Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Scott Seaton
Spartacus (1960)
ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Spartacus (1960)
8.3
North by Northwest (1959)
ဒီတစ်ခါမှာတော့ ၁၉၅၉ ခုနှစ်က စပိုင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller/Mystery အမျိုးအစားဖြစ်ပြီး IMDB 8.3/10, Rt 97% ရရှိထားပြီး မင်းသားကြီး Cary Grant နဲ့ မင်းသမီးကြီး Eva Marie Saint တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ရော်ဂျာက နယူးယောက်က ကြော်ငြာအမှုဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုတန်ိဖုးထားကာ ဘဝကို ကြိုးကြိုစားစား ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ကို ကတ်ပ်လန်ဆိုတဲ့လူလို့ အခိုင်အမာ စွပ်စွဲပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူက သူ့ကို ပြန်ပေးဆွဲထားသူတွေကို သူက ရော်ဂျာဖြစ်ကြောင်း၊ ကတ်ပ်လန်မဟုတ်ကြောင်း ဘယ်လောက်ပဲ ရှင်းပြပြောဆိုပေမဲ့ တစ်ဖက်ကလူတွေက လက်မခံဘဲ သူ့အသက်ကို ရန်မူဖို့ ကြိုးစားခဲ့ရာမှာတော့..သူက တကယ်ပဲ သူတို့ပြောသလို ကတ်ပ်လန်ဆိုတဲ့လူလား၊ အသတ်ခံရမှာစိုးလို့ ဟန်ဆောင်နေတာလား၊ တကယ်လို့ သူက ကတ်ပ်လန်မဟုတ်ဘူးဆိုရင်ရော သူတို့က ဘာလို့ ...
movie
North by Northwest (1959)
7.8
East of Eden (1955)
East of Eden (1955)~ IMDb - 7.8/10, Rotten Tomatoes - 86% ~ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ဒုတိယအနေနဲ့ ...
movie
East of Eden (1955)
1955
8.1
It Happened One Night (1934)
It Happened One Night (1934) ====================== IMDb Rating - 8.1/10It Happened One Nightဟာ အော်စကာရဲ့ အဓိကဆုငါးဆုကို ပထမဆုံးရခဲ့တဲ့ ရုပ်ရှင်ပါ။ Outstanding Production, Best Director, Best Actor , Best Actress နဲ့ Best Adaptation ဆုတို့ကို ရရှိခဲ့ပါတယ်။ အော်စကာသက်တမ်းမှာ ၁၉၇၅ မတိုင်ခင် အထိ အဓိကဇာတ်ကောင်၂ယောက်စလုံး ဆုရခဲ့တဲ့ နောက်ဆုံးကား လည်းဖြစ်ခဲ့ပါတယ်။ ၄၁နှစ်ကြာ ဒီနေရာကို ထိန်းထားနိုင်ခဲ့တာပါပဲ။ It's a Wonderful Lifeကို ရိုက်ခဲ့တဲ့ Frank Capraက ရိုက်ထားပြီး လေရူးသုန်သုန်မင်းသား Clark Gableနဲ့ ကလီယိုပါထရာမင်းသမီး Claudette Colbertတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အမေရိကန်ရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက်စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်တစ်ရာစာရင်းထဲလည်း ခဏခဏပါနေကျ ရုပ်ရှင် လည်းဟုတ်သလို တစ်ခေတ်တစ်ခါရဲ့ မာစတာပိစ်တစ်ကားလည်း ဟုတ် ပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ ကြိုတင်မမြင်နိုင်ပါဘဲ အရှိန်နဲ့လာ စိုက်တတ်တဲ့ ချစ်ခြင်းတွေအကြောင်းပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ...
movie
It Happened One Night (1934)
1934
8.2
Some Like It Hot (1959)
Some Like It Hot (1959) IMDb - 8.2/10_____Rotten - 95% Won 1 Oscar. Another 14 wins & 15 nominations. တစ်ချို့ကတော့ လန်းလန်းလေးကြိုက်တယ် တစ်ချို့ကတော့ရိုးရိုးလေးကြိုက်တယ်တဲ့။ ရိုးရိုးလေးရော လန်းလန်းလေးတွေရောရတဲ့မာရီလင်မွန်ရိုးရဲ့ Some Like It Hot ကတော့ အချစ်ဟာသဇာတ်မြူးလေးပါ...IMDB Rating(8.2) ထိရရှိထားပြီး Rotten Tomatoes မှာလဲ 95% ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ။ ရွှေကမ္ဘာလုံးဆုသုံးဆု၊ အကယ်ဒမီတစ်ဆု၊ အခြားဆုသုံးဆုရရှိထားပါတယ်။ဇာတ်လမ်းကတော့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ လူသတ်မှုမှာမျက်မြင်သက်သေဖြစ်သွားတဲ့ Joe နဲ့ Jerry တို့ ချီကာဂိုကနေ မိန်းကလေးတီးဝိုင်းတစ်ခုမှာ မိန်းမဟန်ဆောင်ပြီးထွက်ပြေးရင်း အတိတ်ဆိုးတွေကနေထွက်ပြေးလာတဲ့ Suger နဲ့တွေ့တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမယ်...Suger ကို မြင်မြင်ချင်း ချစ်မိသွားတဲ့ Joe ကရော Suger ရဲ့အချစ်ကိုဘယ်လိုရအောင်ကြိုးစားတယ်ဆိုတာကို ဟာသဆန်ဆန်တင်ဆက်ပြသပေးထားပါတယ်။ Jerry တစ်ယောက်ကတော့ သူငယ်ချင်း ...
movie
Some Like It Hot (1959)
1959