Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sean Gilder
5.5
Starve Acre (2023)
ဒါကတော့ ဗြိတိန်ကျေးလက်ရိုးရာ Horror ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ လယ်ကွင်းထဲက စတာ့ဗ်ဧကလို့ခေါ်တဲ့မိသားစုအိမ်ကြီးကို ပြောင်းရွှေ့လာကြတဲ့ ရစ်ချတ်နဲ့ ဂျူးလိယက်ဝေလ်လဘီလို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ အိုဝင်လို့ခေါ်တဲ့တစ်ဦးတည်းသောသားလေး ရှိပါတယ်။သားဖြစ်သူက ပန်းနာရင်ကျပ်ရှိလို့ လေကောင်းလေသန့်ရတဲ့နေရာကို ပြောင်းလာရင် ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ပြောင်းလာကြတဲ့ လင်မယားနှစ်ယောက်....သူတို့ရဲ့သားလေးဖြစ်သူက တစ်နေ့မှာ ရန်လိုတဲ့အပြုအမူတွေစလုပ်လာခဲ့တဲ့အတွက် ဆေးခန်းပြ စစ်ဆေးနေရင်းနဲ့မှပန်းနာရင်ကျပ်ရောဂါထပြီး ရုတ်တရက်သေဆုံးသွားတဲ့အခါ...သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေဖြစ်သူကဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာအကူအညီတွေရယူလို့ ဝမ်းနည်းမှုကို ကျော်လွှားဖို့ကြိုးစားနေခဲ့ပါတယ်...အဖေဖြစ်သူကတော့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ဒဏ္ဍာရီလာသစ်ပင်ကြီးရဲ့ သဘာဝလွန်ဒြပ်စင်တွေကို တူးဖော်တွေ့ရှိခဲ့ရာကနေ..အဲဒီသစ်ပင်ကြီးက အမှောင်ဘက်ခြမ်းစွမ်းအားတွေနဲ့ပတ်သက်မှုရှိနေကြောင်းသိရှိလာတာနဲ့အမျှသူ့သားသေဆုံးမှုနဲ့ ပတ်သက်နေရမယ်လို့ ယူဆရင်း...သူတို့အိမ်ပတ်လည်က နယ်မြေရဲ့လျှို့ဝှက်ချက်တွေကိုစတင်ရှာဖွေပါတော့တယ်...အဲဒီလိုနဲ့ သားဖြစ်သူသေဆုံးရတဲ့ အကြောင်းအရင်းမှန်ကိုရှာတွေ့သွားမလား လင်မယားနှစ်ယောက်လုံး ဝမ်းနည်းပူဆွေးရမှုတွေကနေ လွတ်မြောက်သွားမလားဆိုတာကိုထိတ်လန့်မှုတွေ၊တွေးတောစရာတွေအပြည့်နဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.24GB / 644MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie
Starve Acre (2023)
7.8
The Fall (2006)
Genre – Adventure, Drama, Fantasy IMBD – 7.8/10 နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ၄ နှစ်ကြာအောင် ရိုက်ခဲ့ပြီး ဆက်တင်မသုံးပဲတကယ့်ရှုခင်းအလှအပ သဘာဝစစ်စစ်တွေနဲ့ Landscapeအလန်းစားတွေ သုံးထားတဲ့ စိတ်ကူးယဉ် ဒရမ်မာကားကောင်းလေးပါ။ရိုက်ထားတဲ့ Cinematography တွေဆိုလည်း ဓာတ်ပုံပညာတတ်စရာမလိုပဲ မြင်လိုက်တာထက် မှင်သက်ရအောင်ထိ မိုက်တဲ့ ရိုက်ချက်တွေLandscape အယူအဆတွေ မြင်ရမှာပါ။ ဒါတင်ပဲလား ရိုက်ချက်တွေရှုခင်းတွေကတော့ ဟုတ်ပါရဲ့ ဇာတ်လမ်းကျ ကောင်းရဲ့လားဆိုပြီးလည်းစိတ်ပူမနေနဲ့ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ တင်ဆက်ပုံဆန်းပြီးIMDB မှာက 7.8 ရထားတယ် လူ ၁ သိန်းကျော်ပေးထားတာ Legitဖြစ်ချက်ပဲ။ သရုပ်ဆောင်ထားတဲ့မင်းသားကလည်း ခပ်ဖြောင့်ဖြောင့်နဲ့ ဘဲကြီး Lee Pace နာမည်ကြီးဇာတ်ကောင်တွေ ပြောရရင် Gurdianof the Galaxy ပထမကားထဲက ဗီလိန် Ronan တို့ နောက်ပြီးHobbit ထဲမှာ ပါမန်း Legolas ...
movie
The Fall (2006)
6.3
King Arthur (2004)
[Unicode]IMDb Rating - 6.3/10ဗြိတိန်ပြည်ရဲ့နန်းတည်ဘုရင် အာသာ.. စားပွဲဝိုင်းက သူရဲကောင်းများ.. သူတို့အကြောင်းကို ကျွန်တော်တို့ ကလေးဘဝကတည်းက ဇာတ်လမ်းအမျိုးမျိုးမှာ ပုံစံအမျိူးမျိုးနဲ့ မြင်ခဲ့သိခဲ့ ရပြီးပါပြီ။ သမိုင်းသုတေသီတွေက ၁၅ရာစုက ဘုရင်အာသာနဲ့ သူ့ရဲ့ သူရဲကောင်းတွေအကြောင်း ဂန္တဝင်ဇာတ်လမ်းဟာ အမှောင်ခေတ်လို့ခေါ်ကြတဲ့ ၅ရာစုဝန်းကျင်ကာလမှာ တကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကနေ ပေါ်ပေါက်လာတယ်လို့ လက်ခံထားကြပါတယ်။ အထောက်အထားတစ်ချိူ့လည်းတွေ့ထားတယ် ဆိုပါတယ်။ တကယ့်အာသာဟာ ဒဏ္ဍာရီထဲက အာသာထက် ဆယ်ရာစုစောပေါ်ခဲ့တာပါတဲ့။ ဒီတစ်ခါဇာတ်လမ်းကတော့ ရှေးဟောင်းသုတေသနနဲ့ သမိုင်းတွေ့ရှိချက်တွေအရ အာသာရဲ့ ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးလို့ဆိုရပါမယ်။အာသာကို လွတ်လပ်မှုနဲ့ သာတူညီမျှ ဝါဒကိုလက်ကိုင်ထားတဲ့ ရောမသူရဲကောင်းအနေနဲ့ ပုံဖော်ထားပါတယ်။ သူရဲ့သူရဲကောင်းတွေကိုတော့ ရောမကို ကျေးဇူးကြွေးဆပ်နေရတဲ့ ဆာမားတီးယန်း မြင်းသည်တော်တွေအနေနဲ့ပုံဖော်ထားပါတယ်။ သူရဲကောင်းတွေကို တာဝန်မှကင်းလွတ်ခွင့်ပေးရမဲ့ အချိန်မှာ ရောမပြည်က နောက်ဆုံးတာဝန်တစ်ခု ပေးအပ်ခဲ့ပါတယ်....။ လွတ်လပ်မှုကိုရဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်ရတဲ့ အာသာနဲ့ သူရဲကောင်းတွေရဲ့ ခရီးနဲ့ တိုက်ပွဲကို ဇာတ်အိမ်တည်ထားပါတယ်။Clive Owen, Keira Knightley Mads Mikkelsen,Ioan Gruffudd လို နာမည်ကျော်သရုပ်ဆောင်တွေပါပါတယ်။ ရိုက်ချက်တွေ Battle Sceneတွေလှပါတယ်။ Rating ...
movie
King Arthur (2004)
2004
HEVC 1080p 5.1
7.5
Gangs of New York(2002)
Gangs of New York(2002) ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာပါတယ်...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်... ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ... ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူး ထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတ ယ်။ ပြဿနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ...
movie
Gangs of New York(2002)
2002