Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sean Patrick Flanery
7.3
Ten Inch Hero (2007)
Ten Inch Hero (2007) Genre – Comedy, Drama, Romance IMDB – 7.3/10ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarming ဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကို Focus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုက လူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကို အချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲ ဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကို အပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။ သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာက Supernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာ ဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ် ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။ နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်း ကိုယ်စီနေရာက ...
movie
Ten Inch Hero (2007)
4.7
The Outsider (2019)
Western Vibe အပြည့်ပါတဲ့ဇာတ်ကားတွေထဲကမှ The Outsider ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မီးရထားလမ်းဖောက်လုပ်ရေးက အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ဂျင်းဖန်းဂ်တို့ ဇနီးမောင်နှံဘဝထဲကိုမမျှော်လင့်တဲ့ အဖြစ်ဆိုးကြီးတစ်ခု ဝင်ရောက်လာပုံနဲ့ စတင်ထားပါတယ်။မပြောပလောက်တဲ့ အချင်းဖြစ်ပွားမှုလေးတစ်ခုကြောင့် ဂျင်းဖန်းဂ်ကို ဥပဒေဘက်တော်သားအမည်ခံအာဏာအလွဲသုံးစားသူ ဂျိမ်းစ်ဝေါ်ကာက မတရားဖမ်းဆီးပြီး ဇနီးဖြစ်သူကို ထိုညမှာပဲ မတော်တရားကြံဖို့ ကြိုးစားခဲ့ပါတယ်.။ဂျင်း အနေနဲ့ ထောင်ထဲကနေ လွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူဆီ လာခဲ့ပေမယ့်လီဖန်းဂ်ရဲ့ အလောင်းကသာ ကြိုဆိုနေခဲ့ပါတယ်။အဆုံးစွန်အထိ ဖိနှိပ်မှုနဲ့တွန်းအားတွေကြောင့် ဂျင်းဖန်းဂ်လို သာမန်မီးရထားအလုပ်သမားလေးတစ်ယောက်ဟာလည်း မာရှယ်ဝေါ်ကာ နဲ့သား ဂျိမ်းစ်ဝေါ်ကာတို့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့ပါပြီ။သားရဲ့အမှားတစ်ခုကို ဖုံးဖိဖို့ကြံစည်ကာ ဂျင်းရဲ့နောက်ကို ခြေရာခံအမဲလိုက်ဖို့ မာရှယ် စေလွှတ်သမျှလူတွေဟာလည်း "The Hunters become Hunted" ဆိုသလိုပဲ လက်တုံ့ပြန်ချင်စိတ်ကသာ ထိန်းချုပ်နေသူ၊ ဆုံးရှုံးစရာမရှိတော့သူဖြစ်တဲ့ "The Chinaman" ဂျင်းဖန်းဂ်ရဲ့ သားကောင်သာ ဖြစ်လာခဲ့ပါတယ်။စကားတွေရှည်ရှည်ဝေးဝေးပြောမနေဘဲ သေနတ်နဲ့သာ ဖြေရှင်းကြတဲ့ Guns Blazing Action ဇာတ်ကားလေးတစ်ကားကို CM ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။File size… 886 MB / 383 MB Quality… WEB-DL 1080p / 720p Format… ...
movie
The Outsider (2019)
5.8
Trafficked (2017)
Trafficked (2017) Genre – Drama, Thrillerတကယ့်ဖြစ်ရပ်အပေါ် မှီငြမ်းစိတ်ကူးကွန့်မြူးထားတဲ့လူကုန်ကူးပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်။အမေရိကန် ကယ်လီဖိုနီးယားက ဆယ်ရာဆိုတဲ့ကောင်မလေးကမိဘမဲ့ဂေဟာကနေ ၁၆ နှစ်ပြည့်လို့ ထွက်လာတဲ့အခါကမ်းခြေမှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး လိမ်ခေါ်သွားရာကနေလူကုန်ကူးခံလိုက်ရပါတယ်။ အိန္ဒိယက အမ်ဘာဆိုတဲ့ကောင်မလေးကျ ကောင်လေးတစ်ယောက်ကိုမချစ်နိုင်လို့ ငြင်းလိုက်တာကို ဟိုကောင်က မကျေနပ်ပဲ အက်ဆစ်နဲ့ပက်ပြီးဆောင်ကြာမြိုင်ကို ရောင်းစားရာကနေ လူကုန်ကူးခံရပါတယ်။ နိုင်ဂျီးရီးယားက မာလီဆိုတာကျ ယောက်ျားဖြစ်သူကဆောက်လုပ်ရေးဝင်လုပ်ရင်း ခြေထောက်ထိသွားတော့မိန်းမကိုယ်တိုင် အလုပ်ထွက်လုပ်မယ်ဆိုပြီး လူကုန်ကူးခံရတယ်။ဒီလိုနဲ့ ဒီ ၃ ယောက်သားဟာ အမေရိကန် တက်ဆက်မှာရှိတဲ့ဆောင်ကြာမြိုင်တစ်ခုမှာ အတူတူ သွားတွေ့ကြပြီးအခက်အခဲ ဒုက္ခတွေကြားက ဘယ်လိုတွေထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရမှာ ဖြစ်ပါတယ်။ File size… 3 GB / 1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie
Trafficked (2017)
6.1
Sinners and Saints (2010)
လောကကြီးမှာ လူတန်းစားနှစ်မျိုးနှစ်စားရှိပါတယ်။အဲ့ဒီနှစ်မျိုးကတော့အပြစ်သားတွေနဲ့ သူတော်စင်တွေပဲဖြစ်ပါတယ်။သင်ကရောဘယ်လိုလူတန်းစားထဲမှာပါပါသလဲ။ အခုတင်ဆက်ပေးမဲ့ Sinners And Saints ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့ဒီလူတန်းစားနှစ်မျိုးကို အဓိကတွေ့ရမှာဖြစ်ပြီးအဲ့ဒါကိုပုံဖော်ဖို့အတွက် အကောင်းဆုံးဇာတ်ကောင်တွေဖြစ်တဲ့ ရဲနဲ့လူဆိုးတို့နဲ့ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ရဲနဲ့ လူဆိုးဆိုပေမဲ့ ပျင်းစရာကောင်းလောက်အောင်လိုက်စုံစမ်းနေတာတွေ လိုက်ဖမ်းနေတာတွေပဲ တွေ့ရမှာမဟုတ်ဘဲဟိုဘက် ဒီဘက်သေနတ်တွေနဲ့အပြန်အလှန်ရှယ်ပစ်တဲ့ အက်ရှင်အကြမ်းကြီးတွေကိုအဓိကထားရိုက်ကူးထားတာပါ။IMDb မှာ Rating 6.1 အထိရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းကြိုက်တဲ့ သူတွေအတွက်တော့ အံကိုက်ပါပဲ။ရှောင်ရိုင်လေဆိုတဲ့ ရဲစုံထောက်ကစစ်ဆင်ရေးတစ်ခုမှာတွဲဖက်ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း တစ်ကိုယ်တည်းလှုပ်ရှားနေသူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့မြို့မှာအလောင်းတွေကို ရက်ရက်စက်စက်မီးရှို့ထားတဲ့ အမှုနဲ့ကြုံတွေ့လာရပါတော့တယ်။အဲ့ဒီမှာ တခြားရဲဌာနကစုံထောက်ဝေလ်ဂန့်ဇ်ဆိုသူနဲ့ တွေ့ခဲ့ကြပြီး ဒီအမှုကိုအတူတူလိုက်ဖို့ဖြစ်လာပါတော့တယ်။အမှုကိုလိုက်နေတဲ့ကြားက မီးရှို့ခံထားရတဲ့အလောင်းတွေကို ထပ်တွေ့လာရတဲ့အခါမှာဒီအမှုက သွေးရိုးသားရိုးမဟုတ်ဘဲ ဒုစရိုက်အဖွဲ့အစည်းတစ်ခုခုနဲ့သက်ဆိုင်နေမယ်ဆိုတာကို သိခဲ့ရပါတော့တယ်။ပိုထူးဆန်းတာက အဲ့ဒီအမှုကရှောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ပတ်သတ်နေတဲ့အခါမှာတော့ ဘယ်လိုအရှုပ်အထွေးတွေကိုကြုံတွေ့လာရပြီးလျှို့ဝှက်နက်နဲပြီး သေသပ်တဲ့ဒီအမှုကို စုံထောက်ရှောင်နဲ့ ဝေလ်တို့ ဘယ်လိုအတူဖြေရှင်းကြမယ်ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ် File size…2.01 GB / 0.98GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , ...
movie
Sinners and Saints (2010)
The Boondock Saints II: All Saints Day (2009)
ဇာတ်ကားလေးကတော့ The Boondock Saints ဒုတိယမြောက်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ကော်နာနဲ့မာဖီတို့ညီအစ်ကိုနှစ်ဦးဟာ အိုင်ယာလန်မှာပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတုန်း ဘော်စတွန်မှာ အပြစ်မရှိတဲ့ဘုန်းတော်ကြီးတစ်ပါးအသတ်ခံရပါတယ် သတ်တဲ့ပုံစံဟာလည်း သူတို့သတ်တဲ့ပုံစံကိုတုပပြီးသတ်ထားတာကြောင့် ပြည်သူလူထုအကြားမှာ ဒီလူသတ်မှုဟာ သူတော်စင်တွေလုပ်တာလို့ထင်တဲ့သူနဲ့ သူတော်စင်တွေလုပ်တာမဟုတ်ဘူးလို့ထင်တဲ့သူနှစ်ခြမ်းကွဲသွားပါတယ်သူတို့နှစ်ယောက်ဟာ ထိုဘုန်းတော်ကြီးကိုသတ်တဲ့လူသတ်မှုကို ပြန်စုံစမ်းပြီးလက်စားချေဖို့ ဘော်စတွန်ကိုပြန်လာပြီး ရှင်းလင်းသုတ်သင်မှုတွေဆက်လုပ်ပါတယ် ကဲတပ်ဖွဲ့မှာလည်း အရင်က အထူးအေးဂျင့်ပေါ်လ်စမက်ကာနေရာမှာ ယူးနစ်ဘလွန်းဆိုတဲ့အမျိုးသမီးအေးဂျင့်ရောက်လာတဲ့အခါ ဘုန်းတော်ကြီးကိုသတ်တဲ့တရားခံအစစ်ကရောဘယ်သူလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒီဇာတ်ကားလေးမကြည့်ခင်မှာ The Boondock Sanints(1999) ကိုအရင်ကြည့်သင့်ပါတယ် File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Boondock Saints II: All Saints Day (2009)
The Boondock Saints (1999)
ဒီတစ်ခါမှာတော့ IMDB 7.7/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် Spider Man ထဲက လူဆိုးကြီးနော်မန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe နဲ့ Walking Dead ထဲက မင်းသားNorman Reedus ကလည်း ဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ် ဒီဇာတ်လမ်းလေးကတော့ ကော်နာနဲ့မာဖီဆိုတဲ့အိုင်းရစ်လူမျိုးကတ်သလစ်ဘာသာကိုးကွယ်တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ တစ်ရက်မှာ မထင်မှတ်ပဲဂိုဏ်းစတားနှစ်ယောက်ကိုသတ်မိသွားတယ် ဥပဒေကလည်း မကောင်းတာလုပ်တဲ့သူတွေကို ထိထိရောက်ရောက်အပြစ်မပေးတာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ သူတို့နည်းသူတို့ဟန်နဲ့ ထိုလူမိုက်တွေကိုအပြစ်ပေးပါတော့တယ် သူတို့ကို ဘုရားသခင်က ဒီမြို့ကြီးကို သန့်စင်ပေးဖို့ တာဝန်ပေးထားတယ်လို့မှတ်ယူပြီး လူဆိုးတွေကို တစ်ယောက်ပြီးတစ်ယောက်ရှင်းလင်းသုတ်သင်ပါတော့တယ် သူတို့ရဲ့အမှုတွေကို အရမ်းတော်တဲ့ FBIအေးဂျင့် ပေါလ်စမတ်ကာက ဦးဆောင်စုံစမ်းဖို့တာဝန်ကျပါတယ် အရမ်းတော်တဲ့စုံထောက်ကပဲ ဖမ်းနိုင်မလား ဇာတ်လိုက်ညီအစ်ကိုနှစ်ယောက်ကပဲ သုတ်သင်မှုတွေကိုဆက်လုပ်နိုင်မလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပါ File size…(1.7 GB)/(909 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Boondock Saints (1999)
5.6
Saw 3D (2010) Saw 7
Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie
Saw 3D (2010) Saw 7
5.5
American Fighter (2019)
ဇာတ်အိမ်ကို 1980 ဝန်းကျင် အီရန်၊ အီရတ် စစ်ပွဲဖြစ်စဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်...။ အီရန်မှာ စစ်တွေဖြစ်နေတော့ ပါရှန်သားလေး အလီဟာ အမေရိကန်ကိုပညာသင်ဆုနဲ့ကျောင်းလာတက်တာပေါ့...။အလီရဲ့ မိဘတွေကတော့ အီရန်မှာ ကျန်ခဲ့ပြီး အမေဖြစ်သူကနယ်ခံတပ်တွေ ဖမ်းဆီးတာ ခံလိုက်ရပါတယ်...။မိခင်ကိုပြန်ခေါ်ဖို့အတွက် အစိုးရကိုအကူအညီတောင်းတော့ စစ်ပွဲကာလမို့ဘာမှလုပ်မပေးနိုင်ပါဘူး...။ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောက်လမ်းက ခေါ်ဖို့ကြိုးစားပါတော့တယ်...။အဲ့ဒီအတွက် ငွေကလည်း အများကြီးကုန်မှာဆိုတော့ ကောလိပ်ကျောင်းသားအလီတစ်ယောက် ငွေရဖို့အတွက် undergroundထိုးသတ်ပွဲတွေမှာ ဝင်ထိုးပါတော့တယ်...။စစချင်းမှာတော့ နပန်းအခြေခံရှိသူ အလီဟာ ပွဲတွေဆက်တိုက်နိုင်ပြီးငွေရှာလွယ်ကူခဲ့တာပေါ့..။ဒါပေမဲ့ undergroundလောကက အဲ့လောက်မရိုးရှင်းလှဘဲ ပြိုင်ဘက်နဲ့ပွဲစီစဥ်သူပေါင်းစားပြီး အလီကို ဂွင်ဆင်ကြတဲ့အခါမှာတော့....။1980စတိုင်နဲ့ Underground Fighting ထိုးသတ်ပွဲတွေကြည့်ချင်တဲ့သူတွေအတွက်တော့ actionကားကောင်းလေးတစ်ကားပါ...။ File size… 1.60GB / 685MB Quality… Blu-Ray 1080P 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Action , Biography Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
American Fighter (2019)
Nefarious (2023)
Nefarious (2023)တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့် Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင် ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။ သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ...
movie
Nefarious (2023)
5.9
Phantom (2013)
(၁၉၆၂) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ယူအက်စ်ကို နျူကလီးယားစစ်ပွဲဖြစ်ဖို့ ကိုက်အနည်းငယ်အကွာကို တွန်းပို့ခဲ့တယ်ဆိုရင် (၁၉၆၈) ခုနှစ်မေလမှာ ဖြစ်ပျက်ခဲ့တဲ့ ရုရှားဒုံးပစ်ရေငုပ်သင်္ဘောကြီး ရုတ်တရက်ပျောက်ဆုံးသွားခြင်းက တစ်ကမ္ဘာလုံးကို တတိယကမ္ဘာစစ်ဖို့ လက်မအနည်းငယ်အလိုထိ တွန်းပို့ပေးခဲ့တယ်လို့ ဆိုရပါမယ်။ဒီဇာတ်လမ်းဟာဆိုရင် ဖြစ်ရပ်မှန်အပေါ်မှာ တစ်စိတ်တစ်ပိုင်းအခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အတိတ်ကမတော်တဆမှုတစ်ခုကြောင့် အတိတ်ရဲ့အရိပ်တစ္ဆေခြောက်လှန့်ခြင်းကိုခံနေရတဲ့ ဇာတ်လိုက်ကပ္ပတိန်ဖြစ်သူ ဒယ်မီဟာ သူရဲ့နောက်ဆုံးမစ်ရှင်အဖြစ် သူတစ်ချိန်ကကွပ်ကဲခဲ့ဖူးတဲ့ ဘီ (၆၇) ရေငုပ်သင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ခရီး စတင်ခဲ့ရပါတော့တယ်ကိုယ်ကိုယ်တိုင်တောင် ဘာမှန်းသိခွင့်မရှိတဲ့ မစ်ရှင်တစ်ခုအတွက် အစားထိုးဝန်ထမ်း ထူးဆန်းတဲ့လူတစ်စုနဲ့အတူ ပင်လယ်ပြင်ခရီးထွက်လာတဲ့ သင်္ဘောအရာရှိတစ်စုအတွက် ထူးဆန်းတဲ့အဖြစ်အပျက်တွေက စောင့်ကြိုနေတဲ့အခါ ဒီသင်္ဘောအရာရှိတစ်စုအနေနဲ့ လွတ်မြောက်ဖို့ဘယ်လိုကြိုးစားကြမလဲ ပျောက်ဆုံးသွားမဲ့ ဒီရေငုပ်သင်္ဘောကြီးဆီကနေ ဘယ်သူတွေအသက်ရှင်ရက် လွတ်မြောက်လာနိုင်မလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်IMDB rating အနေနဲ့ 5.9 အထိရရှိထားပြီး စစ်ကားဖြစ်တာမို့ လူတိုင်းကြိုက်လောက်မဲ့အထဲမှာမပါပေမဲ့ Thriller ဆန်ဆန်စစ်ကားတွေ သဘောကျတတ်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှုအပြည့်အဝရစေမဲ့ ဇာတ်အိမ်ခိုင်ခိုင်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျာ File size…(1.6 ...
movie
Phantom (2013)
The Weapon (2023)
The Weapon (2023)Action, Thriller ဝုန်းဒိုင်းကြဲတွေကြည့်ချင်တဲ့ Bro တွေအတွက် 2023 မှာထွက်ထားတဲ့ The Weapon ဆိုတဲ့ အကြမ်းပတမ်း အက်ရှင်အလန်းကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဘယ်လောက်ကြမ်းလဲဆို ဇာတ်လမ်းစလာတည်းက ဒေါသထွက်ပြီး ရန်လိုနေတဲ့ ဒဲလက်စ်ဆိုတဲ့သူကိုတွေ့ရမှာဖြစ်ပါတယ်။ သူ့အကြောင်းကို ဘာမှမမိတ်ဆက်ထားပဲနဲ့ နောက်ပိုင်းမှ တဖြည်းဖြည်း သူဒီလိုဖြစ်နေရတာဘာကြောင့်လဲ... သူ့နောက်ကွယ်က သူတွေကရော ဘယ်သူတွေလဲ... ဘယ်အရာတွေက သူ့ကိုကျင်စက်တွေနဲ့ နှိပ်စက်တာတောင် ဘာမှမဖြစ်တဲ့လူကြမ်းကြီးအဖြစ်ပြောင်းလဲသွားစေတာလဲ... သူ့ကို ဘယ်သူတွေကရော လက်နက်တစ်ခုအဖြစ် အသုံးချနေတာလဲဆိုတာကို အက်ရှင်ခန်း ကြမ်းကြမ်းတမ်းတမ်းကြီးတွေနဲ့ ကြည့်ရဦးမှာပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 830MB Quality - 1080p, 720p Format - mp4 Duration - 1H 25Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated ...
movie
The Weapon (2023)
2023
5.3
Frank and Penelope (2022)
Frank and Penelope ( 2022 )Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ...
movie
Frank and Penelope (2022)
Born a Champion (2021)
Born a Champion (2021)==================IMDb Rating ကတော့ မထွက်လာသေးပါဘူး . အစောဆုံးတင်ပေးလိုက်ပါတယ်။ အခုဒီကားလေးက ဒီနှစ်ထဲမှာပဲထွက်ရှိထားတဲ့ Action/ Drama/ Sport စတိုင် ဇာတ်ကားကောင်းလေးပါ။ဘရာဇီးကိုယ်ခံပညာတစ်မျိုးဖြစ်တဲ့ ဂျူဂျစ်ဆုမှာထူးချွန်တဲ့ မစ်ကီကယ်လီ…….ဇွဲ၊ သတ္တိရှိပြီး အနိုင်မခံအရှုံးမပေးတဲ့ ကယ်လီ ၊ ခင်ပွန်းသည်ကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ကယ်လီ၊ထိုးသတ်ပွဲတွေကို မကြိုက်တဲ့ သူ့ရဲ့ ချစ်တဲ့ဇနီးသည်ကိုဖြောင်းဖြပြီး တရားဝင်မဖြစ်သေးတဲ့ MMAပွဲကိုဝင်ပြိုင်ခဲ့တဲ့ကယ်လီ……… သူ့ဘဝမှာမရခဲ့တဲ့အရာကို မိသားစုကိုပေးချင်ခဲ့တဲ့ကယ်လီ၊ သားဖြစ်သူကိုသိပ်ချစ်ပြီး သားဖြစ်သူကို သူ့လိုမဖြစ်စေချင်ခဲ့တဲ့ ကယ်လီဆိုတဲ့ MMAဖိုက်တာကြီးအကြောင်းကို ရသစုံနဲ့ခံစားကြည့်ရှုရင်းဝေဖန်သုံးသပ် ကြည့်ကြပါအုံးလို့…………..(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 52minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Drama, SportSource : 1080p.WebRipTranslator – ...
movie
Born a Champion (2021)
2021
5.1
100 Yards 2019
100 YARDS ဒီဇာတ်ကားလေးကတော့ Rating 5.2 ရထားတဲ့ဇာတ်ကားေကာင်းေလးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားလေးထဲမှာတော့ Steven Brewis က Rich Porter အဖြစ် အဓိကဇာတ်ဆောင်နေရာမှာပါဝင်ထားပါတယ် Rebecca limကလည်းBrittany အနေဖြင့်မင်းသမီးနေရာမှာပါဝင်အားဖြည့်ပေးထားပါပြီး မင်းသမီး Rebecca limအနေဖြင့်လည်းအ ကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ် ဒီကားလေးမှာမင်းသားဖြစ်တဲ့Rich Porter က နာမည်ကြီးအရှေ့တန်းတိုက်စစ်မှုဖြစ်ပေမယ့် ပျောက်ဆုံးသွားတော့ သူ့အမေကိုရှာဖို့အတွက် ဖိလစ်ပိုင်နိုင်ငံသို့သွားခဲ့ရာ ကံမကောင်းစွာဖြင့် ဦးနှောက်အကျိတ်ရောဂါကိုခံစားခဲ့ရပါတယ် မင်းသားအနေဖြင့်လည်းရောဂါဘေးမှလွှတ်မြောက်ပြီးအသက်ရှင်မလားဒါမှမဟုတ်သေဆုံးမလားသူ့အမေကိုပြန်တွေ့မလား မတွေ့ဘူးလားဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှု့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ် File Size : 800 Mb / 400 Mb Quality :WEB-DL 720p Format…mp4 Duration…01:53:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thiha Naing Htoo Encoded by Littleneo
movie
100 Yards 2019
6.3
Lady Driver(2020)
Lady Driver(2020) အယ်လီလန်းစင်းဆိုတဲ့ အသက်၁၆နှစ်သာရှိသေးတဲ့ ကောင်မလေးဟာ ဖခင်ဆုံးပြီးနောက်ပိုင်း အမေနောက်အိမ်ထောင်ပြုခဲ့လေတော့သူမနဲ့ပထွေးဖြစ်သူနဲ့ သိပ်အစေးမကပ်လှ....အိမ်တွင်းအဆင်မပြေမှုတွေကို ယာဥ်မောင်းသင်တန်းကျောင်းတစ်ခုက ကားပစ္စည်းအစိတ်အပိုင်းတွေ စက်ပြင်အတန်းချိန်တွေနဲ့အစားထိုးပြီးသူမအချိန်တွေကို မြှုပ်နှံထားပါတယ် ...တစ်နေ့ အယ်လီတစ်ယောက် ကားမောင်းလိုင်စင်ရပီးနောက်မှာ အိမ်ကထွက်ပြေးဖို့ကြံပါတော့တယ်..ဒီလိုနဲ့ ယာဥ်မောင်းသင်တန်းက ကားစုတ်ကြီးတစ်စီးကိုခိုး အမြန်လမ်းပေါ်တက်မောင်းပါတော့တယ်..ဒီနေ့တင်လိုင်စင်ရတယ် ဒီနေ့တင် တစ်ယောက်တည်းကားတက်မောင်းတဲ့ အာဂကောင်မလေး အမြန်လမ်းတစ်နေရာရောက်တော့ကားစုတ်ကြီးက radiator ထဖောက်လို့ ထိုးရပ်လိုက်ရာကနေ သူမရဲ့ ဆုံးသွားတဲ့အဖေရဲ့ ညီဖြစ်သူနဲ့ ဘယ်လိုအကြောင်းဖန်တွေ့ဆုံပီးရွှံ့မြေပြေးလမ်းတွေပေါ်က ပြိုင်ကားထိုင်ခုံပေါ် သူမဘယ်လိုရောက်သွားမလဲကြည့်ရမှာပါ..ကားဝါသနာအိုးလေးဖြစ်တဲ့ အယ်လီလန်းစင်းအတွက် သာမန်ကားမောင်းရတာနဲ့ ပြိုင်ကားမောင်းရတာ ဘယ်လိုကွဲလွဲမှုတွေရှိမယ် ..သူမအတွက်ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲဆိုတာတော့ ခံစား ကြည့်ရှုကြည့်ပါ...Racer movie တွေကိုခုံမင်တဲ့သူတွေအတွက်တော့ တကယ်ကြည့်ပျော်တဲ့ကားဖြစ်မှာအာမခံပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်....File Size : (850 MB) and (360 MB) Quality : WEB-DL 720p Format…mp4 Duration…01:44:00 Genre : Sport Subtitle : Myanmar Subtitle ...
movie
Lady Driver(2020)
6.4
Acceleration (2019)
ရိုနာတစ်ယောက် တဘဝလုံးနီးပါး မကောင်းမှုများကိုလုပ်ရင်းနဲ့အသက်မွေးဝမ်းကျောင်းပြုခဲ့သည်...သို့သော်လဲ သူ့သားလေးရှေ့ရေးအတွက် ဒီလိုမျိုးတွေလုပ်ရသည်ကိုစိတ်မဖြောင့်တော့၍ မှောင်ခိုရောင်းဝယ်မှုတစ်ခုကပစ္စည်းတွေကိုလုယူလာပြီးထွက်ပြေးကာပြန်လည်ရောင်းချပြီးနောက်ပိုင်းဘဝကိုအေးဆေးပဲနေတော့မည်ဟုတွေးခဲ့သည်..ကံဆိုးစွာနဲ့ပဲ သူထင်ထားသလိုမျိုး အစီအစဉ်တွေကဖြစ်မလာပဲလွဲချော်သွားပြီး သူ့ရဲ့သားလေးကိုပြန်ပေးဆွဲခံလိုက်ရသောအခါ...ထိုပြန်ပေးဆွဲလိုက်သည့်သူကမကောင်းမှုတွေကိုမလုပ်ချင်တော့သည့်ရိုနာ့ကိုမှထိုကိစ္စတွေကိုပြန်လုပ်ခိုင်းနေသောအခါ...ရိုနာတစ်ယောက် သူ့သားလေးကိုဘေးမသီရန်မခနဲ့ ကယ်တင်နိုင်ပါ့မလား...တသက်လုံးမကောင်းမှုတွေပဲလုပ်လာသည့်ရိုနာတစ်ယောက်ဘာတွေဆက်ဖြစ်သွားမလဒီကားထဲမှာတော့ အက်ရှင်ခပ်လန်းလန်းတွေနဲ့ရိုနာရဲ့မိခင်မေတ္တာတွေကိုတွေ့မြင်နိုင်မှာပါ File Size : ( 798 MB , 256 MB )Quality : WEB-DL 720pRunning Time : 1 hr 25 minFormat : Mp4Genre : ActionSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint ...
movie
Acceleration (2019)
2019