Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sean Harris
7.0
Prometheus (2012)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Prometheus (2012)
2012
Creep (2004)
မြေအောက်ရထားဘူတာမှာ ပျားပန်းခတ်လှုပ်ရှားနေတဲ့လူတွေကြားမှာ ဆေးစွဲနေသူ၊ အိမ်ခြေရာမဲ့တွေရှိသလို ဟိုးအောက်ကို ဆက်သွားလိုက်ရင် ရေဆိုးပိုက်မှာ နေတဲ့ ပုံပျက်ပန်းပျက်မကောင်းဆိုးဝါးတစ်ကောင်လည်း ရှိနေတယ်ခပ်လှလှကောင်မလေး Kate မှာတော့ ဘတ်မန်းမင်းသား ဂျော့ကလူနေး ရောက်နေတယ်ဆိုလို့ သူရှိတဲ့နေရာဆီသွားဖို့ရာအတွက် ညမြေအောက်ရထားဘူတာကို အပြေးကလေးလာရင်းမှ ရထားစောင့်နေတဲ့ ထိုင်ခုံတန်းလေးမှာ အိပ်ပျော်သွားလေရဲ့… နိုးလာတော့ ညဥ့်နက်သန်းခေါင် ဘယ်သူမှ မရှိတော့ဘူး ဂိတ်တံခါးတွေလည်း အားလုံးပိတ်နေပြီ ထွက်မရပြုမရ အိပ်မက်ဆိုးသဖွယ် တစ်ညတာကနေ Kate လွတ်မြောက်နိုင်မှာလားFile size…(1.5 GB)/(819 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Horror, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan
movie
Creep (2004)
5.7
Brighton Rock (2010)
ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီးnomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင်ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံလိုက်ရပါတယ်။သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိဖြစ်သွားတာပါ။ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေလက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့အခါမှာတော့.....။ File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , ...
movie
Brighton Rock (2010)
7.7
Mission: Impossible – Fallout (2018)
Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie
Mission: Impossible – Fallout (2018)
2018
4K HEVC IMAX
7.4
Mission: Impossible – Rogue Nation (2015)
Mission: Impossible V - Rogue Nation (2015)=================================IMDb Rating 7.4/10ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher ...
movie
Mission: Impossible – Rogue Nation (2015)
2015
4K HEVC
6.2
A Lonely Place to Die(2011)
စကော့တလန်ကတောင်တန်းတွေပေါ်တက်ကြတဲ့တောင်တက်သမားအုပ်စုတစ်ဖွဲ့ တောင်ကြားတစ်လျှောက်လမ်းလျှောက်နေရင်းနဲ့တစ်နေရာအရောက်မှာ အော်သံတစ်ခုကြားလိုက်ရတဲ့အခါအရဲစွန့်ပြီးတော့ အဲ့နေရာကိုသွားခဲ့ကြပါတယ်။ ရောက်တဲ့အခါမှာတော့လေထွက်ပေါက်ပုံစံလိုပိုက်ခေါင်းထဲက အသံကြားရတာဖြစ်ပြီးအဲ့ဒီအပေါက်ကလဲမြေကြီးထဲကနေထွက်နေတာပါ. ကလေးမလေးတစ်ယောက်အသံလိုကြားနေရတာမလို့ ကယ်ဆယ်ဖို့သူတို့တွေကူညီကြတဲ့အခါမှာ ဘာကြောင့် ဒီကလေးမလေးကဒီထဲကိုရောက်နေတယ်ဆိုတာရယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာရယ်ကိုတော့ ဇာတ်ကားထဲမှာဆက်လက်ပြီးတော့ကြည့်ရှုခံစားပေးကြပါဦးဗျာ၁ နာရီခွဲနီးပါးကြာသလို ratingတွေလဲကောင်းတာကြောင့်Action, Mystery & thriller ကိုမှကြိုက်တဲ့သူတွေအတွက်တော့ဇာတ်ကားကောင်းလေးဖြစ်စေမှာပါ File size…2.13GB / 998MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 39m Genre ..... Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie
A Lonely Place to Die(2011)
7.0
Serena(2014)
Serena(2014)************မင်းသားကြီးBradley Cooperနဲ့ မမJennifer Lawrenceတို့အဓိကသရုပ်ဆောင်ထားတဲ့ Dramaကားလေးပါ။ဂျော့်ဟာ ရည်မှန်းချက်ကြီးတဲ့ သစ်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ ဆရီနာကို မြင်မြင်ချင်းချစ်ခင်သွားပြီး တွေ့တွေ့ချင်းပဲလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဆရီနာကလည်း သစ်လုပ်ငန်းရှင်တစ်ဦးရဲ့သမီးဖြစ်တာနဲ့အညီ ဂျော့်နဲ့လက်တွဲခဲ့ပြီးနောက်မှာ သူ့စီးပွားရေးကိုပါဦးစီးနိုင်လာပါတယ်။ အချစ်စစ်တို့မည်သည် ရိုးရှင်းဖြောင့်ဖြူးမနေပါဘူး..တကယ်တော့ သူတို့ (၂) ဦးလုံးမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီးအဲ့ဒီအရာတွေပေါ်လာတဲ့အခါမှာတော့ သူတို့ဘယ်လိုဆက်ဖြတ်သန်းကြမလဲ.. ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရိုက်ကွင်းလှလှတွေနဲ့ လိုက်ဖက်လှတဲ့မမJennifer Lawrenceတို့စုံတွဲကို တစ်ဝကြီးထိုင်ကြည့်နိုင်ပါပြီ။File Size :(1.9GB) and (700MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:49:00 Genre :History, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Serena(2014)
7.2
Harry Brown(2009)
Harry Brown (2009)================တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin
movie
Harry Brown(2009)
6.6
The Stranger (2022)
The Stranger (2022)~ IMDb - 6.6/10, Rotten Tomatoes - 94% ~ဒီဇာတ်လမ်းဟာ ဩစတေးလျမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေတည်ရိုက်ကူးတဲ့ ဇာတ်လမ်းပါ။ အဲဒီအမှုက ဒန်နီရယ်မော်ကွန်ဘီလူသတ်မှုလို့ ခေါ်တဲ့အမှုပါပဲ။ ၂၀၀၃မှာ ဒန်နီရယ် မော်ကွန်ဘီဆိုတဲ့ ၁၃နှစ်သား ကလေးလေးဟာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ၈နှစ်ကြာပြီးမှ တရားခံကို စခြေရာခံမိပါတယ်။ ၂၀၁၄မှာတော့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး တစ်သက်တစ်ကျွန်းအချခံလိုက်ရပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီတုန်းက ဟိုလေးတကျော်ဖြစ်ခဲ့တဲ့ နှစ်ပေါင်းများစွာကြာမှ တရားခံတွေ့ခဲ့တဲ့ သနားစရာကလေးလေး အသတ်ခံရတဲ့အမှုကို သွယ်ဝိုက်ဖော်ကျူးထားတာပါ။ဩစတေးလျ ဒါရိုက်တာကပဲ ရိုက်ကူးထားပြီး သရုပ်ဆောင်တော်တော်ကောင်းသလို တစ်စထက်တစ်စနေရာပိုရလာတဲ့ Joel Edgerton နဲ့ Sean Harris တို့လို သရုပ်ဆောင်ကောင်းပေမဲ့ ရွက်ပုန်းသီးတော့ နည်းနည်းဆန်တဲ့ မင်းသားကောင်း၂ယောက် အပြိုင်ကြဲထားတာပါ။ နက်ဖလစ်ကားဖြစ်သလို ဝေဖန်ရေးသမားတွေလည်း တော်တော်ကြိုက်ခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တငြိမ့်ငြိမ့်နဲ့ ရင်ဖိုရတဲ့ကားတွေ ...
movie
The Stranger (2022)
2022
7.2
Spencer(2021)
Spencer(2021) အညွှန်း***************IMDb....7.2Kristen Stewart ဟာ ဝေဖန်အတော်များများခံရတဲ့ သရုပ်ဆောင်တွေထဲပါတယ်လို့ဆိုရမှာပါ...သို့ပေမဲ့ Diana (ဒိုင်ယာနာ) အဖြစ်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်မှာတော့ Oscar ရနိုင်တယ်လို့တောင်ဝေဖန်ရေးဆရာတွေက ချီးကျူးထားကြပါတယ်....ဒိုင်ယာနာဆိုတာ ဗြိတိန်တော်ဝင် မိသားစုဝင်တစ်ဦးဖြစ်ပါတယ်...သို့ပေမဲ့ သူမ ငယ်ဘဝက ကြမ်းတမ်းပါတယ်...မိဘတွေ အိမ်ထောင်ကွဲဖြစ်ပြီး လန်ဒန်သို့ပြောင်းကာ လစာနိမ့်ဘဝဖြင့် လုပ်ကိုင်ရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်...အဲဒီနောက် ဒုတိယ အဲလိဇဘက်ဘုရင်မ၏ သားကြီးဖြစ်သူ ချားလ်မင်းသားနဲ့စေ့စပ်လိုက်ပါတယ်..ဒီဇာတ်လမ်းဟာ ချားလ်မင်းသားနဲ့အိမ်ထောင်ပြုပြီး နောက်ပိုင်းအေးခဲစပြုလာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို အဓိကထားရိုက်ပြသွားတာပါ..ဒိုင်ယာနာ တစ်ယောက် တော်ဝင် အသိုင်းအဝိုင်းမှာအနေရကြပ်လာခဲ့တဲ့အကြောင်းတွေကိုလည်း မွှမ်းထုံပြသထားပါတယ်။လူမှုရေးဆက်ဆံရေးကောင်းမွန်တဲ့အပြင် ကျက်သရေ ရှိလွန်းလှတဲ့ အလှအပကိုပိုင်ဆိုင်သူ..နိုင်ငံရဲ့ ပုံရိပ်အဖြစ်တင်စားခံရတဲ့သူ .လူထုရဲ့ချစ်မြတ်နိုးမှုကို အများဆုံးရတဲ့သူ..ဖက်ရှင်ပုံမှာလည်း ဒိုင်ယာနာစတိုင်ဆိုပြီး Fashion Queen အဖြစ်သတ်မှတ်ခံရသူ..ဒီလို ဂုဏ်ပုဒ်ပေါင်းများစွာ ပိုင်ဆိုင်တဲ့ မင်းသမီးလေးဟာနောက်ကွယ်မှာတော့ ဘယ်လိုခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းနေရလဲ....အချစ်ရေးမှာရော သူမ ဘယ်လောက်ထိ ကံကောင်းခဲ့လဲ...အခက်အခဲကြုံလို့ သူမအတွက် ကမ်းလင့်လက်တစ်စုံရှိခဲ့လား...ခံစားကြည့်ကြပါဦး..ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ File ...
movie
Spencer(2021)
2021
7.4
The Green Knight (2021)
The Green Knight (2021)====================IMDb Rating - 7.4/10ကျွန်တော်ငယ်ငယ်တုန်းက ကြီးကျယ်ခန်းနားတဲ့ စွန့်စားခန်းတွေအကြောင်း ပုံပြင်တွေ နားထောင်ရရင် အရမ်းပျော်ပါတယ်။ပုံပြင်ပြီးသွားရင်တောင် အတွေးထဲက သူရဲကောင်းကြီးကတော့ စွန့်စားခန်းတွေ ဆက်ဖွင့်နေတုန်းပါပဲ။တစ်ခါတစ်လေ အိပ်မက်ထဲထိတောင် ရောက်လာပြီ ဘီလူကြီးတွေ နဂါးကြီးတွေနဲ့ ရင်ဆိုင်နေလိုက်ပါသေးတယ်။ဒီလိုနဲ့ အရွယ်ရောက်လာတော့ အဲဒီပုံပြင်တွေကိုသာ ရုပ်ရှင်အဖြစ် ရိုက်ကူးကြရင် ဘယ်လိုများဖြစ်မလဲ စိတ်ကူးကြည့်ဖူးပါတယ်။သင်လည်းအဲ့လိုစိတ်ကူးဖူးတယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။The Green Knight 2021 ဟာ ဂန္ဓဝင်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဘုရင်အာသာရဲ့ တူဖြစ်သူ ဆာဂါဝင်ရဲ့ စွန့်စားခန်းအကြောင်းကိုပြန်ရိုက်ကူးထားတာပါ။ဒါရိုက်တာ David Lowery ရဲ့ ရိုက်ချက်တွေကို ကြည့်ဖို့သက်သက်နဲ့တင် ဒီကားက ကြည့်ဖို့တန်တဲ့ကားတစ်ကားပါ။ဂန္ဓဝင်ဇာတ်လမ်းတစ်ပုဒ်ကို ခေတ်ပေါ်နည်းပညာတွေနဲ့ ပုံဖော်ထားတဲ့ အနုပညာမြောက်ကားတစ်ကားလို ပြောလို့ရပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့လည်း အော်စကာဆုရ Slumdog Millionaire ဇာတ်ကားရဲ့ မင်းသား Dev Patel က ဂါဝင် အနေနဲ့ပါဝင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie
The Green Knight (2021)
2021
7.4
The King (2019)
Rating 7.6 ရရှိထားတဲ့ဒီရုပ်ရှင်ကိုတော့ ကမ္ဘာကျော် ရှိတ်စပီးယားရဲ့Henry V ပြဇာတ်ကနေ ပြန်လည်ရိုက်ကူးထားတာပါ။ဒီပြဇာတ်ကို ရုပ်ရှင်တွေထဲမှာ ခဏခဏ ဖော်ပြတတ်ကြပါတယ်။ရှားလော့ဟုမ်းစီးရီးထဲမှာတောင် ရှားလော့ ဆေးကွဲပြီး ရွတ်သွားတာဟင်နရီဘုရင်ရဲ့ မိန့်ခွန်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်တိုင်းပြည်မှာစကော့တွေ ဝေလတွေ သူပုန်ထပြီး ဖရိုဖရဲ ဖြစ်နေချိန်၊စတုတ္ထမြောက်ဟင်နရီ ဘုရင် နတ်ရွာစံပြီး သူ့ရဲ့ သားဖြစ်သူပဉ္စမမြောက် ဟင်နရီ ဘုရင် နန်းတက်လာချိန်၊တိုင်းပြည်ကို ငြိမ်သက်အောင် ကြိုးစားရပုံပါ။Henry V ဟာ အဖေနဲ့အဆင်မပြေလို့ နန်းတော်မှာလည်းမနေအရက်သောက် ပျော်ပါးပြီးနယ်ဖျားမှာ နေခဲ့သူဖြစ်လို့ ဘယ်သူမှ မထင်မကြီးထားကြပါဘူး။ကြိုးစားနေဆဲမှာပဲ ပြင်သစ်နဲ့ ပဍိပက္ခဖြစ်ပြီး စစ်ဖြစ်လာခဲ့ပါတယ်။ဒီစစ်ပွဲဟာပဲ ဟင်နရီဟာ အင်္ဂလန်ရဲ့ ထိုက်တန်တဲ့ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လာပါတော့တယ်။ File Size ...
movie
The King (2019)
2019
7.2
’71(2014)
'71(2014)IMDb....7.2,,,Rotten....95(((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့....)))ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး...သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်......တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်...သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်...ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်းပုံစံပေးချက်က မညှာတာ....သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်...မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာအမော....အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်...ထားတော့....'71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်...တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်....တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ...ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwel Zan Aung ပဲဖြစ်ပါတယ်...File Size : (931 MB) ...
movie
’71(2014)
2014
5.5
Possum (2018)
ပိုဆန်ဟာ စိတ်ကူးထဲက တစ္ဆေတစ်ကောင်ပါ .................ပိုဆန်ဟာ လူလား ပင့်ကူလား မကွဲပြားတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပါ .................ပိုဆန်ကို သားရေအိတ်ထဲထည့်ပြီး သွားလေရာသယ်သွားရတဲ့ဝဋ်ကြွေးတစ်ခုကလဲ ကျွန်တော့်မှာ ရှိနေပါတယ် .................ပိုဆန်ကို ဘယ်လိုပဲ စွန့်ပစ်ခဲ့ စွန့်ပစ်ခဲ့ မနက်ဆို ပြန်ရောက်လာတတ်တဲ့ရုပ်သေးရုပ်တစ္ဆေလေး တစ်ရုပ်ပေါ့ ..................ပိုဆန်ဟာ ကျွန်တော့်ကို မကောင်းမှု အမှောင်ထုထဲမှာ နစ်မြုပ်အောင်လုပ်နေတယ် ..................ပိုဆန်ကို ကျွန်တော်စွန့်ပစ်ချင်တယ် ....ပိုဆန်ကို ကျွန်တော်ဖျက်ဆီးပစ်ချင်တယ်....ပိုဆန်နဲ့ အဝေးကို ကျွန်တော်ပြေးထွက်ချင်တယ်........ဒီဇာတ်လမ်းလေးထဲမှာ......ဖီးလစ်ဆိုတဲ့လူဟာ သွားလေရာမှာ အိတ်ကလေးတစ်လုံးကိုင်ပြီးစိတ်ဓာတ်ကျနေတဲ့မျက်နှာနဲ့ လူအများက ရွံ့ရှာတာကိုလည်းခံနေရတဲ့ သနားစဖွယ်လူတစ်ယောက်အကြောင်းကိုရိုက်ကူးပြထားတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်ကားကလည်း Horror ဆန်ဆန်....စိတ္တဇဆန်ဆန် ရသမျိုးကိုပေးစွမ်းပါလိမ့်မယ်... File Size : (812MB) and (255 ...
movie
Possum (2018)
2018