်ထုတ်ကြတယ်။သေနတ်သမားကလည်း တကယ့်ဆရာကြီး။ တစ်ယောက်ကို တစ်ချက်တည်းအပြတ်ပစ်သွားတာ။ ဘာသဲလွန်စမှ မချန်ဘူး။ လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ အာလူးကြော်လိုပဲ တန်းတူညီမျှအကုန် ပစ်သတ်သွားတယ်။အဲဒီတော့ ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတဲ့အကြောင်းကိုလည်းမသိ။ ဘယ်သူမှန်းလဲမသိ။တစ်ယောက်တည်းလှုပ်ရှားသလား အဖွဲ့လိုက်လှုပ်ရှားသလားဆိုတာကိုလည်းမသိ။မသိတာတွေချည်းစုံနေတဲ့အချိန်မှ ပစ်ခတ်မှုတစ်ခု ကုန်တိုက်မှာထပ်ဖြစ်သွားတယ်။လက်သည်ကတော့ တစ်ယောက်တည်းပဲ။သေနတ်သမားကလည်း ခြေရာဖျောက်ကောင်းတဲ့လူ။ ကုန်တိုက်မှာလည်း လူတွေအများကြီးကိုသတ်ပြီး လွတ်သွားပြန်တယ်။ဒီလောက်တောင်လုပ်တာ မမိရကောင်းလားဆိုပြီး စုံထောက်လမာ့ခ်ကော အယ်လနောကော အဖြုတ်ခံလိုက်ရပါလေကော။ ...
movie
To Catch a Killer (2023)
2023
7.1
Pieces of a Woman (2020)
Pieces of woman (2020)************************IMDb -7.1 ရရှိခဲ့တဲ့ ကားလေးပဲ ဖြစ်ပါတယ် Pieces of woman ဇာတ်ကားလေးဟာဆိုရင် မာသာနဲ့ ရွှန်းန် တို့ရဲ့ အိမ်ထောင်ရေးအပေါ် ဇာတ်အိမ်ဖွဲ့ ရိုက်ပြထားတဲ့ အိမ်ထောင်ရေး Drama ကားလေး ဖြစ်ပါတယ် ခေါင်းမာပြီး တဇွတ်ထိုးဆန်တဲ့ မာသာက သူတို့ရဲ့ သမီးဦးလေးကို သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတဲ့ အိမ်လေးမှာပဲ ဝမ်းဆွဲသည်နဲ့ မွေးဖို့ စီစဉ်ခဲ့ပါတယ် မာသာအမေက ရွှန်းန်ကို သဘောမကျသော်လည်း လင်မယားနှစ်ယောက်က အရာအားလုံးကို ဆိုးတူကောင်းဖက် တိုင်ပင်ပြီး အချစ်တွေနဲ့ ပြည့်နေတဲ့ အိမ်ထောင်ရေးလေးကနေ ချစ်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ဖို့ ကြိုးစားနေခဲ့ကြပါတယ် မာသာဟာ သူချစ်ရတဲ့ သမီးလေးကို ဆေးရုံမှာ မမွေးပဲ နာကျင်ခြင်း ဝေဒနာကို အံကြိတ်ခံပြီး အိမ်မှာပဲ ဝမ်းဆွဲသည်နဲ့ မွေးစေခဲ့ပါတယ် တခါတရံ စီစဉ်ထားသလို မဖြစ်ခဲ့တဲ့အခါမှာဆိုရင် လူတွေဟာ စိတ်ဝေဒနာတွေကို ကျော်ဖြတ်ဖို့ နည်းအမျိူးမျိူး သုံးကြပြီး အခက်အခဲတွေကို အဖက်ဖက်ကနေ ရိုက်ပြထားတဲ့ ကားကောင်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် အမျိုးသမီးတို့ရဲ့ မဖြစ်မနေ ရင်ဆိုင်ရတဲ့ ...
movie
Pieces of a Woman (2020)
2020
6
Fatman 2020
ခရစ်စမတ် ကာလမှာ ကလေးတွေဟာ သူတို့ရဲ့ ဆန္ဒလေးတွေကို ရေးပြီးမှခရစ်စမတ် ဘိုးဘိုးကြီးလို့ ခေါ်တဲ့ Santa ဆီကို စာပို့ကြလေ့ရှိပါတယ်။ခရစ်ဆိုတဲ့ အဘိုးကြီးတစ်ဦးဟာ Santa အသွင်နဲ့ ကလေးတွေကိုလက်ဆောင်ပို့တဲ့အလုပ်လုပ်တဲ့သူပေါ့တစ်နေ့မှာ ဝီနန်ဆိုတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းလိုချင်တာ ရအောင်ယူ ဖြစ်ချင်တာ ရအောင်လုပ်တတ်တဲ့ သူဌေးသားလေးဟာလည်းခရစ်စမတ်မှာ Santa ဆီကို စာတစ်စောင်ပို့လိုက်ပါတယ်။ဝီနန်ဟာ ကလေးဆိုပေမယ့် သူဌေးသားဖြစ်တဲ့အလျောက်အသက်ငယ်သော်ငြားလည်း သူဖြစ်ချင်တာတွေ မဖြစ်တဲ့အခါကြေးစားတစ်ယောက်ကို ပိုက်ဆံပေးပြီး မရရအောင် လုပ်တဲ့သူတစ်ယောက်ပါ။အဲ့ဒီလောက် ဆိုးသွမ်းတဲ့ ဝီနန်တစ်ယောက် Santa ဆီကခရစ်စမတ်လက်ဆောင်အဖြစ် သူလိုချင်တာမရဘဲမီးသွေးခဲတစ်တုံးသာပြန်ရလိုက်တော့အရမ်းကို စိတ်တိုသွားပါတော့တယ်။ ဖြစ်ချင်တာကို ရအောင် လုပ်တတ်တဲ့ဝီနန်တစ်ယောက် ကြေးစားတစ်ယောက်ကို ငှားပြီးSanta ကို ရှာသတ်ခိုင်းပါတော့တယ်.... File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:40:00 Genre … Action, Fantsy, Comedy Subtitle….Myanmar Subtitle (Hardsub) Translated by Yoon ...
movie
Fatman 2020